ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ May 2010 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Saturday, May 29, 2010

Gim Hae ဒေသမှ အလှူရှင်များ

Gim Hae ဒေသမှ ၅ လပိုင်းအလှူရှင်များ...

...၁။ ကိုသက်ခိုင်ထူး ၁၀၀၀၀
၂။ ကိုလွင် ၁၀၀၀၀
၃။ ကိုဇော်ဦး ၁၀၀၀၀
၎။ကိုသီဟ ၁၀၀၀၀
၅။ကိုကျော်ဘိုဘိုအောင် ၁၀၀၀၀
၆။ကိုဝင်းစိန် ၃၀၀၀၀
၇။ကိုမျိုးလွင်ဦး ၁၀၀၀၀
၈။ကိုသက်လွင်ထူး ၁၀၀၀၀

နန္ဒာ

ချစ်သောမျက်စေ့ဖြင့်











မနက်ဖြန်ဆိုရင် မေလ ကုန်တော့မယ်။ “အကြွေးဆိုရင် ဘာအကြွေးမှ မကောင်းဘူး၊” အဲဒီလို အခိုင်အမာ ယုံကြည်ထားလို. ရေးမယ်စိတ်ကူးပြီး မရေးဖြစ်တဲ့ စာကြွေးတွေအတွက် စိတ်မသက်မသာ ဖြစ်မိပါတယ်။ မေလ ၉ရက်နေ.က ဂွမ်ဂျူးကို တရားဟောသွားရင်း ခံစားမိတာလေးကို ရေးမယ်စိတ်ကူးပြီး မစနိုင်ဖြစ်နေလို. ခိုးလိုးခုလုဖြစ်နေတုန်း ဖူဆန်း ဒုတိယတရားပွဲအကြောင်း ရေးရမယ့် အကြွေးပါ ထပ်တင်လာပါတယ်။




မနေ.က ဆိုးလ်ဗိုးရီးဆူး ဒေါ်ဝံသပါလီက ဖုန်းဆက်ရင်း “ကျောင်းတက်ရတဲ့ အတွေ.အကြုံလေးတွေ ဆက်ရေးပါဦးဘုရား”တဲ့။ အဲဒါလည်း ရေးချင်သေးတယ်။ နောက် အန်းန်ဂုဂ် ဆောန်ဝေါန်မှာ လုပ်တဲ့ ဗုဒ္ဓဘာသာ ပါမောက္ခများအသင်းရဲ. နိုင်ငံတကာ စင်မီနာကို သွားတက်ဖြစ်တယ်။ ဟားဗတ်တက္ကသိုလ်က ဒေါက်တာ ခရစ်စ်တိုဖာကွိးန် နဲ. ဂျပန် တိုင်ဝမ် ကိုရီးယားက ပညာရှင်တွေ စာတမ်းဖတ်သွားကြပါတယ်။ အဓိက အကြောင်းအရာက Engaged Buddhism. ဒါလည်း ရေးရရင်ကောင်းမှာ။ နောက် ဖူဆန်း စစ်ဆေးရုံ ဓမ္မာရုံမှာ ဗုဒ္ဓဟူး စနေ တပတ်နှစ်ကြိမ် တရားစခန်းပတ်လည်း စနိုင်ခဲ့ပြီ။ ဒါလည်း ရေးသင့်တဲ့ကိစ္စ။ စိတ်ထဲက အတွေးကို တစ်ခါတည်း စာစီပေးနို်င်တဲ့ ကွန်ပြူတာ ပေါ်လာရင် သိပ်ကောင်းမှာပဲလို.သာ တောင့်တမိပါတော့တယ်။





အဆုံးမတော့ လမကုန်ခင် အကုန်အစင် စုပေါင်းပြီး လမ်းဆုံက ဂျမ်းဘုံလိုပဲ အကြောင်းစုံကို ပေါင်းဆုံပေးလိုက်ရပါတော့တယ်။





ဒုတိယအပတ်တနင်္ဂနွေနေ.တိုင်း တရားပွဲဆိုပေမယ့် ၉ရက်နေ.မတိုင်ခင် ဂွမ်းဂျူးက ဖုန်းတွေ ဝင်ဝင်လာပါတယ်။ ဘုန်းဘုန်း ဒုတိယအပတ်က ၉ရက်နေ.လား။ ဘုန်းဘုန်း ကြွမှာလားတဲ့။ စောလွန်းလို. ဇဝေဇဝါ ဖြစ်သွားကြတာပါ။ အဲဒီရက်ပိုင်း ကျောင်းစာကများ အလုပ်များနဲ. ဒကာခင်လှိုင်တို.ကိုလည်း အကြောင်းမကြားမိဘူး။ ကိုးရီးယားကျောင်းသားလေးက ကပ္ပိယ ကင်မရာမင်း အဖြစ်နဲ. လိုက်ပို.ပါတယ်။ ကျောင်းရောက်တော့ တို. ရွှေမြန်မာတွေ သိပ်မတွေ.ဘူး။ တရားပွဲစတော့ လူ နှစ်ဆယ် အစိတ်လောက်တော့ ရောက်လာပါတယ်။ တရားကို အဟောတရား အနာတရားသက်သက်ထက်ပိုအောင် လက်တွေ. အားထုတ်ဖြစ်အောင် ဘဝတစ်ခြား တရားတစ်ခြား မဖြစ်ဘဲ ဘဝနဲ.တရား တစ်သားတည်းကျအောင် လုပ်တတ်ဖို. ဇောင်းပေးဟောခဲ့ပါတယ်။ ပြီးတော့ ဒကာတွေ ခီလ်ဆန်းဆာက ဧည့်ခံတဲ့ ကိုရီးယား ကျောင်းထမင်း ကျောင်းဟင်းစား သုံးဆောင်နေတုန်း ကျောင်းဘုန်ကြီးက လိုက်ပြချင်တယ်ဆိုတာနဲ. သူရဲ. ပရဟိတဂေဟာကို ခဏသွားကြည့်ဖြစ်ပါတယ်။ အားကျစရာပါပဲ။ လေးထပ် အဆောက်အဦးမှာ မူကြို၊ လူအိုရံ၊ု health clubအစ ဆံသဆိုင်အဆုံး အကုန် သိမ်းကျုံးလုပ်ထားတာပဲ။





အဲဒီက အပြန် ဒကာတွေနဲ. အတူ တရားထိုင်ကြရအောင်ပြောထားလို. ဓမ္မရုံမှာ ပြန်ဆုံကြပါတယ်။ တရားမထိုင်ဖြစ်ပဲ တရင်းတနှီး လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး စကားပြောဖြစ်ကြပါတယ်။ ကိုရီးယား ဒကာဒကာမတွေလည်း ဘုန်းကြီးတို.တတွေရဲ. နွေးထွေးတဲ့ ဆရာဒကာ ဆက်ဆံရေးကို အားကျနှစ်ခြိုက် ကြည်ညိုနေကြပါတယ်။ ဓါတ်ပုံတဖျတ်ဖျတ်ရိုက်ပြီး မှတ်တမ်းတင်နေပါတယ်။ ဘုန်းကြီးရဲ. စိတ်ထဲမှာလည်း ကိုယ့်လူမျိုးတွေကို တကယ့်ကို စိတ်ချမ်းသာစေချင် ကြီးပွားတိုးတက်စေချင်တဲ့ မေတ္တာစိတ်အပြည့်ပါ။ ဒကာတွေကို ကြည့်လိုက်တော့လည်း အတူတူပဲ။ ဘုန်းကြီးရဲ. ကောင်းကျိုးကို အင်မတန်လိုလားတယ်ဆိုတာ မျက်လုံးကိုကြည့်လိုက်တာနဲ. သိသာနေပါတယ်။ တရားဟောတဲ့အခါ ဖြစ်တဲ့ အားရကြည်နူးမှုက တစ်မျိုး အခုလို တရင်းတနှီး ဝိုင်ဖွဲ. စကားပြောရင်း ခံစားရတဲ့ ပီတိကတစ်မျိုးပဲ။ ယုံကြည်မှု လုံခြုံစိတ်ချရမှု အပြန်အလှန် လေးစားမှုနဲ. နွေးထွေးတဲ့ မေတ္တာတရားတွေ လွှမ်ခြုံထားတဲ့ မိသားစုစကားဝိုင်းလေးလိုပဲ။ ဘဝမှာ မေ့မရတဲ့ အမှတ်တရနေ.တွေထဲက တစ်နေ. ဖြစ်သွားပါတယ်။ ဘုန်းကြီးတို. မျက်လုံးချင်း အကြည့်ချင်း ဆုံခဲ့ကြပါတယ်။ ချစ်သောမျက်စေ့ဖြင့်~~~~~~





