ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ March 2011 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Tuesday, March 29, 2011

천안 (ချောန်နန်) ဒကာများ၏ ကုသိုလ်တော်







... (၂၇-၃-၁၁)ရက် တနင်္ဂနွေနေ. ချောန်နန်한성 아파트နှေ ဒကာများ၏ ကုသိုလ်တော်

...မဇ္ဈိမယာန အဖွဲ.ဝင်များ ဖြစ်ကြသော ဒကာကိုကိုမောင်၊ သန်.ဇင်ဦး၊ နိုင်ဝင်းထွန်း၊ ဝင်းနိုင်သိန်းနှင့် သူငယ်ချင်း တစ်စုတို.၏ ပင့်လျှောက်ချက်အရ ကြွရောက်၍ သာသနာအတွင်းသား ဒကာများ၏ လောကီလောကုတ္တရာ နှစ်ဖြာအကျိုး မျှော်ကိုးရည်သန်လျက် ရဟန်းကျင့်ဝတ် မချွတ်စေရန် ဖြည့်ဆည်းခွင့် ရခဲ့ပြန်ပါသည်။ မြင်သူကြားသူ အတူကုသိုလ်ယူနိုင်ကြပါစေသော်။

Thursday, March 24, 2011

မဇ္ဈိမယာန နှင့် ဓမ္မယာန ပညာသင်ဆု အလှူတော်မှတ်တမ်း

မဇ္ဈိမယာနနှင့် ဓမ္မယာနအဖွဲ. ၏ အလှူတော်မှတ်တမ်း
ကိုထူးထူး(ဖူဆန်း)နှင့် ဖခင်ကြီးတို.က အဖွဲ.ကိုယ်စား မဇ္ဈိမယာန ပညာသင်ဆု တတိယအကြိမ်မြောက် လှူဒါန်း...
..အဖွဲ့၏လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ပညာသင်ဆုအစီအစဉ်ကို ၄-၁-၁၁ (၆၃)ကြိမ်မြောက် လွတ်လပ်ရေးနေ.တွင် စတင်ခဲ့နိုင်ခဲ့ပြီး ၁၂-၃-၂၀၁၁(စနေနေ.)တွင် တတိယကြိမ်မြောက် လှူဒါန်း နိုင်ခဲ့ပြီဖြစ်ပါသည်။ ပြည်ပ/ ကိုရီးယားရောက် မြန်မာလူမျိုးများ မဇ္ဈိမယာန အဖွဲ့၏ မဇ္ဈိမယာန ပညာသင်ဆု (၁)သိန်းကျပ်ကို အဖွဲ့ကိုယ်စား ကိုထူးထူး(ဖူဆန်း) နှင့် ဖခင်ကြီးတို.ကလည်းကောင်း၊ ကိုရီးယား+မြန်မာ ဒကာ၊ဒကာမများ၏ ဓမ္မယာနအဖွဲ့၏ ဓမ္မယာန ပညာသင်ဆု (၁) သိန်း ကျပ်ကို အဖွဲ့ကိုယ်စား ကိုရဲနိုင် (ပစ်တိုင်းထောင် ကုန်မာဆိုင်)နှင့် ဓမ္မယာန ပညာရေး ဝန်ဆောင်မှူး ဆရာမကြီး ဒေါ်တင်မြင့်ကြည်တို.က မင်္ဂလာဗျူဟာ အသင်းချုပ် တာဝန်ခံ လူကြီးများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

လစဉ် တစ်သိန်းကျပ်စီဖြင့် ၂၀၁၅ ခုနှစ်တွင် ပညာသင်ဆု တစ်ဆုလျှင် သိန်း(၁၀၀) ကျပ်စီ ပေါင်း ကျပ်သိန်း (၂၀၀) ပြည့်သည်အထိ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ပါသည်။


အများပြည်သူအပေါင်း ၀မ်းမြောက်အနုမောဒနာ သာဓုခေါ်နိုင်ကြစေသော်~~~


ရေးသူ-နန္ဒာ (ဧကမ္ဘာ)

