ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ pyidawoo: ပေးစာများ

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Tuesday, June 21, 2011

မြန်မာပြည်သို.ပေးစာများ (၈)

2011년 4월 2일 토요일
(ဓမ္မယာန) မဇ္ဈိမယာန အဖွဲ.သူ အဖွဲ.သားများသို.
အားလုံး မင်္ဂလာပါ။
ကိုရီးယားမှာတော့ သာယာလှပတဲ့ နွေဦးရာသီစပါပြီ။ ဘုန်းကြီးနေတဲ့ နေရာက ချယ်ရီပင်တွေ အစီအရီ တန်းပြီး ပွင့်နေကြပြီဖြစ်လို. အင်မတန် လှပါတယ်။ တစ်ဘက်က ပင်လယ်ကမ်းခြေနဲ. နာမည်ကျော် ပင်လယ်ကူး နှစ်ထပ်တံတားကြီးက သဘာဝရဲ. အလှတရားနဲ. လူသားရဲ. စွမ်းပကားကို ယှဉ်ပြထားသလိုပါပဲ။ ဘူဆန်းမှာတော့ ဘုန်းကြီးနေတဲ့နေရာဟာ ပင်လယ်ကမ်းခြေ၊ တံတားနဲ. ချယ်ရီပင်တန်းကြောင့် အနယ်နယ်အရပ်ရပ်မက ကမ္ဘာလှည့် ခရီးသည်တွေကပါ တကူးတက လာကြည့်ကြတဲ့ နာမည်ကျော် နေရာလေးတစ်ခုပါ။ ဘုန်းကြီးရဲ. တက္ကသိုလ်နဲ.လည်း လမ်းလျှောက်သွားရင် ၁၅မိနစ် မိနစ်၂၀ အတွင်းမှာ ရောက်နိုင်တဲ့ အကွာအဝေးမှာရှိတော့ အစစ အဆင်ပြေပါတယ်။


