ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ pyidawoo: ဖိတ်ကြားလွှာ

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Thursday, July 18, 2013

ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ဖိတ်ကြားလွှာ


ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာများ နှင့် 
နုတ်ဆန်း Sunday Friends သူငယ်ချင်းများ မှ 
ဂမ်ဟဲမြို့ ဓမ္မယာနအသင်း ရွှေအလင်းတန်းစာကြည့်တိုက်တွင်  
ဘူဆန် ပြည်တော်ဦးဆရာတော် အရှင်ပဏ္ဍိစ္စ နှင့် သံဃာတော်များအား 
စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူမည် ဖြစ်ပါ၍ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ    
ရွှေမြန်မာများ ကြွရောက်ကြပါရန် လေးစားစွာဖြင့်  ဖိတ်ကြားအပ်ပါသည်။

                         နေ့ရက် ။     ။ ၁၃၅၇-ခုနှစ် ၊ ၀ါဆိုလဆန်း(၁၄) ရက် ၊ (၂၁-၇-၂၀၁၃) တနင်္ဂနွေနေ့
                         အချိန်   ။     ။ နံနက် (၁၀း၀၀) နာရီ မှ နေ့လည် (၂း၀၀) နာရီ အထိ
                         နေရာ   ။     ။ ဂမ်ဟဲမြို့ ၊ ဓမ္မယာန အသင်း ၊ ရွှေအလင်းတန်း စာကြည့်တိုက်
                အကျွေးအမွေး ။        ။နုတ်ဆန်း Sunday Friends သူငယ်ချင်းများမှ မြန်မာထမင်းဟင်းများနှင့် ဧည့်ခံကျွေးမွေးမည်

Saturday, June 29, 2013

ဘူဆန် ဆာဆန်ကျောင်းတွင် အလှူပြုလုပ်မည်



ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ဆာဆာန်ရှိ ပြည်တော်ဦး ဓမ္မယာနကျောင်းတွင် မညိုပြာဝင်း မိသားစုမှ ဘူဆန်ဆရာတော် အရှင်ပဏ္ဍိစ္စအား နေ့ဆွမ်းဆက်ကပ်ပြီး အကျွေးအမွေးများ ပြုလုပ်မည်ဖြစ်ပါ၍ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာများ လာရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ ၃၀-၆-၂၀၁၃ (တနင်္ဂနွေနေ့)
အချိန် ။ ။ နံနက် (၁၁း၀၀) နာရီ မှ (၁း၀၀) အထိ
နေရာ ။ ။ ဘူဆန် ဆာဆန်ရှိ ပြည်တော်ဦး ဓမ္မယာနကျောင်း

Tuesday, January 31, 2012

အစည်းအဝေးဖိတ်ကြားလွှာ

၂၀၁၂.၄.၁၃ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ် တန်ခူးလတွင် ကျရောက်မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲအား ကျင်းပရန်အတွက် အစီအစဉ်များအား တိုင်ပင်ဆွေးနွေးရန် ၂၀၁၂.၂.၅(တနင်္ဂနွေနေ့)တွင် ဂင်မ်ဟဲရှိ မဇ္ဈိမယာနရုံးခန်း သို့ကြွရောက်ပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

အစည်းအဝေး အားညနေ ၃နာရီတွင် စတင်မည်ဖြစ်သည်။

Friday, September 9, 2011

အလှူတော်မှတ်တမ်း

မဇ္ဈိမယာနအဖွဲ့ရုံးခန်း နှင့် ရွှေအလင်းတန်း စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား ဖိတ်ကြားလွှာ