Sunday, March 13, 2011

အလှူတော်မှတ်တမ်း

လစဉ်အလှူရှင် စာရင်း(မတ်လ)

ကိုမြင့်ခိုင်(ဖူဆန်း) သောက်ရေသန့် ရေပူ/ရေအေး ၅၀,၀၀၀ ဝမ်
ကိုရဲသီဟ(ဂွမ်ဂျုး) စတုပစ္စယဒါန ၂၀,၀၀၀ ဝမ်
ကိုလှထွန်း(ဖူဆန်း) လျှပ်စစ်မီး ၃၀,၀၀၀ ဝမ်
ကိုဇော်သူရ(ကင်မ်ဟဲ) အင်တာနက်ဖုံး ၃၀,၀၀၀ ဝမ်
ကိုလင်းလင်း + မဝင်းအိဖြူ(ကင်မ်ဟဲ) ဒိုရှီးဂတ်စ် ၁၅,၀၀၀ ဝမ်
ကိုကျော်လှိုင်ထွန်း (ဘူဖျောင်းင်) စတုပစ္စယ ဒါန ၂၀,၀၀၀ ဝမ်

အလှူတော်မှတ်တမ်း

သီးသန့်အလှူတော်ငွေ(ဂွမ်ဂျူး)

ကိုအောင်ကိုကို ၁သောင်း

ကိုသန့်ဇင်ထွန်း ၁သောင်း

ကိုမောင်မောင်လွင် ၁သောင်း

ကိုနိုင်ထွန်း ၁သောင်း

ကိုဇေယျာထွန်း ၁သောင်း

ကိုမျိုးသူဟိန်း ၁သောင်း

ကိုအောင်ဇော်ဦး ၁သောင်း

ကိုကိုအောင် ၁သောင်း

ကိုတင်ဦး ၃သောင်း

Friday, March 11, 2011

မြန်မာပြည်သို. ပေးစာများ ၃

(ဓမ္မယာန) မဇ္ဈိမယာန အဖွဲ.သို. ပေးစာ ၃

ဓမ္မယာနအဖွဲ.သူ/သားများသို. 2/26/2011 1:13:55 PM
You all are “Future Leaders”.
ဓမ္မယာန/မဇ္ဈိမယာန အဖွဲ.ကြီး အကောင်းဆုံး အဖွဲ.အစည်းတစ်ခုဖြစ်လာဖို. ဘာ အရေးကြီး ပါသလဲ။
အညီညွတ်ဆုံးအဖွဲ.ဟာ အကောင်းဆုံး အဖွဲ.ပါ။
ညီညွတ်ဖို. အရေးကြီးပါတယ်။

ညီ ~~~တူညီရမယ့်တရား ငါးပါး။
၁။ စိတ်ထား
၂။ ယုံကြည်ချက်
၃။ ကိုယ်ကျင့်တရား
၎။ အသိ (အတွေးအခေါ် အယူအဆ)
၅။ အပေးအကမ်း

ညွတ်~~~အချင်းချင်း အပြန်ပြန်အလှန်လှန် ကိုင်းညွတ်ရမယ့်တရား ငါးပါး။
၁။ လေးစားမှု
၂။ မေတ္တာ
၃။ ကရုဏာ
၎။ ဖြောင့်မတ်မှု (ဥဇု)
၅။ မှန်ကန်မှု (သစ္စာ)

တို.တတွေ အားလုံး လက်တွေ. လုပ်နေကြပြီ။ အလုပ်ထဲက အတွေ.အကြုံတွေ ရနေကြပါပြီ။ အရင်
တွေ.နေကျ ပေမယ့် မမြင်ခဲ့တာတွေ မြင်အောင်ကြည့်တတ်လာပြီ။ မြင်နေကျပါပြီ။ အရင် ကြားနေကျပေမယ့် နားမဝင်ခဲ့တဲ့စကားတွေ အခု နားကနေတဆင့် ရင်ထဲအထိ ရောက်နေပါပြီ။ ဒါကြောင့်လည်း မမောနိုင် မပန်းနိုင် လုပ်ချင်ကိုင်ချင်စိတ်တွေ ဖြစ်နေတာ။ ကိုယ်ပေးနိုင်သမျှကို ပေးချင်နေကြတာပေါ့။ အခု ဦးဆောင်ဦးရွက် လုပ်နေကြတဲ့သူတွေလည်း ဒီ ကိုယ်တွေ.လေးတွေကနေ ဒီအလုပ်မှာ ရသကိုသိပြီး ရတိဖြစ်လာ ပျော်မွေ.လာကြတာပါ။ တို.အားလုံးလည်း အလုပ်ကတဆင့် လုပ်ရည်ကိုင်ရည်ကောင်းလာမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းရလာမယ်။ နောင်တစ်ချိန်မှာ အားလုံး ခေါင်းဆောင်ဖြစ်လာကြမှာ မုချပါ။

