ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ pyidawoo: ဖိတ်ကြားလွှာ

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Friday, June 15, 2012

ပြည်တော်ဦး(ဓမ္မယာန) ကျောင်းသစ်ဖွင့်ပွဲ နှင့် ငါးလွှတ်ပွဲဖိတ်ကြားလွှာ

ပြည်တော်ဦး(ဓမ္မယာန) ကျောင်းသစ်ဖွင့်ပွဲ နှင့် ငါးလွှတ်ပွဲဖိတ်ကြားလွှာ
နာယက ကမ္မဌာနာစရိယ ပြည်တော်ဦးဆရာတော် အရှင်ပဏ္ဍိစ္စ၏ ဦးဆောင်မှု့ဖြင့် ကိုရီးယါး
နိုင်ငံရောက် ရွှေမြန်မာညီအကိုမောင်နှမများ စုပေါင်းကျင်းပသော ပြည်တော်ဦး(ဓမ္မယာန)
ကျောင်းသစ်ဖွင့်ပွဲ နှင့် ငါးလွှတ်ပွဲကို အောက်ပါ အစီအစဉ်အတိုင်း
ကျင်းပပြုလုပ်မည် ဖြစ်ပါ
သဖြင့် ကြွရောက်ပါဝင်ဆင်နွှဲပေးကြပါရန် လေးစားစွာ တိုက်တွန်း
နှိုးဆော်ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့် အစီအစဉ် ...
အချိန် ... ... နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ ။
နေ့ရက် ... ... ၁၇ ရက် ၆ လ ၂၀၁၂ ခုနှစ် ( တနင်္ဂနွေနေ့ )
နေရာ ... ... 부산광역시 사상구 주례 1동 688-12
31, 33, 61, 62, 138-1 ဘတ်စ်ကားများစီး၍ 주례 1동주민센터
မှတ်တိုင်တွင် ဆင်းပါ။
အထူးအစီအစဉ်အဖြစ် ဂင်မ်ဟဲမြို့နှင့် နုတ်ဆန်းမြို့မှ
ရွှေမြန်မာညီအကိုမောင်နှမများအတွက်
မီနီဘတ်စ်များ စီစဉ်ပေးထားပါသည်။ ယင်းနေ့နံနက် သတ်မှတ်အချိန် သတ်မှတ်နေရာများတွင်
စောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ။ အသေးစိတ်အချက်အလက်မျာကို အောက်ပါ
ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည် ..။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ ..
ဂင်မ်ဟဲတာဝန်ခံ .. ကိုလွင် ( ၀၁၀ - ၂၅၄၁ - ၉၄၆၄ )
ကိုခိုင် ( ၀၁၀ - ၂၇၁၂ - ၀၈၇၇ )
ကိုလင်းလင်း ( ၀၁၀ - ၃၁၆၁ - ၂၂၁၀ )
ကိုဇော်ဝင်းထွန်း ( ၀၁၀ - ၆၆၀၅ - ၄၆၉၃ )

နုတ်ဆန်းတာဝန်ခံ .. ကိုမျိုးအောင် ( ၀၁၀ - ၆၈၇၃ - ၀၂၆၁ )
ကိုမင်းလတ် နှင့် ကိုအောင်နေသန့် ( ၀၁၀ -၈၄၂၂ - ၄၀၂၉ )
ကိုရဲထွဋ် ( ၀၁၀ - ၃၂၆၅ - ၄၂၉၄ )
ဘူဆန်တာဝန်ခံ .. ကိုမင်းညီ ( ၀၁၀ - ၅၈၀၈ - ၁၇၉၂ )
ကိုခန့်နေသူတိုး ( ၀၁၀ - ၂၉၉၀ - ၃၀၇၀ )