ဖူဆန် ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန် ၊ ရန်ကုန်မြို့ ပြည်တော်ဦး မြန်မာ-ကိုရီးယား လူငယ်ဖွံ့ဖြိုးရေးကျောင်း နှင့် စန်းမြသီတာ မဟာစည် သာသာနာ့ရိပ်သာတို့၏ ပဓာန နာယက ပြည်တော်ဦး ဆရာတော်(အရှင်ပဏ္ဍိစ္စ)၏ လမ်းညွှန်ဦးဆောင်မှူဖြင့် ကိုရီးယားရောက် ရွှေမြန်မာ ညီအစ်ကိုမောင်နှမများတို့သည် ၂၀၁၀ခုနှစ် ၁၂လ ၁၂ရက် နေ့တွင် မဇ္ဈိမယာနအဖွဲ့ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
စက်ရုံ အပြောင်းအရွှေ့ကာလတွင့် အခက်ခဲဖြစ်နေသော ရွှေညီအစ်ကိုများအတွက် နားခိုစရာနေရာအဖြစ် လည်းကောင်း၊ အလုပ်သမားအခွင့်အရေး နှင့် ဥပဒေဆိုင်ရာ ပညာပေးဆွေးနွေးပွဲများကျင်းပရန် နေရာအဖြစ်လည်းကောင်း ၊ ဘာသာစကားသင်တန်း၊ ကွန်ပျူတာသင်တန်း နှင့် သာရေး နာရေး လူမှုရေးကိစ္စများ ဆောင်ရွက်နိုင်ရန်နေရာအဖြစ်လည်းကောင်း၊ မဇ္ဈိမယာနရုံးခန်း နှင့် ရွှေအလင်းတန်း စာကြည့်တိုက်ကို ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကိုရီးယားရောက် ရွှေညီအစ်ကိုမောင်နုမများအား အခမ်းအနားသို့လေးစားစွာဖိတ်ကြားအပ်ပါသည်။


နေ့ရက် ၂၀၁၁.၉.၁၃ ရက် အင်္ဂါနေ့


အခမ်းအနားအစီအစဉ် နံနက် ၁၁ နာရီတွင် ဆွမ်းကပ်ပါမည်။
နံနက် ၁၁ နာရီမှ နေ့လည် ၁ နာရီအထိ ဒံပေါက်ဖြင့် ဧည့်ခံကျွေးမွေးပါမည်။
နေ့လည် ၁း၃၀ မှ ၃း၀၀ နာရီအထိ ရုံးခန်းဖွင့်ပွဲအစီစဉ်ဖြစ်ပါသည်။
နေရာ - 김해시 서상동 83-2(ယခင် Golden Village စားသောက်ဆိုင်)

Sunday, June 26, 2011

Monday, May 16, 2011

ကဆုန်လပြည့်နေ့ တရားပွဲဖိတ်ကြားလွှာ

ဖူဆန်း - ပြည်တော်ဦးဆရာတော် အားအမှုးထား၍ ဂင်မ်ဟဲနှင့်ဖူဆန်းရှိ
ဒကာ ဒကာမများမှ ကြီးမှုး၍ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တရားပွဲအလှူကို ဂင်မ်ဟဲရှိ ရွှေရွာမြန်မာစားသောက်ဆိုင် တွင်ပြုလုပ်ကျင်းပမည်ဖြစ်ပါသဖြင့် တရားတော်နာကြွရောက်ကြပါရန် ခင်မင်လေးစားစွာဖိတ်ကြားအပ်ပါသည်။တရားတော်နာပရိတ်သတ်အပေါင်းအား အဟာရဒါနဖြင့်တည်ခင်းဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။
နေရက်-------------------------၂၂.၅.၂၀၁၁(တနင်္ဂနွေနေ့)
နေရာ--------------------------ဂင်မ်ဟဲရွှေရွာ မြန်မာစားသောက်ဆိုင်
အစီအစဉ်----------------------နေ့လည် ၁၁ နာရီတွင် အကျွေးအမွေး အစီအစဉ်စတင်၍ ၁နာရီတွင် တရားပွဲစတင်မည်ဖြစ်ပါသည်။

ဖြူဖြူ

Wednesday, April 13, 2011

၁၃၇၃ခု မြန်မာ နှစ်ဥိး နှစ်သစ်ကူး တရားပွဲ

လစဉ်ကျင်းပမြဲဖြစ်သော ဖူဆန်းတရားပွဲကို

ယခုလတွင် (၁၁)ကြိမ်မြောက်အဖြစ်ကျင်းပ ပြုလုပ်မည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို.အား တရားတော်နာကြွရောက်ကြပါရန် နိဗ္ဗ္ဗာန်အကျိုးမျှော်၍ ဖိတ်ကြားအပ်ပါသည်။