Best Connections & Best Insights Lead to the Best Organization.
Again I say, You all are Future Leaders!
May all you be healthy, happy and wealthy enough to serve yourselves and others.
With best wishes
Pyidawoo

Saturday, March 5, 2011

မဇ္ဈိမယာနနှင့် ဓမ္မယာနအဖွဲ. ၏ အလှူတော်မှတ်တမ်း

မဇ္ဈိမယာန နှင့် ဓမ္မယာန ပညာသင်ဆု ဒုတိယအကြိမ်မြောက် လှူဒါန်း...


...



အဖွဲ့၏လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ပညာသင်ဆုအစီအစဉ်ကို ၄-၁-၁၁ (၆၃)ကြိမ်မြောက် လွတ်လပ်ရေးနေ.တွင် စတင်ခဲ့နိုင်ခဲ့ပြီး ၉-၂-၂၀၁၁(ကြာသပတေး)နေ့တွင် ဒုတိယကြိမ်မြောက် လှူဒါန်း နိုင်ခဲ့ပြီဖြစ်ပါသည်။

(ပြည်ပ)၊ ကိုရီးယားရောက် မြန်မာလူမျိုးများ၏ မဇ္ဈိမယာန အဖွဲ့က မဇ္ဈိမယာန ပညာသင်ဆု (၁)သိန်းကျပ် နှင့် ကိုရီးယား+မြန်မာ ဒကာ၊ဒကာမများ၏ ဓမ္မယာနအဖွဲ့က ဓမ္မယာန ပညာသင်ဆု (၁) သိန်းကျပ်ကို အဖွဲ့ကိုယ်စား ကိုလင်းလင်း(ကင်မ်ဟဲ)+မ၀င်းအိဖြူ(Pukyong National University) က မင်္ဂလာဗျူဟာ အသင်းချုပ် ဒု-အတွင်းရေးမှူး ဦးအောင်မျိုးဝင်းထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

လစဉ် တစ်သိန်းကျပ်စီဖြင့် ၂၀၁၅ ခုနှစ်တွင် ပညာသင်ဆု တစ်ဆုလျှင် သိန်း(၁၀၀) ကျပ်စီ ပေါင်း ကျပ်သိန်း (၂၀၀) ပြည့်သည်အထိ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ပါသည်။
အများပြည်သူအပေါင်း ၀မ်းမြောက်အနုမောဒနာ သာဓုခေါ်နိုင်ကြစေသော်~~~

ရေးသူ-နန္ဒာ (ဧကမ္ဘာ)

၁၁ ကြိမ်မြောက် ဂွမ်ဂျူးတရားပွဲ

“လစဉ် လတိုင်း ဆင်ကာနွှဲ ဂွမ်းဂျူးမြို့ရဲ့ တရားပွဲ

... ဂွမ်ဂျူးမြို. ခီလ်ဆန်းင်ဆာ ဘုန်းတော်ကြီး၏ တိုက်တွန်းလျှောက်ထား ကူညီအားပေးမှုကြောင့် လစဉ် ဒုတိယအပတ် တနင်္ဂနွေနေ.တိုင်း ဂွမ်ဂျူးမြို. ခီလ်ဆန်းင်ဆာကျောင်း၌ တရားပွဲကျင်းပ ဓမ္မဒါနပြုခဲ့ရာ ၁၀ ကြိမ်တိုင် ပြီးစီးအောင်မြင်ခဲ့ပြီ ဖြစ်ပါသည်။

