ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ April 2011 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Saturday, April 30, 2011









































ကိုသီဟသူ(ဖူဆန်း)နှင့် ဓမ္မယာန အဖွဲ.သူ/သားများ၊ အဖွဲ.ကိုယ်စား ပညာသင်ဆုလှူဒါန်း။




အကျဉ်းမျှသာ ...


အပြည့်အစုံသို့...

ပညာသင်ဆု အလှူ














... ကိုလှထွန်း(ဖူဆန်း)က အဖွဲ.ကိုယ်စား မဇ္ဈိမယာန ပညာသင်ဆု စတုတ္ထအကြိမ်မြောက် လှူဒါန်း...


....အဖွဲ့၏လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ပညာသင်ဆုအစီအစဉ်ကို ၄-၁-၁၁ (၆၃)ကြိမ်မြောက် လွတ်လပ်ရေးနေ.တွင် စတင်ခဲ့နိုင်ခဲ့ပြီး ၁၆-၄-၂၀၁၁(စနေနေ.)တွင် စတုတ္ထအကြိမ်မြောက် လှူဒါန်း နိုင်ခဲ့ပြီဖြစ်ပါသည်။ ပြည်ပ/ ကိုရီးယားရောက် မြန်မာလူမျိုးများ မဇ္ဈိမယာန အဖွဲ့၏ မဇ္ဈိမယာန ပညာသင်ဆု (၁)သိန်းကျပ်ကို အဖွဲ့ကိုယ်စား ကိုလှထွန်း(ဖူဆန်း) ကလည်းကောင်း၊ ကိုရီးယား+မြန်မာ ဒကာ၊ဒကာမများ၏ ဓမ္မယာနအဖွဲ့၏ ဓမ္မယာန ပညာသင်ဆု (၁) သိန်း ကျပ်ကို အဖွဲ့ကိုယ်စား ကိုအေးသန်း(မင်းမြတ် ကုန်မာဆိုင်)နှင့် ဦးညီညီတို.ကလည်းကောင်း မင်္ဂလာဗျူဟာ အသင်းချုပ် တာဝန်ခံ လူကြီးများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။



လစဉ် တစ်သိန်းကျပ်စီဖြင့် ၂၀၁၅ ခုနှစ်တွင် ပညာသင်ဆု တစ်ဆုလျှင် သိန်း(၁၀၀) ကျပ်စီ ပေါင်း ကျပ်သိန်း (၂၀၀) ပြည့်သည်အထိ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ပါသည်။



အများပြည်သူအပေါင်း ၀မ်းမြောက်အနုမောဒနာ သာဓုခေါ်နိုင်ကြစေသော်~~~



ရေးသူ-နန္ဒာ (ဧကမ္ဘာ)

Friday, April 29, 2011

မြန်မာပြည်သို. ပေးစာများ ၆

(၃-၁၈-၁၁ နံနက် ၉နာရီ၃၆မိနစ် )

(ဓမ္မယာန) မဇ္ဈိမယာန အဖွဲ.သူ/သားများသို.

အားလုံး မင်္ဂလာပါ။


ဒီနေ.တော့ ပြီးခဲ့တဲ့ အပတ်က ပို.လိုက်တဲ့စာပါ ပညာရေးအကြောင်းကိုပဲ ဆက်ပြောချင်ပါတယ်။ ဘာကြောင့် Why? ဘာကို What? ဘယ်လို How? သင်ကြား/ယူကြမလဲဆိုတာလေးပေါ့။

လက်တွေ.ကျကျ စဉ်းစားကြည့်ရအောင်။




Why? ကမ္ဘာ့ကြီး ပျက်စီးလာတဲ့အတွက်ကြောင့် ကလေးတွေကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပေးမှဖြစ်မယ်။


What? မြေရေလေထု ညစ်ညမ်းမှု/ဖန်လုံအိမ် အာနိသင်/ကမ္ဘာကြီး ပူနွေးလာမှု/ဝင်ရိုးစွန်းရေခဲပျော်/ အိုဇုန်းလွှာ /အဏုမြူအန္တရာယ် စသည်အကြောင်းကို..,


ဖန်လုံအိမ်အာနိသင်လျှော့ချဖို. သစ်ပင်ကိုချစ်အောင် တန်ဖိုးထားအောင် သင်မယ်ဆိုပါစို.


