ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ April 2013 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Sunday, April 7, 2013

ဘာသာရေးအမည်ခံ ခွေးရူးပိုးလို အတွေးအခေါ်ဆိုး

အကျဉ်းမျှသာ ...ဘာသာရေးအမည်ခံ ခွေးရူးပိုးလို အတွေးအခေါ်ဆိုး




ခွေးရူးနဲ.လည်း ပြိုင်မကိုက်နဲ. ခွေးရူးအကိုက်လည်း မခံကြရပါစေနဲ.။

ခွေးရူးဆိုရင် မသတ်တောင် ခြံခတ်ထားလေမှ တော်ရုံကျမည်။



အပြည့်အစုံသို့... ရဟန်းတစ်ပါးအနေနဲ. လူမျိုးဘာသာ မခွဲခြား သတ္တဝါအားလုံးကို မေတ္တာ ထားရပါတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် တခြားဘယ်ဘာသာဝင်ဖြစ်ဖြစ် မတရားတာ မှားတာလုပ်နေရင် မတရားကြောင်း မှားကြောင်း ပြောပြခြင်းဟာ စစ်မှန်တဲ့ မေတ္တာပါ။ မေတ္တာဆိုတာ အားလုံးကို ချမ်းသာစေချင်တာပါ။ မတရားတာ မှားတာလုပ်လို. ချမ်းသာစရာ အကြောင်းမှ မရှိတာ။ ချမ်းသာတယ်လို. မြင်နေရင် သေချာပေါက် မှားနေပါပြီ။ အကြောင်းအကျိုးကို မှန်မှန်ကန်ကန် မဆက်စပ်တတ်လို. သော်လည်းကောင်း မမြင်တတ်လို.သော်လည်းကောင်း မသိလို.သော်လည်းကောင်း အမြင်မှားပြီး အမှားမြင်နေတာပါ။

ဘယ်ဘာသာဝင်မဆို ကိုယ်ကိုးကွယ်တဲ့ဘာသာရဲ. သင်ကြားချက်နဲ. ကိုယ့် ယုံကြည်မှုကို သူတစ်ပါးကို လွတ်လွတ်လပ်လပ် ပြောပြခွင့် စည်းရုံးခွင့် ရှိပါတယ်။ သို.သော် တရားမျှတမှုနဲ. မှန်ကန်တဲ့နည်းလမ်း ဘောင်ကိုတော့ မကျော်ဖို. လိုပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် မိရိုးဘလာကိုးကွယ်တာကလွဲလို. တခြားဘာသာကို ပြောင်းရင် သိလို. နားလည်ယုံကြည်လက်ခံလို.ဆိုတဲ့ အကြောင်း တစ်ခုတည်း ကြောင့်သာ ကာယကံရှင်ကိုယ်တိုင်က လိုလားလို.ပြောင်းတာ ဖြစ်ရပါမယ်။ လူမှုရေး စီးပွားရေး နိုင်ငံရေးအရ ဖိအားပေးခံရလို. ကြောက်လို. အခွင့်အရေးနဲ. ဆက်စပ်နေလို. စသည်ဖြင့် လိုလားမှုမရှိဘဲ ဘာသာပြောင်းရတယ်ဆိုရင် မတရား အလုပ်ခံရတာပါ။ ဒါကို အကာအကွယ်မပေးနိုင်ရင် တရားဥပဒေ စိုးမိုးမှု မရှိတာပဲ။ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ် တခြား ဘယ်ဘာသာဝင်ဖြစ်ဖြစ် ငွေအား လူအား ပညာအား ဂုဏ်အား အသိုင်းအဝိုင်းအား အာဏာအားနဲ. ဘာသာခြားတွေကို မတရားတဲ့ နည်းလမ်းနဲ. ဖိအားပေးပြီး ကိုယ့်ဘာသာဝင်ဖြစ်အောင် ကြံစည်ရင် စီမံကိန်းချရင် လက်တွေ. ပြောဆိုပြုလုပ်ရင် အားပေးအားမြှောက်လုပ်ရင် သဘောတူ အလိုတူ ကြံရာပါလုပ်ရင် မှားပါတယ်။ သဘောမတူကြောင်း မလုပ်သင့်ကြောင်း မှားယွင်းကြောင်း ကန်.ကွက်ပြောဆို တားမြစ်ရမှာက လူတိုင်းရဲ. တာဝန်ပါ။ တစ်ဦးချင်းဖြစ်ဖြစ် ဘယ်ဘာသာဝင်ဖြစ်ဖြစ် ဘယ်အဖွဲ.အစည်းဖြစ်ဖြစ် အရပ်သားဖြစ်ဖြစ် အစိုးရဋ္ဌာနဆိုင်ရာဖြစ်ဖြစ် တာဝန်ရှိရဲ.နဲ. တာဝန်မသိရင် အပြစ်ရှိတာပဲ။ ဒါကြောင့် ဘယ်ဘာသာဝင်မဆို ဘယ်ဘာသာခြားကိုမှ မတရားတဲ့ မှားတဲ့နည်းနဲ. စည်းရုံးသိမ်းသွင်းပြီး ဘာသာရေး လုပ်ခွင့်မရှိအောင် အစိုးရက ဥပဒေပြုပြီး လူမျိုးဘာသာ မခွဲခြားဘဲ တစ်သားတည်း ထိမ်းသိန်းစောင့်ရှောက်ရ ပါမယ်။ အဲဒီလို မလုပ်ရင် ဘာသာရေးပဋိပက္ခတွေ ဖြစ်အောင် ခွင့်ပေးတာနဲ. အတူတူပဲ။ ဒါဆို အစိုးရက တာဝန်မဲ့တာပဲ။ မတရားတဲ့ မှားတဲ့နည်းနဲ. ဘာသာရေးလုပ်လို. ဖြစ်လာတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ဘာသာရေးအနေနဲ. မကြည့်ဘဲ တရားဥပဒေ စိုးမိုးရေးရှုထောင့်နဲ.ကြည့်ပြီး ရာဇဝတ်မှုအဖြစ် ထိထိရောက်ရောက် နှိပ်ကွပ်အရေးယူရပါမယ်။ အဂတိလိုက်ပြီး အရေးမယူရင် အစိုးရမှားတာပဲ။