အေးမြလှသော (ကိုရီးယား)တပေါင်းလ၏ ဒုတိယပတ်တွင်လည်း ၁၁ ကြိမ်မြောက် ဂွမ်ဂျူး မြန်မာတရားပွဲ ကို ၁၃-၃-၂၀၁၁ ရက်နေ့(တနင်္ဂနွေနေ့)နေ့လည် ၁၂ နာရတွင် ကျင်းပမြဲတိုင်း ကျင်းပ ဓမ္မဒါနပြုမည်ဖြစ်ရာ ကာလေန ဓမ္မဿဝန သမဏာနဥ္မ ဒဿန နှင့် ကာလေန ဓမ္မ သာကစ္ဆာ မင်္ဂလာများ ဖြစ်ပွားစေကြောင်း ကုသိုလ်တရားကောင်းများ ဆည်းပူးနိုင်ရန် အသိပေး ဖိတ်ကြား အပ်ပါသည်။ တရားချစ်ခင် သူတော်စင်တို.~

“ ကိုယ်စိတ်ချမ်းမြေ့ တရားမွေ့တွေ့သိနိုင်ပါစေ။
သင်သိ ကျင့်သိ ထိုးထွင်းသိ အသိစုံပါစေ။
သာသနာအကျိုး မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေ။”
(ပြည်တော်ဦး ဆရာတော်)

ရေးသူ-နန္ဒာ (ဧကမ္ဘာ)

Friday, March 4, 2011

မစိုးရိမ်တိုက်သစ် သံဃာ(၂၅၀၀)ကုန် ဆွမ်းကပ်လှူပွဲ

... မစိုးရိမ်တိုက်သစ်သံဃာကုန်(၂၅၀၀)ဆွမ်းကပ်လှူပွဲ ဓါတ်ပုံကြည့်ရန်နှိပ်ပါ
အလှူရှင် ကိုရီးယားဒကာမကြီးသည် မြန်မာနိုင်ငံ၌` သံဃာအများဆုံး ကျောင်းတိုက်ဖြစ်သော မန္တလေးမြို. မစိုးရိမ်တိုက်သစ်တွင် ၂၀၀၄ခုနှစ်မှစ၍ ယခုနှစ်အထိ တစ်နှစ်လျှင် တစ်ကြိမ်ကျ အချို.နှစ်များတွင် နှစ်ကြိမ်ထိ သံဃာ(၃၀၀၀/၂၅၀၀)ကုန် ဆွမ်းကပ် လှူဒါန်းလျက်ရှိပါသည်။