How? ပညာရှင်တွေလို စာတမ်းဖတ်ပွဲ လုပ်မလား။ အခု ကျောင်းတွေ တက္ကသိုလ်တွေမှာ သင်သလို (ကျောင်းသူ/သား အများစုကတော့ သိဖို.ကျင့်ဖို.မလို ပါတာဖတ်နဲ. ခိုးနည်းကားသာလို ဖြစ်နေတာမျိုး)သင်မလား။


ဒါမှမဟုတ် တို.ကွင်းထဲမှာ ကလေးတွေနဲ. ဆော့ရင်း ကစားရင်း---


အမလေး နေပူလိုက်တာ။ အသားတွေ လောင်နေပြီ။ ဘယ်လို.လုပ်မလဲ။ သစ်ပင်အောက်သွားရအောင်ဟာ အေးမြသွားတာပဲ ကျေးဇူးတင်လိုက်တာ သစ်ပင်ကြီးရယ် သစ်ပင်ကြီးက တအားချစ်စရာကောင်းတာပဲ။ (သူ.ကိုခုတ်တဲ့သူကိုတောင်မှ စိတ်မဆိုးဘူး။) စားစရာတွေလည်းပေးတယ် အရိပ်လည်းပေးတယ်။ နေစရာလည်း ပေးတယ်။ (သင်နေတဲ့ ဆရာကိုယ်တိုင်က တကယ်မချစ်ဘဲနဲ. ကလေးတွေကိုချစ်အောင်သင်လို. ဖြစ်နိုင်ပါ့လား?) ဟန်ဆောင်ပန်ဆောင်မဟုတ်ဘဲ (ကလေးတွေရှေ့မှာ သစ်ပင်ကို အားရပါးရဖက် မွှေးမွှေးပေးလျက် ) ) သစ်ပင်ကြီးကို သိပ်ချစ်တယ် အသံကုန်ကြုံးအော်။ နှစ်ပေါင်းတစ်ရာမက အသက်ရှည်ပြီး တို.ကို အေးမြတဲ့ အရိပ် ပေးပါစေ။ ခုတ်မယ့် ထစ်မယ့် လူဆိုးကြီးတွေနဲ. မတွေ.ပါစေနဲ. စသည်စသည် စိတ်ထဲပေါ်သမျှ ရိုးရိုးသားသား လှိုက်လှိုက်လှဲလှဲပြော။ ကွင်းတဲမှာ ပူပြီး ဒီရောက်လာတော့ အေးသွားတာ ဘာလို.လဲ စဉ်းစားခိုင်း။ ချဲ.ပြီး ကမ္ဘာကြီးရဲ. သစ်ပင်နည်းတဲ့ အပိုင်းနဲ. များတဲ့ အပိုင်းနဲ. (ဖြစ်နိုင်ရင် ကန္တာရနဲ. သစ်တောပုံ ဗွီဒီယိုစသည်သုံး)


သစ်ပင်များတဲ့ ပန်းခြံ စသည်သွားပြီး လေကလေးက လတ်ဆတ်လိုက်တာ လန်းဆန်းလိုက်တာ။ တို.ကွင်းထဲနဲ. မတူဘူးနော်။ ဘာလို.ပါလိမ့်။ ကနေစပြီး ကလေးတွေ သစ်ပင်ချစ်/ထိန်းသိမ်းချင်/ စိုက်ချင်စိတ် ပေါက်လာ လက်တွေ. အတူစိုက်ကြတဲ့ အထိ စသည် စသည်ဖြင့် လက်တွေ. ဘဝထဲရောက်အောင် သဘာဝနဲ. ဟပ်ပြီး သင်မလား။


ချုပ်လိုက်ရင် ဘယ်သူ.ကိုပဲသင်သင် Why? နဲ. What? က မပြောင်းပေမယ့် How? Teaching method က အမျိုးမျိုး ပြောင်းနိုင်ပါတယ် ပြောင်းရပါမယ်။ ဥပမာ (ဘာကြောင့်) ခန္ဓာကိုယ်မှာ ဗီတာမင် စီ လိုအပ်သောကြောင့် (ဘာကို) ဗီတာမင် စီ/ သံပုရာသီး စသည်ကို (ဘယ်လို) အလုံးလိုက်/ ဖျော်ရည်ဖျော်၍/ အသုတ်တွင်ညှစ်ဆမ်း၍ ကစီဓါတ်အတွက် အားလူးစားရမယ်ဆိုပါစို. အစိမ်းကျွေးမလား။ ဖုတ်ကျွေးမလား။ သုတ်ကျွေးမလား။ ချက်ကျွေးမလား။ အာလူးထမင်းနယ် လုပ်ကျွေးမလား စသည်စသည် အများကြီး ကွဲပြားနိုင်ပါတယ်။ ဘယ်အပေါ် မူတည်လဲ?