အလှူရှင် 백현민+ မညိုပြာဝင်း (သား)ဝင်းထင်ကျော် တို့မိသားစုမှာ သံဃာတော်များအား နေ့ဆွမ်းကပ်လှူ၍ ကြွရောက်လာသော တရားနာပရိတ်သတ်များကို ယိုးဒယား ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။


အလှူနေရာ.......................... 부산불교신도희관


နေ့ရက်...............................၁၇.၄.၂၀၁၁ တနင်္ဂနွေနေ့


အချိန်.................................နံနက် ၁၁ နာရီ တွင် အကျွေးအမွေးဖြင့်ဧည့်ခံ ကျွေးမွေးပြီး နေ့လည် ၁နာရီတွင် တရားပွဲပြုလုပ်ပါမည်။


လမ်းညွှန်............................ 부산지하철 ဘူဆန်းမြေအောက်ရထား ၁လိုင်းစီးပါ။ 시청역 122 မှာဆင်းပြီး ဂိတ်ပေါက် ၇ မှထွက်ပါ။ လူကူးတံတား အနီးမှာတည်ရှိပါသည်။

Thursday, March 3, 2011

ဒသမကြိမ်မြောက် တရားပွဲ နှင့် မဇ္ဈိမယာနအဖွဲ့ အစည်းအဝေး ဖိတ်ကြားလွှာ

ဖူဆန်မြို့ ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်

...တူညီသော စိတ်ထား~~တူညီသော အသိတရား~~တူညီသော ကိုယ်ကျင့်တရား~~တူညီသော ယုံကြည်မှူများဖြင့် ဖူဆန်းနှင့်ကင်မ်ဟဲ ဒကာဒကာမများက လစဉ် တရားပွဲကို စီစဉ်ကျင်းပလျက်ရှိရာ ယခုဆိုလျင် ဒသမ ကြိမ်မြောက် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ဒသမကြိမ်မြောက် တရားပွဲကို (၂၀.၃.၂၀၁၁) တနင်္ဂနွေနေ့၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ တရားပွဲမစတင်မီ မဇ္ဈိမယာန အစည်းအဝေးကိုလည်း ပြုလုပ်မည် ဖြစ်ပါ၍` အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပါရန် မိတ်ဆွေသင်္ဂဟ အပေါင်းတို့အား ရိုသေလေးစားစွာဖြင့် ဖိတ်မန္တကပြုအပ်ပါသည်။

"ကိုယ်စိတ်ချမ်းမြေ့ တရားမွေ့တွေ့သိနိုင်ပါစေ။
သင်သိ ကျင့်သိ ထိုးထွင်းသိ အသိစုံပါစေ။
သာသနာအကျိုး မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေ။" (ပြည်တော်ဦး ဆရာတော်)

တရားပွဲကျင်းပမည့်~~
နေ့ရက်။ ။ ၂၀.၃.၂၀၁၁(တနင်္ဂနွေနေ့)
အချိန် ။ ။ နေ.လည် ၁၂း၀၀နာရီ (အစည်းဝေး) ၊

မွန်းလွဲ ၁း၀၀နာရီ (တရားပွဲ)
နေရာ ။ ။ ဖူဆန်း ဗုဒ္ဓသာသနာအသင်းတိုက်။

ရေးသူ-နန္ဒာ(ဧကမ္ဘာ)

Monday, February 14, 2011

Busan တရားပွဲအလှူဖိတ်ကြားလွှာ

လစဉ် ကျင်းပမြဲဖြစ်သော ဘူဆန်းတရားပွဲနှင့် အလှူကို

၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက် တနင်္ဂနွေနေ့တွင် ပြည်တော်ဦးဆရာတော်အား အမှူးထား၍ ကျွန်တော်များ Yangsanမြို့ ညီအစ်ကိုတစ်စုက ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် ကိုရီးယားရောက် ညီအစ်ကိုမောင်နှမ မိတ်ဆွေများကို လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အလှူနေရာ.......................... 부산불교신도희관