...ထိုဒကာမကြီးသည် မစိုးရိမ်ကျောင်းတိုက်တွင်းရှိ ဓမ္မသမ္ပတ္တိ လေးထပ် ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သူ ဆောင်းဂျွန်းဆုက် ဖြစ်ပြီး ၂၀၀၄ခုနှစ် ကျောင်းရေစက်ချပြီးချိန်မှစ၍ နှစ်စဉ်မပျက် သံဃာကုန် ဆွမ်းကပ် ကုသိုလ်ပြုလျက် ရှိပါသည်။ တစ်ကြိမ်ကပ်လျှင် သိန်း ၂၀မှ သိန်း၅၀အထိ အကုန်အကျခံလျက် လှူဒါန်းနေုခြင်း ဖြစ်ပါသည်။
ရန်ကုန် ပြည်တော်ဦး မြန်မာ-ကိုရီးယား လူငယ်ဖွံ.ဖြိုးရေးကျောင်းလည်း ထို ဒကာမကြီး၏ စတင်မတည်လှူဒါန်းမှုဖြင့်ပင် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
မစိုးရိမ်ဆရာတော်ကြီး ဥုးရာဇဓမ္မာဘိဝံသ၏ ဇာတိရပ်ရွာ သာစည်-အင်တိုင်း၌ ကျောင်းသူ/သား ၇၀၀ခန်. ပညာသင်ယူနေသော တွဲဘက် အထက်တန်းကျောင်း နှစ်ထပ်ဆောင်၊ မူလတန်းကျောင်း တစ်ထပ်ဆောင် နှင့် တံတားတစ်စင်း၊ နတ်မောက်နယ်၌ ကျောင်းသူ/သား ၅၀၀ခန်. ပညာ ဆည်းပူးနေသော မူလတန်းကျောင်း တစ်ထပ်ဆောင် နှစ်ဆောင်တို.ကိုလည်း လှူဒါန်းခဲ့ပါသည်။ ယခု ဆက်လက်၍လည်း မူလတန်းကျောင်းဆောင်သစ် တစ်ဆောင် လှူဒါန်းဖို.ရန် ပြင်ဆင်လျက်ရှိပါသည်။
ခေတ်သစ်ဝိသာခါဟု ဆိုရလောက်အောင် သာသနာကို ချစ်မြတ်နိုးသူ အလှူအတန်းရက်ရောသူ ဒကာမကြီးသည် အသက် (၈၄)နှစ် ရှိပြီဖြစ်သော်လည်း ကျန်းမာရေး အလွန် ကောင်းမွန်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို.စွန်ရှိ သူမ၏ ထင်းရှုးခြံ၌ တစ်ဦးတည်း ခြိုးခြံချွေတာစွာ နေထိုင်လျက်ရှိပါသည်။
လွန်ခဲ့သည့်ဆယ်နှစ်ခန်.က သူမပြောခဲ့သော စကားတစ်ခွန်းကို အမှတ်ရ နေမိပါသည်။ “ဘုန်းကြီးဘုရား လှူတာက ပေါလို. များလို.မဟုတ်ပါဘုရား။ လှူချင်လို. ကိုယ့်တွက်သုံးမယ့်ဟာ မသုံးဘဲ အပင်ပန်းခံ ခြိုးခြံပြီး လှူတာပါဘုရား။” တဲ့။
စာရှုသူအပေါင်းတို. ယောနိသော မနသိကာရဖြင့် အားကျအတုခိုး နိုင်ကြ စေရန် တင်ပြ လိုက်ရပါသည်။

မြန်မာပြည်သို. ပေးစာများ ၂

... မဇ္ဈိမယာန (ဓမ္မယာန)အဖွဲ. သို. ပေးစာ (၂)

...ဓမ္မယာန အဖွဲ.သူ/သားများသို. ၁၉-၂-၁၁

အားလုံး မင်္ဂလာပါ။
အဖွဲ.ဝင်တွေ အားလုံး ညီညီညွတ်ညွတ်နဲ. လူငယ်ဖွံ.ဖြိုးရေး အလုပ်တစ်ခု အစပြုခဲ့ကြပါပြီ။ အစမှာ ဖြစ်တဲ့ (အာရမ)္ဘ ထကြွလုံ.လနဲ. လုပ်ခဲ့ကြတာပေါ့။ ကောက်ရိုးမီးလို ဝုန်းခနဲတောက်ပြီး ဝုတ်ခနဲ ငြိမ်းသွားတာမျိုး မဖြစ်ဖို. မေတ္တာရပ်ခံပါရစေ။ ဘယ်အလုပ်မဆို အခက်အခဲဆိုတာ ရှိပါတယ်။ အခု လုပ်နေရင်းကနေ အခက် အခဲသော် လည်းကောင်း စိတ်ဝင်စားမှုနည်းလာတာသော် လည်းကောင်း ဆန်.ကျင်ဘက် အဖျက်တရားတွေ အခက်အခဲ မျက်နှာဖုံးအမျိုးမျိုးနဲ. ပေါ်လာ ပါလိမ့်မယ်။ အဲဒီ အခါမျိုးမှာ အပျင်းတရား အကြောက်တရားတွေကို ခါထုတ်ပစ်နိုင်တဲ့ (နိက္ကမ) မဆုတ်မနစ် ကြံ့ကြံ့ခံနိုင်တဲ့ လုံ.လမျိုးရှိပါလို. အားပေးပါရစေ။ အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်ပြီးနောက်လည်းပဲ စမိတဲ့ အလုပ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ပန်းတိုင် ပေါက်အောင် အရောက်သွားဖို. အဆက်မပြတ် တရစပ်ထွက်နေတဲ့ (ပရက္ကမ) စွဲမြဲတဲ့ ဇွဲလုံ.လကို မွေးမြူ ကျင့်သုံးနိုင်ကြပါစေကြောင်း တိုက်တွန်းအားပေးလိုက်ပါတယ်။