နည်းပညာမှာ ကမ္ဘာ့ရှေ.ပြေး၊ စီးပွားရေးနဲ. ပညာရေးမှာ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာတဲ့ ဒီနိုင်ငံမှာ သာသနာ ပြုခွင့်ရ ပညာရှာခွင့်ရ ကိုယ့်အတွက်တော့ ဘာမှ မပူမပင် မတောင့်မတ ချမ်းချမ်းသာသာနေရပေမယ့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ. လက်ရှိအခြေအနေကို သတိရတိုင်း ဒီမှာ ဒီလိုနေနေရတာ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံပါဘူး။ တို.နိုင်ငံရဲ. လှပတဲ့ မနက်ဖြန် ဘယ်တော့မှများ ငါတို. ဖန်တီးနိုင်ပါ့မလဲ။ ဒီအတွေးနဲ. ကြိတ်ဆွေးခဲ့ရပေါင်းလည်း မနည်းတော့ပါ။
လုပ်ချင်တာတွေက အများကြီးပဲ။ လုပ်သင့်တာတွေကလည်း တစ်ပုံတစ်ခေါင်းကြီးပါ။ ဒါပေမယ့် ငါ တကယ် လုပ်နိုင်တာ ဘာရှိလဲလို. အသေအချာ ခွဲခြမ်းစိတ်ဖြာ စဉ်းစားကြည့်တော့ အမှန်တရားကို သိလာရတာလည်း စိတ် မသက်သာစရာပါပဲ။
ဒါပေမယ့် စပါတာကပ်စ်လို လူမျိုးတွေ မရှိခဲ့ရင် ရောမခေတ်က ကျွန်တွေ အခုအချိန်အထိ ကျွန်အဖြစ်က လွတ်ချင်မှ လွတ်ဦးမယ်။ ဗိုလ်ချုပ်လို လူမျိုးတွေ မရှိခဲ့ရင် မြန်မာပြည် အခုချိန်အထိ ကျွန်အဖြစ်က လွတ်ချင်မှ လွတ်မယ်လို. တွေးပြီး အားမွေး ဒီအတိုင်းတော့ လက်မလျှော့ပါဘူး။ လုပ်နိုင်တာလေးတွေကိုတော့ အမြဲ လုပ်နေခဲ့ ပါတယ်။ “နှမ်းတစ်လုံးနဲ.ဆီမဖြစ်ပါဘူး”ဆိုတဲ့ စကားရှိသလို. “နှမ်းတစ်လုံးမှ မပါပဲနဲ. နှမ်းဆီမဖြစ်နိုင်ဘူး”လို.လည်း ပြောလို. ရတာပဲ မဟုတ်လား။ နှမ်းဆီ ဖြစ်မြောက်ရေးမှာ နှမ်းလေးတစ်လုံး အဖြစ်နဲ.ပဲ ပါဝင်ခွင့်ရရ ဖြစ်သင့်တာတွေ ဖြစ်လာဖို. မာနထားစရာ ဘာမှမရှိတဲ့ အထူးနှိမ်ချစရာမလိုတဲ့ နှမ်းတစ်လုံးဘဝနဲ.ပဲ ကြေကြေနပ်နပ်ကြီး ပါဝင်ခွင့် ရချင်ခဲ့တာပါ။
စိတ်တူသဘောတူ ဘယ်သူဖြစ်ဖြစ် ပေါင်းမိရင် အင်အားပါ။ အခုလို ဓမ္မယာန မဇ္ဈိမယာန အဖွဲ.သူအဖွဲ.သားတွေနဲ. တစ်ပေါင်းတစ်စည်းထဲ ဖြစ်လာပြီး လုပ်သင့်တာတွေ အကောင်အထည် ဖေါ်ခွင့်ရလာတာကိုတော့ အတိုင်းမသိ ပီတိ ဖြစ်ရ ကြည်နူးဝမ်းမြောက်နေရပါတယ်။ အဖွဲ.သူ အဖွဲ.သားအားလုံးလည်း ထပ်တူထပ်မျှ ပီတိဖြစ်ကြမယ်ဆိုတာ ယုံကြည်ပါတယ်။
ဒီနေ.တော့ လာမယ့် ကျောင်းဖွင့်ချိန်ရာသီမှာ ကျောင်းနေရွယ် ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက် အဖွဲ.အနေနဲ. ဘယ်လို အကူအညီပေးနိုင်မလဲဆိုတာကို ကြိုတင်စဥ်းစားသုံးသပ်ထားဖို. အကြံပြုချင်ပါတယ်။ ကျောင်းနေတဲ့ ကလေးတွေလည်း လျှပ်စစ်မီးမရှိလို. မီးစက်၊ ဖယောင်းတိုင်စသည်မရှိလို. ည စာမလုပ်နိုင်တာမျိုး။ ထိန်းကျောင်း လမ်းညွှန်မယ့်သူ မရှိလို. မလုပ်ဖြစ်တာမျိုးရှိရင် စာကြည့်စရာ စာဖတ်ခန်းလုပ်ပေးတာတို. ဂိုက် ခေါ်ပေးတာတို. လုပ်ရင် ကောင်းမလား။ ဆွေးနွေးစေချင်ပါတယ်။ ဂိုက်လုပ်မယ့် လူငယ်တွေကိုလည်း အလုပ်အကိုင် ဖန်တီးပေးရာရောက်မလားပေါ့။ လုပ်သင့် မသင့် အကျိုးအပြစ်နဲ. အဖွဲ.အင်အားအရ လုပ်နိုင် မလုပ်နိုင် ချိန်ထိုးရမှာပါ။
ကွင်းထဲမှာ ကလေးတွေအတွက် အပန်းဖြေစရာလည်းဖြစ် ကျန်းမာရေးနဲ. ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အထောက်အကူလည်းဖြစ်မယ့် ကစားစရာ ဘယ်လိုဟာမျိုးတွေ လုပ်မလဲ ဘယ်လိုလုပ်မလဲ ဘယ်နေရာ ဘာထားမလဲ ဆိုတာလေးတွေကိုလည်း စိတ်ကူးကောင်းကောင်းနဲ. သုတေသနပြုပြီး ပုံစံလေးတွေရှာထား ထုတ်ထားရင် (၇)လပိုင်း ဘုန်းကြီး ခဏပြန်လာတဲ့အခါ တစ်ခါတည်း အကောင်အထည် ဖေါ်ပေးခဲ့ချင်ပါတယ်။
လက်ရှိအနေအထားမှာ အခက်အခဲရှိရင်ဖြစ်ဖြစ် ဘုန်းကြီးကလုပ်ရမယ့် လုပ်သင့်တဲ့ အလုပ်ရှိရင်ပဲဖြစ်ဖြစ် စာနဲ. သော်လည်းကောင်း ဥုးဇင်းများကနေ တဆင့်သော်လည်းကောင်း အသိပေးကြစေချင်ပါတယ်။ မပြောပဲနဲ.တော့ မသိ နိုင်ပါ။ တစ်သွေးတစ်သား တစ်စိတ်တစ်ဝမ်းတည်းထားပြီး ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောပြပေးဖို. ဖိတ်ခေါ်ရင်း ဒီစာကို အဆုံးသတ်ပါရစေ။ (ပြည်တော်ဦးဘုန်းကြီး)