နေ့ရက်...............................၂၀.၂.၂၀၁၁ တနင်္ဂနွေနေ့

အချိန်.................................နံနက် ၁၁ နာရီ နေ့လည်စာဖြင့်ဧည့်ခံကျွေးမွေးပြီး နေ့လည် ၁နာရီတွင် တရားပွဲပြုလုပ်ပါမည်။

လမ်းညွှန်............................ 부산지하철 ဘူဆန်းမြေအောက်ရထား ၁လိုင်းစီးပါ။ 시청역 122 မှာဆင်းပြီး ဂိတ်ပေါက် ၇ မှထွက်ပါ။ လူကူးတံတား အနီးမှာတည်ရှိပါသည်။

ခင်မင်လေးစားစွာဖြင့် 양신시 ညီအစ်ကိုများ

Sunday, October 31, 2010

ပြည်တော်ဦး ကထိန်အောင်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ

. ကထိန်အောင်ပွဲ မင်္ဂလာ။

ဖူဆန်းနှင့် ကင်မ်ဟဲနေ ဒကာဒကာမတို.၏ ပစ္စယဒါနနှင့် ဘူဖျောင်းမှ မြန်မာသံဃာတော် အရှင်မြတ်တို.၏ ကံဆောင်ချီးမြှောက်မှုဖြင့် ၂၄-၁၀-၁၀ ရက်နေ.တွင် ဝိနည်းကံဆောင်၍ ဖူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်၌ ကထိန်ခင်းပြီးဖြစ်ပါသည်။

ယခုအခါ ဒကာဒကာမအပေါင်းတို.က သဒ္ဓါကြည်လင် ဉာဏ်နှင့်ယှဉ်၍ ကုသိုလ်အထူး ဆည်းပူးလိုပါသဖြင့် ကံဆောင်သံဃာအရှင်မြတ်တို.ကို ပင့်ဆောင်၍ ကထိန်အောင်ပွဲ မင်္ဂလာ အခမ်းအနားကို ကျင်းပမည်ဖြစ်ရာ

၁။ (ဘူဖျောင်း) ဓမ္မဒူတ ဆရာတော် ဒေါက်တာနန္ဒက

၂။ (ဆိုးလ်) ဘိုးရီဆူး ရိပ်သာဆရာတော် ဥုးဗုဒ္ဓရက္ခိတ နှင့် ဥုးဓိရဝံသ(ကိုရီးယားဘုန်းတော်ကြီးများ)

၃။ (ဒဲဂူး) စိတ္တသုခကျောင်းဆရာတော် ဥုးဝိစိတ္တ

၎။ (ဘူဖျောင်း) ဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဥုးဥတ္တရ

၅။ (ဖူဆန်း) ဂျောန်ဒူင်းဆာ ဆရာတော် (ကိုရီးယားဘုန်းတော်ကြီး) တို. ကြွရောက်ချီးမြှင့်ကြမည်ဖြစ်ပါသည်။

ကင်မ်ဟဲမှ ဒကာဒကာမများက သံဃာတော်အရှင်မြတ်တို.ကို ဆွမ်းဆက်ကပ်လှူဒါန်း၍ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်တို.အား မြန်မာထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေး အာဟာရဒါန ပြုကြမည်ဖြစ်ပါသည်။

ကြားသိသမျှ ဒကာဒကာမတို. မိမိတို. ပြုကြသည့် ကုသိုလ်အစုကို တရားတော်နာယူ၍ အနုမောဒနာပြုနိုင်ရန် ဖိတ်ကြားအပ်ပါသည်။

နေ.ရက် (၇-၁၁-၁၀) တနင်္ဂနွေနေ.