ဝီရိယသုံးဖြာ ပွားစေရာ
အာရမ္ဘ၊ နိက္ကမနှင့် ပရက္ကမတဲ့ ဝီရိယသုံးဖြာ
များသတ္တာ သိဒ္ဓိပြီးအောင် ပွားကြစေရာ။
တို. အမျိုးသား ရွှေမြန်မာ
ကိုးကွယ်တာ ရတနာ “သုံး” ပေမို.
လောင်းမြတ်စွာ ပါရမီခရီးကို
စံပြုကာ နည်ယူမှီးကြပါစို.ကွယ်။
ပွားစေရာ ဝီရိယသုံးကို
စိတ်ကြီးဝင် အားကုန်ရုန်းလိုက်မယ်။
ကျုံးလိုက် ရွှေဘုန်း။


“အလုပ် မဟုတ်တာနဲ. အလုပ်ရှုပ်နေလို. တကယ့် အလုပ်ကို လုပ်ဖို. အချိန် မရှိဘူး။”

လက်ရှိ တို.နိုင်ငံရဲ. နိစ္စဓုဝ လူနေမှုဘဝကို ထင်ဟပ်နေတဲ့စကားပါ။ ကိုယ်လည်း ဒီ မထူးဇတ်ထဲ ဝင်ကနေရင် ဘာမှ ထူးမှာမဟုတ်ပါ။ ဘာမှ မထူးတဲ့သူတွေကြောင့် လောကမှာ ဘာမှ ထူးထူးခြားခြား ဖြစ်လာတာ မရှိပါ။


ဓမ္မယာန အဖွဲ.သူအဖွဲ.သားများတို.~
ထူးခြားသာလွန် ကောင်းမွန်မြင့်မြတ် ဖြောင့်မတ်မှန်ကန်တဲ့ အတွေး အပြော အလုပ်တွေနဲ. မိမိအကျိုး အဆွေအမျိုးတို.ရဲ.အကျိုး လောကအကျိုး စွမ်းစွမ်းတမံသယ်ပိုးခြင်းဖြင့် လောကကို အလှဆင်သူများ ဖြစ်အောင် ကြိုးစားကြပါစို.။

“ပေးနိုင်သူများဖြစ်အောင်လို. မရှိရှိအောင် ကြိုးစားကြပါစို.။”
ပေးတယ်ဆိုတာ ကိုယ်ကရှိမှ။ ကိုယ်က ကျန်းမာရေးကောင်းပါမှ ကရုဏာ၊ မေတ္တာ၊ ပညာ၊ အာဏာ၊ ဥစ္စာ တစ်ခုခု ရှိမှသာ သူများကို ပေးနိုင်ပါတယ်။ ဆင်းရဲဒုက္ခရောက်နေတဲ့သူကို တကယ်သနားရင်၊ အများကို တကယ် ချမ်းသာစေချင်ရင်၊ တကယ်သိစေတတ်စေချင်ရင်၊ တကယ် ငြိမ်းချမ်းစိတ်ချလုံခြုံတဲ့ဘဝ ရစေချင်ရင်၊ တကယ် ပြည့်စုံကြွယ်ဝစေချင်ရင် ကိုယ့်မှာ ပေးစရာ တစ်ခုခုတော့ရှိမှ ဖြစ်မယ်။ သူတစ်ပါးကို ငါပေးနိုင်တဲ့အရာ ငါ့မှာ ဘာရှိလဲ ပြန်မေးပါ။ ပေးနိုင်သူများဖြစ်ကြဖို. မရှိရှိအောင် မဖြစ်မနေ ကြိုးစားကြပါစို.။