အစိုးရပျက်ရင် အကုန်ပျက်ပါတယ်။ ကိုယ့်လူတွေ မတရား အမှားလုပ်နေတာကို ဆန္ဒာဂတိနဲ. သိက္ခာမဲ့ အရှက်မဲ့ အကာအကွယ်ပေးခဲ့လို. ကိုယ်ကျိုးစီးပွား ကိုယ့်လူကြီးပွားရေး ငို.ဘလုပ်ရပ်တွေကိုချည်း မြိန်ရည်ယှက်ရည် မတရား လုပ်ခဲ့ကြလို. ကိုယ့်လူ ကိုယ့်ဘက်သားမဟုတ်ရင် မှန်ရက်နဲ. အမှားဖြစ်အောင် ငယ်တဲ့ပြဿနာကြီးအောင် ဒေါသာဂတိနဲ. အာဃာတကြီးကြီး အငြိုးတကြီး ဝရုန်းသုန်းကား မတရားလုပ်ခဲ့ကြလို. ကိုယ့်စည်းစိမ်အာဏာ လက်လွတ်ရမှာ ကိုယ့်သားသမီး မိဘဆွေမျိုးအကျိုးစီးပွား ပျက်စီးမှာ ကြောက်တဲ့ ဘယာဂတိနဲ. မလုပ်သင့်မလုပ်ထိုက်တာကို ကြိုးစားပမ်းစား လုပ်ခဲ့ကြလို. တရားတာမတရားတာ မှန်တာမှားတာ ကောင်းတာဆိုးတာ လုပ်သင့်တာ မလုပ်သင့်တာ ဘယ်လိုလုပ်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာကို အကြောင်းအကျိုး မသိတဲ့ မောဟာဂတိနဲ. တလွဲခါးတောင်းကျိုက်ပြီး သည်းကြီးမည်းကြီး အမှားတွေကို မိုက်မိုက်မဲမဲလုပ်ခဲ့လို. မြန်မာနိုင်ငံကြီး လက်ရှိအခြေအနေထိအောင် ပျက်စီး နေတာပါ။

တစ်ခုပဲကြည့်လေ။ ဘုန်းကြီးနဲ. ကျောင်းသား နိုင်ငံရေးမလုပ်ရင် ပြီးတာပဲ ကျန်တာ ဘာလုပ်လုပ် ဘာဖြစ်ဖြစ် ဘယာဂတိ မောဟာဂတိနဲ. နှာစေးနေလိုက်တဲ့ အတွက် ဆယ်စုနှစ် ၂ခုလောက်အတွင်းမှာ နဂိုက ချိနဲ.နေတဲ့ သာသနာရေးနဲ. ပညာရေးမှာ ဘယ်လောက် တစ်ရှိန်ထိုး ဆုတ်ယုတ်သွားတယ်ဆိုတာ ကြည့်တဲ့သူ အားလုံး မြင်ပါတယ်။ တခြားကဏ္ဍတွေလည်း အတူတူပါပဲ ရှေ.ခေတ်ကရလာတဲ့ ကိုယ်ခံအားကျဆင်းတဲ့ပိုးနဲ. ဒီဘက်ခေတ်မှာ ဘာရောဂါဝင်ဝင် အကုန် ဒရောသောပါး မသာပေါ်ကုန်တော့တာပဲ။