၂၃ရက်နေ. ဖူဆန်း ဒုတိယအကြိမ်တရားပွဲ။ အဲဒီနေ.က ရွာလိုက်တဲ့မိုးကလည်း သည်းသည်းမည်းမည်း။ တရားပွဲပျက်ရောအောက်မေ့နေတာ ရွှေဒကာ ၅၀လောက်တော့ စုမိကြသေးတာပါပဲ။ ဘုန်းကြီးတို. မြန်မာများရဲ. သဒ္ဓါတရားဆိုတာ ဘိုးစဉ်ဘောင်ဆက် မျိုးလိုက်ရိုးလိုက် သွေးထဲက စီးဆင်းလာတာမျိုး မဟုတ်လား။ DAOU စက်ရုံက ဒကာ ၁၁ယောက် စုပေါင်းပြီး ဘုန်းကြီးကိုဆွမ်းကပ် ဧည့်တွေကို မုန်.ဟင်ခါး အာဟာရဒါနပြုကြပါတယ်။ လူ၁၀၀စာ လုပ်ထားတာဆိုတော့ စားလို.သောက်လို.ကို မကုန်ပါဘူး။ လာသမျှ ကိုရီးယား ဒကာဒကာမတွေကိုလည်း မြန်မာရိုးရာ စားစရာအဖြစ် မိတ်ဆက် ကျွေးမွေးခဲ့ပါတယ်။ မိုးထဲလေထဲကိုပဲ ဇွဲကြီးကြီးနဲ. အူလ်ဆန်က ဒကာ ၄ယောက်နဲ. ယာင်ဆန်က ဒကာတွေ ရောက်လာပါသေးတယ်။ ဆွမ်းစားရင်း စကားကောင်းနေလို. အချိုပွဲတောင် စားချိန်မရလိုက်ဘူး။ ပြည်ပရောက် ရွှေတွေ သမဏာနဉ္စဒဿနံ ဆိုတာ ကောင်းကောင်းခံစားကြမိပုံပေါ်ပါတယ်။ ဂွမ်ဂျူးမှာ ခံစားမိတဲ့ ပီတိမျိုး တစ်ခါပြန်ပေါ်လာပါတယ်။





တရားဟောတော့ လုပ်ရင်းကိုင်ရင်း စားသောက်သွားလာရင်း အလုပ်မပျက် အကိုင်မပျက် တရားဖက်တတ်အောင် မေတ္တာပို. အလေ့အထလုပ်ဖို. အဓိက သင်ပေးခဲ့ပါတယ်။ အဲဒီနေ. မနက်က MBC အသံလွှင့်ဌာနက စာအုပ်မိတ်ဆက်မှာ ပါတဲ့ အကြောင်းအရာလေးကိုလည်း ထည့်ပြောပြဖြစ်ခဲ့သေးတယ်။ မျိုးရိုးလိုက်တယ်ဆိုတဲ့ အကြောင်းပါ။ စာရေးသူက သိပ္ပံ ပညာရှင်တစ်ယောက်။ ဇီဝဗေဒနဲ. ဆိုးလ်တက္ကသိုလ်ထွက် ဟားဗတ်က ဒေါက်တာဘွဲ.ရ လူတော်ပါ။ တက္ကသိုလ်လောကမှာ ဆိုးလ်က ကိုရီးယားရဲ. top 1 ဟားဗတ်က ကမ္ဘာ့ နံပါတ်ဝမ်းလေ။ ပြောချင်တာက စိတ်ကုးယဉ်ပြီးလျှောက်ရေးတဲ့ စာမျိုးထက် လက်တွေ. သုတေသနရလဒ်ကို ကောက်ချက်ချရေးတဲ့ စာဖြစ်ကြောင်းပါ။ စာအုပ်နာမည်က 오래된 연장통 (old toolbox) တဲ့။ ဦးဏှောက်နဲ. ဂျီးန် (geneမျိုးရိုးဗီဇ) ကို ရည်ညွှန်းတယ်လို. ယူဆပါတယ်။ လူသားတွေ ဘာကြောင့် လုံခြုံတဲ့ နေရာကို ကြိုက်ကြသလဲ။ ကျောက်ခေတ်လူသား အရိုင်းအစိုင်းဘဝက တိရိစ္ဆန်တွေလိုပဲ ကြီးနိုင်ငယ်ညှင်း လက်ဦးသူ သတ်စားကြတော့ တစ်ယောက်ကို တစ်ယောက် ချောင်းမြောင်း သတ်ဖြတ်ကြရာမှာ တစ်ဘက်လူက ကိုယ့်ကို မမြင်ဘဲ ကိုယ်က လုံခြုံတဲ့ နေရာကနေ တဘက်သားကို မြင်နေရတာ အင်မတန် လုံခြုံတဲ့ ခံစားမှုရသတဲ့။ အဲဒီ ဂျီးန်က အခု မြို.ပြလူ.အဖွဲ.အစည်းကာလအထိ ပါလာတာတဲ့။ အကြောင်းအရာတွေ အများကြီးထဲက ယုန်အကြောင်းကလည်း ပြုံးမိစရာပဲ။ အရဲစွန်.ပြီး ဂူအပြင် ထွက်လာတဲ့ ယုန်တွေ အဖမ်းခံရ အသတ်စားခံရတာများတော့ အကြောက်ကြီးတဲ့ ဂူတွင်းပုန်းယုန်တွေပဲ ကျန်ခဲ့ပြီး အဲဒီယုန် အချင်းချင်း မျိုးဆက်ပွားကြရာက ယုန်ကြောက်လေးတွေ မွေးမွေးလာလိုက်တာ နောက်ဆုံးမတော့ ဂျီးန်(မျိုးရိုးဗီဇ) ကိုက အမြဲတမ်း ကြောက်ကြောက်လန့်လန်. တုန်တုန်ရီရီ ဖြစ်နေတဲ့ ယုန်မျိုး တွေချည်း ဖြစ်သွားသတဲ့။ ဘုန်းကြီးတော့ အဲဒီစာ ဖတ်ပြီး တို.နိုင်ငံ တို.လူမျိုးတွေ ယုန် (လိုလူမျိုး)ဖြစ်သွားရင် ဒုက္ခပဲလို. တွေးပူမိသေးတယ်။ အဲဒါနဲ.စပ်ပြီး ဘုန်းကြီး ကောက်ချက်ချတာကတော့ အင်္ဂလိပ်ကျွန် နှစ်တရာကျော်တာတောင် ရတနာသုံးပါးမပျောက်အောင် ဆောင်နိုင်တဲ့ တို.ဘိုးဘွားတွေရဲ. ဘာသာသွေးက တို.တစ်တွေဆီ မျိုးရိုးလိုက်လာတာဖြစ်ကြောင်းပါ။ ဒါကြောင့် ရေခြားမြေခြား တိုင်းတစ်ပါးရောက်နေပေမယ့် အလုပ်ပင်ပန်း ဘဝကြမ်းပေမယ့် ရွှေမြန်မာတွေ ဘာသာသွေး မအေးကြကြောင်း။ ဒီအကြောင်းကို တဆင့်ကြားရမယ့် ဒီခေတ် ဒကာဒကာမတွေ နောက်မျိုးဆက်တွေဆီလည်း ဒီဘာသာသွေးက ဆက်လက် စီးဆင်းနေမယ်ဆိုတဲ့ အကြောင်းပါ။ ဒီနေ.လည်း ဆရာဒကာ အကြည့်ချင်း ဆုံဖြစ်ခဲ့ကြပါတယ်။ ချစ်သောမျက်စေ့ဖြင့်~~~~~~





