ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ မြန်မာပြည်သို. ပေးစာများ ၄ ~ pyidawoo

Pages

Tuesday, April 5, 2011

မြန်မာပြည်သို. ပေးစာများ ၎

(ဓမ္မယာန) မဇ္ဈိမယာန အဖွဲ.သူ/သားများသို.

အားလုံးပဲ မင်္ဂလာပါ။


လောကအကျိုး အမျိုးသားအကျိုး မိမိအကျိုး ဆထက်တိုး၍ သယ်ပိုးနိုင်သော သာသနာပြု အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်ကြပါစေကြောင်း ဆုမွန် တောင်းလိုက်ပါတယ်။


အဖွဲ.ရဲ. လုပ်ဆောင်ချက်တွေအကြောင်း ဖုန်းနဲ.တမျိုး မေးလ်နဲ.တစ်သွယ် ဆက်သွယ် ပြောပြပေးကြလို. လက်ရှိအခြေအနေကို မပြတ်ကြားသိနေရပါတယ်။ အားလုံးကို ကျေးဇူးတင်သလို အားလုံးအတွက် ဂုဏ်ယူမိပါတယ်။


ဒီတပတ်တော့ အဖွဲ. အောင်မြင်မှုရဖို.အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံ အတွေးအခေါ်တစ်ခု မျှပေးပါရစေ။


ပြောပါ။ ဆွေးနွေးပါ။ ငြင်းကြပါ။ ညှိနှိုင်းတိုင်ပင်ကြပါ။ ပူးပေါင်းဆုံးဖြတ်ကြပါ။


သင့်အတွေးကို ဘယ်သူမှ ကန်.သန်.ချုပ်ချယ်လို. မရပါဘူး။ အတွေးဟာ အကန်.အသန်. မရှိပါဘူး။ တကယ်တော့ သင့်အတွေးလိုပဲ သင်ကိုယ်တိုင်လည်း အကန်.အသန်.မဲ့ ဖြစ်နိုင်ခြေတွေကို ပိုင်ဆိုင်ထားတဲ့သူပါ။


တစ်ခြားသူတွေလည်း အတူတူပါပဲ။ အကန်.အသန်.မဲ့ အတွေး၊ အကန်.အသန်.မဲ့ ဖြစ်နိုင်ခြေတွေ နဲ.ပါ။ သူတို.ရဲ. အကန်.အသန်.မဲ့ အတွေးနဲ. ဖြစ်နိုင်ခြေကို မလေးစားနိုင်စရာအကြောင်း ဘာတစ်ခုမျှမရှိပါ။


မိမိကိုယ်ကို တန်ဖိုးထားသလို သူတစ်ပါးကို လေးစားမယ်ဆိုရင် ငြင်းတယ်ဆိုတာ သဘောထား ကွဲလွဲတာသက်သက်ပါ။ ရန်ဖြစ်တာ တိုက်ခိုက်တာ မဟုတ်ပါ။ မုန်းစရာ အငြိုးထားစရာလည်း မဟုတ်ပါဘူး။


ပြောကြပါ။ မပြောရင် နောက်ကောက်ကျသွားလိမ့်မယ်။ ဘယ် အဖွဲ.အစည်းမျိုးမဆို ပြောဆို ဆွေးနွေးမှုမရှိရင် တခြားအဖွဲ.အစည်းတွေရဲ. နောက်ကို ရောက်သွားမှာပဲ။ ကျန်ခဲ့မှာပဲ။


ပြောဆိုဆွေးနွေးမှု မရှိတဲ့ အစည်းအဝေးလောက် အချိန်ကုန်လူပန်း အဓိပ္ပါယ်မဲ့တဲ့ အစည်းအဝေး ဆိုတာ မရှိနိုင်တော့ပါဘူး။


ဘာကြောင့် မပြောကြတာလဲ?


အကြောင်းရှိမှာပါပဲ။ ရှက်လို.လား? ကြောက်လို.လား? မကြိုက်လို.လား? ပျင်းလို.လား? စိတ်မဝင်စားလို.လား? အကျင့်ပါနေလို.လား? မသိလို.လား?


ရှက်/ကြောက်သင့်တာကို ရှက်/ကြောက်နေတာလား။ ဒါမှ မဟုတ်?


ပြီးတော့မှ ထင်သားပဲ ဆိုတဲ့ စကားမျိုး ပြောတတ်လား?


မှား/မှန်မှန်းသိတော့ သိနေတယ်။ မပြောဘဲ နေတတ်လား?


အဲဒီလို လူတွေ စုနေတဲ့ အဖွဲ.အစည်း ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။


သဘောထားမတိုက်ဆိုင်မှုကို ပုဂ္ဂိုလ်ရေး ကွဲပြဲတိုက်ခိုက်မှုလို. မခံယူဖို. အင်မတန် အရေးကြီး ပါတယ်။ ငြိမ်းချမ်းစွာ ကွဲလွဲခွင့်ဆိုတာကို သဘောပေါက်ပြီး တို.အားလုံး သဘောထားကြီးတဲ့သူ ရင့်ကျက် တဲ့သူဖြစ်အောင် ကြိုးစား ဖြည့်ဆည်းသွားရမှာပါ။ အဲဒီလိုလူတွေ စုနေတဲ့ အဖွဲ.အစည်း မအောင်မြင်ဘဲ မနေပါ။ မြေကြီးလက်ခတ်မလွဲပါပဲ။


မွေးကတည်းက တတ်လာတာ ဘယ်နှယောက်ရှိမှာလဲ။ ကြိုးစားရင် မဖြစ်တာလည်း မရှိပါဘူး။


တို.တွေ သိနေတာရှိတယ်။ ယုံနေတာရှိတယ်။ မြင်ခဲ့ ကြားခဲ့ ကြုံတွေ. ခံစားခဲ့ရတာတွေ အများ ကြီးပါ။ ကိုယ်သိတာ ကိုယ်ယုံကြည်တာ ကိုယ်မြင်တာကို စေတနာကောင်းကောင်းနဲ. ပြောကြရအောင်။ တို. တစ်တွေ အားလုံး စကားပြောကြရအောင်။


(ပြည်တော်ဦး)


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More