ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ pyidawoo: မှတ်တမ်း

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Thursday, May 10, 2012

ဘယ်သူသိမှာလဲ။

...(2012-4-14) 6:44pm
ဂွမ်ဂျူးက အောင်ကိုကိုဆီက ဖုန်းလာပါတယ်။ အောင်ကိုကို ဆိုတာ ဓမ္မယာန မဇ္ဈိမယာနအဖွဲ. စတင်ဖွဲ.စည်းစဉ်ကစလို. အခုချိန်အထိ တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်နေတဲ့သူပါ။ လစဉ် ဂွမ်ဂျူးတရားပွဲ ဖြစ်မြောက်ရေးကိုလည်း အခြား မိတ်ဆွေများနဲ.အတူ ဦးစီးဦးဆောင်ပြုနေသူ တဦးပါပဲ။ ဖုန်းဆက်ရတဲ့ အကြောင်းကတော့ ဂွမ်းဂျူးက အဖွဲ.ဝင်တစ်ဦးရဲ. မိတ်ဆွေ အလုပ်လုပ်ရင်း လက်ဒဏ်ရာရသွားလို. ဖူဆန်းမှာ ဆေးရုံတင်ထားရကြောင်း အသိမရှိဘဲ အခက်အခဲဖြစ်နေလို. ဘုန်းဘုန်းဆီ အကြောင်းကြားတာပါတဲ့။ နောက် မြန်မာစကားမရည်လည်တဲ့ မွန်လူမျိုးတွေဖြစ်နေလို. သူတို.က တိုက်ရိုက်ဖုန်းဆက် ရမှာ မဝံ့မရဲဖြစ်နေလို. သူကို အကူအညီတောင်းလို.ပါတဲ့။ ဘုန်းကြီးက လူနာနာမည် နဲ. ဆေးရုံကို သိရင် ရပါတယ်လို. ပြောလိုက်ပါတယ်။ စိတ်ထဲက နည်းနည်းလေးမှ မကောင်းပါ။ တို.လူမျိုးတွေ ငွေလိုချင်လို.လာကြတာ ဒဏ်ရာတွေ ရရနေပါလားလို.။ ဒါပေါ့လေ ဒီလိုဖြစ်မယ်ဆိုတာ သိရင် ဘယ်သူ လာမှာလဲ။ ဒါပေမယ့် ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ။



...ဘယ်သူသိမှာလဲ(2012-4-14) 10:16pm
ဂွမ်ဂျူးက အောင်ဆန်းဦးကိုယ်တိုင် ဖုန်းဆက်လာပါတယ်။ သူ. သူငယ်ချင်း နာမည် သိန်းလွင် တက်နေတဲ့ ဆေးရုံက မိုက်ခရိုဆောင်းဟျော်င်း ဆေးရုံပါတဲ့။ လက်ချောင်းသုံးချောင်း ပြတ်သွားတယ်။ အသက် အန္တရာယ်တော့ မရှိပါစသည်။ သူ. စကား နားလည်ဖို.ခက်တာ အမှန်ပဲ။ ချင်းလူမျိုးတွေနဲ. စကားပြောရသလိုပဲ။ ချင်းကျောင်းသားတစ်ယောက် ဖူဆန်းက ကွန်ပျူတာတက္ကသိုလ်မှာ တက်ချင်လို. အကူအညီတောင်းတုန်းက အသိတွေနဲ. မိတ်ဆက်ပေးလိုက်တာ အဆင်ပြေသွား ပါတယ်။ သူ.ခမျာလည်း ကျေးဇူးတင်စကားတောင် စကားမှားမှာစိုးပြီး မပြောရဲလို. တဆင့်ပြောခိုင်းတာ ကြုံဖူးပါတယ်။ အခုလည်း ဘုန်းကြီးကို အေး~အေး~ နဲ. ပြောတော့ ကြားစက စိတ်ထဲ ကွက်ခနဲကွက်ခနဲ ဖြစ်မိသေးတယ်။ ကိုယ့်ကိုယ်ကို လည်း ပြုံးမိပါတယ်။ သူတို.မှာ ဒီလိုဖြစ်မှာစိုးလို. ဖုန်းတောင် တိုက်ရိုက်မဆက်ဘဲ ကြိုအသိ ပေးထားတာတောင် စိတ်ကလည်း နုလိုက်တာလို.။ အောင်ဆန်းဦးကို လည်း ဂွမ်ဂျူးမှာ မကြာခဏ တွေ.နေတာပဲ။ မျက်နှာချင်းဆိုင် စကားပြောတော့ ဒီလောက် မဆိုးပါဘူး။ ဖုန်းနဲ.ပြောမှ မြန်မာစကားက ပိုခက်သွားတယ်ထင်တယ်။