ဘယ်သူ.ကို သင်မှာလဲ ဆိုတာပေါ်မှာပေါ့။ လူအိုနဲ. ကလေးကို သံပုရာသီး အလုံးလိုက် ကိုက်စားခိုင်းမယ် ဆိုပါစို. ဘာဖြစ်နိုင်လဲ။ ဘာကြောင့်ဆိုတဲ့ ရည်မှန်းချက် ပေါက်ဖို. လွယ်မလား။ ဘယ်လို စားခိုင်းရင် အဆင်ပြေမလဲ။ ဒါပါပဲ။


ကောင်းသထက်ကောင်းအောင် လိုရင်ဖြည့် ပိုရင်နှုတ် မှားရင်ပြင်ပြီး လက်တွေ.လုပ်ငန်းခွင်မှာ သုံးနိုင်ကြ ပါစေ။ သိပြီးသားသူများအတွက် မဟုတ်ပါ။ လုပ်ချင်ပေမယ့် ဘယ်လို လုပ်ရမှန်း မသိလို.ဆိုတဲ့ ဘဝတူများအတွက် အခြေခံ သတင်းအချက်အလက် မျှဝေမှု သက်သက်ပါ။


စကားချပ်အနေအားဖြင့် Why? What? How? ကို ကိုယ့်ဘဝနဲ. ယှဉ်ပြီးတော့လဲ ဘယ်လိုနားလည်ရမလဲ ဆွေးနွေးကြစေချင်ပါတယ်။


မေတ္တာဖြင့်----------------------


(ပြည်တော်ဦး)

Sunday, April 24, 2011

ဘုရားအနေကဇာတင် (မိဘမေတ္တာ - ကင်မ်ဟဲ)

၂၄.၄.၂၀၁၁ တနင်္ဂနွေနေ့ တွင် ကင်မ်ဟဲမြို့နေ ကိုနေလင်းဇော် + မဝင်းအိဖြူ တို့မှ ဘုရားအနေကဇာတင် အိမ်တက်မင်္ဂလာကိုပြုလုပ်ကျင်းပခဲ့ရာ ပြည်တော်ဦးဆရာတော်အား နေ့ဆွမ်းဆက်ကပ်၍ ကြွရောက်လာကြသော ဧည့်သည်များကို ကော်ရည်ခေါက်ဆွဲဖြင့်က္ဈေးမွေး ဧည့်ခံပြီး မိဘမေတ္တာ မြန်မာစားသောက်ဆိုင် ကိုပါဖွင့်လှစ်ခဲ့ပါကြောင်း~~~~




ထိုနေ့တွင် လာရောက်ကြသော ဧည့်သည်များမှလည်း နဝက္မအလှူငွေများထည့်ဝင်လှူဒါန်းသွားကြပါသည်။








အလှူရှင်များမှာ




ကိုသက်လွင်ထူး ၁သောင်း ဝမ်




ကိုမိုးလှိုင်ဦး ၁ သောင်း ဝမ်




ကိုစိုးသီဟ ၁ သောင်း ဝမ်




ကိုအေးမင်းဦး ၁ သောင်း ဝမ်




ကိုဝင်းစိန် ၁ သောင်း ဝမ်






(ဖြူဖြူ)

