ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ March 2010 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Saturday, March 27, 2010

ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော် တတိယနေ့အောင်ပွဲ

ယနေ့ဟာ တရားပွဲကျင်းပရာ တတိယမြောက်နေ.ဖြစ်ပါတယ်။ ဒီနေ့ကစပြီး တရားပွဲဟာ တဖြည်းဖြည်းနဲ. ရုပ်လုံးပေါ်လာပါပြီ။
ဘာဖြစ်လို.ဒီစကားကို ပြောရတာလဲဆိုတော့တရားခေါင်းစဉ်က ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ ဆိုတာနဲ.အညီ တရာပွဲမစမှီ နာရီဝက် တရားထိုင်ရမယ့် အစီအစဉ်လေး တစ်ခု တိုးလာလို.ပါပဲ။ အဲဒီတော့တရားပွဲ မစမီ ယောဂီတွေ တရားထိုင် ကြပါတယ်။ ပထမဆုံးနေ.လဲဖြစ်နေ မထိုင်တတ်တဲ.လူတွေလဲ ပါနေတော့ ဘုန်းဘုန်းက ရှေ့ကနေ ထိုင်နည်းကို အနည်းငယ် သင်ပေးရပါသေးတယ်။
ပြီးတော. တရားပွဲးကို စပါတယ်။ ဒီနေ.တော့ ယုံကြည်မှုရဲ. အကြောင်း ရှင်းပြပေးခဲ့ ပါတယ်။ လူတွေဟာ မိမိတို့ သိတဲ.အရာ တွေ.ဖူးတဲ့ အရာတွေကိုတော့ ယုံကြည်ကြ ပေမဲ့ မတွေ့ဘူး မကြားဖူးတာတွေကိုတော့ မယုံကြည်ကြတာဟာ သဘာဝပါ။ မြတ်စွာဘုရားရဲ." ကာလာမသုတ်" ပါ တရားတွေကို ရှင်းပြပေးခဲ့ပါတယ်။ ဘုန်းဘုန်းရဲ. တရားတွေကို အကျဉ်းချုပ်ရရင်တော့ ဒိဋ္ဌိရဲ့အကြောင်း၊ နိဗ္ဗါန်ရဲ.အကြောင်း နဲ.၊ ကံ ရဲ့ အကြောင်းတွေ ပါပါတယ်။ အသေးစိတ် ရေးပြနိုင်လောက်တဲ့ ပညာဓါတ်ခံကလည်း နည်း ရှင်းရှင်းလင်းလင်းလည်း မရေးနိုင်သေးတော့ သိသလောက်လေးကို ဝေငှပေး ပါရစေ။ ကျနော် မှတ်မိတဲ့တရား တနည်းအားဖြင့် ရှင်းရှင်းလင်းလင်း သိလိုက်တာတွေ ကတော့ မြတ်စွာ ဘုရားနဲ့ ရဟန်းန္တာ အရှင်သူမြတ်တွေဟာ အရတ္တမဂ်ကိုရပြီး ကတည်းက ကုသိုလ် အကုသိုလ်စိတ်တွေ မဖြစ်တော့ဘူးဆိုတာပါပဲ။ အရှင်ဇနကာဘိဝံသ ဆရာတော်ဘုရားကြီး ဟောထားသလို “နေ.ခင်းကြောင်တောင်မှာ အကွယ်အကာမရှိပဲနှင့် အဝေးကို မမြင်ရခြင်းသည် မိမိ၏ အားနည်းချက်သာ ဖြစ်သည်"ဆိုသလို မသိခြင်းသည် ကျွန်ုပ်၏အားနည်းချက်ပါ။ ဘုန်းဘုန်းကို ကျေးဇူတင်ပါတယ်။ တကယ်တော့ မြတ်စွာဘုရားရဲ့ တရားတွေဟာ အသေး အမွှားလေးတွေ ဆိုပြီး လစ်လျှူရှုစရာတစ်ခုမှမရှိပါဘူး။ ကိလေသာကုန်ခမ်းပြီးသော မြတ်စွာဘုရားရဲ.တရားတွေဟာ ထာဝရမှန်ကန်နေမယ်ဆိုတာကို ယုံကြည်ရင်းနဲ.ပဲ အများကြီးလေ့လာဖိုရှိသေးတယ်ဆိုတာ တွေးမိလိုက်ပါတော့တယ်။ ဒီနေ. ပုံတွေကိုလည်း အများသူငါ ကြည့်ရှုပူဇော်နိုင်ရန် တင်ပေးထာပါတယ်။

