ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ September 2010 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Monday, September 20, 2010

တရားတော်နာ ဖိတ်ကြားလွှာ

...လစဉ်ကျင်းပမြဲဖြစ်သော ဖူဆန်းတရားပွဲကို ဆဋ္ဌမအကြိမ်အဖြစ်ကျင်းပ ဓမ္မဒါနပြုရာဝယ် သံဃာတော်အရှင်မြတ်တို.ကို ဆွမ်းခဲဘွယ်တိုဖြင့် ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို.အားလည်း အာလူးပူရီဖြင့် ဧည့်ခံကျွေးမွေး၍ အာဟာရဒါန ကုသိုလ် ပြုလိုပါသဖြင့် ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

...ချူးဆော့က်တရားပွဲ ဆွမ်းအာဟာရဒါန ကုသိုလ်ရှင်များ
ကိုလှထွန်း (ဖူဆန်း)
ကိုခိုင် (ကင်မ်ဟဲ)
ကိုဝင်းစိန် (ကင်မ်ဟဲ)

ကိုပေါက်ကျိုင်း (ကင်မ်ဟဲ)

နေရာ။ ။ 전등사 보타원 ( ဂျောန်ဒူးင်ဆာ ဘိုထာဝေါန် )
578# 서구 서 대신동 3가(ဆောဒဲရှင်းဒုံးင် ဂိတ်၃)

အချိန်။ ။ ၂၃ရက် (၉)လ ၂၀၁၀။ ကြာသပတေးနေ.။
ဆွမ်းကပ် နံက် (၁၁)နာရီ
ဧည့်ခံကျွေးမွေး နေ. ( ၁ )နာရီ ထိ
တရားနာ နေ. (၂ ) နာရီ

2010년 9월 20일 오후 5시 39분

Sunday, September 12, 2010

ဆဋ္ဌမအကြိမ် ဖူဆန်းတရားပွဲ(ချုးဆော့က်)

... ဖူဆန်းတရားပွဲ နေ.ရက်၊ နေရာ အပြောင်းအလဲနှင့် လမ်းညွှန်

တရားပွဲကို ကျင်းပမြဲ တတိယ တနင်္ဂနွေနေ. အစား ဓမ္မမာမက ရွှေမြန်မာအားလုံး လာရောက်နိုင်ရန် ချူးဆော့ပိတ်ရက် ၂၃-၉-၁၀ ကာသပတေးနေ. နေ.(၂)နာရီ အချိန်တွင် ဆောဒဲရှင်းဒုံင် ဂျောန်ဒုံးင်ဆာ ကျောင်း၌ ကျင်းပပြုလုပ် ပါမည်။
ယခင် တရားပွဲကျင်းပရာ ဗုဒ္ဓဘာသာ အသင်းတိုက်မှာ ချုးဆော့က် ပိတ်ရက် အတွင်း သက်ဆိုင်သူအားလုံး မိဘရပ်ဋ္ဌာန် ပြန်ရောက်နေကြ၍ အသုံးပြုဖို.ရန် အခက်အခဲ ရှိနေသောကြောင့် ဖြစ်ပါသည်။
ယခုကျောင်းသည်လည်း ပြည်တော်ဦးဆရာတော်ကို ပထမဆုံးအကြိမ် ကိုရီးယားသို. ပင့်ဆောင်၍ မိဘသဖွယ်စောင့်ရှောက်ခဲ့သော မြန်မာအပေါ် အင်မတန် သံယောဇဉ်ကြီးသည့် ဟန်ဘိုကွမ်းဘုန်းတော်ကြီး၏ ကျောင်းဖြစ်ပါသဖြင့် လွတ်လပ်ငြိမ်းချမ်းစွာ ကုသိုလ်ဆည်းပူးနိုင်သော နေရာကောင်း တစ်ခုဖြစ်ပါသည်။

မြေအောက်ရထား နံပါတ် (၁)လိုင်း 서대신동 역 ဂိတ်နံပါတ် (၃)မှ ထွက်ရန်
ထွက်ပေါက်ဘယ်ဘက်ကပ်လျက် ပလက်ဖောင်းအတိုင်း အထက်သို. မိနစ်ဝက်ခန်.လျှောက်ပြီး ပထမဆုံး ညာချိုးသည့်လမ်းသွယ်အတိုင်း လျှောက်လျှင် ၅မိနစ် အတွင်းရောက်ပါသည်။