တရားပွဲကျင်းပရာ အသင်းတိုက်ဓမ္မာရုံ ဥက္ကဋ္ဌက ၂၅ရက်နေ.မှာ သူကိုးကွယ်တဲ့ 소림사 ဆိုးလင်းမ်ဆာကျောင်းကို တရားပွဲပင့်ပါတယ်။ အဲဒီနေ.က ကျောင်းက ညနေ ၆နာရီမှပြီးလို. ၇နာရီ တရားပွဲ အမှီ သုတ်သီးသုတ်ပြာ သွားခဲ့ရပါတယ်။ သီလ၊သမာဓိ၊ပညာ သိက္ခာသုံးပါးနဲ. ဝီတိက္ကမ၊ပရိယုဋ္ဌာန၊အနုသယ ကိလေသာသုံးပါးအကြောင်း ဟောခဲ့ပါတယ်။ သိတဲ့အတိုင်းပဲ ကိုရီးယားတွေက ဗမာထက်သည်းတယ်လေ။ တရားပွဲပြီးတော့ ဝိုင်းပြီး အလွမ်းသယ်ကြတယ်။ ကျောင်းဒကာကြီးက ကျောင်းပြန်လိုက်ပို.တဲ့အခါ ကျောင်းစောင့်ကျန်ခဲ့တဲ့ ဒကာမကြီးက တရားပွဲအခြေအနေမေးတော့ ဒကာကြီးက “အမလေး တရားပွဲပြီးတော့ ဒကာဒကာမတွေဝိုင်းထားလိုက်တာ မလွတ်တော့ဘူး။ လက်ဆွဲတဲ့လူ ကိုင်ကြည့်ဆုပ်ကြည့်တဲ့သူနဲ. ကြာရင် မျက်နှာပါ ပွတ်ကြည့်မယ့် သဘောရှိတယ်”တဲ့။ အဲဒီနေ.ကတော့ မျက်လုံးတင်မကဘူး လက်တွေပါ ဆုံသွားတော့ အာပတ်တွေ ကျိကျိတက်ကုန်မှာစိုးလို. အတော့်ကို သတိထားနေရပါတယ်။





၂၉ရက် မနေ. စနေနေ.က 국근 부산 병원 법단 ဖူဆန်း စစ်ဆေးရုံ ဓမ္မာရုံမှာ တပတ်နှစ်ကြိမ် တရားစခန်းပတ် ပထမအကြိမ် အဖြစ် စတင်နိုင်ခဲ့ပါတယ်။ ပြည်တော်ဦးမှာ ဗုဒ္ဓဘာသာဧ။် အနှစ်သာရနှင့် ဝိပဿနာတရားတော် ၁၀ ရက် တရားနာပြီးသူတွေအတွက် တပတ်နှစ်ရက် တစ်ရက် နှစ်နာရီခွဲကြာ လက်တွေ. ကျင့်ကြံမှု သင်တန်းပေးတာပါ။ တရားမနာရသေးတဲ့ ယောဂီ အသစ်တွေပါ တိုးလာလို. အစရက်မှာ အတော်မောသွားပါတယ်။ အားလုံး စိတ်ပါလက်ပါ အားတက်သရော ရှိကြလို. တရားဟောရပြရတာ ကြည်နူးအားတက်စရာပါ။



ဒီလထဲမှာ ကျောင်းစာတွေကလည်းများလိုက်တာ။ ကျောင်းပိတ်ခါနီး ပါမောက္ခတွေ အသားကုန် ခိုင်းတော့တာပဲ။ ဒီက ကလေးတွေကို ကိုယ်ကလည်း မယှဉ်နိုင်ဘူး ဖြစ်နေတယ်။ သတင်းအချက်အလက် ရှာဖွေစုဆောင်းတာကို သူတို.က အင်မတန်ကျွမ်းကျင်ကြတယ်။ အိုင်တီခေတ်ထဲကြီးပြင်းလာတဲ့အပြင် အိုင်တီ အထွန်းကားဆုံး နိုင်ငံမှာ မွေးလာတဲ့ သူတွေမဟုတ်လား။ ကိုရီးယားလို ဖတ်ကြရေးကြစို.ဆိုတော့ ကိုယ်က ဆယ်ဆလောက် နောက်ကောက်ကျနေပြန်ရော။ ပြဋ္ဌာန်းစာကိုသင်တာမဟုတ်ဘဲ သက်ဆိုင်ရာ အကြောင်း အရာနဲ. ဆက်စပ်တဲ့ သုတေသနစာတမ်းတွေ၊ ဘာသာရပ်ဆိုင်ရာ လက်တွေ.ကျင့်ထုံးနဲ. ဖြစ်ရပ်တွေ အားနည်းချက် အားသာချက်တွေ၊ မျက်မှောက်ခေတ်အခြေအနေတွေကို အကုန်ရှာဖွေလေ့လာ သုံးသပ်ပြီး ရီပို. ရေးတင်ရတာမျိုး ပရီစင်တေးရှင်းလုပ်ရတာမျိုး ဆိုတော့ တော်တော်ကောင်းတဲ့ သင်ကြားနည်းပါ။ စွမ်းရင် စွမ်းသလောက် အစွမ်းပြနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဆရာက အခြေခံ သဘောတရားလေး ပြောပြပြီး ကျန်တာ တပည့်က ကိုယ့်ဟာကိုယ် လုပ်ရတာ။



တစ်နေ.က Early Childhood Education က စာတမ်းဖတ်တာ သိပ်စိတ်ဝင်စားစရာကောင်းတာပဲ။ အစ္စရေး(ဂျူး)လူမျိုးတွေ ကမ္ဘာ့လူဦးရေနဲ.ကြည့်ရင် အင်မတန် အေ၇အတွက် နည်းပေမယ့် နိုဘယ်လ် ဆုရသူတွေမှာ ၂၀% ၊ ကမ္ဘာ့ထိပ်တန်း ပညာရှင် စာရင်းမှာ ၃၀%က ဂျူးတွေ ဖြစ်ကြောင်းနဲ. ဂျူးတွေ ကလေး ဘဝကတည်းက ပညာရေးကို ဘယ်လိုလေ့ကျင့် သင်ကြားပေးကြကြောင်းကို သုတေသနပြု တင်ပြသွားတာပါ။ ဘာသာရေးမှာ အဓိက အခြေခံထားပြီး မျိုးရိုး သမိုင်းအစဉ်အလာ ယဉ်ကျေးမှုကို အရိုးစွဲ တန်ဖိုးထားအောင် သင်တယ်။ ငယ်ကတည်းက အတွေးအခေါ် ကောင်းအောင် ၊စဉ်းစား ဆင်ခြင်ဉာဏ် ကောင်းအောင် ဦးတည် သင်ကြားပြီး မိဘနဲ. သားသမီး ဆရာတပည့် ညီအကို မောင်နှမ သူငယ်ချင်း တွေ စကားရည်လု တဲ့ အလေ့ အထလေးတွေ ပျိုးထောင်ပေးတာတွေ.ရတယ်။ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ သမိုင်းဝင် အဖြစ် အပျက် တွေကို ကလေးတွေကို သေသေချာချာ သိအောင် ပြောပြပြီး “အဖြစ်မှန်ကို ဘယ်တော့မှ မမေ့နဲ. ဒါပေမယ့် ခွင့်လွတ်လိုက်ပါ” လို. သင်သတဲ့။ အင်မတန် အတုယူစရာကောင်းပါတယ်။ ဗမာပြည်က ဘုန်းကြီးပညာရေးနဲ. ခပ်ဆင်ဆင်တူတဲ့ အပိုင်းလေးတွေ ရှိတာလည်း တွေ.ရတယ်။ တော်လည်း တော်ကြ ပါပေရဲ.။ တော်လည်း တော်ထိုက် ပါပေရဲ.လို. ပဲ ပြောချင်ပါတယ်။