        
                                                                                                        ကယားလေး

အလှူတော် မင်္ဂလာ

လစဉ် အလှူရှင်

၁။ကိုမြင့်ခိုင်              သောက်ရေ(ရေသန့်-ရေပူ+ရေအေး)          ဝမ် ၅သောင်း
၂။ကိုလှထွန်း             လျှပ်စစ်မီး                                             ဝမ် ၃သောင်း
၃။ကိုဇော်သူရ           အင်တာနက်/ဖုန်း                                     ဝမ် ၂သောင်း ၃ထောင်
။မမေမွန်သိမ့်ဦး       နွားနို.                                                     ဝမ် ၂သောင်း



Thursday, March 25, 2010

ရာဇဝင်ထဲက ကင်မ်ဟဲ

(김해시삼계동여여전사불교대학) ကင်မ်ဟဲမြို. ဆာမ်ဂါယ်ရပ်ကွက် ယောယောဂျောန်ဆာ ဗုဒ္ဓတက္ကသိုလ်၌ ၂၀၁၀နှစ်သစ်အတန်းကို တစ်ချိန်လျှင်(၂)နာရီကြာ စုစုပေါင်း (၆)ကြိမ် ဝိပဿနာသင်တန်း ပို.ချပေးရန်ရှိရာတွင် ပထမအကြိမ်ကို ၂၆/၃/၁၀သောကြာနေ. နံက်(၁၀) နာရီအချိန်တွင် စတင်မည် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာသည်ကိုရီးယားနိုင်ငံသို. တရုတ်နိုင်ငံမှတဆင့် ဝင်ရောက်လာခဲ့သည်ဟု အစဉ်အလာအားဖြင့် လူသိများကြပါသည်။ လူသိနည်းသော်လည်း ကင်မ်ဟဲမြို.သည် ရာဇဝင်အရ အိန္ဒိယနိုင်ငံမှ ကိုရီးယားနိုင်ငံသို. ဗုဒ္ဓဘာသာ တိုက်ရိုက်ဝင်ရောက်လာရာ ဆိပ်ကမ်းမြို.အဖြစ် ယုံကြည်ကြပါသည်။ အိန္ဒိယနိုင်ငံမှ ကြွရောက်လာသော မင်းသမီး၏ အဆက်အနွယ်များ ယခုလက်ရှိ ကာလ၌ မိသားစုအနွယ် ကင်မ်ဟဲဂီမ် အမည်ရသူများ (기해김씨 Family Name Kim) ဖြစ်လာသည်ဟု မှတ်သားမိပါသည်။
         ယမန်နှစ်၂၀၀၉နှောင်းပိုင်း အတန်းအား သင်တန်းပို.ချခဲ့စဉ်က ထိုအကြောင်း အရာကို ထည့်သွင်းပြောဆို၍ မျက်မှောက်ခေတ် ကိုရီးယားဗုဒ္ဓဘာသာ၏ ပြောင်းလဲ တိုးတက်မှုတွင်လည်း ကင်မ်ဟဲဗုဒ္ဓဘာသာဝင်များက အဓိကပင်မတွန်းအားအဖြစ် ပါဝင် ဆောင်ရွက်နိုင်ရန် ဘုရားရှင်၏ စစ်မှန်သောတရားတော်များကို အားကြိုးမာန်တက် သင်ယူ ကျင့်သုံးဖို.အရေး တိုက်တွန်းအားပေးခဲ့ဖူးပါသည်။ တရားနာပရိသတ်များသည် မိမိတို. သမိုင်းကို နိုင်ငံခြာသား မြန်မာရဟန်းတစ်ပါးက ဖေါ်ထုတ်ပြောဆိုနေခြင်းကို အလွန် သဘောကျ နှစ်ခြိုက်ကြသည်ကို သတိထားမိပါသည်။