Sunday, June 19, 2011

မြန်မာပြည်သို. ပေးစာများ (၇)

(ဓမ္မယာန) မဇ္ဈိမယာန အဖွဲ.သူ/သားများသို. Friday, March 25, 2011

မင်္ဂလာပါ။
ဒီနေ.တော့ တို. အဖွဲ.ရဲ. အောင်မြင်မှု ဆိုတာကို လေ့လာ ဆန်းစစ်စေချင်ပါတယ်။ အဖွဲ.တစ်ခု ကြီးပွား အောင်မြင်ဖို. အဖွဲ.ဝင်တွေရဲ. ရည်မှန်းချက်ပန်းတိုင် တူညီရမယ် လို. ဆိုပါတယ်။ ဒါက သဘောတရားပါ။ ဒါနဲ.တင် တို.တစ်တွေ အဖွဲ. အောင်မြင်အောင် ရည်မှန်းချက်တူကြစို.ဟေ့ ဆိုရုံနဲ. တူသွားရောလား။ မတူပါဘူး။ ရည်မှန်းချက် ဆိုတာ စက်ရုံထုတ်ပစ္စည်းမှ မဟုတ်တာဘဲ။ အဲဒီမှာ တူအောင် ဘယ်လိုလုပ် မလဲဆိုတာက ပိုအရေးကြီးတယ်ဆိုတာ ပေါ်လွင်လာပါတယ်။ အဲဒါကို အဖြေရှာကြစို.ဆိုရင် ~~~မတူတာ ဘာကြောင့်လဲ။ တူတဲ့ သူတွေကကော ဘာကြောင့် တူတာလဲ၊ ဆိုတာကို သိဖို. လိုပါလိမ့်မယ်။ ပြီးမှ တို.တစ်တွေ တူအောင် ဘယ်လို လုပ်မလဲ ဆိုတာ အဖြေထုတ်ရမှာ လက်တွေ. အကောင်အထည် ဖေါ်ရမှာပေါ့။ ဒီအပေါ်မှာလည်း မတူကွဲပြားတဲ့ အမြင်တွေ ရှိနိုင် ပါတယ်။





အကောင်အထည် ဖေါ်ရမှာပေါ့။ ဒီအပေါ်မှာလည်း မတူကွဲပြားတဲ့ အမြင်တွေ ရှိနိုင် ပါတယ်။
“We can't solve problems by using the same kind of thinking we used when we created them.”

“Learn from yesterday, live for today, hope for tomorrow. The important thing is not to stop questioning.”
Albert Einstein