ကိုရီးယား ကျောင်းသူကျောင်းသားတွေရဲ. ပညာရည်လည်း အင်မတန်မြင့်ပါတယ်။ မာစတာတန်းတင် မကဘူး။ ပထမနှစ် သင်းခန်းစာတွေလိုက်တက်ကြည့်တော့လည်း သိပ်တော်ကြပါတယ်။ မလုပ်နိုင်တာ သိပ်မရှိဘူး။ အထက်တန်းကျောင်းသား ဘဝကတည်းက ကွန်ပျူတာတွေ ပရိုဂျက်တာတွေနဲ. ပရီစင်တေးရှင်းလုပ်နေတာ အထာကျနေတဲ့ ပုံရှိပါတယ်။ အခုခေတ် ကျောင်းဆိုတာ စာသင်ရုံသက်သက်မဟုတ်တော့ဘဲ အလုပ်ခွင်အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးတဲ့အထိ လက်တွေဆန်လာတာတွေ.ရပါတယ်။သူတို.လေးတွေ လုပ်တာကိုင်တာကြည့်ပြီး တို.ဆီက ကလေးတွေလည်း ဒီလို အခွင့်အရေးမျိုးရရင် သိပ်ကောင်းမှာလို. တောင့်တမျှော်လင့်မိပါတော့တယ်။



















Sunday, May 23, 2010

ရေသန့် အလှူရှင်များ

မြန်မာပြည် ရေဘေးဒုက္ခသည် များအတွက် သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းသော...

...ကိုရီးယားရောက် "ရွှေမြန်မာများ" ၏မွန်မြတ်သောဒါနဖြစ်သည့် ရေလှူဒါန်းခြင်းတွင် ပါဝင်သည့် အလှူရှင်များမှာ~~

၁။ပြည်တော်ဦးဆရာတော် ၁၀၀၀၀၀
၂။မြရည်နန္ဒာအောင် ၆၅၀၀၀
၃။ကိုအောင်ထင်ကျော် ၂၀၀၀၀
၎။ကိုညွန့်လှိုင် ၁၀၀၀၀
၅။ကိုညီညီဝင်း ၁၀၀၀၀
၆။ကိုနေမျိုး ၃၀၀၀၀
၇။ကိုတိုးသူရ ၁၀၀၀၀
၈။ကိုညွန့်ဝင်း ၃၀၀၀၀
၉။ကိုတင်ထွန်းလွင် ၁၀၀၀၀
၁၀။ကိုသက်နိုင်ဦး ၁၅၀၀၀
၁၁။ကိုဝင်းစိန် ၁၀၀၀၀
၁၂။ကိုဇော်လင်းထွေး ၁၀၀၀၀
၁၃။ကိုသက်ခိုင်ထူး ၁၀၀၀၀
၁၄။ကိုမြင့်ခိုင် ၂၀၀၀၀
၁၅။ကိုအောင်စိုးလင်း ၂၀၀၀၀
၁၆။ကိုအောင်နေသန့် ၁၀၀၀၀
၁၇။ကိုညီညီမင်းထွဋ် ၁၀၀၀၀
၁၈။ကိုကျော်ထက်သူ ၁၀၀၀၀
၁၉။ကိုမြတ်ကိုကိုထူး ၂၀၀၀၀
၂၀။ကိုမင်းမြတ်သူ ၂၀၀၀၀
၂၁။ကိုဇော်ဝင်းထွန်း ၂၀၀၀၀
၂၂။ကိုသိန်းထိုက်အောင် ၂၀၀၀၀
၂၃။ကိုအောင်ကိုကိုမျိုး ၂၀၀၀၀

နန္ဒာ

ဒုတိယအကြိမ်မြောက် တရားပွဲ အလှူရှင်များ

ဒုတိယအကြိမ်မြောက် တရားပွဲ အလှူရှင်များစားရင်း.....

ို့...၂၃.၅.၂၀၁၀ နေ့၊ဒုတိယ အကြိမ်မြောက် တရားပွဲအတွက် ဓမ္မပူဇာလှူဒါန်းသော အလှူရှင်များမှာ-

၁။ကိုအောင်ကိုကိုမျိုး ၂၀၀၀၀
၂။ကိုသန့်ဇင်ထွန်း ၂၀၀၀၀
၃။ကိုတင်ထွန်းလွင် ၁၀၀၀၀
၎။ကိုလှထွန်း ၃၀၀၀၀
၅။ကိုညွန့်လှိုင် ၂၀၀၀၀
၆။ကိုမင်းမင်း ၂၀၀၀၀
၇။ကိုကျော်ကျော်မြင့် ၁၀၀၀၀
၈။ကိုထွန်းထွန်းအေး ၁၀၀၀၀
၉။ကိုစိန်ဝင်း ၁၀၀၀၀
၁၀။ကိုကျော်မင်းဟန် ၁၁၀၀၀
၁၁။ကိုမြတ်ဇော်အောင် ၁၀၀၀၀
၁၂။ကိုသက်ဦးမောင် ၃၀၀၀၀
၁၃။ကိုခင်မောင်ဝင်း ၂၀၀၀၀
၁၄။ကိုသက်ခိုင်ထူး ၁၀၀၀၀
၁၅။ကိုဝင်းစိန် ၁၀၀၀၀
၁၆။ကိုကျော်မင်းနိုင် ၃၀၀၀၀
၁၇။ကိုအောင်ဇော်လတ် ၁၀၀၀၀
၁၈။"DAOU"다우 စက်ရုံ ၁၅၀၀၀၀
၁၉။ကိုသန့်ဇင်ထွန်း ၂၀၀၀၀
၂၀။ကိုဇော်လင်းထွန်း ၄၀၀၀၀
၂၁။ကိုဇော်ဝင်းထွန်း ၃၀၀၀၀
၂၂။ဦးစံရင်+ဒေါ်တင်ရှိန် ၁၀၀၀၀
၂၃။ကိုအောင်ထင်ကျော် ၃၀၀၀၀
၂၄။ကိုမင်းညီ ၁၀၀၀၀
၂၅။ကိုတိုးသူရ ၁၀၀၀၀
၂၆။ကိုညီညီဝင်း ၁၀၀၀၀
၂၇။ကိုဇော်လင်းထွန်း ၁၀၀၀၀