(2012-4-16) 8:41am
စနေတနင်္ဂနွေက တရားပွဲတွေ ရှိနေတာက တစ်ကြောင်း လူနာက အသည်း အသန်လည်း မဟုတ်တာက တစ်ကြောင်းပေါ့လေ ဒီနေ. တနင်္လာနေ.မှ ဆက်သွယ် ပြီး ဆေးရုံကို ရောက်သွားပါတယ်။ ၆ယောက်ခန်းဆိုတော့ကာ အခန်းထဲမှာ ကိုရီးယားလူနာ ၅ယောက်လည်း ရှိနေတယ်။ လူနာ ဒကာသိန်းလွင်ရဲ. အကိုအရင်း ဖြစ်သူ အန်ဆန်းမှာ နေတဲ့ ဒကာဝင်းညွန်. လူနာစောင့် ရောက်နေလို. သူနဲ. ပြောဖြစ်ပါတယ်။ သူကတော့ မြန်မာစကားကို တော်တော် ရည်လည်ပါတယ်။ ဘုန်းကြီးကြွလာတော့ ဝမ်းလည်းသာ အားလည်းရှိသွားတာပေါ့လေ။ ရေခြားမြေခြား မှာကိုး။ မြန်မာပြည် မှာတော့ ရဟန်းသံဃာ ငါးသိန်းလောက် ရှိနေတော့ သိပ်တန်ဖိုးမသိဘူးပေါ့။ ဒီမှာတော့ သမဏာနဉ္စဒဿနကလည်း ဒုလ္လဘတရား တစ်ပါး မဟုတ်လား။ ဒါနဲ. အားပေးစကားပြောရင်း အကျိုးအကြောင်းမေး ~~~ပေါ့လေ။
ဒကာသိန်းလွင်က ဂရောင်ဂျူးမြို.ကဖြစ်ပြီး လက်ထိထိချင်း အူလ်ဆန်းဆေးရုံကို ပို.တယ်။ အဲဒီဆေးရုံက ကျန်တဲ့ လက်ချောင်းနှစ်ချောင်းနဲ. လက်ဝါးတစ်ခြမ်းအထိ ဖြတ်ပစ်ရမယ်ဆိုလို. စက်ရုံသူဋ္ဌေးက မဖြတ်ဘဲ ဒီဆေးရုံကို ပြောင်းတင်လိုက်တယ် ဆိုတာ သိရတယ်။ ဂရောင်ဂျူးဆိုတာ ကိုရီးယားရဲ.ပုဂံ လို. ပြောနိုင်တဲ့ သမိုင်းဝင် မြို.။ အင်မတန် သာယာလှပပြီး ထင်ရှားတဲ့ ခရီးသွားဇုန်တစ်ခုပါ။ ဒါပေမယ့် ဘုန်းကြီးတို. လူမျိုးတွေ အလုပ်လုပ်နေတဲ့ စက်ရုံတွေကတော့ လူမနီးသူမနီး ချောင်ကျကျတောကျကျ နေရာတွေမှာပေါ့။
လူနာ ဒကာသိန်းလွင်ရဲ. အကို ဒကာဝင်းညွန်.ကတော့ အန်ဆန်းမြို.က လာတာ လို.သိရတယ်။ အန်ဆန်းဆိုတော့ ဆိုလ်းနဲ. ပိုနီးတာပေါ့။ နိုင်ငံခြားသား အလုပ်သမားတွေ အများစုရှိတဲ့ မြို.လေးတစ်မြို.ပါပဲ။ စက်မှုဇုန်မြို.ပေါ့။ အသိ အကျွမ်းတပါးဖြစ်တဲ့ ဆရာတော်ဦးသုဝဏ္ဏ ဒီနှစ် နှစ်ဦးက သန္တိသုခ အမည်နဲ. မြန်မာ ကျောင်းဖွင့်ပွဲလုပ်လို. ကြွခဲ့ဖူးပါတယ်။ ဒီလာဖို. စက်ရုံက ခွင့်ပေးလား မေးကြည့် တော့ ဗီဇာလည်းကုန်တော့မှာ မျက်စေ့လည်း မကောင်းလို. ခွဲရမှာဖြစ်လို. ၂၆ရက် နေ.ကို မြန်မာပြည်ပြန်ဖို. အကုန်စီစဉ်ပြီးသား အနေအထားမှာ ညီဖြစ်သူ ဒကာ သိန်းလွင်ရဲ. အခုကိစ္စက ပေါ်လာကြောင်း သိရပါတယ်။ ဒါကြောင့် ပြန်ရမှာ အင်မတန် စိတ်လေးနေကြောင်း သို.သော် သူကိုယ်တိုင်လည်း မျက်စေ့က မဖြစ် မနေ ခွဲရမှာဖြစ်လို. ပြန်ရမှာဖြစ်ကြောင်း ဘုန်းကြီးအနေနဲ. ကာယကံမေတ္တာ ဝစီကံမေတ္တာ စောင့်ရှောက်ပေးဖို. လျှောက်ထားပါတယ်။ သူလည်း ဒီလိုဖြစ်မယ်မှန်း သိရင် ၂၆ရက်ပြန်ဖို. မြန်မာပြည်မှာ မျက်စေ့ခွဲဖို. ဘယ်စီစဉ်ထားပါ့မလဲ။ ညီက ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ။
ဒါနဲ. လူနာ ဒကာသိန်းလွင်ရော ဗီဇာ ဘယ်တော့ကုန်မလဲ မေးတော့ သူလည်း လပိုင်းလောက် ကျန်တော့တာတဲ့။ လွန်ခဲ့တဲ့ လေးငါးလက မြန်မာပြည် တစ်ခေါက် ပြန်ရောက်သေးသတဲ့။ ဗီဇာ နည်းနည်းကျန်သေးတာနဲ. တစ်ခေါက်ပြန်လာ အလုပ် လုပ်ရင်း အခုလို ဒါဏ်ရာရသွားတာပါ။ အခုလို ဖြစ်မယ်မှန်းသိရင် ဘယ်သူ ပြန်လာ မလဲနော်။ ဒါပေမယ့် ငါ ဒီလိုဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ။
စကားပြောရင် အားပေးရင်းက လက်ရှိ ဘာအခက်အခဲရှိလဲ မေးတော့ လျော်ကြေးကိစ္စ စိတ်ပူကြောင်းပြောလို. နိုင်ငံခြားသားကူညီရေး အဖွဲ.အစည်းက ဥက္ကဋ္ဌဆီ ဖုန်းဆက်ပေးလိုက်ပါတယ်။ သူက တာဝန်ခံတစ်ယောက် လွှတ်ပေးမယ့် အကြောင်းပြောပါတယ်။
ဒကာဝင်းညွန်.ပြန်ရင် လူနာစောင့်ကိစ္စ ဘယ်လို စဉ်းစားထားလဲမေးတော့ ဂေါဂျယ်ဒို (မကြာသေးခင်က ဘုန်းကြီးနေတဲ့ဖူဆန်းနဲ. ပင်လယ်မြေအောက် လိုဏ်ခေါင်းကားလမ်း တံတား ဆက်ထားတဲ့ကျွန်း)သင်္ဘောကျင်းမှာရှိတဲ့ တူအရင်း ဖြစ်သူ ဒကာတင်ထွန်းဦး က အလျဉ်းသင့်သလို လာစောင့်ပေးမယ့်အကြောင်း လျှောက်ထားပါတယ်။ သြော် ဆွေမျိုးအရင်းအချာတွေ ရှိတာ တော်သေးတာပေါ့လို. တွေးမိသေးတယ်။
တူအရင်းက ဂေါဂျယ်ဒိုကဆိုလို. သတိရတာ ပြောရဦးမယ်။ ဂေါဂျယ်ဒို သင်္ဘော ကျင်းမှာလည်း မြန်မာအလုပ်သမား ရာနဲ.ချီ ရှိတယ်လို. သိရပါတယ်။ လူအင်အားက ဖူဆန်းထက်တောင် များသေးတာပေါ့။ မနှစ် နှောင်းပိုင်းနဲ. ဒီနှစ် အစ ဇန်နဝါရီလ လယ်လောက်အထိ ဘုန်းကြီး မြန်မာပြည် ပြန်ရောက်နေပါတယ်။ အဲဒီအချိန်မှာ ဂေါဂျယ်ဒိုက ဒကာလေး တစ်ယောက် ကားတိုက်ပြီး ဆုံးခဲ့ဖူးတယ်။ ဘုန်းကြီး မရှိလို. ဖူဆန်း ဓမ္မယာနပြည်တော်ဦးမှာပဲ ဘူဖျောင်းက ဆရာတော်လေး ဦးဥတ္တရကို ပင့်ပြီး ရက်လည်ဆွမ်းသွပ် တရားနာ အမျှပေးဝေခဲ့ကြပါတယ်။ အဲဒီ ကလေးလည်း ရောက်တာ လေးငါးလပဲ ရှိသေးသတဲ့။ အကို အရင်းလည်း အတူ အလုပ်လုပ် နေတာဆိုပဲ။ ညီလည်းဆုံးရော ရက်လည်ပြီးတာနဲ. အကိုဖြစ်သူလည်း မနေဘူး။ မြန်မာပြည် အပြီးပြန်တော့တာပါပဲ။ ဒါပေါ့လေ ညီအရင်းတစ်ယောက်လုံး ဆုံးမှတော့ ဘယ်နေချင်စရာ ကောင်းတော့မလဲ။ သူတို.လေးတွေလဲ ချမ်းသာလိမ့် နိုးနိုးနဲ. လာခဲ့ကြတာလေ။ အခုလို အဖြစ်ဆိုးနဲ. ဆုံးရမယ်လို. ဘယ်မျှော်လင့်မှာလဲ။ အစက ဒီလိုဖြစ်မယ်မှန်းသိရင် ဒီကို ဘယ်လာကြမလဲ။ ဒါပေမယ့် ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ။
မနှစ်ပိုင်းကလည်း ဒီလူနာ ဒကာသိန်းလွင်တို. ဂရောင်ဂျူးမြို.ကပဲ ဒကာ တစ်ယောက် ဆုံးသေးတယ်။ ကိုရီးယား ဓမ္မယာနယောဂီအဖွဲ. အတွင်းရေးမှူး ဒကာလေး လိုက်ပို.ပေးလို. ဘုန်းကြီးပဲ ဒကာလှထွန်းကို ကပ္ပိယခေါ်သွားပြီး ဆေးရုံမှာ သက်ပျောက်ဆွမ်းတရား စက်ရုံမှာ ရက်လည်တရားဟော အမျှပေးဝေ ခဲ့ရဖူးတယ်။ သူလည်း ရောက်လို.မှ ၆လမပြည့်သေးဘူး ဆုံးရှာတာ။ မြန်မာပြည်မှာ လူမမယ် သမီးငယ်လေးနဲ. ဇနီးဖြစ်သူတို. ကျန်ရစ်လေရဲ.။ လာစဉ်တုန်းကတော့ မျှော်လင့်ချက်ကြီးကြီး သမီးနဲ. ဇနီးအတွက်ပေါ့။ အခုတော့ သောကအပြင် ဘာမှ မထားရစ်နိုင်ခဲ့တော့ပါလား။ ရာသီဥတုကအေး အလုပ်က ကြမ်းတမ်းပင်ပန်း နေရတာက ကွန်တိန်နာ အခန်းနဲ.လေ။ နှလုံးရောဂါ အခံရှိတယ်ဆိုပဲ။ မနက် အလုပ် ဆင်းခါနီး ရင်ဘတ်ထဲက အောင့်တယ်ဆိုပြီး ထိုင်ရာကနေ မထနိုင်ဘဲဖြစ်နေလို. အရေးပေါ်လူနာတင်ယာဉ် ခေါ်ပေမယ့် ဆေးရုံမရောက်ခင် ဆုံးရှာတာပါပဲ။ သူလည်း ချစ်လှစွာသော ဇနီးမယားနဲ.သမီးသားကို မခွဲရက်ရက် ခွဲခက်ခက်နဲ. မချိတရိခွဲပြီး ငွေရှာဖို. လာရင်းက အသက်ပါ ပါသွားပါရောလား။ ဒီလိုမှန်း သိရင် ဘယ်လာမလဲ။ ဒါပေမယ့် ငါ ဒီလိုဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ။
ဆေးရုံက ပြန်ရောက်ပြီး ညနေပိုင်းမှာ ဘုန်းကြီးဆီ ဖုန်းလာပါတယ်။ စာတစ်ခု လက်မှတ် လာထိုးခိုင်းနေတာ နားမလည်ပဲ မထိုးရဲလို. မထိုးလိုက်တဲ့အကြောင်း ပြောပါတယ်။ နိုင်ငံခြားသားကူညီရေးအဖွဲ.က တာဝန်ခံလာသွားလား မေးတော့ မလာသေးဘူးလို. သိရပါတယ်။ သူတို.လည်း အဲဒါ စိတ်ပူနေတယ် ဆိုတာနဲ. နောက်ရက် 17-4-12 မနက်စောစော ဥက္ကဋ္ဌဆီ ဖုန်းထပ်ဆက်ပြီး ဘုန်းကြီးဆေးရုံမှာ ရှိနေတုန်း တာဝန်ခံကို လွှတ်ပေးနိုင်မလားမေးတော့ လွှတ်ပေးမယ်ဆိုတာနဲ. ဆေးရုံ ကို တစ်ခေါက် ထပ်သွားဖြစ်ခဲ့ပါတယ်။
ဒီတစ်ခေါက်တော့ လူနာရဲ. တူဖြစ်သူ ဂေါဂျယ်ဒိုက ဒကာတင်ဝင်းထွန်းလည်း ရောက်နေတယ်။ ခွင့်(၇)ရက်ယူပြီး လာခဲ့တာလို.ပြောပါတယ်။ လူလုံးသေးသေး ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျနဲ. သွက်သွက်လက်လက် ချက်ချက်ချာချာ ရှိသူပါ။ မြန်မာစကားလည်း ရည်လည်ပြီး ကိုရီးယားလိုလည်း အတော် ပြောနိုင်ပါတယ်။ အခန်းဖော် ကိုးရီးယားတွေကလည်း သူ.ကို အင်မတန် ချီကျူးကြပါတယ်။ စိတ်ထားကောင်းကြောင်း အပင်ပန်းခံကြောင်း ဦလေးဖြစ်သူကို ဂရုစိုက်ကြောင်း ပေါ့လေ။ မနေ.က လက်မှတ်မထိုးဖြစ်တဲ့ စာရွက်လဲ သူရောက်လာတော့ ဖတ်ကြည့်ပြီး ထိုးလိုက်တဲ့အကြောင်း ဆေးအာမခံ စာရွက်စာတမ်း ဖြစ်ကြောင်း ပြောပါတယ်။