အချိန် ၁၁နာရီ ဆွမ်းကပ် ။ ဧည့်ခံ။

နေ. ၂နာရီ တရားနာ

နေရာ ---------부산 불교 신도 회관 ၆ထပ်

လမ်းညွှန်--------시청역7번출구

city hall ဘူတာ နံပါတ် ၇ ဂိတ်မှထွက်၍ ဂိတ်ပေါက် ဝမှ ပလက်ဖောင်းအတိုင်း ၃ မိနစ်ခန်. အကွာရှိ ၇ထပ်တိုက်(부산 불교 신도 회관 ရွှေစာလုံးထိုးစာတန်းရှိ)။ ဓါတ်လှေကားဖြင့် ၅ထပ်ထိတက်ပြီး ဘိနပ်ချွတ်ထားခဲ့၍ ၆ထပ် ဓမ္မာရုံသို. ကြွရောက်ကြပါရန်။

Monday, September 20, 2010

တရားတော်နာ ဖိတ်ကြားလွှာ

...လစဉ်ကျင်းပမြဲဖြစ်သော ဖူဆန်းတရားပွဲကို ဆဋ္ဌမအကြိမ်အဖြစ်ကျင်းပ ဓမ္မဒါနပြုရာဝယ် သံဃာတော်အရှင်မြတ်တို.ကို ဆွမ်းခဲဘွယ်တိုဖြင့် ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို.အားလည်း အာလူးပူရီဖြင့် ဧည့်ခံကျွေးမွေး၍ အာဟာရဒါန ကုသိုလ် ပြုလိုပါသဖြင့် ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

...ချူးဆော့က်တရားပွဲ ဆွမ်းအာဟာရဒါန ကုသိုလ်ရှင်များ
ကိုလှထွန်း (ဖူဆန်း)
ကိုခိုင် (ကင်မ်ဟဲ)
ကိုဝင်းစိန် (ကင်မ်ဟဲ)

ကိုပေါက်ကျိုင်း (ကင်မ်ဟဲ)

နေရာ။ ။ 전등사 보타원 ( ဂျောန်ဒူးင်ဆာ ဘိုထာဝေါန် )
578# 서구 서 대신동 3가(ဆောဒဲရှင်းဒုံးင် ဂိတ်၃)

အချိန်။ ။ ၂၃ရက် (၉)လ ၂၀၁၀။ ကြာသပတေးနေ.။
ဆွမ်းကပ် နံက် (၁၁)နာရီ
ဧည့်ခံကျွေးမွေး နေ. ( ၁ )နာရီ ထိ
တရားနာ နေ. (၂ ) နာရီ

2010년 9월 20일 오후 5시 39분

Wednesday, August 18, 2010

အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ

... တရားပွဲ အာဟာရဒါန အလှူရှင်များ

... ဖူဆန်း ဆာ့ဆန်(င်)ဂူ ဟာ့(က်)ကျန်ဒုံ(င်) DJF စက်ရုံမှ ညီအကိုများဖြစ်ကြသော
၁။ ကိုတင်အောင်မိုး
၂။ ကိုထွန်းထွန်းအေး
၃။ ကိုကျော်ကျော်မြင့်
၎။ ကိုညွန်.လှိုင်
၅။ ကိုမင်းမင်း
၆။ ကိုပေါပေါ
၇။ ကိုအောင်ထင်ကျော်တို့က သံဃာတော်အရှင်မြတ်တို.အား ဆွမ်းခဲဖွယ် ဘောဇဉ်စသည်နှင့် ဒါတဗ္ဗဝတ္ထုအစုစုကို သဒ္ဓါကြည်ဖြူ ဆက်ကပ်လှူဒါန်း၍ ဓမ္မမိတ်ဆွေအပေါင်းတို့အားလည်း အာဟာရဒါန ပေးလှူလိုပါသဖြင့် ကြွရောက်ချီးမြှင့်ကြပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။

နေရာ - ကိုရီးယား-မြန်မာ ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်
အချိန်- ဆွမ်းကပ် နံနက် (၁၁)နာရီ
ဧည့်ခံကျွေးမွေး- နံနက် (၁၁)နာရီမှ နေ. (၁)နာရီ ထိ
တရားပွဲ နေ. (၁)နာရီ