Saturday, April 23, 2011

သီးသန့်အလှူရှင်စာရင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့ အလှူတွင် ထည့်ဝင်လှူဒါန်းကြသော နဝက္မအလှူရှင်စာရင်း
ကိုရီးယား ဒကာ ၃၀,၀၀၀ ဝမ်
ကိုရှမ်းကြီး ၁၀,၀၀၀ ဝမ်ကိုနေမျိုး ၁၀,၀၀၀ ဝမ်
ကိုညွှန့်လှိုင် ၁၀,၀၀၀ ဝမ်
ကိုကျော်ကျော်လွင် ၁၀,၀၀၀ ဝမ်
ကိုမင်းမင်း ၁၀,၀၀၀ ဝမ်
ကိုဇော်ဝင်းထွန်း ၁၀,၀၀၀ ဝမ်
ကိုမြင့်ခိုင် ၁၀,၀၀၀ ဝမ်
ကိုသန့်ဇင် ၁၀,၀၀၀ ဝမ်
ကိုတင်ထွန်းလွင် ၂၀,၀၀၀ ဝမ်
ကိုကျော်လင်းထွန်း ၁၀,၀၀၀ ဝမ်
ကိုစိန်ဝင်း ၁၀,၀၀၀ ဝမ်
ကိုမြစိုး ၂၀,၀၀၀ ဝမ်
ကိုမျိုးဇော်ထွန်း ၂၀,၀၀၀ ဝမ်
ကိုမျိုးမင်းအောင် ၃၀,၀၀၀ ဝမ်
ကိုအောင်မျိုးခိုင် ၃၀,၀၀၀ ဝမ်
စုစုပေါင်း ၂သိန်း ၅သောင်း ထည့်ဝင် လှူဒါန်းသွားကြပါသည်။ သာဓု သာဓု သာဓု~~~

သမီးလေး ၄၅ရက်ပြည့် မွေးနေ. ကုသိုလ်

မွေးနေ့အလှူ











သမီးလေး ဇင်ဝတီနိုင်၏ ၄၅ရက်ပြည့် မွေးနေ့ကိုဖေဖေ ကိုဇော်မင်းနိုင်(မြန်မာ သူကြီး။ ဖူဆန်း) နှင့် မေမေ မဇာဇာ တို့မှ ၂၁.၄.၂၀၀၁ တွင် ပြည်တော်ဦး ဆရာတော် ဘုရားအား နေ့ဆွမ်းဆက်ကပ်၍ နဝက္မ အလှူတော်ငွေကို လာရောက်လှူဒါန်းသွားပါကြောင်း သာဓုအနုမောဓနာခေါ်နိုင်ကြပါစေသော်~~~


(ဖြူဖြူ)

Friday, April 22, 2011

ဓမ္မစင်္ကြာသင်တန်း စတင်ဖွင့်လှစ် ပို.ချ




















... ၂၂-၄-၁၁ သောကြာနေ.မှ စတင်၍ ကိုရီးယား ဒကာဒကာမများအတွက် ဓမ္မစင်္ကြာသင်တန်း အမှတ်စဉ်(၁)ကို စတင် ဖွင့်လှစ်ပို.ချပါသည်။


... သင်တန်းတက်ရောက်သူများမှာ ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာသင်တန်း အမှတ်စဉ် (၁)/(၂) ကို တက်ရောက်ခဲ့ပြီး တစ်ပတ်လျှင် နှစ်ကြိမ် လက်တွေ.တရားရှုမှတ်နေကြသော ယောဂီများ ဖြစ်ပါသည်။ အပတ်စဉ် သောကြာနေ.တိုင်း ညနေ (၇)နာရီမှ (၉)နာရီ အထိ ပြီးဆုံးသည် အထိ ပို.ချပေးသွားမည် ဖြစ်ပါသည်။


သင်တန်း ပြီးဆုံးသည်အထိ တက်ရောက်သင်ယူ ပေါက်မြောက်အောင်မြင်သူများကို အနတ္တလက္ခဏသုတ်ကို ဆက်လက် သင်ကြားပေးရန် စီစဉ်ထားပါသည်။

Saturday, April 16, 2011

မြန်မာနှစ်ဦး သဝဏ်လွှာ

... ၁၃၇၃ခု နှစ်သစ်ကူး နှစ်ဦး နှစ်ဆန်း(၁)ရက်နေ.

၁၃၇၂-ခုနှစ်ကုန်ဆုံး၍ ၁၃၇၃-ခု နှစ်သစ်ဆီသို. ကူးပြောင်းဝင်ရောက်ပါပြီ။ ယနေ.ကမ္ဘာနှင့် မြန်မာမှာ ကြုံနေရသည့် ဘေးအမျိုးမျိုး ရန်အမျိုးမျိုး မကောင်းတာမှန်သမျှ နှစ်ဟောင်းမှာ ချန်ထားလို.ရရင် ချန်ထားခဲ့ပြီး နှစ်သစ်ကို ကူးချင်မိပါသည်။ ဗုဒ္ဓဝါဒသည် ဆုတောင်းလျှင်ရမည် ဟူသော ဝါဒမဟုတ် အကြောင်းတရားကို ပြည့်စုံအောင် ဖြည့်ဆည်းယူ လုပ်ယူရသော ဝါဒဖြစ်သည်။ ဒါကြောင့် မလုပ်ဘဲနှင့် ဖြစ်ချင်နေလို. ရမည်မဟုတ်မှန်းလည်း သိနေပါသည်။