မကြာခင် နိုင်ငံခြားသားကူညီရေး အဖွဲ.က တာဝန်ခံ ဒကာမ ဟန်အာရူးမ် ရောက်လာတာနဲ. သူတို.ကို မိတ်ဆက်ပေးရပါတယ်။ သူမကလည်း လိပ်စာကဒ် ပေးပြီး အချိန်မရွေး ဆက်သွယ်ဖို. အခု သိလိုတာမေးဖို.နဲ. သူ.အနေနဲ. အစအဆုံး အကူအညီ ပေးမယ့်အကြောင်း ပြောပါတယ်။ ဒီလို ကိစ္စတွေနဲ. ပတ်သက်လို. ဥပဒေ ရေးရာတွေပါ ကျွမ်းကျင်သူဖြစ်လို. ဒကာတွေ မေးတာကို စိတ်ရှည်လက်ရှည် အဖြေ ပေးပြီး အခွင့်အရေး ဘာတစ်ခုမှ မဆုံးရှုံးရအောင် ကူညီမယ်လို. ပြောပါတယ်။ အခုတော့ ဆေးကုသမှုကလွဲရင် ဘာမှ ခေါင်းထဲမထားဖို. အားပေးပါတယ်။ သူဆီက ဘုန်းကြီး သိရတာကတော့ လက်ချောင်းမပြောနဲ. လက်ကောက်ဝတ်ကနေ ပြတ်သွားတဲ့ သူတောင်မှ သိန်း တစ်ရာနှစ်ရာထက် ပိုမရဘူးလို. ဆိုပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ ရသင့်တဲ့ အခွင့်အရေးတော့ တောင်းရမှာပဲ။ အလုပ်ခွင်တွင်း ထိခိုက်မှု မဟုတ်လား။ ဘုန်းကြီးရဲ. ကျောင်းဒကာ ပြောတာတော့ ကိုရီးယားလူမျိုး ဆိုရင် အလုပ်ခွင် ပြင်ပမှာ ဖြစ်တာတောင် အလုပ်ခွင်က ပင်ပန်းမှုနဲ. ဆက်စပ်မှု ရှိတယ်ဆိုတာ ပြနိုင်ရင် လျော်ကြေးရသတဲ့။ နိုင်ငံခြားသားတော့ မသိဘူးတဲ့။
18-4-12
ဖူဆန်း ဗုဒ္ဓဘာသာအသင်းတိုက် ဓမ္မာရုံမှာ ဒကာမင်းညီက အလှူလုပ်ပြီး ၁၃၇၄ မြန်မာနှစ်ဦး နှစ်သစ်ကူး တရားပွဲ လုပ်ပါတယ်။ ဘုန်းကြီးလည်း အထက်က အကြောင်းတွေ ပြောပြပြီး သတိရှိဖို. ရတနာသုံးပါး နဲ. ကုသိုလ်တရားမမေ့ဖို. တရား ဟောပေးခဲ့ပါတယ်။ ဒကာတွေ ငါးလွှတ်ချင်တယ် ပြောဖူးတာ သတိရလို. အကျိုးလို.လို. ညောင်ရေလောင်း မလုပ်ဘဲ ပါရမီမြောက် ဇီဝိတဒါန လုပ်ကြတာပေါ့လို.။ လူစုထား စီစဉ်ထားပြီးရင် ငါးလပိုင်းမှာ လုပ်ကြတာပေါ့လို. ပြောခဲ့ပါတယ်။ အဲဒီကနေ ဘုန်းကြီးလည်း အလုပ်များသွားလိုက်တာ အူလ်ဆန်းမြို. ယုန်င်အန်းန်ဆာတရားပွဲ ဒယ်ဂူးမြို. ဂူဒိုဟွဲ တရားပွဲ ကနေ ချောန်အန်း အာဆန်းက ဟိုဒူမာအူးလ်းရိပ်သာ ဆယ်ရက်တရားစခန်းပွဲကို ရောက်သွားပါတယ်။ ကဆုန် လပြည့် ဗုဒ္ဓနေ. တရားပွဲ အပါအဝင် 27/4/12 ကနေ ~ 6/5/12 အထိ ဆယ်ရက်စခန်းပါ။ အဲဒီကနေ ဆိုးလ် ဘိုရီးဆုရိပ်သာ အပတ်စဉ် တနင်္ဂနွေ ပဋ္ဌာန်းတရားပွဲပြီးမှ တညအိပ်ပြီး 7/5/12 နေ.မှပဲ ဖူဆန်း ပြန်ရောက်တော့မှာပါ။
28/4/12 10:10 pm
ချောန်အန်း အာဆန်းက ဟိုဒူမာအူးလ်းရိပ်သာ ဆယ်ရက်တရားစခန်းပွဲ ဒုတိယရက်ည နောက်ဆုံးအချိန်အပြီးမှာ ဒကာလှထွန်းဆီက ဖုန်းဝင်လာပါတယ်။ တရားပွဲတွေ စခန်းပွဲတွေမှာ ရောက်နေရင် ဒကာလှထွန်း အကြောင်းသိမို.လို. ဖုန်း ဆက်ခဲပါတယ်။ အကြောင်းထူးရှိလို.ပဲလို. ထင်ပါတယ်။ ဘယ်သူ ဘာဖြစ်ပြန်ပြီလဲ လို. စိတ်ထင့်ထင့်နဲ. ဖုန်းကိုင်လိုက်တာ ဒီတစ်ခါ ကံဆိုးသူ မောင်ရှင်ကတော့ ဒကာလှထွန်း ကိုယ်တိုင်ပါပဲလား။ မော်တာဖြုတ်ရင်း လက်ထိသွားသတဲ့။ တခြားလူ ဆီက တဆင့်ကြားရင် ဘုန်းကြီး တအားစိတ်ပူနေမှာစိုးလို. ကိုယ်တိုင် ဆက်ပြော တာ။ နည်းနည်းပိသွားတာပါ။ ကျိုးတာပဲ့တာ ဖြတ်ရတာ မရှိပါဆိုလို. တော်သေးတာ ပေါ့လို. ဟင်းချလိုက်ပါတယ်။ နှစ်ဦးတရားပွဲတုန်းက ဒကာလှထွန်းနဲ. ဒီ ထိခိုက် ဒါဏ်ရာကိစ္စတွေ သတိထားဖို. ပြောဖြစ်သေးတယ်။ အဲဒီတုန်းက ဒကာလှထွန်းလည်း သူ ဒီလိုဖြစ်မယ် ထင်ပုံမရပါဘူး။ ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ။
6/5/12 7:19am
ဆယ်ရက်တရားစခန်းပွဲ နောက်ဆုံးရက်မနက် တင်ထွန်းဦးဆီက ဖုန်း ဝင်လာပါတယ်။ တရားစစ်နေတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ.ကမှ ဖုန်းကလည်း ဘေးမှာ ရှိနေတယ်။ အရင်ဆို အိပ်ခန်းထဲမှာ ထားတာ။ ဒီနေ. မနက် ၁၀နာရီ တရားပွဲပြီးပြီးချင်း ဆိုလ်း ဘိုရီးဆုရိပ်သာကို ပွဲဆက်ရမှာမို. ပစ္စည်းသိမ်းရင်း အဆင်သင့်ပြင်ထားတာကြောင့်ပါ။ လူနာစောင့်ဆီက ဖုန်းဆိုတော့ လူနာ သိန်းလွင်ကိုပဲ စိတ်ပူသွားတယ်။ အကြောင်းထူးရှိလို. ဆက်တာနေမှာပဲဆိုပြီး ယောဂီတွေကို သည်းခံဖို. အကျိုးအကြောင်းပြောပြီး ဖုန်းကိုင်လိုက်တော့ တင်ထွန်းဦးမဟုတ်ဘဲ တင်ထွန်းဦးဖုန်းနဲ. အောင်ဆန်းဦးက ဆက်တာဖြစ်နေတယ်။
တင်ထွန်းဦး မနက်က သူနဲ. အတူ တီဗွီကြည့် စကားပြောနေတုန်း လဲကျသွားပြီး အခု ဆေးရုံကြီးတစ်ခုရဲ. အရေးပေါ်ဋ္ဌာနမှာ ရောက်နေကြောင်း သူလည်း ခြေမိကိုင်မိ လက်မကိုင်မိနဲ. ဘာလုပ်ရမှန်း မသိ ဖြစ်နေလို. ဘုန်းဘုန်းဆီ ဖုန်းခေါ်ရကြောင်း လျှောက်ထားပါတယ်။ ဒါနဲ. ဆရာဝန်ရှိရင် ဖုန်းပြောင်းပေးဖို. ပြောပြီးဆရာဝန်နဲ. စကားပြောရပါတယ်။ ဆရာဝန်စကားအရ ဟိုဘက်ဆေးရုံကနေ သူတို.ဆီ ရောက်လာကတည်းက နှလုံးခုန်ရပ်ပြီး သွေးစမ်းမရတဲ့ အနေအထား ဖြစ်ကြောင်း ရောက်စကနေ အခုအချိန်အထိ နာရီဝက်ကြာ နှလုံးအဆုတ် ပြန်အလုပ်လုပ်ဖို. အစွမ်းကုန် ကြိုးစားပေမယ့် မရတော့ကြောင်း ပြောပါတယ်။
ဆုံးသွားရှာပြီပေါ့။ တကယ်ကို နေ.မြင်ညပျောက်ပါလား။ မကြာခင် ရက်ပိုင်း လေးက သူ.ဦးလေးကို လူနာစောင့်ဖို.လာတဲ့ တင်ထွန်းဦးကို ဆေးရုံမှာ တွေ.ပြီး စကားပြောခဲ့တာ ပြန်မြင်ယောင်ရင်း တရားစစ်လက်စ ယောဂီတွေ အလိုက်တသိ ထသွားတာကို မြင်လျက်နဲ. မတားဖြစ်တော့ဘူး။ နောက် မကြာခင် သတိဝင်လာပြီး ဖုန်းတစ်လုံးနဲ. အလုပ်များနေမိပါတော့တယ်။ ပထမဦးဆုံး နိုင်ငံခြားသားကူညီရေး အဖွဲ.အစည်းက ဥက္ကဋ္ဌဆီ ဖုန်းဆက်ပေးလိုက်ပါတယ်။ သူကလည်း မနက် စောစော စီးစီး ဒုက္ခပေးတယ်လို. မညည်းရှာပါဘူး ဆေးရုံကို ချက်ချင်းသွားပါတယ်။ နောက် မင်းလတ်ဆီဖုန်းဆက်တာမရလို. လက်ထိထားတဲ့ ဒကာလှထွန်းကိုပဲ မင်းလတ် တို.ကို ဖုန်းဆက်ပြီး လိုအပ်တာဝိုင်းဆောင်ရွက်ကြဖို. ပြောရပါတယ်။ ဒကာ လှထွန်းကိုတော့ ဖုန်းပဲဆက်ပြီး ကိုယ်တိုင် မသွားဖို.ပြောပေမယ့် သူကလည်း ထုံးစံအတိုင်း မနေနိုင်ရှာပါဘူး။ သက်ပျောက်ဆွမ်းကနေ ရက်လည်အထိ လိုက်လုပ်တာပါပဲ။ ဘုန်းကြီးရဲ. ဆိုးလ်ဘိုးရီးဆု တရားပွဲက ညနေမှ ပြီးမှာမို. ပြန်ရောက်နိုင်မှာမဟုတ်လို. သက်ပျောက်ဆွမ်းကိုတော့ ဒယ်ဂူးဆရာတော် ဦးဝိစိတ္တ ကို ပင့်ပြီး အမျှဝေရေစက်ချခဲ့ကြပါတယ်။
8/5/12 5:30am
ဖူဆန်း ဓမ္မယာန ပြည်တော်ဦးကနေ ဒကာတင်ထွန်းဦး ရုပ်ကလာပ်ရှိရာ ချင်မ်လဲဆေးရုံကို ဒကာလှထွန်း ကိုခိုင် ကိုလှမင်းထွန်းတို.နဲ.အတူ ထွက်လာ ခဲ့ကြပါတယ်။ သူတို.လည်း အသုဘကိစ္စ ဝိုင်းဆောင်ရွက်ပြီး မနက် ဘုန်းကြီးကို ပင့်ဖို. ဘုန်းကြီးကျောင်းမှာ မနေ.ညကတည်းက လာအိပ်နေကြတာပါ။ ဒီနေ. သုံးရက်လည်း ဆွမ်းသွပ် တရားနာ အမျှပေးဝေပြီး ရုပ်ကလာပ်ကို မီးသဂြိုဟ် မယ့်နေ.။
ဆေးရုံမှာ ရက်လည်ဆွမ်းသွတ် တရားနာရာမှာ မွန်မိတ်ဆွေ သူငယ်ချင်းတွေ ဘူဖျောင်းင်စသည့် အထက်ဘက်ကလည်း ဆင်းလာကြလို. လူတော်တော်များများ ရောက်နေကြပါတယ်။ သုံးလေးဆယ်တောင် ရှိမယ် ထင်ပါတယ်။ အခုလို အရေးဆို ညီညီညွတ်ညွတ် သိုင်းကြဝိုင်းကြနဲ. ဝမ်းသာစရာ အားရှိစရာကောင်းပေမယ့် အခုလို ဆုံကြရတဲ့ အကြောင်းခံက ဝမ်းနည်းစရာ တင်ထွန်းဦးရဲ.အသုဘကိစ္စ ဖြစ်နေတော့ သူတို.အားလုံးမျက်နှာက သောကသာ အတိ အားမရှိကြပါဘူး။
အတူလုပ်ဖော် ကိုင်ဘက်တွေလည်း ယုံတောင် မယုံကြဘူး တဲ့။ ဦးလေးဖြစ်သူ ဒကာသိန်းလွင်လည်း အတူတူပဲ သူတက်နေတဲ့ ဆေးရုံကနေ အနီးအနားက ဆေးရုံကြီးကို ပို.လိုက်ပြီး မကြာခင် ဆုံးသွားပြီလို. အောင်ဆန်းဦးက ဖုန်းဆက်တော့ မယုံဘူးတဲ့။ တကယ်တော့ တင်ထွန်းဦးကိုယ်တိုင်လည်း တစ်ယောက်ယောက်က မင်း ခဏနေ သေတော့မယ် ပြောရင် ယုံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ။
10/5/12 1:06pm
အောင်ဆန်းဦးဆီက ဖုန်းပါ။ မနက်ဖြန် သိန်းလွင်နဲ. သူ ဘုန်းကြီးကျောင်းကို လာမယ့်အကြောင်း သဘက်ခါ တင်ထွန်းဦး (၇)ရက်လည် ဆွမ်းသွတ်တရား နာယူမယ့်အကြောင်း လျှောက်တာပါ။ လာခဲ့ကြပါလို. ပြောရင်း သဘက်ခါ ရက်လည်တရား အင်း~~~ တရာနာကြမယ့်မင်းတို.နဲ. တရားဟောမယ့်ငါ မနက်ဖြန် မသေဘူးလို. ဘယ်သူပြောနိုင်လဲ~~~လို. တွေးနေမိပါတယ်။ ဘယ်သူသိမှာလဲ။(ကော ဇညာ မရဏံ သုဝေ)