        ကင်မ်ဟဲမြို.သည် အလုပ်ရုံစက်ရုံများစွာ တည်ရှိရာ စက်မှုလက်မှုနယ်မြေတစ်ခု ဖြစ်ပြီး နိုင်ငံခြားသား အလုပ်သမား အမြောက်အများရှိသော မြို.တစ်မြို.ဖြစ်သည်။ မြန်မာ အလုပ်သမား တော်တော်များများလည်း ကင်မ်ဟဲရှိ စက်ရုံအလုပ်ရုံများတွင် နေထိုင် လုပ်ကိုင်လျက်ရှိကြသည်။ ပြည်တော်ဦး ကိုရီးယား-မြန်မာဗုဒ္ဓသာသနာ့ရိပ်မွန်ကို တည်ထောင်ရန် စတင်စဉ်းစားစဉ်အခါက ကင်မ်ဟဲမြို.၌ အခြေပြုရန် ရည်ရွယ်ခဲ့ဖူးပါသည်။ သို.သော်လည်း ဘုန်းကြီးကိုယ်တိုင် ဖူဆန်းမြို.ရှိ ဘူကရောင်းအမျိုးသားတက္ကသိုလ်၌ မဟာဝိဇ္ဇာတန်း တက်ရောက်သင်ယူရန် အကြောင်းဖန်လာသဖြင့် ဖူဆန်းမြို.တွင် အခြေချခဲ့ရခြင်းဖြစ်သည်။
         တက္ကသိုလ်တစ်ဘက်နှင့် ကင်မ်ဟဲအထိ တရားဟောထွက်နေခြင်းကို ဖူဆန်း ယောဂီများက ဘုန်းကြီးပင်ပန်းမည်စိုး၍ အားမပေးကြပါ။ ကျောင်းအချိန်များနှင့် ဆွမ်းစားချိန်တိုက်ဆိုင်နေ၍ တစ်နပ်ဆွမ်းနှင့်ပြီးရသောရက်များ ရှိသည်ကိုသိနေ၍လည်း ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ကြပါသည်။ သောကြာနေ. (၁၀)နာရီအတန်းရှိလျက်နှင့် ကျောင်းချိန်ဖျက်၍ တရားဟောထွက်သည်ကို သိသောအခါ အံ့သြတကြီး တားမြစ် ကြသည်။ဘုန်းကြီးအတွက်တော့ တက္ကသိုလ်က သာမည တရားဟောတရားပြက ပဓာနဖြစ်ကြောင်း ရှင်းပြတော့မှ သဘောကျလက်ခံသွားကြပါသည်။
      တကယ်တော့ ဘုန်းကြီးကိုယ်၌က ကင်မ်ဟဲကို မသိမသာစွဲလမ်း၍နေပါသည်။ တခြားကြောင့်မဟုတ်ပါ ဗုဒ္ဓဘာသာနှင့်ဆက်စပ်သော ကင်မ်ဟဲ၏ ပိုင်အိုးနီးယားရာဇဝင်ကြောင့်ပင်ဖြစ်သည်။ ဂိုအင်ကာကြီးက ဗုဒ္ဓဘာသာ၏မူလ အိန္ဒိယမှာ ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားဖို. အိပ်မက်မက်သည်။ ဘုန်းကြီးလည်း သမိုင်းထဲကကင်မ်ဟဲကို မော်ဒန်ကိုရီးယားခေတ်မှာ ပြန်တမ်းတချင်စရာကောင်းတဲ့ ဇာတ်ကြောင်းတစ်ခု ဖြစ်စေချင်တယ်။ ကင်မ်ဟဲရေစက် မပျက်မကွက် ဆက်လက်၍ သာသနာအကျိုး သယ်ပိုးနို်င်ရပါစေသား။

Wednesday, March 24, 2010

ကရုဏာပို.