...ဘုရားဝါဒက အကြောင်းအကျိုးကို ဆက်စပ်သိမြင်သော ဝါဒဖြစ်သည်။ တို.ကြောင့် အကြောင်း ကင်းသော အကျိုးမရှိ။ ယခုမျက်မှောက် ကမ္ဘာနှင့် မြန်မာမှာ ယခုလို အဖြစ်မျိုးတွေနှင့် ကြုံဆုံနေကြရသည်မှာလည်း အကြောင်းရှိပါသည်။ ထို အကြောင်းကို ပြုခဲ့ကြသဖြင့် အကျိုးဆက် ကို ရနေကြခြင်းသာဖြစ်ပါသည်။ နှစ်ဟောင်းမှာ မကောင်းတာတွေ ထားခဲ့ချင်လို. ဆုတောင်း နေလည်း အပိုပါ။ ရမည်မဟုတ်ပါ။ အနာဂါတ်နှစ်သစ်တွေမှာ မကောင်းတာ ဆက်မဖြစ်အောင် ဒီနှစ်သစ်မှာ မကောင်းတာတွေနဲ. အဆက်ဖြတ်ပြီး ကောင်းတာတွေ အဆက်မပြတ် လုပ်မှ အကြောင်းမှန်လို. အကျိုးပေးကောင်းမှာ ဧကန်ပါ။


ဆူလိုက်တဲ့ အိမ်လို.ပြောကြပေမယ့် အိမ်က မဆူတတ်ပါ။ အိမ်မှာနေတဲ့လူတွေ ဆူတာပါ။ ခေတ်မကောင်းဘူးဆိုကြပေမယ့် ခေတ်ဆိုတာ လူက လုပ်တာပါ။ ဒါကြောင့် ခေတ်မကောင်းဘူး ဆိုရင် သေချာပြီ။ လူတွေ မကောင်းကြတော့ဘူး။ မကောင်းရင် ဒီတိုင်းနေလို. မဖြစ်ပါ။ ကောင်းအောင် ဝိုင်းဝန်းကြိုးစားပြင်မှ လူပီသပြီး လူဖြစ်ရကျိုးနပ်ပါမည်။


နေသာသလို မနေကြစေချင်ပါ။ နေသာသလို နေခဲ့ကြလို. နို်င်ငံတကာမှာ တို.နိုင်ငံ တို.လူမျိုး လူတန်းမစေ့ လူရာမဝင် လူတောမတိုး ကလေကချေလိုမျိုး ဖြစ်နေရတာပါ။ လေဆိပ်အဝင် ပတ်စပို. မြင်ကတည်းက သူတို.မျက်နှာအချိုး အောက်သိုးသိုးနဲ.ဆိုတာ ကြားရဖန်များလို. ရိုးမသွားပါနဲ.။ စိတ်ထဲမှာယူထား ကမ္မဋ္ဌာန်းအာရုံလို ပွားပြီး ကျိုးစားဖို. တွန်းအားအနေနဲ. မှတ်မှတ်သားသား ရှိသင့်ပါတယ်။ လောကမှာ အမှတ်မထားသူလည်းတစ်ယောက် မပြတ်သားသူ လည်း တစ်ယောက် အမြဲ ဒုက္ခရောက်နေတတ်ပါတယ်။ တို.နိုင်ငံ တို.လူမျိုးလည်း ကျွန်ဖြစ်ရတာ ကအစ လွတ်လပ်ရေးခေတ်အလယ် ဒီမိုကရေစီနဲ. လူ.အခွင့်အရေး တောင်းဆိုမှုအဆုံး ဘယ်တုန်း ကမှ မှတ်မှတ်သားသား ပြတ်ပြတ်သားသားမရှိဘဲ မရှင်းမရှင်းနဲ. အခုအချိန်အထိ နိုင်ငံ့အနာဂါတ် မိုးသောက်နံနက် အာရုဏ်မတက်ဘဲ မှောင်မှောင်မည်းမည်း ညဥ့်နက်ဆဲပါ။