Wednesday, May 9, 2012

ဂေါ်ဂျယ် ဒေ၀ူ သင်္ဘောကျင်းမှ မြန်မာလုပ်သား တစ်ဦး ရုတ်တရတ်ကွယ်လွန်

ဂေါ်ဂျယ် ဒေ၀ူ သင်္ဘောကျင်းတွင် အလုပ် လုပ်ကိုင်နေသော ကိုတင်ထွန်းဦး(အသက် ၃၀)သည် ၂၀၁၂ခုနှစ် မေလ ၆ရက် တနင်္ဂနွေနေ့ နံနက် ၆ နာရီဝန်းကျင်တွင် ဘူဆမ်မြို့ရှိ နှလုံးအထူးကု ဆေးရုံတစ်ခုတွင် ရုတ်တရတ် ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ပါသည်။
ကွယ်လွန်သူ ကိုတင်ထွန်းဦးမှ မွန်လူမျိုးဖြစ်ပြီး၊ ပရပ်(စ်)စက်ရုံတွင် အလုပ်လုပ်ရာနေရာမှ လက်တွင်ထိခိုက် ဒါဏ်ရာရရှိပြီး ခွဲစိတ်အထူးကုဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဦးလေးဖြစ်သူ ဦးသိန်းလွင်အား ကူညီရန်အတွက် တစ်လခန့် သွားရောက်၍ အနီးကပ် စောင့်ရှောက်ပေးခဲ့ပါသည်။ ဆေးရုံမှာ ဘူဆမ်မြို့တွင်ရှိပြီး တစ်လပြည့်ပြီးတွင် တစ်ပတ်ခန့် မိမိစက်ရုံသို့ အလုပ်လုပ်ရန် ဂေါ်ဂျယ်သို့ ပြန်သွားခဲ့သည်။ ထို့နောက် စနေနေ့ည အလုပ်ဆင်းပြီးနောက် ဆေးရုံသို့ ပြန်လာရောက်၍ ညအိပ်စောင့်ပေးခဲ့ပါသည်။ တနင်္ဂနွေနေ့၊ နံနက် ၅နာရီခန့်တွင် အိပ်ယာထ၊ မျက်နှာသစ်သည်အထိ ပုံမှန်အကောင်းတိုင်း ဖြစ်သည်။ ထို့နောက် ဦးသိန်းလွင်၊ ဦးအောင်ဆန်းဦး အတူရှိနေရာမှ ရုတ်တရတ် အသက်ရှူကြပ်ပြီး နှလုံခုန်ရပ်သွားခဲ့သည်။ ဆေးရုံရှိ အရေးပေါ်ဌာနမှ အောက်စီဂျင်ပေးခြင်း၊ အသက်ရှူ ကိရိယာများ အသုံးပြု၍ ပြန်လည် အသက်ရှူလာစေရန် ကြိုးစာခဲ့သော်လည်း မရနိုင်သည့် အဆုံးတွင် အနီးရှိ နှလုံးအထူးကု ဆေးရုံသို့ ပေးပို့ခဲ့ပါသည်။ သို့သော် ၎င်း နှလုံးဆေးရုံသို့ ရောက်ပြီးနောက် ကိုတင်ထွန်းဦးမှာ အသက်ဆုံးရှုံးခဲ့ရပါသည်။ ဆေးရုံမှ ဆေးစစ်ချက်မှာ နှလုံရုတ်တရတ် ရပ်သွားခြင်း ဖြစ်ပြီး၊ ဖခင်ဖြစ်သူမှာလည်း အိပ်ယာထဲတွင် အိပ်နေရာမှ ရုတ်တရတ် ဆုံးပါခဲ့ခြင်းကြောင့် မျိုးရိုးဗီဇကြောင့်ဟု ကောက်ချက်ချခဲ့ပါသည်။