လိပ်စာ
578# 전등사 (보타원)
부산시 서구 서대신동 3가
051-243-0048~9

Saturday, September 11, 2010

ကိုရီးယားက ဘုန်းကြီးစာသင်သား (၃)

...10년 9월 11일 23시 17분 52초
၉လပိုင်း ၁ရက်နေ.ကစလို. ကျောင်းပြန်ဖွင့်တယ် ဆိုကတည်းက စာပိသွားတာ စာရေးဖို. ဘလော့ဂ်ဘက်ကို မလှည့်နိုင်တော့ဘူး။ မဟာဝိဇ္ဖာ ပထမနှစ်ရဲ.ဒီ ဒုတိယပိုင်း စာသင်နှစ်ကနေစပြီး Early Childhood Education ကို မေဂျာအနေနဲ. ပြောင်း ယူဖြစ်သွားပါတယ်။ ကျောင်းစတက်တုန်းက International & Area Studies မေဂျာနဲ. ကျောင်းဝင်ခွင့် ရခဲ့တာပါ။ အဲဒီတုန်းကတော့ တရုတ်ကို အဓိက လေ့လာမယ် စိတ်ကူးပြီး ယူခဲ့ပေမယ့် ပထမနှစ်ဝက် တစ်လျှောက်လုံး E.C.E ကို မိုင်နာအနေနဲ. လုပ်ရင်းက စိတ်ဝင်စားလို. မေဂျာကို လုံးဝ ပြောင်းလိုက်ပါတော့တယ်။