“ကုသိုလ် ဥစ္စာ ကျန်းခံ့သာ၍ ပညာတန်ခိုး တစ်မျိုးမျိုးမှ အကျိုးမထွက် ထိုနေ.တွက် သက်သက် ဝမ်းနည်းဖွယ်။” (မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး)




ဒါသည်ပင်လျှင် ရှင်တော်ဘုရား ကိုယ်တော်တိုင် လျှောက်လှမ်းသွားတော်မူခဲ့တဲ့ ဘုရားလမ်စဉ်ဖြစ်ပါတယ်။
“ပညာကြောင့် သူတပါးရဲ. ဒုက္ခကိုသိတယ်။ ကရုဏာကြောင့် သူတပါးရဲ. ဒုက္ခကို ပယ်ဖျောက်ဖို. အားထုတ်တယ်။
”အလောင်းတော် သုမေဓာ ရှင်ရသေ့ဘဝပဲ ကြည့်ပါ။ ပညာကြီးလွန်းလို. သတ္တဝါတတွေ သံသရာထဲ တဝဲလည်လည် စုန်ဆန်မျှောပါ ဆင်းရဲနေကြရှာတာကို သိလွန်လွန်းလို.၊ “သတ္တဝါတွေ သံသရာ ဝဋ္ဋ်ဆင်းရဲက လွတ်မြောက်စေရမယ်ဟေ့” ဆိုတဲ့ မဟာကရုဏာတော် ကြီးနဲ. အားထုတ်တော်မူလိုက်တာလေ~ ~ ~ လေးအသင်္ချေနဲ. ကမ္ဘာတစ်သိန်း။ မဟာကရုဏာတော် အားအစွမ်းသာမရှိရင် ဒီပါရမီ ခရီးကြမ်းကို ဘယ်သူ ဘယ်လို လျှောက်ပါ့မယ်။ ကြံစည်ဖို. အသာထား အသံကြားရုံနဲ. ရွံရှားတုန်ဟီး ကြက်သီးထစရာအမှုကြီးပါ။ လေးအသင်္ချေနဲ. ကမ္ဘာတစ်သိန်း မဆိုထားပါနဲ. နှစ်တစ်ရာလောက်မှ ပြည့်အောင်မနေရတဲ့ ဒီတစ်ဘဝလေးမှာတောင် အလုပ်တစ်ခု အစပြုပြီး အဆုံးပေါက်အောင် မလျှောက်နိုင်ကြတဲ့သူက တစ်ရာမှာ ကိုးဆယ့်ကိုး ဒဿမ ကိုး မဟုတ်လား။

ခုဒ္ဒကနိကာယ ဣတိဝုတ္တကပါဠိ---------) အဋ္ဌကထာ နှာ-၁၃

ပညာယ သံသာရဒုက္ခနိဗ္ဗိဒါ, ကရုဏာယ သံသာရ ဒုက္ခသဟနံ;

ပညာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို ငြီးငွေ.တယ်။ မဟာကရုဏာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို ကြံ့ကြံ့ခံတော်မူတယ်။

ပညာယ ပရဒုက္ခပရိဇာနံ, ကရုဏာယ ပရဒုက္ခပ္ပဋ္ဋိကာရာရမ္ဘော။

ပညာဖြင့် သူတပါးရဲ. ဒုက္ခကိုသိတယ်။ ကရုဏာဖြင့် သူတပါးရဲ. ဒုက္ခကို ပယ်ဖျောက်ဖို. အားထုတ်တယ်။

”ပညာယ သယံ တရဏံ, ကရုဏာယ ပရေသံ တာရဏံ။

“ပညာဖြင့် မိမိကိုယ်ကို သံသရာ ဝဋ္ဋ်ဆင်းရဲမှ ကူးမြောက်စေ၍ ကရုဏာဖြင့် သူတပါးတို.အား ကူးမြောက်စေတယ်။

”ပညာယ ဗုဒ္ဓဘာဝသိဒ္ဓိ, ကရုဏာယ ဗုဒ္ဓကိစ္စသိဒ္ဓိ;