လက်တွေ.ကျကျပြောရရင်တော့ ဒီနေ. တို. အဖွဲ.ဝင်တွေ ဒီအဖွဲ.နဲ. ပတ်သက်ပြီး တစ်ယောက်နဲ. တစ်ယောက် ရည်မှန်းချက် တူမတူ။ တူရင်ဘာကြောင့် မတူရင် ဘာကြောင့်ဆိုတာ ရိုးရိုးသားသား ဖွင့်ပြော ဆန်းစစ် ကြည့်စေချင်တာပါ။ တို.တွေက စဉ်းစားတာနဲ. အသားမကျတဲ့လူမျိုးပါ။ ဘာလို.လဲဆိုတော့ မစဉ်းစားခဲ့ကြလို.ပါ။ ခေါ်ရင်လာ ခိုင်းရင်လုပ် ကျွေးတာစား ခံမပြောနဲ.ဆိုရင် မကြိုက်ဘူးလို. တစ်ရာမှာ ကိုးဆယ့်ကိုးယောက် ပြောကြ ပေမယ့်။ ဒါပေမယ့် မစဉ်းစားကြရင် သူလည်းအတူတူ ကိုယ်လည်းအတူတူ ဒီပုတ်ထဲက ဒီပဲ ဒီလိုပဲ သံသရာ လည်နေမှာပါ။ ဒါကြောင့် ရသလောက် ခြစ်ကုတ်စဉ်းစားပြီး ဆွေးနွေးတာ အကျင့် လုပ်ကြည့်ကြရအောင်။ မဟုတ်ရင် မျိုးရိုးလိုက်ပြီး တို.တွေရဲ. နောက်မျိုးဆက်တွေ အထိ မစဉ်းစားတဲ့ သူတွေချည်း ဖြစ်ကုန်လိမ့်မယ်။
သုတေသန ပညာရှင်တစ်ယောက် ရေးတာ ဖတ်ဖူးတယ်။ ယုန်တွေ ဘာလို. ကြောက်တတ်လဲဆိုတာနဲ. ပတ်သက်လို.လေ။ အစကတည်းကတော့ ယုန်မှန်သမျှ ငကြောက်ကလေးတွေတော့ မဟုတ်လောက်ဘူးတဲ့။ သတ္တိရှိတဲ့ ယုန်တွေ ဂူမအောင်းဘဲ အပြင် ထွက်ထွက်လာသတဲ့။ များသောအားဖြင့် အဖမ်းခံရ အသတ်ခံရတဲ့ ယုန်တွေက အပြင်ထွက်လာတဲ့ ကောင်လေးတွေဆိုတော့ ကြာလာတဲ့အခါ ယုန်မျိုးရိုး တစ်ခုလုံးကို ခြုံကြည့်လိုက်ရင် ငကြောက်တွေပဲ အများစု ကျန်တော့သတဲ့။ အဲဒီ ငကြောက်လေးတွေ အချင်းချင်းဖူးစာဆုံပြီး မွေးလာသမျှ ယုန် မျိုးဆက်သစ်တွေဟာ မိဘမျိုးရိုးဗီဇ သဘောအရ တုန်ုတုန်ရီရီနဲ. မည်းမည်းမြင် အကုန်ကြောက်ကြရှာတဲ့ ယုန် ကြောက်လေးတွေပဲ ဒီခေတ်မှာ ကျန်ခဲ့တော့တာ နေမှာတဲ့။ တို.တစ်တွေလည်း မစဉ်းစားကြရင် ကြာလေ တို. လူမျိုး ဟာ ဘာမှမစဉ်းစားတဲ့ မျိုးဆက်သစ်ဆီကို ဦးတည်သွားသလို ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် စဉ်းစားကြပါ။ ပြီးတော့ ဒီနေ. ဆွေးနွေး အဖြေရှာချက် ကလေးတွေ အနှစ်ချုပ်ပြီးပို.ပေးရင် တို.အမြင်ကိုလည်း ပါဝင်ဆွေးနွေး ချင်ပါတယ်။
ဒီလို နည်းမှန်လမ်းမှန်နဲ. စဉ်းစားရင်း ဆွေးနွေးရင်း အဖြေရှာရင်းနဲ. တို. သိလာတာတွေ ရှိလာမှာ အသေ အချာပါပဲ။ သိလာတာတွေ သုံးတတ်လာရင် တို. ထူးခြားလာမှာ မလွဲမသွေပါ။ တို.အလုပ်က ကလေးတွေကို ပညာ ပေးမယ်ဆိုရင် ကလေးတွေက ယူမယ့်လူ ရမယ့်လူလို. ထင်ရပေမယ့် မသေချာပါဘူး။ တကယ် ယူတတ်ရင် ရမှာ သေချာကြတာက တို.တစ်တွေပါ။ တစ်ဆင့်တက်ပြောရရင် တို.တစ်တွေ က ပေးစရာတကယ်ရှိလာမှ ကလေးတွေ ရဖို. တစ်ဝက်သေချာတာပါ။ ပေးလည်းပေးတတ်ပြီ ဆိုရင်တော့ အတော့်ကို သေချာသွားပြီလို. ဆိုနိုင်ပါလိမ့်မယ်။ “အများအကျိုး ရွက်သယ်ပိုးက ကိုယ်ကျိုးကိုယ့်တာ အမြဲပါ၏။“ လို. ရွှေဟင်္သာဆရာတော်ကြီး ဆုံးမတော်မူခဲ့ပါတယ်။ မိမိအကျိုး အဆွေအမျိုးတို.ရဲ.အကျိုး လောကအကျိုး သယ်ပိုးနိုင်ကြပါစေ။
( ပြည်တော်ဦး)