လက်ညှိုးထိုး အပြစ်တင်တာကတော့ လွယ်ပါတယ်။ ပြဿနာကတော့ ပြေလည်သွားမှာ မဟုတ်ပါ။ ပိုရှုပ်လာဖို.ပဲရှိပါတယ်။ အားလုံးမှာ တာဝန်ရှိပါတယ်။ ကိုယ်ရေးကိုယ်တာ တစ်ကိုယ်ကောင်းအတွေးနဲ. နေသာသလိုလေး မနေကြဘဲ မြင့်မြတ်တဲ့စိတ်ထား အများအတွက် နည်းနည်းလေး အပင်ပန်းခံပြီး တစ်နိုင်တစ်ပိုင် လုပ်သင့်တာကို လုပ်နိုင်သမျှ အားလုံးသာ လုပ်သွားကြမယ်ဆိုရင် ဒီခေတ်ကြီး မပြောင်းစရာ မကောင်းစရာ အကြောင်း လုံးဝ မရှိပါ။


၁၃၃၇- နှစ်ဦး နှစ်သစ်ကူးပါပြီ ရွှေမြန်မာတို.။ တို. နိုင်ငံ တို.လူမျိုးလည်း တစ်ဦးချင်းစီဘဲဖြစ်ဖြစ် တစ်နှစ်ထက် တစ်နှစ်ထူးအောင် စိတ်သစ် လူသစ် အတွေးသစ် ခွန်အားသစ်နဲ. နှစ်သစ်ကို ဖြတ်သန်း အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင် ဆွတ်ခူးနိုင်ကြပါစေကြောင်း။ (ပြည်တော်ဦး

Friday, April 15, 2011

၄၀ပြည့် ၄၁နှစ်မြောက်မွေးနေ.






... ၁၅--၁၁ အသက် ၄၀ပြည့် မွေးနေ. ၄၁နှစ်။ ငယ်ကတည်းက မွေးနေ.ကို မှတ်မှတ်ရရ ရှိလှသည် မဟုတ်ပါ။ မြန်မာပြည်မှာတော့ ဖြူးဆရာတော်ဘုရားကို ပင့်ပြီး တရားပွဲ ကျင်းပ ဓမ္မဒါနပြုနေကြပါ။ အခု ဆရာတော်ဘုရားလည်း လွန်တော်မူပြီ။ ကိုယ်လည်း ကိုရီးယားမှာ ရောက်နေသည်။ မနှစ်က ၃၉နှစ်ပြည့် မွေးနေ.ရော ဒီနှစ် ၄၀ပြည့် မွေးနေ.ရော ကိုရီးယားမှာ။ ဒီမှာတော့ မြန်မာပြည်မှာလို မဟုတ်။ ကိုယ့်မွေးနေ.ကို ကိုယ့်ထက် မှတ်မှတ်ရရရှိသူတွေ ပေါ်နေသည်။ 생일 축하 합니다 Happy Birthday to you! က လူတွေထက် လူမဟုတ်တာတွေက ပိုကဲနေပါတယ်။ SK telecom စသည်ပေါ့။

...“It is not living that matters, but living rightly.”( Socrates)

ကျောင်းဒကာ ဇနီးမောင်နှံက ကိုးရီးယားထုံးတမ်းစဉ်လာ မွေးနေ. မီယော့က်ဂု ဟင်းချို ချက်ကပ်ပါသည်။ ဒီမှာ မွေးနေ.တွေ သေနေ.တွေကို တော်တော်လေး အရေးထားကြတာတွေ.ရပါတယ်။ တကယ်တော့ နေနေ.တွေက ပိုအရေးကြီးတာ မဟုတ်ဘူးလားလို. တွေးနေမိတယ်။ မွေးလာပြီးတော့ သေသွားတာ ဘာဆန်းပါသလဲ။ မသေခင် ဘယ်လိုနေသွားလဲ။ ဘာလုပ်ပြီး သေသွားလဲက ပို စိတ်ဝင်စား စရာ ကောင်းတယ်လို. လက်ခံထားပါတယ်။ မွေးနေ.တွေ သေနေ.တွေကို ရေးကြီးခွင်ကျယ် လုပ်နေကြ ပေမယ့် သေသွားတော့ လောကကြီးက လုံးဝမေ့သွားမယ့် နေနေ.တွေ ကုန်ကုန်ပြောရရင် သားသမီးက တောင် မိဘဆွေမျိုး ညီအကို မောင်နှမတွေကတောင်မှ သိပ် အမှတ်တရမရှိလှတဲ့ နေနေ.တွေနဲ. ဖွဲ.စည်း ထားတဲ့ ဘဝတစ်ခု အတွက် မွေးနေ.ပွဲ သေနေ.လည် နှစ်လည်ပွဲတွေနဲ. ဇာချဲ.နေစရာ လိုပါသေးလား။