ဒုက္ခပတ္တာ စ နိဒုက္ခာ၊ ဘယပတ္တာ စ နိဗ္ဘယာ။
သောကပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

ဆင်းရဲဒုက္ခ ရောက်နေကြ များလှသတ္တဝါတွေ
ဆင်းရဲဒုက္ခ ဟုသမျှ ကင်းငြိမ်းကြပါစေ။

ဘေးရန်ဘယ ရောက်နေကြ များလှသတ္တဝါတွေ
ဘေးရန်ဘယ ဟူသမျှ ကင်းငြိမ်းကြပါစေ။

စိုးရိမ်သောက ရောက်နေကြ များလှသတ္တဝါတွေ
စိုးရိမ်သောက ဟူသမျှ ကင်းငြိမ်းကြပါစေ။

ကင်မ်ဟဲတရားပွဲ

(김해시 삼계동 여여전사 불교대학) ကင်မ်ဟဲမြို. ဆာမ်ဂါယ်ရပ်ကွက် ယောယောဂျောန်ဆာ ဗုဒ္ဓတက္ကသိုလ်၌ ၂၀၁၀နှစ်သစ် အတန်းကို တစ်ချိန်လျှင် (၂)နာရီကြာ စုစုပေါင်း (၆)ကြိမ် ဝိပဿနာ သင်တန်း ပို.ချပေးရန်ရှိရာတွင် ပထမအကြိမ်ကို ၂၆/၃/၁၀ သောကြာနေ. နံက် (၁၀) နာရီ အချိန်တွင် စတင် မည်ဖြစ်ပါသည်။

Monday, March 22, 2010

၁၁/၄/၁၀ ရက်နေ. ဂွမ်ဂျူးတရားပွဲ

၁၁/၄/၁၀ နံက် ၁၁နာရီအချိန်တွင် ဂွမ်ဂျူးမြို. (길상사) ဘုန်းကြီးကျောင်းတွင် တရားပွဲ ကျင်းပမည်ဖြစ်ပါသည်။



လစဉ် ဒုတိယအပတ် တနင်္ဂနွေနေ.တိုင်း တရားပွဲကျင်းပရန် စီစဉ်ထားသည့်အားလျော်စွာ ၁၁/၄/၁၀ တနင်္ဂနွေနေ. နံက် ၁၁-နာရီ အချိန်၌ (길상사) ကိုရီးယား ဘုန်းကြီးကျောင်းတွင် တရားပွဲ ကျင်းပမည် ဖြစ်ပါသည်။ ကိုခင်လှိုင်အိမ်မှ နေ.ဆွမ်း ဆက်ကပ်ပါသဖြင့်  ကိုခင်လှိုင်အိမ်တွင် ဆွမ်းဘုန်းပေး၍ ဆွမ်း အနုမောဒနာတရား ဟောကြားပြီး (길상사) ကိုရီးယား ဘုန်းကြီးကျောင်းသို. ဆက်လက် ကြွမည်ဖြစ်ပါသည်။ နီးစပ်ရာရွှေ ညီအစ်ကိုများအား တရားနာကြွရောက်ကြပါရန်  နိဗ္ဗါန်အကျိုးမျှော်ပြီး နိုးဆော်လိုက်ပါတယ် ခင်ဗျား။                    
                                                                                             ကယားလေး

ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော် ဒုတိယနေ့

မနေ.က ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော်၏ ဒုတိယနေ. တရားပွဲးကို အောင်မြင်စွာနဲ. ကျင်းပနိုင်ခဲ့ပါတယ်။