Friday, April 29, 2011

မြန်မာပြည်သို. ပေးစာများ ၆

(၃-၁၈-၁၁ နံနက် ၉နာရီ၃၆မိနစ် )

(ဓမ္မယာန) မဇ္ဈိမယာန အဖွဲ.သူ/သားများသို.

အားလုံး မင်္ဂလာပါ။


ဒီနေ.တော့ ပြီးခဲ့တဲ့ အပတ်က ပို.လိုက်တဲ့စာပါ ပညာရေးအကြောင်းကိုပဲ ဆက်ပြောချင်ပါတယ်။ ဘာကြောင့် Why? ဘာကို What? ဘယ်လို How? သင်ကြား/ယူကြမလဲဆိုတာလေးပေါ့။

လက်တွေ.ကျကျ စဉ်းစားကြည့်ရအောင်။




Why? ကမ္ဘာ့ကြီး ပျက်စီးလာတဲ့အတွက်ကြောင့် ကလေးတွေကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပေးမှဖြစ်မယ်။


What? မြေရေလေထု ညစ်ညမ်းမှု/ဖန်လုံအိမ် အာနိသင်/ကမ္ဘာကြီး ပူနွေးလာမှု/ဝင်ရိုးစွန်းရေခဲပျော်/ အိုဇုန်းလွှာ /အဏုမြူအန္တရာယ် စသည်အကြောင်းကို..,


ဖန်လုံအိမ်အာနိသင်လျှော့ချဖို. သစ်ပင်ကိုချစ်အောင် တန်ဖိုးထားအောင် သင်မယ်ဆိုပါစို.


How? ပညာရှင်တွေလို စာတမ်းဖတ်ပွဲ လုပ်မလား။ အခု ကျောင်းတွေ တက္ကသိုလ်တွေမှာ သင်သလို (ကျောင်းသူ/သား အများစုကတော့ သိဖို.ကျင့်ဖို.မလို ပါတာဖတ်နဲ. ခိုးနည်းကားသာလို ဖြစ်နေတာမျိုး)သင်မလား။


ဒါမှမဟုတ် တို.ကွင်းထဲမှာ ကလေးတွေနဲ. ဆော့ရင်း ကစားရင်း---


အမလေး နေပူလိုက်တာ။ အသားတွေ လောင်နေပြီ။ ဘယ်လို.လုပ်မလဲ။ သစ်ပင်အောက်သွားရအောင်ဟာ အေးမြသွားတာပဲ ကျေးဇူးတင်လိုက်တာ သစ်ပင်ကြီးရယ် သစ်ပင်ကြီးက တအားချစ်စရာကောင်းတာပဲ။ (သူ.ကိုခုတ်တဲ့သူကိုတောင်မှ စိတ်မဆိုးဘူး။) စားစရာတွေလည်းပေးတယ် အရိပ်လည်းပေးတယ်။ နေစရာလည်း ပေးတယ်။ (သင်နေတဲ့ ဆရာကိုယ်တိုင်က တကယ်မချစ်ဘဲနဲ. ကလေးတွေကိုချစ်အောင်သင်လို. ဖြစ်နိုင်ပါ့လား?) ဟန်ဆောင်ပန်ဆောင်မဟုတ်ဘဲ (ကလေးတွေရှေ့မှာ သစ်ပင်ကို အားရပါးရဖက် မွှေးမွှေးပေးလျက် ) ) သစ်ပင်ကြီးကို သိပ်ချစ်တယ် အသံကုန်ကြုံးအော်။ နှစ်ပေါင်းတစ်ရာမက အသက်ရှည်ပြီး တို.ကို အေးမြတဲ့ အရိပ် ပေးပါစေ။ ခုတ်မယ့် ထစ်မယ့် လူဆိုးကြီးတွေနဲ. မတွေ.ပါစေနဲ. စသည်စသည် စိတ်ထဲပေါ်သမျှ ရိုးရိုးသားသား လှိုက်လှိုက်လှဲလှဲပြော။ ကွင်းတဲမှာ ပူပြီး ဒီရောက်လာတော့ အေးသွားတာ ဘာလို.လဲ စဉ်းစားခိုင်း။ ချဲ.ပြီး ကမ္ဘာကြီးရဲ. သစ်ပင်နည်းတဲ့ အပိုင်းနဲ. များတဲ့ အပိုင်းနဲ. (ဖြစ်နိုင်ရင် ကန္တာရနဲ. သစ်တောပုံ ဗွီဒီယိုစသည်သုံး)