နန္ဒာ

Tuesday, May 18, 2010

သီးသန်. အလှူရှင်များ

ကိုရီးယား ရိုးရာ ဗုဒ္ဓနေ.အလှူ

이명연 보살 (ဂျဲဂျူးဒိုး) သစ်သီး တစ်ဖာနှင့် ဆွမ်းစားရိတ်အလှူ ၂၀၀,၀၀၀ ဝမ်

ကိုလှထွန်း (ဖူဆန်း) ဘုရား သစ်သီးပွဲ

Sunday, May 16, 2010

ထသွား ပြန်ကြည့် ကျန်ရှိပစ္စည်း

မြန်မာပြည် သယ်ယူပို.ဆောင်ရေး ယာဉ်တွေမှာ တွေ.ရတတ်တဲ့ သတိပေးစကား။ “ထသွား ပြန်ကြည့် ကျန်ရှိပစ္စည်း တာဝန်မယူ”။ ကြီးပွား ချမ်းသာလာတဲ့ နိုင်ငံတွေမှာတော့ ဆားဗစ်စ်ရဲ. သဘာဝနဲ. အထာကျလာတော့ “ပျောက်ဆုံးပစ္စည်း /ကောက်ယူတွေ.ရှိ” ဋ္ဌာန (Lost & Found) ဆိုတာတွေ ဖြစ်လာတာ ရှိပါတယ်။ ဒီလို နိုင်ငံမှာတော့ တာဝန်မယူဆိုတဲ့စကားက တာဝန်မဲ့ရာရောက်လို. ရှက်စရာကောင်း သလိုလည်း ခံယူစရာရှိပေမယ့် ဘုန်းကြီးတို. ဆီမှာတော့ သတိပေးဖေါ်ရတာကိုပဲ ကျေးဇူးတင်လှပါပြီလို. သဘောထားရ မှာပါ။ တကယ်တော့ ယာဉ်ဝန်ထမ်းတင်မက တစ်လှေထဲစီး တစ်ခရီးထဲသွားကြတဲ့ အားလုံး ကိုယ်ကျင့်တရား ကောင်းကြရင် အားလုံးမှာ တာဝန်ရှိပါတယ်။ စောင့်ရှောက်ရမှာပါ။ အကြီးဆုံးတာဝန်ရှိသူက ကာယကံရှင် ဆိုတာ အထူးပြောစရာမလိုပါဘူး။ ဒါပေမယ့် လူဆိုတာ သူသူကိုယ်ကိုယ် မေ့တတ် မှားတတ်ကြပါတယ်။ (အမေ့သားနဲ. အမေ့သမီးတွေမဟုတ်လား)။

ဒီလို စလိုက်တော့ “ဘုန်းကြီး ကတုံးပေါ်ထိပ်ကွက် ခံလိုက်ရပြီထင်တယ်လို တွေးနေကြမလား။ ဘယ်သွားရင်း ဘာတွေမေ့လာပြီး ပြန်မရလို. (စောင်းတရား ထောင်းတရား) တရားတရားနဲ. မတရား ဟောတော့ မှာလား” လို. တွေးနေကြမလား မသိဘူး။ မှန်တာပြောသစ္စာ ပျောက်တာကတော့ အမှန်ပါ။ ဒါပေမယ့် ဒီစာရဲ. ရည်ရွယ်ချက်က တစ်ခြားပါ။ ထသွားပြန်ကြည့်ဆိုတဲ့ ခရီးသွား သတိကို ဘဝခရီး သံသရာ ခရီးမှာလည်း သတိထား အသုံးချနိုင်ရင် အကျိုးများမယ် လို. ပြောချင်တာပါ။ ခရီးသွားရင်း ယာဉ်စီးရာမှာ ထိုင်ရာက အထ ပြန်မကြည့်မိလို. ကျန်ရှိတဲ့ ပစ္စည်းအတွက် မချိတရိဖြစ်ဖူးလား။ ပါးပါးလေးပါ။ သံသရာခရီး ဘဝခရီးမှာ ကာယကံ ဝစီကံ မနောကံ ဆိုတဲ့ ယာဉ်သုံးမျိုး အမြဲစီးနေကြတာပါ။ ပြန်မကြည့်မိရင် ခပ်ပါးပါး ပြဿနာ မဟုတ်ဘူးဆိုတာ “ပစ္စေက ထေရ်အရှင်ကို ခါးကုန်းတာ အတုလိုက် ဟန်လုပ် ပြောင်လို. ဉဏ်အထက်ဆုံး ဧတဒဂ်ရသော်လည်း ခုဉ္ဖုတ္တရာ ခါးကုန်းရတာမျိုး”။ ရဟန္တာကို ပြည့်တန်ဆာလို. နှုတ်သီးဆိုးခဲ့မိလို. အလှအိုး သီရိမာ ပြည့်တန်ဆာ ဖြစ်ရတာမျိုး”။ “ရဟန္တာကို စိတ်နဲ. ပြစ်မှားလိုက်တာ ကျီးယောင်ဆောင်သော ဒေါင်း လို. လူသိများတဲ့ ဘုန်းကညာတစ်ပါး လုံးရာက ပြားရတာမျိုး” တွေ ကြည့်ရင် ခပ်ပါးပါး ပြဿနာမဟုတ်ဘူးဆိုတာ သတိပြုမိမှာပါ။

အတိတ်ဆိုတာ လွန်သွားပြီ ပြီးသွားပြီဆိုတာ မရှိတော့ဘူးဆိုတာ မှန်ပေမယ့် ဘာမှယူစရာ မရှိတော့တာ မဟုတ်ဘူး။ အတိတ်ကနေ မသင်ယူတတ်ရင် ပညာရေးဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒီနေ.ခေတ် လူ. အဖွဲ. အစည်း ပုံစံမျိုး ဖြစ်နိုင်ပါ့မလား။ တစ်နေ. တစ်နေ. ကိုယ် ဘယ်လိုကြံ ဘယ်လိုပြော ဘာတွေလုပ်မိလဲ ကိုယ့်ကိုယ်ကို ပြန်ဖတ် ကိုယ့်ဘဝစာမျက်နှာ ပြန်လှန်ကြည့်ရအောင် အမှားတွေ.ရင် နောင်ကိုရှောင် အမှန်လေးတွေ ဆောင်ထားကြရအောင် “ထသွား ပြန်ကြည့် ကျန်ရှိပစ္စည်း ကုသိုလ်လေလား/အကုသိုလ်လား ကိုယ့်တာဝန်ကိုယ်ယူ သဗ်ဗေ(အောက်က ဗ ရိုက်မရလို. သည်းခံကြပါ သတ်ပုံပညာရှင်တို.) သတ္တ္တာ ကမ္မ္စဿကာ” (မင်းသိင်္ခလည်း သွားရှာပြီ)။ ကျန်ရှိပစ္စည်း~~~။

တရားပွဲ အာဟာရဒါနကုသိုလ်ရှင်များ...(၂၃.၅.၂၀၁၀)

*တရားပွဲ အာဟာရဒါန ကုသိုလ်ရှင်များ (၂၃.၅.၂၀၁၀)*~~

... { DAOU စက်ရုံဝန်ထမ်းများမှ}....