မြန်မာပြည်မှာ ဘာသာရေး လူမှုရေး နိုင်ငံရေး စီးပွားရေး ပြဿနာအားလုံး လက်ဘက်ရည်ဆိုင်ကနေ ၈၈အရေးအခင်း ရွှေဆိုင်ကနေ ဘာသာရေးအရေးအခင်း ဆိုတာလို အမှိုက်ကစ ပြဿဒ် မီးလောင်နေတာ ပြဿနာက နဂိုအခံရှိနေလို.ပါ။ ပြဿနာရဲ. အရင်းခံ အကြောင်းတွေကိုလည်း ရှာဖွေရမှာပါ။ အကြောင်းရှာရာမှာ မြန်မာတင်မက တစ်ကမ္ဘာလုံးမှာ ဖြစ်ခဲ့ကြုံခဲ့ရှိခဲ့တာလည်း ကြည့်ရ သင်ခန်းစာယူရမှပါ။

ဗုဒ္ဓဘာသာပေါ်ထွန်းရာ အိန္ဒိယမှာ ဗုဒ္ဓဘာသာ လုံးဝဥဿုံ ပျက်သုဉ်းခဲ့ခြင်းအကြောင်း

ရှေးက ဗြဟ္မဏနှင့် ဗုဒ္ဓဝါဒထွန်းကားရာ အိန္ဒိယနိုင်ငံတစ်ခုတည်းကနေ ပါကစ္စတန် ဘင်္ဂလားဒေရှ် နဲ. သုံးနိုင်ငံ ဖြစ်ပေါ်လာရခြင်းအကြောင်း

ရှေးအကျဆုံး ဗုဒ္ဓ ရုပ်ပွားတော်တွေ.ရှိရာ ဂန္ဓာရတိုင်းက ပါကစ္စတန်ဖြစ်

ဗောရောဗောဒိုလို. အကြီးဆုံးစေတီရှိရာကနေ အစ္စလာမ် အများဆုံးနေရာ အင်ဒိုနီးရှားဖြစ်

မြန်မာပြည်လည်း ဘာသာပျောက် လူမျိုးပျောက် နိုင်ငံပျောက်စေနိုင်တဲ့ နဂို အကြောင်းခံ တွေရှိနေလို. လူတွေ အကဲဆတ်နေတာပါ။

ဒါကြောင့် အခု အရေးပူနေတဲ့ ဘာသာရေးပြဿနာကို ဆန်စင်ရာ ကျည်ပွေ.လိုက်နေရုံနဲ. မပြီးနိုင်ပါ။ ဥပဒေပြုပြီး ဥပဒေနဲ. အညီဆောင်ရွက်မှ ကိစ္စပြီးမှာပါ။



လွှတ်တော်အနေနဲ. မြန်မာပြည်မှာ လူမျိုး/ဘာသာခြားများ အိမ်ထောင်ပြုမှုဆိုင်ရာ ပြည့်စုံတဲ့ ဥပဒေရေးဆွဲပြဋ္ဌာန်းသင့်ပါတယ်။ ဒါမှ ဘာသာရေး ပဋိပက္ခတွေကို အတိုင်းအတာတစ်ခုအထိ အမြှော်အမြင်ရှိရှိ ကြိုတင် ကာကွယ်ပြီးသား ဖြစ်ပါ လိမ့်မယ်။



လူမျိုး/ဘာသာခြား အိမ်ထောင်ပြုရင် သွေးရိုးသားရိုးလား မတရားမှုရှိလား ဘာသာဝင်တိုးပွားရေး နိုင်ငံသားခံယူခွင့် စသည် တခြား ရည်ရွယ်ချက်တွေ စီမံကိန်းတွေရှိလား စိစစ်ရပါမယ်။



လူမျိုး/ဘာသာခြား အိမ်ထောင်ပြုပြီး တစ်ဘက်ဘက်မှ ဘာသာပြောင်းလျှင် ကာယကံရှင် ဆန္ဒအမှန် ဟုတ်မဟုတ်လည်း စိစစ်ရပါမယ်။



လူမျိုး/ဘာသာခြား အိမ်ထောင်ပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများမှ နိုင်ငံသားတိုင်းကို လိုအပ်သလို ဥပဒေဖြင့် စောင့်ရှောက်ကာကွယ်ပေးနိုင်ရပါမယ်။