(10/5/12)11:34pm

Sunday, April 22, 2012

နှစ်ဦးတရားပွဲ အလှူရှင်စာရင်း

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် နှစ်ဦးတရားပွဲတွင် နဝကမ အလှူရှင် စာရင်းများမှာ

ကိုပေါက်ကျိုင်း ၁သောင်း ဦးလှထွန်း ၅သောင်း ကိုကရင်ကြီး ၂သောင်း ကိုလွင် ၁သောင်း ကိုဇော်ဦး ၂သောင်း ကိုအောင်လှ ၂သောင်း ကိုဇော်ဝင်းထွန်း ၂သောင်း ကိုလင်းမောင် ၁သောင်း ကိုမင်းညီ ၁သိန်း မြန်မာသူကြီး ၁သောင်း ကိုအောင်ကိုကိုမျိုး ၃သောင်း မခင်သူဇာ ၁သောင်း ကိုညီညီမင်းထွဋ် ၁သောင်း ကိုအောင်နေသန့် ၂သောင်း ကိုကောင်းလတ် ၂သောင်း ကိုစိုင်းလျှန်း ၂သောင်း ကိုတင်ကိုသန့် ၅ထောင် ကိုသက်ခိုင်ထူး ၂သောင်း အောင်ဆန်းဦး(ဂွမ်ဂျူး) + ကိုဝင်းညွှန့်(အန်ဆန်း) ၁သိန်း Super Sunday Friends (Busan Naut San) ၅သိန်း စုစုပေါင်း ၉သိန်း ၈သောင်း ၃ထောင် တိတိကို ပါဝင်လှူဒါန်းသွားကြပါကြောင်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေရန်~~~

Wednesday, April 11, 2012

ဂွမ်ဂျူး အလှုတော်မှတ်တမ်း

...전밀정단 စက်ရုံ ဂွမ်ဂျူး (၈-၄-၁၂)

...