ဒုတိယအကြိမ်မြောက် အထူးတရားပွဲ ကျင်းပရာတွင် ကြွရောက်လာကြသော တရားနာပရိတ်သတ် အပေါင်းတို့အား ကျွန်တော်တို့က သဒ္ဓါတရားကြည်ဖြူ ထက်သန်စွာဖြင့် အာဟာရဒါန ပေးလှူလိုပါသဖြင့် ကြားသိသမျှ ဓမ္မမာမက မိတ်ဆွေအားလုံး စုရုံးကြွရောက် ချီးမြှောက်ကြပါရန် မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်...။

{သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းကြသော DAOU စက်ရုံဝန်ထမ်းများမှာ..}

  • ကိုနေမျိုး
  • ကိုညွန့်ဝင်း
  • ကိုရဲထွဋ်ပိုင် + မအိအိဖြိုး
  • ကိုညီညီမင်းထွဋ်
  • ကိုအောင်နေသန့်
  • ကိုဝင်းလတ်
  • ကိုသက်နိုင်ဦး
  • ကိုအောင်စိုးလင်း
  • ကိုကျော်ထက်သူ
  • ကိုမင်းမြတ်သူ
  • ကိုမြတ်ကို .......................တို့ဖြစ်ကြပါသည်။
ဧည့်ခံချိန် ~~ နေ့လည် ၁၁ နာရီ မှ နေ့လည် ၁ နာရီ အထိ။
နေ့ရက်~~~~၂၃.၅.၂၀၁၀။
နေရာ~~~~~ ဖူဆန်း ဗုဒ္ဓသာသနာအသင်းတိုက်။
နန္ဒာ

ဒုတိယအကြိမ်မြောက်အထူးတရားပွဲ

*ဒုတိယအကြိမ်မြောက်အထူးတရားပွဲ (၂၃.၅.၂၀၁၀)

...တူညီသော စိတ်ထား~~တူညီသော အသိတရား~~တူညီသော ကိုယ်ကျင့်တရား~~တူညီသော ယုံကြည်မှူများဖြင့် လစဉ်တရားပွဲ ကျင်းပပေးလျက်ရှိပါသည်..။

လာမည့် တနင်္ဂနွေနေ့ (၂၃.၅.၂၀၁၀) တွင် ဒုတိယအကြိမ် အထူးတရားပွဲကျင်းပမည်ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ပါရန် လေးမြတ်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။~~

နေ့ရက်~~~၂၃.၅.၂၀၁၀။

အချိန်~~~ နေ့လည် ၂ နာရီ။

နေရာ~~~ ဖူဆန်း ဗုဒ္ဓသာသနာ့အသင်းတိုက်။

နန္ဒာ

Friday, May 14, 2010

အလှူတော် မှတ်တမ်း

လစဉ် အလှူရှင် စာရင်း(မေလ)

ကိုမြင့်ခိုင် (ဖူဆန်း) သောက်ရေသန်. ရေပူ/အေး ၅၀,၀၀၀ ဝမ်

ကိုရဲသီဟ (ဂွမ်ဂျူး) စတုပစ္စယဒါန ၁၀,၀၀၀ ဝမ်

ကိုလှထွန်း (ဖူဆန်း) လျှပ်စစ်မီး ၃၀,၀၀၀ ဝမ်

ကိုဇော်သူရ(ကင်မ်ဟဲ) အင်တာနက်ဖုံး ၃၀,၀၀၀ ၀မ်

ကိုလင်းလင်း+မဝင်းအိဖြူ ဒိုးရှီးဂက်စ် ၁၁,၀၀၀ ၀မ်

Thursday, May 13, 2010

“ရခြင်းထက်သာ ဝမ်းမြောက်စွာသည်”

စိတ်ကကြည်စွာ စေတနာဖြင့် သဒ္ဓါဝမ်းတွင်း ပေးကမ်းခြင်းကား ရခြင်းထက်သာ ဝမ်းမြောက်စွာသည် မင်္ဂလာလွန်မြတ် ဖြစ်သတတ်ရှင့်။” (မဃဒေဝလင်္ကာ) ဘုရားရှင်က မင်္ဂလသုတ်မှာ ဒါနဉ္စ -ပေးကမ်းခြင်းသည်လည်း မင်္ဂလာ တစ်ပါး လို. ဟောပါတယ်။ ရယူခြင်းသည် မင်္ဂလာလို. ဟောတော်မမူပါ။ ဒီလင်္ကာလေး ဖတ်မိတိုင်း စာရေးဆရာဖေမြင့်  ဘာသာပြန်တဲ့ “နှလုံးသား အာဟာရ” ဆိုတဲ့ စာအုပ်လေးထဲက အကြောင်းအရာတစ်ခုကို အမြဲသတိရမိတယ်။