ယောကျာင်္းတစ်ယောက်က မိန်းမ အများအပြားယူပြီး ကလေး အမြောက်အများ မွေးတာ သာသနာပြုတာဆိုရင် အဲဒီအတွက် ငွေလဲ မြိုးမြိုးမြက်မြက်ရမယ်ဆိုရင် သာသနာပြု အာဇာနည်ဆိုတာ မရှားပါဘူး။ (ရှေးက စစ်တိုက်တဲ့အခါ နိုင်အောင် သုံးတဲ့နည်းတစ်ခုက စစ်သားတွေကို နိုင်အောင်တိုက် နိုင်ရင် အဲဒီ မြို.ရွာက ရှိသမျှ မိန်းမနဲ. ပစ္စည်း မင်းတို. သဘော စိတ်တိုင်းကျ ထင်တိုင်းကျဲပေတော့ လို. ခွင့်ပေးလိုက်တာတဲ့။နိုင်မှာပါပဲ။)



ဘာသာခြား အမျိုးသမီးကို ရအောင်ယူပြီး ကလေးများများမွေးတာ

အဲဒီလို ယူနိုင်အောင် ငွေထောက်ပံ့တာ

ကိုယ့်ဘာသာအတွက် သူတပါး အသက်အိုးအိမ် စည်းစိမ်ကို ဖျက်ဆီးတာ

ကိုယ့်ဘာသာအတွက် အသေခံဗုံးခွဲတာ ဘာသာရေးအလုပ် လို.ဆိုရင် အဲဒီ အတွေးအခေါ်ဆိုးက ခွေးရူးပိုးလို အတွေးအခေါ်မျိုးပါ။ ခွေးရူးပိုးဝင်သွားရင် ခွေးက တွေ.သမျှလိုက်ကိုက် ပိုးဖြန်. ကူးစက်စေပြီး ပတ်ဝန်းကျင်ကို ဒုက္ခပေးသလို အဲဒီ ခွေးရူးပိုးလို အတွေးအခေါ်ဆိုး ဝင်သွားတဲ့သူလည်း လူမှုအသိုင်းအဝိုင်းကို အကြီးအကျယ် ဒုက္ခပေးတော့တာပဲ။ အခု တကမ္ဘာလုံးမှာ မကြားချင် မြင်မဆုံးမဟုတ်လား။ ဒီခွေးရူးပိုးလို အတွေးအခေါ်ဆိုးမျိုးကို သင်ကြားရင် ဘယ်ဘာသာဘယ်လူမျိုးပဲသင်သင် မှားပါတယ်။ ဒါကြောင့် မြန်မာပြည်သူပြည်သား ကမ္ဘာသူ ကမ္ဘာသား လူမျိုးဘာသာမခွဲ အားလုံးပဲ ခွေးရူးပိုးလို အတွေးအခေါ်ဆိုးဘေးမှ ကင်းဝေးကြပါစေ။

ခွေးရူးနဲ. ပြိုင်ကိုက်ရင် အတူတူနဲ. အနူနူ ဘဝရောက်မှာမို. (ရှေ.လျှောက် အမဲနှယ် ဟင်းအိုးမှ အားမနာ ဗုဒ္ဓဘာသာ အသေခံဗုံးခွဲသမားဆိုတာမျိုး ပေါ်လာမှာစိုးတယ်။) ခွေးရူးနဲ.လည်း ပြိုင်မကိုက်နဲ.။

ခွေးရူးမှန်း ကိုက်တတ်မှန်း သိတတ်တဲ့ အသိတရားမရှိရင်လည်း သေချာပေါက် ခွေးရူး ကိုက်တာ လည်စင်းခံရပြီး ကိုယ့်ခေါင်းထဲ ခွေးရူးပိုးရောက်မှာမိုလို. အသိတရားရှိကြပါ။ ခွေးရူးအကိုက်လည်း မခံကြရပါစေနဲ.။

လို. မေတ္တာပို.သလိုက်ပါတယ်။

ခွေးရူးဆို မသတ်တောင် ခြံခတ်ထားလေမှ တော်ရုံကျမယ်။ ခြံခတ်နည်း နိဿရည်းကို သုတေသနပြုပြီး စုစည်းညီညာ ဆောင်ရွက်နိုင်ကြပါစေသတည်း။

ပြည်တော်ဦး အရှင်ပဏ္ဍိစ္စ

ဓမ္မယာန ပြည်တော်ဦး ကိုရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်

ဖူဆန်း တောင်ကိုးရီးယား

13년 4월 8일 5시 53분 23초






Share

Twitter Delicious Facebook Digg Stumbleupon Favorites More