Monday, August 2, 2010

ပဉ္စမအကြိမ်မြောက် ဂွမ်ဂျူးတရားပွဲ

တရားတော်နာ ဖိတ်ကြားလွှာ

ဂွမ်ဂျူးမြို. ခီလ်ဆန်းင်ဆာ ဘုန်းတော်ကြီး၏ တိုက်တွန်းလျှောက်ထား ကူညီအားပေးမှုကြောင့် လစဉ် ဒုတိယအပတ် တနင်္ဂနွေနေ.တိုင်း ဂွမ်ဂျူးမြို. ခီလ်ဆန်းင်ဆာကျောင်း၌ တရားပွဲကျင်းပ ဓမ္မဒါနပြုခဲ့ရာ ကိုရီးယားလူမျိုးများအတွက် တစ်ကြိမ် မြန်မာလူမျိုးများအတွက် လေးကြိမ် ပေါင်း ငါးကြိမ်တိုင်တိုင် ပြီးစီး အောင်မြင်ခဲ့ပါပြီ။

ယခုလ ဒုတိယအပတ် တနင်္ဂနွေဖြစ်သည့် ၈-၈-၁၀ ရက်နေ.တွင်လည်း ပဉ္စမ အကြိမ်မြောက် မြန်မာတရားပွဲကို ကျင်းပမြဲတိုင်း ကျင်းပ ဓမ္မဒါနပြုမည်ဖြစ်ရာ ကာလေန ဓမ္မဿဝန သမဏာနဥ္မ ဒဿန နှင့် ကာလေန ဓမ္မ သာကစ္ဆာ မင်္ဂလာများ ဖြစ်ပွားစေကြောင်း ကုသိုလ်တရားကောင်းများ ဆည်းပူးနိုင်ရန် အသိပေး ဖိတ်ကြား အပ်ပါသည်။ တရားချစ်ခင် သူတော်စင်တို.~

မှတ်ချက်~~~ တရားပွဲ အပြီး ဆောင်ဂွမ်းင်းဆာ ပရဟိတ ဂေဟာ၌ အလုပ်သမား ဥပဒေနှင့် ရပိုင်ခွင့် ဆိုင်ရာ အလုပ်သမား အခွင့် အရေးများကို တရားသူကြီးများနှင့် ရှေ.နေများမှ လာရောက် ဟောပြော ဆွေးနွေးပေးမည်ဖြစ်ပါသည်။ တရားပွဲ ကျင်းပရာ ခီလ်ဆန်းင်ဆာမှ ပရဟိတဂေဟာသို. ကားဖြင့်ကြိုပို.ပေးမည်ဖြစ်ကြောင်း အသိပေးပါသည်။

Tuesday, July 13, 2010

ဝါဆိုသင်္ကန်းကပ်နှင့် တရားတော်နာ ဖိတ်ကြားလွှာ

ဇာဇာ (မြန်မာသူကြီး-ဖူဆန်း)

ဝါဆိုသင်္ကန်းကပ်အလှူတော် နှင့် စတုတ္ထအကြိမ်မြောက် တရားပွဲ ဖိတ်ကြားခြင်း

ကိုရီးယားရောက် ရွှေမြန်မာများအတွက် လစဉ်တတိယပတ်(တနင်္ဂနွေနေ့)တွင် ပြည်တော်ဦးဆရာတော်မှ ဦးစီး၍ တရားပွဲများကျင်းပပေးလျှက်ရှိရာ ယခုလ တတိယပတ် ဒုတိယ၀ါဆိုလဆန်း-၇ရက် (၁၈.၇.၂၀၁၀) တနင်္ဂနွေနေ့တွင် စတုတ္ထအကြိမ်သို့ပင် ရောက်ရှိလာခဲ့ပါပြီ။ သို့ဖြစ်ပါ၍ တရားချစ်ခင်၊ နှစ်သက်မြတ်နိုးကြကုန်သော တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား တရားတော်နာ ကြွရောက်ကြပါရန် စေတနာရှေ့ထား၍ ရိုသေစွာဖိတ်မန္တက ပြုအပ်ပါသည်။