သစ်ပင်များတဲ့ ပန်းခြံ စသည်သွားပြီး လေကလေးက လတ်ဆတ်လိုက်တာ လန်းဆန်းလိုက်တာ။ တို.ကွင်းထဲနဲ. မတူဘူးနော်။ ဘာလို.ပါလိမ့်။ ကနေစပြီး ကလေးတွေ သစ်ပင်ချစ်/ထိန်းသိမ်းချင်/ စိုက်ချင်စိတ် ပေါက်လာ လက်တွေ. အတူစိုက်ကြတဲ့ အထိ စသည် စသည်ဖြင့် လက်တွေ. ဘဝထဲရောက်အောင် သဘာဝနဲ. ဟပ်ပြီး သင်မလား။


ချုပ်လိုက်ရင် ဘယ်သူ.ကိုပဲသင်သင် Why? နဲ. What? က မပြောင်းပေမယ့် How? Teaching method က အမျိုးမျိုး ပြောင်းနိုင်ပါတယ် ပြောင်းရပါမယ်။ ဥပမာ (ဘာကြောင့်) ခန္ဓာကိုယ်မှာ ဗီတာမင် စီ လိုအပ်သောကြောင့် (ဘာကို) ဗီတာမင် စီ/ သံပုရာသီး စသည်ကို (ဘယ်လို) အလုံးလိုက်/ ဖျော်ရည်ဖျော်၍/ အသုတ်တွင်ညှစ်ဆမ်း၍ ကစီဓါတ်အတွက် အားလူးစားရမယ်ဆိုပါစို. အစိမ်းကျွေးမလား။ ဖုတ်ကျွေးမလား။ သုတ်ကျွေးမလား။ ချက်ကျွေးမလား။ အာလူးထမင်းနယ် လုပ်ကျွေးမလား စသည်စသည် အများကြီး ကွဲပြားနိုင်ပါတယ်။ ဘယ်အပေါ် မူတည်လဲ?


ဘယ်သူ.ကို သင်မှာလဲ ဆိုတာပေါ်မှာပေါ့။ လူအိုနဲ. ကလေးကို သံပုရာသီး အလုံးလိုက် ကိုက်စားခိုင်းမယ် ဆိုပါစို. ဘာဖြစ်နိုင်လဲ။ ဘာကြောင့်ဆိုတဲ့ ရည်မှန်းချက် ပေါက်ဖို. လွယ်မလား။ ဘယ်လို စားခိုင်းရင် အဆင်ပြေမလဲ။ ဒါပါပဲ။


ကောင်းသထက်ကောင်းအောင် လိုရင်ဖြည့် ပိုရင်နှုတ် မှားရင်ပြင်ပြီး လက်တွေ.လုပ်ငန်းခွင်မှာ သုံးနိုင်ကြ ပါစေ။ သိပြီးသားသူများအတွက် မဟုတ်ပါ။ လုပ်ချင်ပေမယ့် ဘယ်လို လုပ်ရမှန်း မသိလို.ဆိုတဲ့ ဘဝတူများအတွက် အခြေခံ သတင်းအချက်အလက် မျှဝေမှု သက်သက်ပါ။


စကားချပ်အနေအားဖြင့် Why? What? How? ကို ကိုယ့်ဘဝနဲ. ယှဉ်ပြီးတော့လဲ ဘယ်လိုနားလည်ရမလဲ ဆွေးနွေးကြစေချင်ပါတယ်။