ကိုမျိုးနေဇာ = 30,000

Dr. ရွှေဇင်သန့်  = 30,000

ကေမ ၻာဒီးယားလူမ်ိဳး = 30,000

ကိုမောင်မောင်လွင် = 20,000

ကိုသီဟလှိုင် = 20,000

ကိုတင်ဝင်းမောင် = 20,000

Saturday, March 10, 2012

ကိုရီယားစကားပြောသင်တန်း အပတ်စဉ် ၁၊




















ကင်မ်ဟဲ ကိုရီယားစာသင်တန်း ပထမ ခြေလှမ်း အောင်ပွဲ



ကင်မ်ဟဲ မဇ္ဈိမယာန ရုံးခန်းနှင့် ရွှေအလင်းတန်း စာကြည့်တိုက်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အခမဲ့ သင်ကြားပေးနေသော ကိုရီယားစကားပြောသင်တန်း အပတ်စဉ် ၁၊ (၃လ) သင်တန်းကို အောင်မြင်စွာ သင်ကြားပြီးစီး၍ သင်တန်းပြီးမြောက်ကြောင်း လက်မှတ် ပေးအပ်ပွဲကို (၄-၃-၁၂) တနင်္ဂနွေနေ.မှာ ကျင်းပနိုင်ခဲ့ပါတယ်။ သင်တန်းဆရာ အဖြစ် ဘူဆန်းမြို့၊ ဘူဂယောင်းတက္ကသိုလ်တွင် ကိုရီးယာစာ၊ ဘာသာဗေဒ အထူးပြုဖြင့် မဟာဝိဇ္ဇာတန်း တက်ရောက်နေသော ကိုလှမင်းထွန်းက တာဝန်ယူခဲ့ပြီး၊ ဘူဆန်း နိုင်ငံခြားသားကူညီမှုအဖွဲ့(이주민과함께)မှ အကြီးအကဲဖြစ်သော 정귀순 ဆရာမနှင့် အတူ သင်တန်းစတင်ခဲ့ပါတယ်။ သင်တန်း တ၀က်လောက်တွင် ဘူဂယောင် တက္ကသိုလ်၊ ကိုရီယားစာပေ အထူးပြုဖြင့် Ph.Dတန်းတက်ရောက်နေသော 박산향 ဆရာမမှ အားဖြည့်၍ လာရောက် သင်ကြားပေးသဖြင့် သင်တန်းဆရာ ၃ဦးဖြင့် အင်ပြည့်အားပြည့် ပို.ချခဲ့ပါတယ်။
၂၀၁၁ခုနှစ် ၁၁လပိုင်း ၂၇ ရက်နေ့မှ စတင်၍ ကိုရီယားစကားပြောသင်တန်း အခြေခံ အဆင့် ၁ နှင့် ၂ အား သင်တန်းသား ၂၁ဦးဖြင့် ဖွင့်လှစ်ခဲ့တာပါ။ အဆင့် ၁ တွင် ၁၁ဦး၊ အဆင့် ၂ တွင် ၁၀ဦးဖြင့် တက်ရောက်ခဲ့တာပါ။ စုစုပေါင်း သင်တန်းကြာချိန်မှာ ၁၅ ပတ်ဖြစ် သော်လည်း ၁လပိုင်း ၁ရက်နေ့နှင့် ကိုရီယားနှစ်သစ်ကူးနေ့များတွင် ပိတ်သဖြင့် စာသင်ချိန်မှာ ၁၃ပတ်သာ ရရှိခဲ့ပါတယ်။ တစ်ပတ်လျှင် စာသင်ချိန် ၂နာရီ့ ဖြစ်သဖြင့် အားလုံး ၂၆ နာရီသာ သင်ကြားနိုင်ခဲ့တာပါ။
သင်တန်းမှာ အစဖြစ်၍ လှစ်ဟာမှုများ မပြည့်စုံမှုများ ရှိနေသေးသော်လည်း သင်ယူသော ကျောင်းသားများ၏ ကြိုးစားမှု၊ ဆရာ/မ များ၏ စေတနာ၊ ဘူဆန်း ပြည်တော်ဦးဆရာတော်၏ ပံပိုးအားပေးမှုများကြောင့် ယခုလို သင်တန်းဟာ အထမြောက် အောင်မြင်နိုင်ခဲ့ခြင်းပါ။ အဓိက ဘေးက ကူညီနေကြတဲ့ စာကြည့်တိုက် အဖွဲသားများရဲ့ ပံပိုးမှုကြောင့်လည်း ပါပါတယ်။ ဆောင်းတွင်း ချမ်းချမ်းအေးအေးမှာ သင်တန်းသားများနှင့် ဆရာ/မများ နွေးထွေးစေရန် အပတ်စဉ်လာရောက်၍ ဟီတာကို ကြိုတင်ဖွင့်ပေးတတ်သော ကိုဇော်ဝင်ထွန်း၊ ၊ သန့်ရှင်းရေးကအစ လိုက်လုပ်တတ်သော အသင်းဥက္ကဌ ဦးလှထွန်း၊ ကိုခိုင်နှင့် ကိုမင်းလတ်စသည့် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီကြသော သူများ ရှိနေခြင်းကြောင့်ပါ။ တကယ်တော့ သင်တန်းသင်တန်းဆင်းပွဲမှာ ဆရာတော် မိန့်ကြားခဲ့သလို “စာတတ်တာ မတတ်တာထက်၊ ငါ လုပ်လို့ရတယ်၊ လုပ်နိုင်ခဲ့တယ်” ဆိုတဲ့ စိတ်ဓါတ်လေး မျိုးစေ့ကျသွားဖို့ပါပဲ။ ဒါမှ နောင်ဆိုရင်လည်း အလွယ်တကူ ဒီလိုသင်တန်းမျိုးကို တက်ဖို့ ၀န်မလေးတော့သလို၊ ပရဟိတ လုပ်ငန်းတစ်ခုကို ကူညီလုပ်ကိုင်ဖို့လည်း နှောင့်နေးတာတွေ နည်းသွားမှာပါ။
တကယ်တော့ သင်တန်းချိန်ဟာနည်းသလို ကျောင်းသာ တွေထဲမှာလည်း အပတ်စဉ်ပြည့်အောင် တက်နိုင်တဲ့ ကျောင်းသားဦးရေ နည်းခဲ့ပါတယ်။ ညဆိုင်းဆင်းလို့၊ အိုဗာတိုင်ရှိလို့စသည့် ကိစ္စအမျိုးမျိုးကြောင့် တပတ်မဟုတ် တပတ်တော့ ပျက်တတ်ကြလို့ပါ။ ဒါပေမယ့် ကြိုးကြိုးစားစားနဲ့အားလုံး သင်တန်းဆင်းတဲ့အထိ တက်နိုင်ခဲ့ကြတာကတော့ တကယ့်ကို အားရစရာပါပဲ။ သင်တန်းသင်နေစဉ် ကာလမှာလည်း တစ်လလျှင်တစ်ကြိမ် အလုပ်သမား ဥပဒေနဲ့ ပတ်သက်တာတွေကိုလည်း ရှင်းပြပေးတာတွေရှိပါတယ်။ ဒါကြောင့် ဒီိအပတ်စဉ်ကို မမီတဲ့သူတွေ နောက်အပတ်စဉ် တက်ဖြစ်အောင်တက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
မတ်လ ၁၈ ရက်နေ့မှာ နောက် အပတ်စဉ် ၂ အား စတင်မှာဖြစ်ပြီး အတန်းကို ၃ တန်းခွဲ၍ သင်ကြားရန် စီစဉ်နေပါတယ်။ လုံးဝအခြေခံအဆင့်၊ အခြေခံအဆင့် ၁၊ အဆင့် ၂ တို့ဖြစ်ပြီး သင်တန်းချိန်အားလည်း ၂နာရီမှ ၃နာရီ အထိ တိုးမြင့်ဖို့ ရည်ရွယ်ထားပါတယ်။ သင်တန်းသား ဦးရေနှင့် ကျွမ်းကျင်မှုအဆင့်ပေါ်မူတည်၍ သင်တန်းအမျိုးအစား ကွဲလွဲနိုင်ပါတယ်။ ဒီအပတ် ၁၁ရက်နေ့မှာတော့ သင်တန်းသားများနှင့် ဆရာ/မများ စုပေါင်းပြီး ခရီးတို တစ်ခုထွက်မှာဖြစ်တဲ့ အတွက် နောက် အပတ်ကြမှ စတင်နိုင်ခြင်းဖြစ်ပါကြောင်း။

ကယားလေး

Monday, January 23, 2012

ကိုရီးယားနှစ်သစ်/နှစ်ဦးအလှူ

2012.01.23ရက်နေ့တွင် ကျရောက်သော ကိုရီးယားနှစ်သစ်တွင် ဦးစိန်ဝင်းကြီးမှူး၍ ယန်ဆန်းညီအစ်ကိုများမှ ဖူဆန်းပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်တွင် ပြည်တော်ဦး ဆရာတော်အား နံနက်အာရုံ မုန်ဟင်းခါး နှင့် နေ့ဆွမ်းကိုကပ်လှူ၍ ကြွရောက်လာသောဧည့်သည်များနှင့် မိတ် သင်္ဂဟများကိုလည်း အဟာရကျွေးမွေးဧည့်ခံခဲ့ပါသည်။ထို့နောက် ကြွရောက်လာသောဧည့်သည်တော်များမှလည်း မြန်မာပိုင်ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးအလှူတွင် ပါဝင်လှူဒါန်းသွားကြပြီး ဆရာတော်မှ တရားတော်များ ဟောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍လှူဒါန်းမှု အစုစုအတွက် ရေစက်ချအမျှဝေခဲ့ ပါကြောင်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေရန်~~~




Monday, November 7, 2011

ဓမ္မယာန-မဇ္ဈိမယာန အဖွဲ့ သြ၀ါဒါစရိယ ဆရာတော်ကြီးများ၏ ပေးစာ

... ၁၈-၇-၂၀၁၁ မှ ၁၄-၈-၂၀၁၁ထိ မြန်မာပြည်တွင်းသို. ပြန်ကြွပြီး ဓမ္မယာန မဇ္ဈိမယာနအဖွဲ. မှတ်ပုံတင်ရေး ကိစ္စ ဆောင်ရွက်ခဲ့ပါသည်။ အဖွဲ.၏ သြဝါဒါစရိယ ဆရာတော်များအဖြစ် စောင့်ရှောက် ဆောင်ရွက်တော်မူပါရန် (၁)မန္တလေးမြို. မစိုးရိမ်တိုက်သစ် ဆရာတော်ဘုရားကြီး ၊ (၂)အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ၊ (၃)ကျေးဇူးရှင် မုံရွာစန်းမြသီတာ ဆရာတော်ဘုရားကြီး တို.ကို လျှောက်ထား ခဲ့ရာ ဝမ်းမြောက်ဝမ်းသာ လက်ခံချီးမြှောက်တော်မူခဲ့ကြပါသည်။









... မန္တလေးမြို. မစိုးရိမ်တိုက်ကြီးသုံးတိုက်၏ နာယကချုပ်ဆရာတော်


ဦးရာဇဓမ္မာဘိဝံသ၏ သြ၀ါဒကထာ


လိုကွက်ကိုဖြည့်စွက်ခြင်း မြန်မာနိုင်ငံ၌ နာဂစ်စသော သဘာဝဘေးအန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ မိမဲ့ဖမဲ့ အားကိုးရာမဲ့ ကလေးများ အတော်ပေါများနေကြောင်းသိရ၏။ ယင်းကလေးငယ်များကို အချို့က သားသမီးအဖြစ် အမွေစားအမွေခံ စာချုပ်စာတမ်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြသည်ဟု သိရ၏။ အချို့သံဃာတော်များကလည်း အားကိုးရာမဲ့ကလေးငယ်များကို ကျောင်းတွင်ခေါ်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြသည်ဟုသိရ၏။ ဦးပဏ္ဍိစ္စကား ယင်းသံဃာတော်များကို အားကျဟန်တူသည်။ မိမဲ့ဖမဲ့ကလေးငယ်များကို ထမင်းကျွေးထားပြီး အတတ်ပညာသင်ပေးနေသည်ဟု သိရ၏။ဆန်းကျမ်းဆရာ နိဂုံးနှင့်တစ်ထပ်တည်းတူညီနေ-ပရိယတ္တိလောက၌ ကျမ်းကြီးပဋ္ဌာန်း ကျမ်းငယ်ဆန်းကျမ်းလတ်ဓာတုကထာဟု အဆိုအမိန့်တစ်ခု ရှိ၏။ ကျမ်းကြီးကျမ်းခိုင်တို့တွင် ပဋ္ဌာန်းကျမ်းသည် အခက်ဆုံး ကျမ်းငယ်တို့တွင်ဆန်းကျမ်းသည် အခက်ဆုံး ကျမ်းလတ်တို့တွင် ဓာတုကထာကျမ်းသည် အခက်ဆုံးဟုဆိုလိုသည်။ကျမ်းငယ်တို့တွင်အခက်ဆုံးဖြစ်သည့်ဆန်းကျမ်းကိုရေးသားပြုစုသွားသည့်ကျမ်းပြုဆရာတော်က သူကကျမ်းနိဂုံးတွင်--ပရတ္ထသမ္ပဒနကော ဘဝေယျံ ဇာတိယံ ဟုဆုတောင်းထည့်သွား၏။ အနက်-ဇာတိဇာတိယံ၊ဖြစ်တိုင်းဖြစ်တိုင်းသောဘ၀၌ ပရတ္တသမ္ပာဒနကော၊ သူတစ်ပါးအကျိုးစီးပွားကို ပြီးစေနိုင်သူသည်။ ၀ါ-ပရဟိတလုပ်ငန်းဆောင်ရွက်နိုင်သူသည်။ ဘဝေယျံ၊ ဖြစ်ရလို၏။ အရှင်ပဏ္ဏိစ္စကား ဆန်းကျမ်းဆရာ၏ ကျမ်းပြီးနိဂုံးဆုတောင်းကို အားကျဟန်တူသည်။ သူ့ခေါင်းထဲ၌ ပရဟိတလုပ်ငန်းလုပ်ရန်သာ ဦးနှောက်ရှိ၏။ အခြားဘာမျှစိတ်ကူးမရှိ။ ဖရဟိတလုပ်ငန်းကို ထွန်းထွန်းပေါက်ပေါက်ပြုလုပ်နိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။