တရားပွဲကျင်းပမည့် နေ့ရက်၊အချိန်နှင့်နေရာမှာ

တရားပွဲကျင်းပမည့် နေ့ရက်…..(၁၈.၇.၂၀၁၀)၁၃၇၂ခု၊ဒုတိယ၀ါဆိုလဆန်း၇-ရက်။
တရားပွဲကျင်းပမည့်အချိန် ……နေ့လည်-၂နာရီ။
တရားပွဲကျင်းပမည့်နေရာ ……ဖူဆန်းဗုဒ္ဓသာသနာ့အသင်းတိုက်။

တရားပွဲတွင် အဟာရကုသိုလ်ရှင်များဖြစ်ကြသော (ရှင်ဖျောင်း)မှ ကိုတင်ထွန်းလွင်နှင့် သူငယ်ချင်းတစ်စုတို့ကလည်း တရားတော်နာ ကြွရောက်ကြသော သူတော်ကောင်းတို့အား (အုန်နို့ခေါက်ဆွဲ၊ လဖ္ဘက်ရည်၊ ကျောက်ကျောတို့ဖြင့်) သဒ္ဒါတရားထက်သန်စွာ ကျွေးမွေးလှူဒါန်းလိုပါ၍ တရားချစ်ခင် သူတော်စင်များ ကြွရောက်ချီးမြှင့်ပေးကြပါရန်... မေတ္တာရှေ့ထား၍ ဖိတ်ကြားအပ်ပါသည်။

ကျွေးမွေးဧည့်ခံမည့်အချိန်….

နေ့လည်…၁၁နာရီမှ…နေ့လည်…၁နာရီထိ။

ကျွေးမွေးဧည့်ခံမည့်နေရာ….

ဖူဆန်းဗုဒ္ဓသာသနာ့အသင်းတိုက်။

Wednesday, April 7, 2010

ဂွမ်ဂျူးတရားပွဲ

တရားတော်နာ ကြွရောက်ကြပါရန်

လစဉ် ဒုတိယအပတ် တနင်္ဂနွေနေ.တိုင်း ဂွမ်ဂျူးတရားပွဲ ကျင်းပရန် စီစဉ်ထားသည့်အတိုင်း မနက်ဖြန် တနင်္ဂနွေနေ. ၁၁-၄-၁၀ နေ. နံက် (၁၁)နာရီ အချိန်တွင် ဂွမ်ဂျူးမြို. ခီလ်ဆန်းင်ဆာ၌ ပထမအကြိမ် တရားပွဲ ကျင်းပမည်ဖြစ်ပါ၍ တရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

대한불교조계종 송광사 광주포교당
길상사
501-024 광주광역시 광산구 산정동 976-5
Tel: 062)955-4407
စုံစမ်းရန်
ကိုရဲသီဟရွှေ         ၀၁၀-၂၈၉၁-၈၂၇၀
ကိုကျော်စွာ          ၀၁၀-၇၇၄၉-၂၁၀၆
ကိုစိုင်းမြတ်ထွန်း     ၀၁၀-၃၉၄၄-၃၅၆၉ 

Monday, March 22, 2010

၁၁/၄/၁၀ ရက်နေ. ဂွမ်ဂျူးတရားပွဲ

၁၁/၄/၁၀ နံက် ၁၁နာရီအချိန်တွင် ဂွမ်ဂျူးမြို. (길상사) ဘုန်းကြီးကျောင်းတွင် တရားပွဲ ကျင်းပမည်ဖြစ်ပါသည်။



လစဉ် ဒုတိယအပတ် တနင်္ဂနွေနေ.တိုင်း တရားပွဲကျင်းပရန် စီစဉ်ထားသည့်အားလျော်စွာ ၁၁/၄/၁၀ တနင်္ဂနွေနေ. နံက် ၁၁-နာရီ အချိန်၌ (길상사) ကိုရီးယား ဘုန်းကြီးကျောင်းတွင် တရားပွဲ ကျင်းပမည် ဖြစ်ပါသည်။ ကိုခင်လှိုင်အိမ်မှ နေ.ဆွမ်း ဆက်ကပ်ပါသဖြင့်  ကိုခင်လှိုင်အိမ်တွင် ဆွမ်းဘုန်းပေး၍ ဆွမ်း အနုမောဒနာတရား ဟောကြားပြီး (길상사) ကိုရီးယား ဘုန်းကြီးကျောင်းသို. ဆက်လက် ကြွမည်ဖြစ်ပါသည်။ နီးစပ်ရာရွှေ ညီအစ်ကိုများအား တရားနာကြွရောက်ကြပါရန်  နိဗ္ဗါန်အကျိုးမျှော်ပြီး နိုးဆော်လိုက်ပါတယ် ခင်ဗျား။                    
                                                                                             ကယားလေး