မေတ္တာဖြင့်----------------------


(ပြည်တော်ဦး)

Thursday, April 7, 2011

မြန်မာပြည်သို. ပေးစာများ ၅

... (ဓမ္မယာန)မဇ္ဈိမယာန အဖွဲ.သူ/သားများသို. 11 3 12 10 17 10

...မင်္ဂလာပါ။ဒီနေ.တော့ မဟတ္တမဂန္ဓီရဲ. စကားလေး တစ်ခွန်းကို လက်ဆောင် ပေးချင်ပါတယ်။


“Earth provides enough to satisfy every man's need, but not every man's greed” (Mahatma Gandhi )


(ကမ္ဘာမြေကြီးက လူသားတိုင်းရဲ. လိုအပ်ချက်ကို အားရကြေနပ်အောင် လုံလုံလောက်လောက် ထောက်ပံ့ပေမယ့် လူတိုင်းရဲ. လောဘကို ပြည့်အောင် အလုံအလောက် မထောက်ပံ့နိုင်ပါ။)


ကမ္ဘာမြေက လူသားရဲ. လိုအပ်ချက်ကို ဖြည့်ပေးနိုင်ပေမယ့် လူတိုင်းရဲ. လောဘကိုတော့ ဖြည့်မပေးနိုင်ပါ။


လောဘကြီးကြလို. (ဒုက္ဘိခန္တရကပ်) အငတ်ဘေးဆိုက်၊ ဒေါသကြီးကြလို. (သတ္တန္တရကပ်) (စစ်)လက်နက် ဘေးဆိုက်၊ မောဟကြီးကြလို. (ရောဂန္တရကပ်) ရောဂါဘေးဆိုက်။ ဆိုတဲ့ သင်ကြားချက်ရှိပါတယ်။ လူသားရဲ. အဆုံး မရှိတဲ့ လောဘ၊ ဒေါသ၊ မာနနဲ. မသိမိုက်မဲမှုအတွက် နောက်ဆုံး ရောဂါကျွမ်းသွားခဲ့တာက ကမ္ဘာကြီးပါ။


မနေ.က ဂျပန်က ငလျင်နဲ.ဆူနာမီ၊ ဟိုနေ.က သြစတေလျမှာ၊ တလောတုန်းက ~~~ဟိုမှာ ဒီမှာ ကမ္ဘာအနှံ. မနှစ်ကလည်း~~~ဖြစ်တာပဲ။ တမြန်မနှစ်ကဆို တရုတ်ငလျင်နဲ. မြန်မာနာဂစ် ကမ္ဘာကြီး ဘာတွေ ဖြစ်ကုန်ပြီလဲ။ မကြုံစဖူး မကြားစဖူးဆိုတာ အကုန်ကြုံရ ကြားရ။ အရင်တုန်းကတော့သတိထား တံခါးဝ ရောက်နေပြီဆိုခဲ့ပေမယ့် အခု တံခါး မရှိတော့ဘူး။ တစ်ဆက်တည်း တစ်သားတည်း ဖြစ်သွားပြီ။


ဘုရားဟောတွေမှာ သည်းခံမှုနဲ. ပါတ်သက်ရင် ကမ္ဘာမြေကြီးကို တင်စားပြောလေ့ရှိပါတယ်။ မြေကြီးလို သည်းခံပါ။ တံတွေးပဲထွေးထွေး အညစ်အကြေးပဲစွန်.ချစွန်.ချ မြေကြီးက မတုန်လှုပ်သလိုပေါ့။ ဒါပေမယ့် သည်းခံတဲ့ အရာမှာ စာတင်ရတဲ့ ဒီကမ္ဘာကြီးက စကားပြောနေခဲ့တာ ကြာပါပြီ။သူနေမကောင်းဘူးလို. လူတွေ မကြားခဲ့ကြ တာပါ။ အခု မခံမရပ်နိုင်လွန်းလို. အော်နေပြီ။ နားငြီးတယ်လို. ပိတ်ထားလို.လည်း မရတော့ဘူး။