အရှင်ရာဇဓမ္မာဘိဝံသ


မစိုးရိမ်တိုက်သစ်


မန္တလေး။



************************************************************



အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ သြဝါဒ


ဓမ္မယာန-မဇ္ဈိမယာန အသင်း အသင်းသူ ၊ အသင်းသားများ ထံ ပေးပို့အပ်သော


သာရဏီယ သြ၀ါဒကထာ
အသင်းဖွဲ့စည်း၍ ကုသိုလ်ကောင်းမှု ပေါင်းစု ပြုလုပ်ကြရာ၌ စုစည်းညီညွတ်မှုသည် အရေးကြီး၏။ စုစည်းညီညွတ်မှု နှစ်မျိုးနှင့်ပြည့်စုံအောင် ကြိုးစားကြရပါမည်။ တစ်မျိုးမှာ စိတ္တသာမဂ္ဂီစိတ်ဓာတ်အားဖြင့်စုစည်းညီညွတ်မှုဖြစ်၏။ဤညီညွတ်မှုသည်အတွင်းစွမ်းအားဖြစ်၍များစွာအရေးကြီး၏။စုစည်းမှုကိုခိုင်မာစေနိုင်၏။ နောက်တစ်မျိုးမှာ ကာယသာမဂ္ဂီ-ဆောင်ရွက်ဖွယ်ရှိသမျှ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းဖြင့် စုစည်းညီညွတ်မှုဖြစ်၏။ ဤညီညွတ်မှုသည်မြင်သာသည့်အပြင်စွမ်းအားဖြစ်သည်။အတွင်းစွမ်းအား အပြင်စွမ်းအားတသားတည်းဖြစ် အောင် ကြိုးစားကြရပါမည်။ အသင်းကိစ္စ၌မိမိဆန္ဒရှေ့တန်းမတင်ရ။အများဆန္ဒအတိုင်းသာဆောင်ရွက်မည်ဟုစိတ်ပိုင်းဖြတ်ထားကြရပါမည်။ အသင်းအဖွဲ့၏ ဦးတည်ချက်နှင့် စည်းမျဉ်းစည်းကမ်းကို အလေးဂရုပြုကြရပါမည်။ ဓမ္မယာန မဇ္စျိမယာန ၏ အကျိုးစီးပွားသည်မိမိ၏အကျိုးစီးပွားဟုနှလုံးထား၍ ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။


ဆရာတော် ဘဒ္ဒ န္တဒေါက်တာနန္ဒမာလာဘိဝံသ

ပါမောက္ခ ချုပ် ဆရာတော်

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
ရန်ကုန်မြို့။


ရေးသူ~~ဒေါ်နန္ဒာ (ဧကမ္ဘာ)

Thursday, September 15, 2011

အလှူတော်မှတ်တမ်း

နဝကမ္မအလှူတော်ငွေစာရင်း



ကိုအေးမြတ်ကို ၃သောင်း ကိုစိုးသိန်း ၁သောင်း၅ထောင်


ကိုအောင်မိုး ၁သောင်း ကိုနေမျိုး ၁သောင်း ကိုစိန်ဝင်း ၁သောင်း


ကိုဇော်ဇော် ၁သောင်း ကိုစောသက်ခိုင် ၁သောင်း


စုစုပေါင်း အလှူတော်ငွေ ၉သောင်း၅ထောင် ပါဝင်လှူဒါန်းသွားကြပါကြောင်း သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါစေသော်~~~

Monday, September 5, 2011

ကိုဟန်မင်းထွန်း၏အကို ကိုကျော်ကျော်ဝင်းကို ရည်စူး၍ (အန်န်ဆောင်းင်)4-9-11

...ရက်လည်ဆွမ်းကပ်ကုသိုလ်

...အန်န်ဆောင်းင် ဆဲဂျူုံးဂုံးဂျို စက်ရုံမှ ကိုဟန်မင်းထွန်းနှင့် သူငယ်ချင်းတစ်စုက ဘူဆန်း ပြည်တော်ဦးဆရာတော်ကို ပင့်ဖိတ်၍ လွန်ခဲ့သော ၇-ရက်က ကွယ်လွန်သည့် ကိုဟန်မင်းထွန်း၏ အကို ကိုကျော်ကျော်ဝင်းအား ရည်စူးသည့် ကုသိုလ်ကောင်းမှုကို ပြုလုပ်ခဲ့ကြပါသည်။

Friday, September 2, 2011

ကိုထွေး၏ဖခင် ဦးဘိုကို ရည်စူး၍ ရက်လည်ဆွမ်းကပ်(ဂွမ်ဂျူး)၂၈-၈-၁၁














ကိုထွေးနှင့်သူငယ်ချင်းများအလှူငွေ (၉၀၀၀၀) ၀မ်..နှင့်..ဂွမ်ဂျူးမြို့ လစဉ်တရားပွဲနှင့်ဆွမ်းကပ်ရန်အလှူငွေထည့်ဝင်သူများစာရင်း....ကိုအောင်ကိုကို.=.၀မ် ၁ သောင်း..ကိုနိုင်စိုး.=.၁ သောင်း..ကိုကျော်နိုင် = ၂ သောင်း..ကိုအောင်ဇော်ဦး = ၁ သောင်း..ကိုသန့် ဇင်ထွန်း = ၁ သောင်း...ကိုသန်းထွေး = ၁ သောင်း...ကိုနေ၀င်းမြင့် = ၁ သောင်း...ကိုသိန်းထွန်းဦး = ၃ သောင်း..ကိုမြတ်မင်းထွန်း = ၁ သောင်း...ကိုထင်ကျော်သူ = ၁ သောင်း...ကိုမြတ်ထူး = ၁ သောင်း..ကိုထွန်းနိုင် = ၁ သောင်း...ကိုမောင်မာ = ၁ သောင်း..ကိုထွန်းထွန်းဦး = ၁ သောင်း..ကိုဝင်းစိုး = ၂ သောင်း..စုစုပေါင်း = ၀မ် 190000
ထည့်ဝင်လှူဒါန်းကြပါတယ်ဘုရား



Wednesday, August 24, 2011

အလှူတော်မှတ်တမ်း

သီးသန့်အလှူရှင်စာရင်း
ယခုလ ဂလပိုင်းတရားပွဲအလှူတွင် လှူဒါန်းကြသော သီးသန့်အလှူရှင်များမှာ
ကိုသက်ခိုင်ထူး(ကိုခိုင်) ၂သောင်း
ကိုစိုးစိုး ၁သောင်း

ကိုမင်းလတ် ၁သောင်း
ဦးလှထွန်း ၃သောင်း
ဦးနေမျိုး ၂သောင်း
ကိုဖြိုးငြိမ်းကျော် ၁သောင်း
မသင်းသင်း ၅သောင်း
ကိုငှေးဝင်းလှိုင် ၁သောင်း
ကိုညီညီစိုး ၁သောင်း
ကိုကျော်မင်းနိုင် ၁သောင်း
ကိုထွန်းလှမိုး ၁သောင်း
ကိုသက်ဝင်းအောင် ၁သောင်း
ကိုမျိုးညွှန့်အောင် ၁သောင်း
ကိုစောသန်းဦး ၅သောင်း
နောက်တိုးအလှူရှင်စာရင်း
ကိုညီညီထွန်း ၁သောင်း
ကိုနိုင်နိုင်ဝင်း ၁သောင်း
ကိုကျော်စိုးဦး ၁သောင်း
ကိုဝေဖြိုးအောင် ၁သောင်း
ကိုကိုကိုဦး ၁သောင်း
စုစုပေါင်း ၃သိန်း၁သောင်း ပါဝင်လှူဒါန်းသွားကြပါကြောင်း သာဓုအနုမောဓနာခေါ်နိုင်ကြပါစေသော်~~~


Monday, July 11, 2011

အန်ဆောင်းညီအကိုများ၏ ဝါဆိုသင်္ကန်းကပ်လှူပွဲ(ဓါတ်ပုံများ)

... ၁၃၇၃ခုနှစ် ဝါဆိုလဆန်း(၁၀)ရက် တနင်္ဂနွေနေ.

...