ဒီနေ.တော့မေးခွန်းမေးတဲ့ သူကလဲးများ၊ တရားကလည်းတဖြည်းဖြည်းနက် လာတော့ ဖြေပေးရတဲ့ဘုန်းဘုန်းခမျာ မနားတောင် မနားလိုက်ရပါဘူး။ တရားက ညရနာရီကျော်ကျော်လောက် မှာစဖြစ်ခဲ့ပြီး ၉နာရီ ခွဲးလောက်မှာ ပြီးခဲ့ပါတယ်။ တရားကတော့ တော်တော်ကောင်းပါတယ်။ ကိုရီးယားတွေ သိချင်ကြမဲ.(ကျနော့အထင်ပါ)ဘုရားအလောင်းတို.ရဲ.ဖြည်.ကျင့်ရမဲ့ ပါရမီနဲ. နှစ်ပေါင်းအရေအတွက်(ကမ္ဘာပေါင်း)ကို ရှင်းပြခဲ့ပါတယ်။ “ဗုဒ္ဓ “ရဲ.အဓိပ္ပါယ် ဖွင့်ဆိုချက် “ဗုဒ္ဓ အမျိုးအစား”များကို လည်းအသေးစိတ်ု ရှင်းပြခဲ့ပါတယ်။တရားအကြောင်း အကုန်ရေးရင် ပိုစ်က အရမ်းရှည်သွားမှာစိုလို.နောက်မှပဲး သီးသန်.ဖေါ်ပြပေးတော့ပါမယ်။သတိထားမိတာလေးတစ်ခုပြောရမယ်ဆိုရင်တောဘုန်းဘုန်းက ဘုရားဖြစ်မယ့်သူဟာ အဲးဒီဘ၀မှာ ယောက်ျားဖြစ်ရမယ်ပြောတော့ ယောဂီအမျိုးသမီးတစ်ယောက်က "ဟင်း" ကနဲး အာမေဋ္ဌိတ် အသံကြီး ရုတ်တရတ် ထွက်လိုက်ပါတယ်။ သူကဒီဘ၀မှာ မိန်းမဖြစ်လို. မရတော့ဘူးလို.ထင်လိုက်တာ ထင်ပါရဲ.။ ဘုန်းဘုန်းက မဟုတ်ဘူး ပါရမီတွေပြည့်နေတဲ.နောက်ဆုံး ဘုရားဖြစ်မယ့်ဘ၀မှာ ယောက်ျားဖြစ်ရမယ်လို.ပြောတာဆိုပြီး ထပ်ရှင်းပြလိုက် တော့မှ သဘောပေါက်သွားတယ် ထင်ပါရဲ.။ ရှက်ရှက်နဲ. သဘောကျပြီပြုံးလို.။ တရားနာသူအာလုံးနဲ. ကျနော်ကေားဘုန်းဘုန်းပါ လိုကပြီ်းပြုံးမိလိုက်ပါသေးတယ်။် ဘယ်လိုပဲးဖြစ်ဖြစ် တရားကိုစိတ်အားထက်သန်စွာနဲ.နာယူနေကြတဲ. သူတို.ကို မြင်ရတာ ရင်ထဲးမှာဝမ်းသာမိပါတယ်။ ကိုရီးယား တစ်နိုင်ငံလူဦးရေနဲ.စာရင် မဖြစ်စလောက်လေးဆိုပေမဲ. အဲ့ဒီ လူလေးတွေကနေ စတင်ရမယ်လို.ထင်မိလို.ပါ်။ ၁ယောက်ကနေ ၁၀ယောက် ၁၀ယောက်ကနေ ၁၀၀ ဖြစ်အောင် သံဃာတော်တွေကလဲး မနားမနေ တရားနဲ. ချီးမြောက်နေကြတာ မြင်တော. ပိုလို.ဝမ်းသာမိပါတယ်။ နောက်ဆုံးမှာ ဘုန်းဘုန်းက တရားပွဲ သိမ်းချိန်မှာ ရွတ်ဆိုခိုင်းလေ့ရှိတဲ. ဂါထာလေးနဲ. သိမ်းပါရစေ။ ဘုန်းဘုန်းကတော့ ပါဠိလို ရွတ်ဆိုခိုင်းတာ ဆိုပေမဲ့ ကျနော်ကတော. မြန်မာလိုပဲး(ကျနော်သိသလိုပဲး)ဖေါ်ပြလိုက်ပါရစေ။ ပုံတွေကိုလည်း အများပူဇော်ကြည်ရှုနိုင်ရန် တင်ပေးထာပါတယ်။

"ဗုဒ္ဓမြတ်စွာ သာသနာတော်သည် သာသနာရောင်ဝါနှစ် ၅၀၀၀ထိ များမြောင်ရှည်ကြာ အခါသမယပတ်လုံး ဟောသူ ပြောသူ ဆုံးမသူနှင် သင်သူ အံသူ ကျင့်ကြံသူတို. ၀မ်းဆူချိန့်သဲး ညံမစဲးသည် အမြဲးတည်တော်မူပါစေသတည်း"

~သာဓု သာဓု သာဓု                                                                                      ကယားလေး