ဆင်းရဲသားရပ်ကွက်ထဲကို သူဋ္ဌေးသား တစ်ယောက် ကားသစ်ကြီးနဲ. ဖြတ်သွားတော့ ဆင်းရဲသား ကလေးလေး တစ်ယောက်က ငေးကြည့်နေသတဲ့။ မွေးနေ.လက်ဆောင်ရလာတဲ့ ကားသစ်ကြီး ထုတ်စီးလာတဲ့ သူဋ္ဌေးသားက စိတ်ကောင်းဝင်ပြီး ဆင်းရဲသား လေးကို ကားပေါ်ခေါ် ဟိုနားဒီနား တင်စီး ပြီးတော့ အိမ်ပြန်ပို.သတဲ့။ ကားပေါ်က ဆင်းလာတဲ့ ဆင်းရဲသား ကလေးလေးက ကားကို လက်ဖဝါးလေးနဲ. ဖွဖွလေးထိပြီး ပတ်ချာလှည့် စိုက်ကြည့်ရင်း မေးသတဲ့။ “အစ်ကို ဒီကားအသစ်ကြီး ဘယ်လိုရလဲ”ပေါ့။ သူဋ္ဌေးသားက “ဒါ ငါ့ အစ်ကိုက ငါ့ကို မွေးနေ.လက်ဆောင်ပေးတာ”လို. ပြန်ဖြေတော့ ဆင်းရဲသားလေး ပါးစပ်ဟသွားပြီးနောက် တွေတွေလေး စဉ်းစားနေသတဲ့။ ဒါနဲ. သူဋ္ဌေးသားက မေးသတဲ့ “ဟေ့ မင်း ဘာစဉ်းစားနေလဲ” ပေါ့။ (ဘာစဉ်းစား နေမယ် ထင်လဲ။) သူဋ္ဌေးသားက ဆက်ပြောတယ် “မင်း ~~~ငါ့မှာလည်း အဲဒီလို အစ်ကိုမျိုး ရှိရင် ကောင်းမှာ” လို. တွေးနေတာမဟုတ်လား” လို.။ ဆိုတော့ ဆင်းရဲသား ကလေးလေးက ဘာပြောတယ်ထင်လဲ။ မဟုတ်ပါဘူး အစ်ကိုရယ်” တဲ့။့  သူဋ္ဌေးသားက “အောင်မယ် ကဲ မဟုတ်ရင် မင်းက ဘာတွေးနေတာလဲ” လို. ထပ်မေးရော။ ကလေးလေးက ဘာပြောလဲဆိုတော့“ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာ အစ်ကိုရာ” တဲ့။ ဒီတစ်ခါတော့ သူဋ္ဌေးသား ဟင် ခနဲဆို တွေသွားတယ်။ (သူဋ္ဌေးသားလေးက တအားစိတ်ဝင်စားသွားပြီး ဇစ်မြစ်လိုက်ကြည့်တော့ ဒီကလေးမှာ ဒုက္ခိတ ညီငယ်လေး တစ်ယောက်ရှိနေတာကိုး။ ဆိုတော့ ဒီညီလေးကို ဘယ်လောက်သနား ဘယ်လောက်ချစ်လိမ့်မလဲ ဆိုတာ အားလုံး မှန်းဆကြည့်နိုင်ပါတယ်။ သူတစ်ပါးအပေါ် သနားကြင်နာကရုဏာနဲ. ချမ်းသာစေချင်တဲ့ မေတ္တာထားနေသူမျိုးဟာ ရယူခြင်းမှာ အရသာခံဖို.ထက် လိုနေတဲ့သူကို ဖြည့်ပေးချင်တာ ပေးနေ ရတာမျိုးကို ပျော်တာပါ။) ကိုရီးယားမှာ ကျောင်းတည်လိုက်ပြီးတဲ့နောက် နှစ်လ အတွင်းမှာ ကျောင်းတက်ပွဲ၊ နှစ်သစ်ကူးအလှူနဲ. တရားပွဲ ကျင်းပဖြစ်ပါတယ်။ ကျောင်းတက်ပွဲတုန်းက ဖွင့်ပွဲကို နောက်မှသတ်သတ် ကျကျနန လုပ်မယ်။ ဒါကြောင့် တမင် ကျောင်းတက်ပွဲ ဆိုပြီး လူ သုံးလေးဆယ်လောက်နဲ. အကျဉ်းရုံးပေါ့လေ လို. မှန်းခဲ့ပေမယ့် လူတစ်ရာကျော်သွားတယ်။ နှစ်သစ်ကူး အလှူနဲ. တရားပွဲ တစ်ရာလောက်ဆို မှန်းလိုက်တာ နှစ်ရာနီးပါး ဖြစ်သွားတယ်။ မြန်မာပြည်မှာ အကျဉ်းရုံး အကျဉ်းရုံးနဲ. ကျယ်ကျယ်သွားတာ အလှူထုံးစံပါ။ ဒါပေမယ့် နိုင်ငံရပ်ခြားမှာ အဲဒီလို လုပ်နိုင်တဲ့ ကိုယ့်လူမျိုးတွေကို တကယ်အံ့သြမိတယ်။ တပတ် ၇ ရက် နီးပါး အလုပ်လုပ်နေတဲ့ ကြားက စနေညနေ စီစဉ် တနင်္ဂနွေနေ. ပွဲကြီးပွဲကောင်း တစ်ပွဲ အကွက်စေ့စေ့နွဲပြီး တနင်္လာနေ. အလုပ်ပြန်စဆင်းတယ်။ ကြည့်လိုက်တော့လည်း ဒကာတွေချည်းပဲ။ ဘာချက်မလဲ ?မဖြစ်တာမရှိဘူး။ ပလာတာလား? မုန်.ဟင်းခါး? နန်းကြီးသုတ်? ကျောက်ကျောမုန်.? ဒံပေါက်ပါမကျန်။ တစ်ညလုံး ချက်ဟယ် ပြုတ်ဟယ်နဲ. တစ်မှေးမှ မအိပ်ကြတဲ့သူတွေလည်း ရှိတယ်။ မိုးလင်းတော့လည်း လာသမျှ ပြင်ဆင် ကျွေးမွေး ”ဧည့်ခံရတာ။ ပြီးရင် ဆေးကြောသိမ်းဆည်း သန်.ရှင်းရေးနဲ. အမှိုက်ပြစ်တာပါ အပြီးအစီး။ သြချရအောင် လုပ်နိုင်ကြပါပေတယ်။ ညမအိပ်ရလို. ကိုယ်ကသာ စိတ်ပူနေတာ သူတို.ကြည့်လိုက်တော့လည်း ပြုံးပြုံး ပြုံးပြုံးနဲ. တက်တက်ကြွကြွ ပဲ။ နောက်နေ. အလုပ်ထဲရောက်မှ အိပ်ငိုက်ပြီး ထိခိုက်ဒဏ်ရာ မရကြပါစေနဲ.။ သတိထားကြပါ လို. သေသေချာချာတော့ မှာလိုက်ပါတယ်။ နောက်နေ. စိတ်သိပ်မချတာနဲ. ဖုန်းဆက်ကြည့်ရ သေးတယ်။ ဘာမှတော့ မဖြစ်ကြပါဘူး။ အခု လာမယ့် ၂၃ရက် တနင်္ဂနွေ တရားပွဲမှာပါ အလှူလုပ်ကြဦးမယ်လို. လျှောက်ကြပါတယ်။ ဘုန်းကြီးက တို.ဒကာတွေ ပန်းပါတယ်။ ဗုဒ္ဓဘာသာ အသင်းတိုက်က ကိုရီးယား ဒကာ ဒကာမတွေကလည်း အကျွေးအမွေး တာဝန်ယူလှူပါရစေ ပြောနေလို. အမြဲမဟုတ်တောင် သူတို.အလှူ တစ်ခါတစ်လေ စားပြီး တို. တရားပွဲအပြီး အေးအေးလူလူ ပြန်ကြရအောင်ပြောလည်း လှူချင်ကြတယ်။ “မပန်းပါဘူး ဘုရား”တဲ့။

ဒါနံနာမ ယုဒ္ဓသဒိသံ-အလှူပေးတယ်ဆိုတာ စစ်တိုက်ရတာနဲ.တူတယ်။

မုချမှတ်ယူ လောကလူတွင် အလှူပေးခြင်း စစ်ထိုးခြင်းကား မယွင်းတူမျှ တူကုန်ကြတည့်။” (မဃဒေဝလင်္ကာ)

ဒါနစေတနာနဲ. မစ္ဆရိယ စစ်ပွဲ စစ်တိုက်ရတာ သူတို. ပျော်နေကြတာနေမှာပဲလို. ကောက်ချက်ချမိပါတယ်။ ဒါပေမယ့် ဘုရားသာသနာ ဒါနတစ်ခုထဲနဲ. မပြီးတာ ပညာရှိ သတိဖြစ်ခဲမှာ စိုးရိမ်မိတာတော့ အမှန်ပဲ။

Tuesday, May 11, 2010

အလုပ်ရှုပ်တယ်။

နှစ်သစ်ကူး နှစ်ဦးတရားပွဲ ပြီးကတည်းက များလိုက်တဲ့ အလုပ်။ ဘလော့ဂ်လေး တစ်ခု အများကောင်းမှုနဲ. သက်တောင့် သက်သာဖြစ်လာတော့ ရေးချင်တာလေးရှိုရင် အလွယ်တကူ ရေးလို.ရတာပေါ့လို. စိတ်ကူးခဲ့ပေမယ့် ထင်သလောက် မလွယ်ဘူး ဆိုတာ “မယုံမရှိနဲ. ကိုယ်တွေ.” ဆိုတာလို ဖြစ်နေပြီ။ ရန်ကုန် စန်းမြသီတာ မဟာစည် သာသနာ့ရိပ်သာမှာ နှစ်စဉ်နှစ်တိုင်း နွေရာသီ သင်္ကြန်တရားစခန်းပွဲ ကျင်းပနေကျ။ နှစ်သစ်ကူးချိန်ဆို မြန်မာပြည်မှာနေလည်း ဒုလ္လဘ ကိုရင် သီလရှင်တွေ တရုန်းရုန်း ချွေးတလုံးလုံးနဲ. အလုပ်ရှုပ်နေကျပါ။ နှစ်ပေါင်းနှစ်ဆယ် ဝါနှစ်ဆယ် သင်္ကြန်တရားစခန်းပွဲနဲ. မခွဲမခွါ မနှစ်က အထိ တစ်နှစ်မှ မပျက်ခဲ့ဖူးပါ။ ရန်ကုန်ရိပ်သာ မရောက်ခင် ငယ်စဉ်ကလည်း ဆရာဘုန်းတော်ကြီးရဲ. မုံရွာ စန်းမြသီတာ မဟာစည် သာသနာ့ရိပ်သာမှာ နွေရာသီ တရားစခန်းပွဲ အမြဲ ပါဝင်ဆောင်ရွက်ခဲ့ရတယ်။ မဟာသန္တိသုခ ကျောင်းတော်ကြီးမှာ ပြည်ပသာသနာပြု အထူးသင်တန်း တက်နေစဉ်တုန်းကလည်း သင်္ကြန်ကျတော့ ကိုယ့်ရိပ်သာကိုယ်ပြန်ပြီး တရားဟော တရားပြနေတာပါပဲ။ တစ်နှစ်မှာ ခြောက်လလောက် ကိုရီးယားကို ရောက်နေလည်းပဲ သင်္ကြန်ဆိုရင် မပျက်မကွက် ဆက်ဆက်ပြန်နေကျ။ ဒီက တက္ကသိုလ် ကျောင်းဖွင့်ချိန် ဖြစ်နေလို. နှစ်နှစ်ဆယ်အတွင်း သင်္ကြန်တရားစခန်းပွဲနဲ. ပထမဆုံးအကြိမ် ကင်းကွာပြီး ကိုရီးယားမှာ မဖြစ်မနေ နေရမယ့် ၁၃၇၂ မြန်မာ နှစ်သစ်ကို ပထမဆုံးအကြိမ်အဖြစ် အေးအေးလူလူ အနားယူရင်း ကြိုဆိုရလိမ့်မယ်လို. ထင်နေတာ ဟိုနဲ.ဒီနဲ. နေရာသာကွာတာ လုပ်ချင်ရင် လုပ်စရာကတော့ အများသား ရှိနေတာပါပဲလား။