Saturday, March 20, 2010

ကာလေန ဓမ္မဿဝနံ

 ဖူဆန်း ဗုဒ္ဓဘာသာ အသင်းတိုက်၌ မြန်မာလူမျိုးများအတွက် တရားပွဲ ကျင်းပမည်ဖြစ်၍ တရားတော်နာယူရန် ဖိတ်ကြားပါသည်။

နေ.ရက်---------၂၈/၃/၂၀၁၀ တနင်္ဂနွေနေ.

                     အချိန်  ---------နေ.လည် ၂ နာရီ

                     နေရာ  ---------부산 불교 신도 회관 ၆ထပ်

                     လမ်းညွှန်--------시청역7번출구
                                          city hall ဘူတာ နံပါတ် ၇ ဂိတ်မှထွက်၍ ဂိတ်ပေါက် ဝမှ ပလက်ဖောင်းအတိုင်း ၃ မိနစ်ခန်. အကွာရှိ ၇ထပ်တိုက်(부산 불교 신도 회관  ရွှေစာလုံးထိုးစာတန်းရှိ)။ ဓါတ်လှေကားဖြင့် ၅ထပ်ထိတက်ပြီး ဘိနပ်ချွတ်ထားခဲ့၍ ၆ထပ် ဓမ္မာရုံသို. ကြွရောက်ကြပါရန်။


                    

Thursday, March 4, 2010

စနေ သင်တန်း

(၁၃-၃-၁၀) စနေနေ. မှစ၍ (၁၅-၅-၁၀) စနေနေ. အထိ၊ (၁၀) ကြိမ်တိတိ၊
“ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော်” သင်တန်း ရှိပါသည်။
ဖူဆန်း ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်၌ ယခုလ ဒုတိယအပတ် စနေနေ.မှ စတင်၍ အပတ်စဉ် စနေနေ.တိုင်း ည (၇)နာရီမှ (၉)နာရီ အထိ ကိုရီးယား လူမျိုးများအတွက် ကိုရီးယား ဘာသာစကားဖြင့် သင်တန်းပို.ချပေးမည်ဖြစ်၍ စိတ်ဝင်စားသူများ မည်သူမဆို တက်ရောက်နိုင်ကြောင်း အသိပေး ဖိတ်ကြားပါသည်။

ဖိတ်ခေါ်ပါသည်။

ဂွမ်ဂျူးတရားပွဲ။ 
၂၀၁၀ မတ်လ (၇)ရက်၊ တနင်္ဂနွေနေ.။ နံနက် (၁၁)နာရီ။
길상사
광주광역시 광산구 산정동 976-5번지
일요일 가족법회

လာမယ့် တနင်္ဂနွေနေ. ဂွမ်ဂျူးမှာ ပြည်တော်ဦးဆရာတော်ရဲ. တရားပွဲ ရှိပါတယ်။ နှစ်စဉ်တော့ 원각사 ဝေါန်ကာ့က်ဆာ မှာ ဟောနေကြပါ။ ဒီနှစ် အဲဒီကျောင်းဘုန်းကြီးကပဲ 길상사 ခီလ်ဆန်င်ဆာမှာ တရားပွဲလုပ်ချင်တယ်ဆိုလို. သွားရမှာပါ။ ဂွမ်ဂျူးမှာရှိတဲ့ ရွှေမြန်မာတွေ အခြေနေပေးရင် တွေ.ချင်ပါတယ်။ ဒီဖိတ်စာ ဖတ်ရတဲ့သူများ ဂွမ်ဂျူးမှာ အသိရှိရင် တဆင့်စကား တဆင့်နားနဲ. နတ်လမ်းညွှန်ပေးဖို. မေတ္တာရပ်ပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More