Sunday, March 21, 2010

တရားပွဲရက် အပြောင်းအလဲ

တရားပွဲ ရက်ကို ၂၈/၃/၁၀ မှ ၁၈/၄/၁၀ သို. ပြောင်းလဲ ကျင်းပပါမည်။

ဖူဆန်း ဗုဒ္ဓဘာသာ အသင်းတိုက်၌ နှစ်သစ်ကူး အချိန်မှစ၍ လစဉ် တစ်လ တစ်ကြိမ် စဉ်ဆက် မပျက် တရားပွဲ ကျင်းပနိုင်ရန် စီစဉ် သွားမည်ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် တရားပွဲကို ၂၈/၃/၁၀ အစား ၁၈/၄/၁၀ တနင်္ဂနွေနေ.သို. ပြောင်းလဲသတ်မှတ်လိုက်ပါသည်။

Saturday, March 20, 2010

တရားပွဲ အားခဲ၍ လာစေချင်

တရားဟောလာတာ ကြာပါပြီ။ ပရိသတ် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကိုယ့်ဘက်ကတော့ မလျှော့ခဲ့ဘူး။ အမြဲ စိတ်ပါလက်ပါ အားတက်သရော ဟောခဲ့တာပါ။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ ဆယ်နှစ်က ရန်ကုန် စန်းမြသီတာ မဟာစည်ရိပ်သာမှာ ကျောင်းစထိုင်ရတဲ့ ဝါဆို။ တရားနာ ပရိတ်သတ် ၆ယောက်နဲ. ဝါတွင်း ဝါပ ဥပုသ်သီတင်းစဉ်မပျက် တရားဟောခဲ့ဖူးတယ်။ အဆုံးအမတော်
တစ်ခု အာရုံပြု၍ ဆိုပါစို.။