ငယ်ငယ်တုန်းက အလုပ်မရှိရင် မနေတတ်ဘူးဆိုတဲ့လူတွေ တွေ.ရင် သနားကြည့် ကြည့်ခဲ့ဖူးတယ်။ အခုတော့ ကိုယ်ကိုယ်တိုင်လည်း သနားစရာသတ္တဝါထဲ အဝင်အပါ ဖြစ်နေပါပေါ့လားဗျာ။ အမြဲသတိရနေမိတာကတော့ “အလုပ်မဟုတ်တာတွေနဲ. အလုပ်ရှုပ်နေလို. တကယ့်အလုပ်ကို လုပ်ဖို.အချိန် မရှိဘူး” ဆိုတဲ့ စကားလေး။ အလုပ်ဖြစ်အောင် လုပ်ဖို.လိုတယ်လို. သံပတ်တင်းတင်းပေးတဲ့ အတွေး ဆေးတစ်ခွက်အဖြစ် နှစ်သက် သုံးစွဲနေကျ စကားလေးပေါ့။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဖတ်ခဲ့ဖူးတဲ့ စာထဲက မှတ်မိနေတာလေးတစ်ခု။ တစ်နေ. တစ်နေ. ဘာအလုပ်တွေနဲ. အချန်ကုန်နေလဲ။ အလုပ်လေးမျိုးခွဲပြီး စစ်တမ်းထုတ်ပုံပါ။

၁။ အရေးကြီးတယ်၊ အခုလုပ်ရမယ့် အလုပ်။

၂။ အရေးကြီးတယ်၊ အခုချက်ချင်း မလုပ်လည်းရတဲ့ အလုပ်။

၃။ အရေးမကြီးဘူး၊ အခုလုပ်ရမယ့် အလုပ်။

၎။ အရေးမကြီးဘူး၊ အခုချက်ချင်း မလုပ်လည်းရတဲ့ အလုပ်။

အဲဒီ အလုပ်လေးမျိုးမှာ ဘယ်အလုပ်မျိုးနဲ. အလုပ်ရှုပ်နေလဲ။ ဘယ် အလုပ်မျိုးအတွက် အချိန်ပိုကုန်သလဲ။ ကိုယ်ကိုယ်ကို စစ်တမ်းထုတ်ကြည့်ရမှာပါ။ ကိုယ် ဘယ်လိုလူမျိုးလဲ ဆိုတာ ကိုယ် ဘာဖြစ်လာမှာလဲဆိုတာ ဗေဒင်မမေးလည်း သိနိုင်တဲ့ အလုပ်စစ်တမ်း ကံစစ်တမ်းပေါ့. ကံဆိုတာ အလုပ်မဟုတ်လား။

Sunday, May 9, 2010

အလှူတော်မှတ်တမ်း

ဂွမ်ဂျူးတရားပွဲ ဓမ္မပူဇာအလှူရှင်များ
၁။မစန်းစန်းမြင့် ၃သောင်း
၂။ကိုကျော်စွာ ၂သောင်း
၃။ကိုစံလင်း ၁သောင်း

၎။ကိုအောင်သူဝင်း ၁သောင်း
၅။ကိုပေါ်ထွန်း ၁သောင်း
၆။ကိုတေခိုင်ထွန်း ၁သောင်း
၇။ကိုဝင်းစိုး ၁သောင်း
၈။ကိုရဲအေးထွန်း ၂သောင်း
၉။ကိုစိုင်းမြတ်ထွန်း ၁သောင်း
၁၀။ကိုအောင်တင်စိုး ၁သောင်း
၁၁။ကိုရဲလျှံထွန်း ၂သောင်း
၁၂။ကိုသန့်စင် ၁သောင်း
၁၃။ကိုနိုင်စိုး ၂သောင်း
၁၄။ကိုမောင်မောင်လွင် ၁သောင်း
၁၅။ကိုကျော်လှိုင်ထွန်း ၂သောင်း
၁၆။ကိုကျော်မိုး ၁သောင်း
၁၇။ကိုအောင်ဇော်ဦး ၁သောင်း

Friday, May 7, 2010

ဂွမ်ဂျူးတရားပွဲ (မေလ)

ဂွမ်ဂျူး ခီလ်ဆန်းင်ဆာ မြန်မာတရားပွဲ

လစဉ် ဒုတိယအပတ် တနင်္ဂနွေနေ.တိုင်း ကျင်းပမြဲ တရားပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍ တရားနာ ကြွရောက်ကြရန် ဖိတ်ကြားအပ်ပါသည်။
နေ.ရက် တနင်္ဂနွေ (၉-၅-၁၀)
အချိန် နံက် (၁၁) နာရီ
နေရာ ခီလ်ဆန်းင်ဆာ၊ ဂွမ်ဂျူး
မှတ်ချက်---တရားပွဲအပြီးတွင် ကျောင်ဒကာဒကာမများက နေ.လည်စာဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါ၍ အလှူရှင်များကို ငဲ.သောအားဖြင် သုံးဆောင်ပြီးမှ ပြန်ကြရန် မေတ္တာရပ်ခံပါသည်။

အလှူတော် မှတ်တမ်း

သီးသန်. အလှူရှင် စာရင်း
ဗုဒ္ဓသာသနာပြုကျောင်းတော်(ဆိုးလ်) လေဆာပရင့်တာ ၁၄၀,၀၀၀ ဝမ်
ကိုလင်းလင်း မဝင်းအိဖြူ (ကင်မ်ဟဲ) ဒိုးရှီးဂက်စ် ၁၀,၇၀၀ ဝမ်

ကိုလှထွန်း (ဖူဆန်း) ဘုရားသစ်သီးပွဲ
ကိုမင်းချမ်း+ကိုကျော်လင်း+
ကိုကျော်ဇင်လတ်+ကို----(နို.က်ဆန်း) နဝကမ္မ ၃၀၀,၀၀၀ ဝမ် (၃-၂-၁၀)
ဂွမ်ဂျူးဒေသ အလှူရှင်များ နဝကမ္မ ၂၀၀,၀၀၀ ဝမ် (၇-၃-၁၀)

Monday, May 3, 2010

Myanmar New Year in Korea




Posted by Picasa

နှစ်သစ်ကူး နှစ်ဦး အလှူတော်မင်္ဂလာ



































































အရုဏ်ဆွမ်း











စိတ်ကကြည်စွာ စေတနာဖြင့် သဒ္ဓါ ဝမ်းတွင်း ပေးကမ်းခြင်းကား ရခြင်းထက်သာ ဝမ်းမြောက်စွာသည် မင်္ဂလာ လွန်မြတ် ဖြစ်သတတ်ရှင့်။










(မဃဒေဝ)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More