...E.C.E အပါအဝင် ပညာရေးတက္ကသိုလ်ရဲ. မေဂျာတိုင်းဟာ ဒဿနိကဗေဒ၊ စိတ်ပညာနဲ. လူမှုရေးပညာ တွေကို အခြေခံတာမိုလို. ဘုန်းကြီးတွေ အင်မတန် လေ့လာသင့်ပါတယ်။ ဒုတိယ စာသင်နှစ်ဝက်မှာ parent consouling နဲ. parent education ဆိုတဲ့ ဘာသာမျိုးတွေပါ ပါလာတော့ တော့တော့ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဲဒီဘာသာကို သင်တဲ့ ပါမောက္ခကိုပဲ ဘုန်းကြီးရဲ. ကျမ်းစာကို ကြီးကြပ်သူ စူပါဗွိုက်စာအဖြစ် ရွေးထားပါတယ်။ သူက ဘုန်းကြီးရဲ. ယောဂီလည်း ဖြစ်လို. တစ်ယောက်တလှည့် ဆရာလုပ်ကြရတာလို. ဆိုရမှာပေါ့လေ။
ဒီစာသင်နှစ်ဝက်မှာ ပြီးခဲ့တဲ့ စင်မ်စတာထက် ပိုပြီး ပင်ပန်းစရာဖြစ်လာပါတယ်။ နိုင်ငံခြားသား ကျောင်းသား တွေ TOPIK advance အဆင့် အောင်လက်မှတ် သော်လည်းကောင်း TOEFL သော် လည်း ကောင်း ရှိရမယ်။ မရှိရင် မဖြစ်မနေ ကိုရီးယားဘာသာ ၂ဘာသာယူရမယ်။ အနည်းဆုံး ဂရိတ်Bရမှ ကျမ်းရေးခွင့် ရှိတယ် ဆိုတဲ့ စည်းကမ်းချက်အရ ကိုရီးယား ၂ဘာသာ ပိုယူလိုက်ရလို. တပတ်ကို ၅ရက် လုံးလုံး ကျောင်းတက်နေရပါတယ်။ တနင်္လာနဲ. သောကြာက ကိုရီယားစာ၊ ကျန်တဲ့ သုံးရက်ကတော့ မေဂျာဘာသာတွေပေါ့လေ။
အပတ်စဉ် ဗုဒ္ဓဟူးနဲ. စနေနေ. ည ၇နာရီကနေ ၉နာရီအထိ ကိုရီးယားယောဂီ တွေကို တရားဟောတရားပြ ကလည်း ရှိနေတယ်။ လစဉ် ဒုတိယ တနင်္ဂနွေ ဂွမ်ဂျူးနဲ. တတိယ တနင်္ဂနွေ ဖူဆန်း တရားပွဲ လုပ်တယ်။ ကြားထဲမှာ ဟိုကဒီက ပင့်တဲ့တရားပွဲ လေးတွေ လိုက်ဟောလိုက်သေးတယ် ဆိုတော့ တော့တော့ကို မြိုင်နေတာပေါ့။ မကြာခင် ၁၀လပိုင်းမှာ ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော် ဒုတိယအကြိမ် သင်တန်း စရတော့မယ်။ သင်တန်းသား စာရင်းတောင် ရောက်နေ ပါပြီ။ အလုပ်ချစ်သူအတွက် မောတော့မောတာပေါ့။ ဒါပေမယ့် မမောဘူး ဆိုပါစို.။ ခက်တာက ကျောင်းစာက မမောဘူးဆိုရုံနဲ. ပြီးတာမဟုတ်တော့ ဟန်သာ လုပ်နေ ရတယ် သိပ်တော့ မခံနိုင်လှဘူဗျား။
စိတ်မောစရာလေးတွေ အသာထား စာသင်နှစ်ဝက်အစမှာ ပထမဆုံး heart ထိတဲ့ အကြောင်းအရာလေးကို ဝေမျှ ချင်ပါတယ်။ ၂၁ရာစုအဝင်မှာ ကမ္ဘာ့ ပညာရေး ထိပ်တန်း နိုင်ငံတွေက “ပညာရေးနဲ. လူသားရင်းမြစ်ကို ဖွံ.ဖြိုးစေခြင်းသည်သာလျှင် နိုင်ငံရဲ. စီးပွားရေးတိုးတက်စေခြင်းရဲ. အဓိကအကြောင်းအရင်း ဖြစ်သည်” ဆိုတဲ့ အမြင်အပေါ် အာရုံစိုက်နေကြတယ်လို. ဆိုပါတယ်။ Highscope Perry Preschool သုတေသနရဲ. တွေ.ရှိချက်က အဆင့် အတန်းမြင့်တဲ့ မူကြိုကျောင်းမှာနေခဲ့ရ ပညာသင်ခဲ့ရတဲ့ သူတွေဟာ ၁ဒေါ်လာရင်းရင် ၇.၁၆ဒေါ်လာ ရှာနိုင်တယ် ဆိုတဲ့ ရလဒ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုသုတေသနရလဒ်တွေကို အခြေခံပြီး ကမ္ဘာ့ စီးပွားရေး ရှေ.ပြေး ဦးဆောင် ထိပ်တန်းနို်င်ငံတွေဟာ နိုင်ငံရဲ. စီးပွားရေးကို တိုးမြှင့်နိုင်ဖို. မူကြိုပညာရေးမှာ အထူးပိုပြီး ရင်းနှီးမြှုပ်နှံဖို. ပညာရေး စီမံကိန်းသစ် တွေ အပြိုင်အဆိုင်ဆွဲနေကြပါသတဲ့။
ဘုန်းကြီးတို. ရွှေမြန်မာတွေလည်း နေသာသလိုမနေကြဘဲ သေချာတဲ့ အနာဂါတ် အတွက် ကလေး ပညာရေးမှာ နောက်မကျန်အောင် ရင်းနှီးမြှုပ်နှံသင့်လှပါကြောင်း။

Sunday, September 5, 2010

ဂွမ်ဂျူးတရားပွဲ

ဆဋ္ဌမအကြိမ်မြောက် တရားပွဲ (၁၂-၉-၁၀)

...လစဉ် ဒုတိယအပတ် တင်္နဂနွေနေ.တိုင်း ကျင်းပမြဲဖြစ်သော ဂွမ်ဂျုးတရားပွဲကို (၁၂-၉-၁၀) နေ.တွင် ဆဋ္ဌမအကြိမ်အဖြစ် ကျင်းပပြုလုပ်ပါမည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More