ထို့နောက် မေလ ၇ ရက်၊ တနင်္လာနေ့ နံနက်တွင် ၎င်းကွယ်လွန်ရာ ဘူဆမ်မြို့၊ နာမ်ဆမ်းမြို့နယ် အတွင်းရှိ ချင်(မ်)နဲဆေးရုံတွင် ဆရာတော်ဦးဝိစိတ္တ(ဒယ်ဂူဒဆရာတော်)မှ ကြွရောက်၍ သက်ပျောက်တရား ဟောကြားပေးခဲ့ပြီး ဆရာတော်အား နေ့ဆွမ်းဖြင့် ဆက်ကပ်လျှုဒါန်းခဲ့ကြပါသည်။ မေလ၊ ၈ ရက်၊ အင်္ဂါနေ့ နံနက်တွင် ဆရာတော် ဦးပဏ္ဍိစ္စ(ပြည်တော်ဦးဆရာတော်)အား အာရုံဆွမ်းဆက်ကပ်လှူဒါန်ပြီး သံဝေဂ ဆွမ်းသွပ်တရာတော် နာကြားခဲ့ပါသည်။ တရာနာ၊ အမျှအတန်းပေးဝေပြီး နံနက် ၉နာရီခွဲတွင် မီးသင်္ချို စက်သို့ ပိုဆောင်ပေးခဲ့ကြသည်။ ကိုတင်ထွန်းဦး၏ ဈာပဏသို့ ကင်မဲ၊ ဘူဆမ် ၀န်းကျင်ရှိ မိတ်ဆွေ အပေါင်းအသင်းများနှင့် ဘူဖျောင်း မွန်အဖွဲ့အစည်းမှ မိတ်ဆွေများလာရောက်၍ ပို့ဆောင်ပေးခဲ့ကြပါသည်။








ထိုကြောင့် ၇ ရက်၊ ရက်လည် ဆွမ်းသွပ် တရားအား ကျန်ရစ်သူ မိသားစုနှင့် မိတ်ဆွေများမှ ဘူဆမ်၊ ပြည်တော်ဦး ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည်ဖြစ်ပါ၍ ဘူဆမ်မြို့အနီးအနားနှင့် ကိုရီယားနိုင်ငံတွင် ရောက်ရှိနေသော မိတ်ဆွေသင်္ဂဟများ တက်ရောက်၍ သံဝေဂတရားနာကြားနိုင်ရန် ဖိတ်ကြားလိုက်ပါသည်။

အစီအစဉ်။ ။ ကိုတင်ထွန်းဦး၏ ရက်လည် ဆွမ်းသွတ် တရားနာ
နေရာ ။ ။ ဘူဆမ်မြို့၊ နာမ်ချောင်မြို့နယ်၊ စမ်းမစ်ဘိချိ တိုက်အမှတ် ၂၁၃၊ အခန်း အမှတ် ၂၀၅ ရှိ ပြည်တော်ဦး ကျောင်း
အချိန် ။ ။ နံနက် ၁၀ နာရီ မှ နေ့လယ် ၁နာရီ အထိ

ရေးသူ ကယားလေး

Tuesday, September 13, 2011

ဖိတ်ကြားလွှာ

မိဘနှစ်ပါးနှင့် ကျေးဇူးရှင်များအား အမှူးထား၍ ကျွန်တော် ၏ အလှူတော် မင်္ဂလာကို ၁၈.၀၉.၂၀၁၁
(တနင်္ဂနွေနေ့)တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကိုရီးယားရောက် ညီအစ်ကိုမောင်နှမများအား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
...


အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ

မိဘနှစ်ပါးနှင့် ကျေးဇူးရှင်များအား အမှူးထား၍ ကျွန်တော် ၏ အလှူတော် မင်္ဂလာကို ၁၈.၀၉.၂၀၁၁
(တနင်္ဂနွေနေ့)တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကိုရီးယားရောက် ညီအစ်ကိုမောင်နှမများအား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

အလှူနေ့ရက် ………. ၂၀၁၁.၀၉.၁၈ (တနင်္ဂနွေနေ့)
အချိန် ……….. ၁၁ နာရီဆွမ်းကပ် ဧည့်ခံ၊ နေ့လည် ၁နာရီတရားနာ
နေရာ ……….. မိဘမေတ္တာ ကိုလင်းလင်း 김해시 부원동 829-3번지 4층
လမ်းညွှန် ……….. ၂၀၀၄/၁၃၀/၁၂၃/၁၄ စီး 김해신한은행 (부원동 우체국) မှတ်တိုင်တွင်ဆင်းပါ
မှတ်ချက် ။ ။ ကြွရောက်မည့် သူငယ်ချင်းများအား ထောပတ်ထမင်း ၊ ဆိတ်သားဟင်း ဖြင့် ဧည့်ခံကျွေးမွေးပါမည်။
လေးစားစွာဖြင့်
ကိုမျိုးဇော်ထွန်း
...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More