ဒီအချိန်အထိ မသေ နေခွင့်ရခဲ့တဲ့ နေနေ.တွေအတွက် မွေးသမိခင်နဲ. အခု ဒီဘုန်းကြီရဲ. အသက်အရွယ် လောက်မှာ ကွယ်လွန်သွားတဲ့ ဖခင်၊ ဒီမိဘနှစ်ပါးနဲ. ဆရာများကို အစပြုလို. ကျေးဇူးတင်သင့်တင်ထိုက်တဲ့ ကျေးဇူးရှင် အားလုံးကို အောက်မေ့တသ သတိရခြင်းဖြင့် မွေးနေ.မှာ နေနေ.ပွဲကို တစ်ကိုယ်တည်း ဆင်နွဲချင်ပါသည်။


သမိုင်းလှလှရေးရအောင်ဆိုတဲ့ ခေါင်းစဉ်နဲ. ဗိုလ်တစ်ထောင်ဘုရားမှာ တရားတစ်ပုဒ် ဟောခဲ့ဖူးပါ သည်။ သမိုင်းလှလှ ရေးခဲ့ကြတဲ့ လောကသားတို. ကျေးဇူးရှင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို အစပြု၍ သာသနာ့အာဇာနည် ကမ္ဘာ့အာဇာနည် မြန်မာ့အာဇာနည်များကို အားကျစိတ်ဖြင့် မမေ့နိုင်သော စိတ်ထား ဂုဏ်တော်ပွားကာ မွေးနေ.မှာ နေနေ.ပွဲကို တစ်ကိုယ်တည်း ပွားများနေပါသည်။


“As for me, all I know is that I know nothing.” (Socrates)


အသက် ၄၀မှာ ဘဝစတယ်လို. ပြောရိုးရှိပါတယ်။ ၄၀အထိ နေခဲ့တဲ့နေ. နေနေ.တွေထဲက အတွေ. အကြုံနဲ. အသိတရားကြောင့် ဒီကရှေ့လျှောက် အမှားနည်းပြီး ကိုယ့်ကိုယ်ကို ရှာဖွေတွေ.ရှိသူတစ်ယောက် ကိုယ့်ကိုယ်ကို သစ္စာရှိသူတစ်ယောက်၊ ကိုယ့်လမ်းကိုယ်လျှောက်သူ တစ်ယောက်ရဲ. ဘဝအစကို ရည်ညွှန်း တယ်လို. နားလည်မိပါတယ်။


လွန်သွားတဲ့အတိတ်နဲ. မရောက်သေးတဲ့ အနာဂါတ်အတွက် အားစိုက်နေတာထက် တကယ်ထိတွေ. ခံစားနေရတဲ့ ပစ္စုပ္ပန်ကို လက်လွတ်မခံဖို. အရေးအကြီးဆုံးဆိုတဲ့ ဖလော်နဲ. ကိုယ့်ကိုယ်ကို သံပတ်ပေး နေနေ.တွေကို မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး ထွေးပိုက်နေမယ်။ မိဘမွေးပေးခဲ့တဲ့သား ဆရာချန်ခဲ့တဲ့ တပည့် တပည့်ပျိုးတဲ့ဆရာ ဆရာဒကာ မေတ္တာရခဲ့သူ မေတ္တာမျှချင်သူ ရင်မှာဖြစ်တဲ့သမီးသား ငါနေနေတဲ့ ငါ့ဘဝ အရှေ.အနောက် တောင်မြောက် အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာ အထက်အောက် ဆက်စပ် သမျှ ကြုံသမျှဆုံသမျှ အကြောင်းကင်းတဲ့ အကျိုးမရှိ တန်ဖိုးကို သိသည်။ ငါ့မွေးနေ.မှာ နေနေသည်။


2011 4 15 오후 4 39

Share

Twitter Delicious Facebook Digg Stumbleupon Favorites More