Tuesday, July 5, 2011

သီးသန့်အလှူရှင်စာရင်း

ဝါဆိုအလှူတော် သီးသန့်အလှူရှင်စာရင်း
ယာန်စန်းစီတီး ၁၁၀၀၀၀
ဦးကျော်ဝင်း ဒေါ်နွဲ့ကြည် ၁၀၀၀၀၀
ကိုဇော်မင်းနိုင် မဇာဇာ သမီး ဇင်ဝတီနိုင် ၁၀၀၀၀၀
mononok မိသားစု ၉၄၀၀၀
စောနေလင်းထွန်း ၁၅၀၀၀
တင်ထွန်းလင်း ၂၀၀၀၀
ကိုလှသိန်း ၁၀၀၀၀
ဦးဥဂ္ဂါမောင် ၅၆၀၀၀
ကိုနေမျိုး ၅၀၀၀၀
ဒယ်ဂူုးအဖွဲ့ ၁၀၀၀၀၀
ရန်ထူးဟန်( ရန်ဆန်းအဖွဲ့ ) ၈၀၀၀၀
ကိုဖုန်း ( U B ) ၅၀၀၀၀
သိုက်ထွန်း ၁၅၀၀၀
ကိုကင်း ၁၀၀၀၀
ရဲဝင်းပိုင် ၁၀၀၀၀
အောင် ၁၀၀၀၀
ဝင်းထွဠ် ၁၀၀၀၀
ကျော်အောင် ၃၀၀၀၀
ပြည့်ဖြိုးငြိမ်း ၂၀၀၀၀
ဆန်းဝင်း ၂၀၀၀၀
ကိုမင်း ၁၀၀၀၀
ကျော်စိုးမိုး ၁၀၀၀၀
့ဖြိုးဝေကျော် ၁၀၀၀၀
ဇော်ဝင်းထွန်း ၅၀၀၀၀
ပေါက်ကျိုင်း ၁၀၀၀၀
အောင်ကိုကိုဦး ၂၀၀၀၀
ကျော်စိုး ၁၀၀၀၀
စိုးတင်အောင် ၁၀၀၀၀
ကျော်သူဟိန်း ၂၀၀၀၀
မြင့်ဝေ ၂၀၀၀၀
အောင်ထင်ကျော် ၅၀၀၀၀
ရဲဝင်းပိုင် ၅၀၀၀
မိုးမင်းအောင် ၂၀၀၀၀
စောသန်းဦးနှင့် သူငယ်ချင်းများ ၁၀၀၀၀၀

ကိုခိုင် ၂၀၀၀၀
မိုးမိုးဦး ၂၀၀၀၀
သိန်းထွန်းအောင် ၂၀၀၀၀
ကိုစိုးသီဟ ၁၀၀၀၀
သက်လွင်ထူး ၁၀၀၀၀
မင်းဦး ၁၀၀၀၀
ကိုဝင်းစိန် ၅၀၀၀၀
ကိုသူရကို ၂၀၀၀၀
ကိုမြင့်ခိုင် ၃၀၀၀၀
သင်္ဘောကျင်းလုပ်သားများ ၇၅၀၀၀
အောင်ကိုကိုမျိုး ၅၀၀၀၀
ဦးထိန်ဝင်း ဒေါ်စန်းနွဲ့ မိသားစု ၅၀၀၀၀
မြင့်သူ ( ဂရောင်းဂျူး) ၂၀၀၀၀
ကောင်းမြတ် ၂၀၀၀၀
ကိုဝင်းမြင့် ၁၀၀၀၀
ဟန်မင်းသန့် ၃၀၀၀၀
မင်းချမ်းမွှေး ၅၀၀၀၀
ဇော်မင်းနိုင် ထွန်းအုန်း ၃၀၀၀၀
ကိုကျော်အောင်မိုးလွင်နှင့် သူငယ်ချင်းများ ၇၀၀၀၀
သန်းထွဠ်ဦး ၁၀၀၀၀
ကိုမြတ်စိုး ၂၀၀၀၀
ဦးအောင်တင် ၁၀၀၀၀
စေတနာရှင်တစ်ဦး ၁၀၀၀၀
ကိုနေစိုး ၁၀၀၀၀
ကိုအောင်နိုင်ဝင်း မိသားစု ၁၀၀၀၀
ကိုသီဟသူ ၂၀၀၀၀
ဇော်မင်းဦး ၁၀၀၀၀
ကျော်လင်းထွန်း ၁၀၀၀၀
ကိုဟန်အောင် ၂၀၀၀၀
စိုးသိန်း စိုးမင်းနိုင် ၅၀၀၀
စုစုပေါင်း အလှူတော်ငွေ ၁၉၈၅၀၀၀
မမေမွန်သိမ့်ဦး(မိဘနှစ်ပါး အမှူးထား၍) ၁၀၀၀၀၀
ကိုမင်းညီ(မဇ္ဈိမယာန အဖွဲ့အတွက်) ၁၂၀၀၀၀
ကိုစိုးမိုး(ဂွမ်ဂျူး) ဆန်တစ်အိတ်
ကိုဇော်ဦးဆေး(၇)တွဲ

ဝါဆိုသင်္ကန်းအလှူရှင်များစာရင်း

၁။ဦးအေးရွှေ ဒေါ်မြင့်မြင့်စန်း ၃၀၀၀၀
၂။မျိုးသန်းထိုက် ၃၀၀၀၀
၃။အောင်ကျော် ၃၀၀၀၀
၎။ကိုခိုင် ၃၀၀၀၀
၅။မိုးမိုးဦး (ဒယ်ဂူး) ၃၀၀၀၀
၆။သက်စိုးမိုး ၃၀၀၀၀
၇။စောသန်းဦး ၃၀၀၀၀
၈။ဟန်မျိုးကျော် မသဇင် ၃၀၀၀၀
၉။ဝင်းစိန် ၃၀၀၀၀
၁၀။ကိုနေလင်းဇော် မ၀င်းအိဖြူ ၅၀၀၀၀
၁၁။ထက်မင်းသူ ၃၀၀၀၀
၁၂။ထွန်းကိုကို ၃၀၀၀၀
၁၃။ကျော်စိုးဝင်း ၃၀၀၀၀
၁၄။အေးချမ်း ၃၀၀၀၀
၁၅။အောင်စိုးလင်း ၃၀၀၀၀
၁၆။သက်အောင် ၃၀၀၀၀
၁၇။မင်းမင်း ၃၀၀၀၀
၁၈။ကျော်ကျော်မြင့် ၅၀၀၀၀
၁၉။ကိုတင်ဇော်လင်း မ၀ါဝါချို ၃၀၀၀၀
၂၀။ဇော်မင်းနိုင် ၊ ထွန်းအုံး ၃၀၀၀၀
၂၁။ကိုကျော်မင်းစိုး မစုစုဝင်း ၆၀၀၀၀
၂၂။ကျော်စိုးဝင်း ၃၀၀၀၀
၂၃။ကျော်စန်းလှိုင် ၃၀၀၀၀
၁၄။မင်းလတ် ၃၀၀၀၀
၁၅။ကျော်ထက်သူ ၃၀၀၀၀
၁၆။သက်နိင်ဦး ၃၀၀၀၀
၁၇။အောင်နေသန့် ၃၀၀၀၀
၁၈။စောဝင်းကျော် ၃၀၀၀၀
၁၉။ကိုညွန့်ဝင်း ၃၀၀၀၀
၂၀။က်ုရဲထွဠ် မအိအိဖြိုး ၃၀၀၀၀
၂၁။၇ှမ်းကြီး (ကိုတင်မောင်ထွန်း) ၃၀၀၀၀
၂၂။ကိုညီ ၃၀၀၀၀
၂၃။မင်းဇော် ၃၀၀၀၀
၂၄။ကိုတင် ၃၀၀၀၀
၂၅။မင်းညီ ၉၀၀၀၀
၂၆။ညွန့်လှိုင်ဝင်း ၃၀၀၀၀
၂၇။ကိုကျင်စိန် ၃၀၀၀၀
၂၈။ကိုမင်းနိုင် (မိသားစု) ၃၀၀၀၀
၂၉။ကိုမင်းမင်း ၃၀၀၀၀
၃၀။မောင်ဇော်ဇော် ၃၀၀၀၀
၃၁။ဖိုးဇော် ၃၀၀၀၀
၃၂။မျိုးညွန့်အောင် ၃၀၀၀၀
၃၃။ယာန်စန်း မှ ညီအစ်ကိုမျိုး ၉၀၀၀၀
၃၄။လွင်မင်းထိုက် ၃၀၀၀၀
၃၅။ကိုသက်ဦးမောင် ၃၀၀၀၀
၃၆။ကိုခင်မောင်ဝင်း (မိသားစု) ၃၀၀၀၀
၃၇။မောင်ဇော်မြင့်နိုင် ၅၀၀၀၀
၃၈။ကျော်မင်းနိုင် ၃၀၀၀၀
၃၉။ထွန်းလှမိုး ၃၀၀၀၀
၄၀။နန္ဒကိုကို ၃၀၀၀၀
၄၁။ပြည့်ဖြိုး (အဖွဲ့ ) ၃၀၀၀၀
၄၂။အေးမြတ်ကို ၃၀၀၀၀
၄၃။ညီညီဝင်း ၃၀၀၀၀
၄၄။ကိုသက်နိုင်ထွန်း ၃၀၀၀၀
၄၅။အောင်နိုင်လင်း ၃၀၀၀၀
၄၆။ရန်နောင်စိုး ၃၀၀၀၀
၄၇။လှမင်းထွန်း ၃၀၀၀၀
၄၈။ဒေါက်တာဦးကိုလေး ၃၀၀၀၀
၄၉။ ဦးလှထွန်း ` ၃၀၀၀၀


စုစုပေါင်း ၂၀၀၀၀၀၀






Saturday, June 25, 2011

ဝါဆိုသင်္ကန်းကပ်အလှူတော်မင်္ဂလာ ( ဂွမ်ဂျူး )


ဂွမ်ဂျူးရှိ မြန်မာ ညီအကိုများစုပေါင်း၍ ပြည်တော်ဦးဆရာတော်အား ဝါဆိုသင်္ကန်းကပ်လှူသည့် အလှူတော်မင်္ဂလာကို ၂၆.၆.၂၀၁၁ (တနင်္ဂနွေ)နေ.တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဂွမ်ဂျူးရှိ မြန်မာ ညီအကိုများမှ ၀ါဆိုသင်္ကန်း (၁)စုံ၊ န၀က္မ အလှူတော်ငွေ ၀မ် ၂ သိန်း ၊ ကိုအောင်မြင့်ထွန်း+မစောကြူ မိသားစု မှ ၀မ် ၁ သိန်း ၅ သောင်း ၊ ချန်းဟို မှ သူငယ်ချင်းများက ၀မ် ၈ သောင်း စသည်ဖြင့် စုစုပေါင်းအလှူတော်ငွေ ၄ သိန်း ၃ သောင်းကို ထည့်ဝင်လှူဒါန်းသွားပါကြောင်း။
သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ





Sunday, May 29, 2011

အလှူတော်မှတ်တမ်း
















လစဉ် ဂွမ်ဂျူးတရားပွဲ




လစဉ်ပြုလုပ်မြဲဖြစ်သော ဂွမ်ဂျူးတရားပွဲကို ၅.၂၉.၂၀၁၁ (တနင်္ဂနွေနေ့)တွင်ပြုလုပ်ကျင်းပခဲ့ပြီး ထိုနေ့တွင် သီသန့်အလှူရှင်များအနေဖြင့် ကိုအောင်ဇော်ဦး ၁သောင်း ကိုစိုးမိုးအောင် ၂သောင်း ကိုမင်းသူ ၁သောင်း ကိုနိုင်စိုး ၁သောင်း ကိုသန်းထွေး ၁သောင်း ကိုဝင်းစိုး ၁သောင်း ကိုထွန်းလင်းဦး ၁သောင်း ကိုကျော်နိုင် ၁သောင်း ကိုဇော်ဝင်းနိုင် ၁သောင်း ကိုကျော်မိုး ၁သောင်း ကိုရဲလျှံထွန်း ၁သောင်း ကိုစောခိုင်ဝင်း ၁သောင်း ကိုပေါ်ထွန်းငြိမ်း ၁သောင်း ကိုအောင်ကိုကို ၁သောင်း ကိုမောင်မာ ၁သောင်း ကိုရဲမင်းအောင် ၁သောင်း ကိုမောင်မောင်လွင် ၁သောင်း ကိုစစိုးမင်းဌေး ၁သောင်း စသည်ဖြင့် စုစုပေါင်း အလှူငွေ ၁သိန်း၉သောင်း ထည့်ဝင်လှူဒါန်းသွားကြပါကြောင်း သာဓုအနုမောဓနာခေါ်ဆိုနိုင်ကြပါစေသော်~~~


ဖြူဖြူ

အလှူတော်မှတ်တမ်း

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့အလှူတော်မှတ်တမ်း














ဗုဒ္ဓနေ့ အလှူတော်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး နဝက္မ အလှူတော်ငွေများကိုလည်းထည့်ဝင်လှူဒါန်းသွားကြရာ...ကိုသက်လွင်ထူး ၁သောင်း ကိုအောင်ကျော်လွင်မိုး ၂သောင်း ကို မိုးလှိုင်ဦး ၁သောင်း ကိုအေးမင်းဦး ၁သောင်း ကိုစိုးသီဟ ၁သောင်း ကိုဝင်းစိန် ၁သောင်း ကိုသက်ခိုင်ထူး ၂သောင်း ကိုကျော်ထက်သူ ၁သောင်း ကိုတိုင်းဝင်း ၁သောင်း ကိုသိန်းသန်းထွန်း ၁သောင်း ကိုညီဝင်းမြင့် ၂သောင်း ကိုတင့်လွင်ဦး ၁သောင်း ဦးလှထွန်း ၃သောင်း ကိုမောင်မောင်လွင် ၂သောင်း ကိုနိုင်ထူးအောင် ၂သောင်း ကိုသန်းကျော်လင်း ၂သောင်း ကိုဟန်မျိုးကျော် ၂သောင်း ကိုဇော်ဝင်းထွန်း ၁သောင်း ...စသည်ဖြင့် စုစုပေါင်း အလှူတော်ငွေ ၃သိန်းကိုထည့်ဝင်လှူဒါန်းသွားကြပါကြောင်း သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ~~~

အလှူတော်မှတ်တမ်း

လစဉ်အလှူရှင် စာရင်း(မေလ)

ကိုမြင့်ခိုင်(ဖူဆန်း) သောက်ရေသန့် ရေပူ/ရေအေး ၅၀,၀၀၀ ဝမ်
ကိုရဲသီဟ(ဂွမ်ဂျုး) စတုပစ္စယဒါန ၂၀,၀၀၀ ဝမ်
ကိုလှထွန်း(ဖူဆန်း) လျှပ်စစ်မီး ၃၀,၀၀၀ ဝမ်
ကိုဇော်သူရ(ကင်မ်ဟဲ) အင်တာနက်ဖုံး ၃၀,၀၀၀ ဝမ်
ကိုလင်းလင်း + မဝင်းအိဖြူ(ကင်မ်ဟဲ) ဒိုရှီးဂတ်စ် ၁၅,၀၀၀ ဝမ်
ကိုကျော်လှိုင်ထွန်း (ဘူဖျောင်းင်) စတုပစ္စယ ဒါန ၂၀,၀၀၀ ဝမ်

Sunday, April 24, 2011

ဘုရားအနေကဇာတင် (မိဘမေတ္တာ - ကင်မ်ဟဲ)

၂၄.၄.၂၀၁၁ တနင်္ဂနွေနေ့ တွင် ကင်မ်ဟဲမြို့နေ ကိုနေလင်းဇော် + မဝင်းအိဖြူ တို့မှ ဘုရားအနေကဇာတင် အိမ်တက်မင်္ဂလာကိုပြုလုပ်ကျင်းပခဲ့ရာ ပြည်တော်ဦးဆရာတော်အား နေ့ဆွမ်းဆက်ကပ်၍ ကြွရောက်လာကြသော ဧည့်သည်များကို ကော်ရည်ခေါက်ဆွဲဖြင့်က္ဈေးမွေး ဧည့်ခံပြီး မိဘမေတ္တာ မြန်မာစားသောက်ဆိုင် ကိုပါဖွင့်လှစ်ခဲ့ပါကြောင်း~~~~




ထိုနေ့တွင် လာရောက်ကြသော ဧည့်သည်များမှလည်း နဝက္မအလှူငွေများထည့်ဝင်လှူဒါန်းသွားကြပါသည်။








အလှူရှင်များမှာ




ကိုသက်လွင်ထူး ၁သောင်း ဝမ်




ကိုမိုးလှိုင်ဦး ၁ သောင်း ဝမ်




ကိုစိုးသီဟ ၁ သောင်း ဝမ်




ကိုအေးမင်းဦး ၁ သောင်း ဝမ်




ကိုဝင်းစိန် ၁ သောင်း ဝမ်






(ဖြူဖြူ)

Saturday, April 23, 2011

သီးသန့်အလှူရှင်စာရင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့ အလှူတွင် ထည့်ဝင်လှူဒါန်းကြသော နဝက္မအလှူရှင်စာရင်း
ကိုရီးယား ဒကာ ၃၀,၀၀၀ ဝမ်
ကိုရှမ်းကြီး ၁၀,၀၀၀ ဝမ်ကိုနေမျိုး ၁၀,၀၀၀ ဝမ်
ကိုညွှန့်လှိုင် ၁၀,၀၀၀ ဝမ်
ကိုကျော်ကျော်လွင် ၁၀,၀၀၀ ဝမ်
ကိုမင်းမင်း ၁၀,၀၀၀ ဝမ်
ကိုဇော်ဝင်းထွန်း ၁၀,၀၀၀ ဝမ်
ကိုမြင့်ခိုင် ၁၀,၀၀၀ ဝမ်
ကိုသန့်ဇင် ၁၀,၀၀၀ ဝမ်
ကိုတင်ထွန်းလွင် ၂၀,၀၀၀ ဝမ်
ကိုကျော်လင်းထွန်း ၁၀,၀၀၀ ဝမ်
ကိုစိန်ဝင်း ၁၀,၀၀၀ ဝမ်
ကိုမြစိုး ၂၀,၀၀၀ ဝမ်
ကိုမျိုးဇော်ထွန်း ၂၀,၀၀၀ ဝမ်
ကိုမျိုးမင်းအောင် ၃၀,၀၀၀ ဝမ်
ကိုအောင်မျိုးခိုင် ၃၀,၀၀၀ ဝမ်
စုစုပေါင်း ၂သိန်း ၅သောင်း ထည့်ဝင် လှူဒါန်းသွားကြပါသည်။ သာဓု သာဓု သာဓု~~~

သမီးလေး ၄၅ရက်ပြည့် မွေးနေ. ကုသိုလ်

မွေးနေ့အလှူ











သမီးလေး ဇင်ဝတီနိုင်၏ ၄၅ရက်ပြည့် မွေးနေ့ကိုဖေဖေ ကိုဇော်မင်းနိုင်(မြန်မာ သူကြီး။ ဖူဆန်း) နှင့် မေမေ မဇာဇာ တို့မှ ၂၁.၄.၂၀၀၁ တွင် ပြည်တော်ဦး ဆရာတော် ဘုရားအား နေ့ဆွမ်းဆက်ကပ်၍ နဝက္မ အလှူတော်ငွေကို လာရောက်လှူဒါန်းသွားပါကြောင်း သာဓုအနုမောဓနာခေါ်နိုင်ကြပါစေသော်~~~


(ဖြူဖြူ)

Wednesday, April 13, 2011

သီးသန့်အလှူရှင်စာရင်း

သီးသန့်အလှူရှင်များ

ကိုဟန်ဝင်းအောင် ၂၀၀,၀၀၀ ဝမ်


ကိုနေမျိုး ၅၀,၀၀၀ ဝမ်


ကိုကျော်စွာ ၃၀,၀၀၀ ဝမ်


ဦးမောင်မောင်မြင့်+ဒေါ်ခင်ခင်လှ မိသားစု ၁၀၀,၀၀၀ ဝမ်


ကိုသန့်ဇင် ၅၀,၀၀၀ ဝမ်

Share

Twitter Delicious Facebook Digg Stumbleupon Favorites More