ဒါကြောင့် ဒီနေ. ပေးချင်တဲ့ မက်ဆေ့ခ်ျကတို.တတွေလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိ ရှိကြရပါလိမ့်မယ်ဆိုတာပါပဲ။ မသိသိအောင် မရှိရှိအောင် မေးမြန်း ရှာဖွေ လေ့လာ ဖတ်ရှု စဉ်းစား ဆင်ခြင် လိုက်နာ ကျင့်သုံးမှုတွေ စကိုစမှ ဖြစ်မယ်။ အဖွဲ.ရဲ. အခြေခံမူမှာ ပညာပါရမီမြောက် ပညာရေးလုပ်ငန်းများကို ပဓာနပြု၍ ဆက်စပ်ရာရာ ကျန်းမာရေး လူမှုရေး ပရဟိတလုပ်ငန်းများကို တိုင်းပြုပြည်ပြုလုပ်ငန်းတွင် အုတ်တစ်ချပ် သဲတစ်ပွင့် အနေအားဖြင့် အာကြိုးမာန်တက် ဆောင်ရွက်သွားကြမည်။လို. ပါပါတယ်။ ဒီပညာရေးဟာ မျိုးဆက်သစ်အတွက် မရှိမဖြစ်ပါ။ ဒါကြောင့် ကလေးတွေကိုလည်း မျှပေးရပါမယ်။


ကလေးတွေကို မျှပေးရတော့မယ် ဆိုရင် ဘာကိုပဲမျှမျှ သင်ကြားရေးမှာ


) Why? ဘာကြောင့်သင်မှာလဲဆိုတဲ့ ပန်းတိုင် =Goal


) What? ဘာကို သင်မှာလဲဆိုတဲ့ အကြောင်းအရာ =Content (Text, Program)


) How? ဘယ်လို သင်မှာလဲ ဆိုတဲ့ နည်းလမ်း =Teaching Method ဒီသုံးချက်နဲ. ချိန်ပြီး စဉ်းစားရ ပါတယ်။ ဒါတွေကိုလည်း လက်တွေ. အကောင်အထည်ဖေါ်နေကြတဲ့ အဖွဲ.ဝင်တွေရဲ. အစည်းအဝေးမှာ မပြတ် ဆွေးနွေးတိုင်ပင် ကြဖို. အဆိုပြုပါရစေ။


ငါတစ်ယောက်လုပ်ရုံနဲ. ဘာထူးမှာလဲလို.တော့ မတွေးပါနဲ. မသိမိုက်မဲမှု အမှောင်သံသရာက ထွက်ဖို. ပိုးစုန်းကြူလောက် အရောင်လေးပဲ လက်လက် အမှောင်ဖြိုခွင်း အလင်းပေးနိုင်ဖို.ကသာ အရေးကြီးပါတယ်။


လောကကြီးမှာ ကိုယ်မသိဆုံးက ကိုယ့်အကြောင်းအမှန်ပါ။ ပေးနိုင်သမျှ အချိန်လေးတွေကို အများအတွက် ပေးဆပ်ရင်းနဲ. ကိုယ့်ကိုယ်ကို ရှာဖွေတွေ.ရှိလာပါလိမ့်မယ်။ ကိုယ့်ကိုကိုယ်သိရင် သူတစ်ပါးကိုလည်း သိလာပါတယ်။ သိတဲ့လူက မသိတဲ့လူထက် အစစအရာရာသာပါတယ်။ ထူးပါတယ်။ အဲဒီလို လူတွေကြောင့်ပဲ လောကကြီးက ထူးခြား ပြောင်းလဲလာတာပါ။


ဒီနေ. ဒီစာကို ဂန္ဓီကြီးရဲ. စကားတစ်ခွန်းနဲ.ပဲ နိဂုံးချုပ်ပါရစေ။


“Nearly everything you do is of no importance, but it is important that you do it” သင်လုပ်သမျှအရာရာတိုင်း နီးပါးက အရေးမကြီးတဲ့ ဟာ(လို)ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် သင်လုပ်တယ် ဆိုတဲ့ဟာ က အရေးကြီးပါတယ်။


ကိုယ်စိတ်ချမ်းမြေ. တရားမွေ.တွေ.သိနိုင်ပါစေ။ သင်သိကျင့်သိထိုးထွင်းသိ အသိစုံပါစေ။ သာသနာအကျိုး မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေ။ မေတ္တာဖြင့်

Share

Twitter Delicious Facebook Digg Stumbleupon Favorites More