ပညာဖြင့် ဘုရားအဖြစ် ပြီးစီးတယ်။ ကရုဏာဖြင့် ဘုရားကိစ္စပြီးတယ်။

”ကရုဏာယ ဝါ ဗောဓိသတ္တဘူမိယံ သံသာရာဘိမုခဘာဝေါ, ပညာယ တတ္ထ အနဘိရတိ;

ကရုဏာကြောင့် ဘုရားအလောင်းအဖြစ် သံသရာကိုရှေးရှုကျင်လည်နေရသော်ငြားလည်း၊ ပညာကြောင့် ထို ဘဝသံသရာ၌ ပျော်ပိုက်တော်မမူ။”

တထာ ကရူဏာယ ပရံ အဝိဟိံသနံ, ပညာယ သယံ ပရေသံ အဘာယနံ;“

ကရုဏာကြောင့် သူတပါးကို ညှင်းဆဲတော်မမူ၊ ပညာကြောင့် ကိုယ်တော်တိုင်သည် သူတစ်ပါးတို.ကို (ဘယ်သူ.ကိုမျှ) မကြောက်။

”ကရုဏာယ ပရံ ရက္ခန္တော အတ္တာနံ ရက္ခတိ, ပညာယ အတ္တာနံ ရက္ခန္တော ပရံ ရက္ခတိ;“

ကရုဏာဖြင့်သူတပါးကို စောင့်ရှောက်ရင်း မိမိကိုယ်ကို စောင့်ရှောက်ရာရောက်၏။ ပညာဖြင့် မိမိကိုယ်ကို စောင့်ရှောက်ရင်း သူတပါးကို စောင့်ရှောက်ရာရောက်၏။

”တထာ ကရုဏာယ လောကနာထတာ, ပညာယ အတ္တနာထတာ;“

ကရုဏာကြောင့် လောက၏ ကိုးကွယ်ရာဖြစ်၍ ပညာကြောင့် မိမိကိုယ်ကို ကိုးကွယ်ရာဖြစ်၏။”

Thursday, March 3, 2011

ဒသမကြိမ်မြောက် တရားပွဲ နှင့် မဇ္ဈိမယာနအဖွဲ့ အစည်းအဝေး ဖိတ်ကြားလွှာ

ဖူဆန်မြို့ ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်

...တူညီသော စိတ်ထား~~တူညီသော အသိတရား~~တူညီသော ကိုယ်ကျင့်တရား~~တူညီသော ယုံကြည်မှူများဖြင့် ဖူဆန်းနှင့်ကင်မ်ဟဲ ဒကာဒကာမများက လစဉ် တရားပွဲကို စီစဉ်ကျင်းပလျက်ရှိရာ ယခုဆိုလျင် ဒသမ ကြိမ်မြောက် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ဒသမကြိမ်မြောက် တရားပွဲကို (၂၀.၃.၂၀၁၁) တနင်္ဂနွေနေ့၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ တရားပွဲမစတင်မီ မဇ္ဈိမယာန အစည်းအဝေးကိုလည်း ပြုလုပ်မည် ဖြစ်ပါ၍` အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပါရန် မိတ်ဆွေသင်္ဂဟ အပေါင်းတို့အား ရိုသေလေးစားစွာဖြင့် ဖိတ်မန္တကပြုအပ်ပါသည်။

"ကိုယ်စိတ်ချမ်းမြေ့ တရားမွေ့တွေ့သိနိုင်ပါစေ။
သင်သိ ကျင့်သိ ထိုးထွင်းသိ အသိစုံပါစေ။
သာသနာအကျိုး မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေ။" (ပြည်တော်ဦး ဆရာတော်)

တရားပွဲကျင်းပမည့်~~
နေ့ရက်။ ။ ၂၀.၃.၂၀၁၁(တနင်္ဂနွေနေ့)
အချိန် ။ ။ နေ.လည် ၁၂း၀၀နာရီ (အစည်းဝေး) ၊

မွန်းလွဲ ၁း၀၀နာရီ (တရားပွဲ)
နေရာ ။ ။ ဖူဆန်း ဗုဒ္ဓသာသနာအသင်းတိုက်။

ရေးသူ-နန္ဒာ(ဧကမ္ဘာ)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More