ခြေင်္သေ့သည် သားကောင်အငယ်ကိုပဲဖမ်းဖမ်း သားကောင်အကြီးကိုပဲ ဖမ်းဖမ်း မိမိရဲ. အစွမ်းအစကို အကုန်သုံးပြီး မပေါ့မဆ ထိထိရောက်ရောက် ဖမ်းတယ်” ဆိုတဲ့ အဆုံးအမတစ်ခု အရင်းပြုပြီး ပရိတ်သတ် ၆ယောက်ကိုဟောလည်း ၆၀၀ကို ဟောသလိုပဲ အစွမ်းကုန် ဟောခဲ့ပါတယ်။ တစ်နှစ် နှစ်နှစ် အတော အတွင်းမှာပဲ ပရိသတ် ၅၀/၁၀၀ ကနေ အများဆုံး ၃၀၀/၄၀၀အထိ စုမိလာခဲ့ပါတယ်။ အတွေ.အကြုံအရ အလုပ်ကို တကယ်ယုံပါတယ်။ အားလုံးကိုလည်း ယုံစေချင်တယ်။ ကံ ဆိုတာ အလုပ်ပါ။ “ကံကောင်းလိုက်တာ”လို. ပြောလာကြတဲ့သူတွေကို  ပြုံးပြပြီး အသာနေလိုက်ပေမယ့် “ကံဆိုတာ မိုးပေါ်ကျ မဟုတ်သလို ထာဝရဘုရားက ဖန်ဆင်းပေးလိုက်တာလည်း မဟုတ်ဘူး”ဆိုတာ သိစေချင်လိုက်တာ။
                        အသံမကောင်း အပြောလည်းမကောင်း အဟောလည်းမကောင်းပေမယ့် အကောင်းပြောဖို. ကြိုးစားနေလို. တရားတောင်းသူတွေ အမြဲရှိနေတာပါပဲ။ ပရိတ်သတ်များတဲ့ ဗိုလ်တစ်ထောင်ဘုရားလို ဒိတ်ဒိတ်ကြဲပွဲတွေလည်း ဟောဖူးတယ်။ ခြောက်တီးခြောက်ကပ် ရပ်ကွက် ဓမ္မာရုံ ဇရပ်ဆိုလည်း မငြင်းခဲ့ဖူးပါဘူး။ အထူးတရားပွဲ မရှိလည်း ကိုယ့်ရိပ်သာ ကျောင်းတရားပွဲက အမြဲရှိနေတာပဲ။ ကန်တော့ပွဲရှိရှိ မရှိရှိ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” ကျမ်းအလာရှိသားပဲ၊။ ရေသောက်ပြီး ဟောရလည်း ပျော်နေတာပါ။ ရသကိုသိရင် ရတိဖြစ်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ. ရသကို သိရင် အဲဒီ အလုပ်မှာ ပျော်မွေ.တာပဲ။
                   ရေစက်လေလား ဘုံပိုင်လား တော့ မသိဘူး။ ကိုရီးယားရောက်သွားတော့လည်း ဘဝ ဘဝ က ဆွေတော်မျိုးတော်တွေက အများသား။ သွားလေရာ တစ်ကျီဆောက် ရောက်လေရာ အမြစ်ထောက် ရွက်ကျပင်ပေါက်လို တိုးနေပွားနေတာပဲ။ ခပ်ငယ်ငယ် အရွယ် စာသင်သားဘဝက နိုင်ငံခြား ပြန် ဆရာသမားရဲ. စကားကို သတိရမိတယ်။ “နိုင်ငံခြား သာသနာပြု နိုင်ငံခြားသာသနာပြုနဲ. ကိုယ့်ကား ကိုယ်မောင်း ကိုယ့်ထမင်း ကိုယ်ချက်စားပြီး လူမငှားနိုင်လို. ကျောင်းဝင်းထဲ ကိုယ်တိုင် မြက်ရိတ်ရင်း သာသနာပြုဖို. နေနေသာသာ  သာသနာ မပျောက်အောင်တောင် မနည်းလုပ်နေရတယ်။ တရားပွဲ ဆိုလည်း နိုင်ငံခြားမှာရှိတဲ့ မြန်မာတွေနဲ.ပဲ ပြီးရတာ များတယ်။ အဲဒီ နိုင်ငံသားက မူးလို.တောင် ရှုစရာ မရှိဘူး”တဲ့။ တစ်ခါက ပြန်ဆုံလို. မှတ်မှတ်ရရ ဆရာသမားကို ပြန်ကြွားခဲ့ပါတယ်။ “ဆရာတော်ဘုရား တပည့်တော် တရားပွဲ ကိုရီယားတွေချည်းပဲ သတ်သတ်လွတ်ဘုရား” လို.။ တပည့်ချစ်တဲ့ ဆရာသမား ဆိုတော့ “ဟုတ်လား ဟုတ်လား” နဲ. မုဒိတာ ပွားရှာတယ်။
             ဒီမှာလည်း ဒီလိုပဲ ၇ ယောက်ထဲကိုလည်း မီးကုန် ယမ်းကုန် ဟောသလို ၇၀၀ကျော် လာခဲ့တဲ့ ဂျယ်ဂျုးဒို ဗုဒ္ဓနေ.လို ပွဲကြီးပွဲကောင်းလည်း ဘုရားတရားအကောင်းကို မပြောင်းမလဲ အသည်းစွဲအောင် ဟောပါတယ်။ ၁ရက် ပွဲလည်းဟောရတယ်။ ဆယ်ရက်ဆက်လည်း ဟောရတယ်။ လနဲ.ချီတဲ့ ပွဲလည်း ရှိတာပဲ။ ပြောချင်တာက တရားဟောလာတဲ့ သက်တမ်းတလျှောက် ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ် တရားနာပရိသတ် အနည်း အများကြောင့် ဒီဘုန်းကြီး လုပ်ရမယ့် အလုပ်အပေါ် သဘောထား မပြောင်းခဲ့ဘူးဆိုတာပါ။
              ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန် ဖွင့်ပွဲအပြီး ဒကာတွေနဲ. အနည်းဆုံး တစ်လ တစ်ကြိမ် တရားပွဲ လုပ်ဖို. တိုင်ပင်သဘောတူထားကြပါတယ်။ ဒါပေမယ့် အဲဒီ ဖွင့်ပွဲနေ.က လူတွေ တအားများသွားလို. ပတ်ဝန်းကျင်တိုက်ခန်းက လူတွေ အထိတ်တလန်. ဖြစ်သွားတာကြောင့် နောက်တစ်ခါ လူစုဖို. ကိစ္စက တော်တော်ခက်သွားပါတယ်။ ဒီနိုင်ငံတွေမှာ ထွန်းကားနေတဲ့ အပါ.ထ်မင့် တိုက်ခန်း ယဉ်ကျေးမှုက ဘုန်းကြီးတို.နဲ. အံမဝင်ဘူးဖြစ်နေတယ်။ သူများ မျက်နှာရိပ်မျက်နှာကဲ ကြည့်နေရတာ မျိုးလည်း မဖြစ်ချင်တော့ ဒီလိုပဲ အခြေအနေနဲ. အချိန်အခါအရ စောင့်ကြည့်နေရတာ ၁-လ နီးပါး ကြာသွားပါတယ်။ ကံ အားလျော်စွာပဲ ဗုဒ္ဓဘာသာ အသံလွှင့်ဌာနက ဗျူးချင်တယ်ဆိုလို. ၁၂-၃-၁၀ သောကြာနေ. မှာ မိနစ် ၂၀ ကြာ အင်တာဗျူး အစီအစဉ်တစ်ခု အသံလွှင့်ဖြစ်ခဲ့ပါတယ်။ အပြီးမှာ အသံလွှင့်ဌာန အကြီးအကဲက ဘုန်းကြီး အခက်အခဲရှိရင် ပြောပါဆိုလို. “တစ်လ တစ်ကြိမ် တို.လူမျိုးတွေ စုပြီး တရားပွဲ လုပ်ချင်တာ” ဘုန်းကြီးကျောင်းက အပါ့ထ်မင့်မှာ ဖြစ်နေတော့ ဘေးက မကြည်ဖြူမှာစိုးလို.  မလုပ်နို်င်ဘူး ဖြစ်နေတဲ့အကြောင်းကို ပြောပြလိုက်ပါတယ်။  သူက အားတက်သရော လိုလိုလားလားပဲ တပည့်တော် တာဝန်ထားပါဘုရား ဆိုပြီး ဖုန်းတစ်ချက် ကောက်ဆက်လိုက်တာ ဖူဆန်းဗုဒ္ဓဘာသာ အသင်းတိုက် ဓမ္မာရုံကို တနင်္ဂနွေနေ.တိုင်း နေ.လည် ၂နာရီကနေ စပြီး အသုံးပြုခွင့် ရခဲ့ပါတယ်။
                 ကျောင်းဒကာခေါ်ပြီး ဓမ္မာရုံ အနေအထားနဲ. ခရီးသွားလမ်းညွှန်ဖို. တည်နေရာကို သွားကြည့် ဖြစ်ပါတယ်။ ထင်ထားတာထက် အဆမတန် ကောင်းလွန်းနေလို. ငွေမပေးဘဲ အလကားသုံးရမှာတောင် အားနာသလို ဖြစ်မိပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ.ကမှ နိုင်ငံကျော် 혜국 스님 တရားပွဲ ကျင်းပသွားတော် လူ ၅၀၀လောက် လာတယ်လို. ပြောပါတယ်။ ဓမ္မာရုံက တကယ့်ကို ပတ်ကားပဲ။ မျက်နှာကျက်မှာ တရားပွဲ မှတ်တမ်းတင် ဗွီဒီယို ကင်မရာကပါပြီးသား။ တိုက်ရိုက် လွှင့်ပြနေတဲ့ ၃၇လက်မ တီဗွီ ၂လုံး ။ ပရိုဂျက်တာ  အပြင် ဝှိုက်ဘော့ စာရေးခုံအထိ လုံးဝဥဿုံ အပြည့်အစုံပါ။ တရားဟောပလ္လင်နဲ. အသံပိုင်းဆိုင်ရာ စက်တွေကလည်း တကယ့်ကို ၂၁ရာစု ခေတ်နဲ. အညီကိုး။ နေရာကလည်း ပြောစရာမရှိအောင် ကောင်းတဲ့နေရာပဲ။ မြို.တော်ခန်းမ ဘူတာနံပါတ် ၇-ဂိတ်နဲ. ၃-မိနစ်ဝန်းကျင်နေရာမှာ။ ဘာမှ အထွေအထူး ပြောစရာမရှိတော့ဘူး။ ကျေးဇူးတင်ကြောင်း လာမယ့် တနင်္ဂနွေ (၂၈-၃-၁၀)နေ. ကစပြီး  တရားပွဲလုပ်မယ့်  အကြောင်း ပြောပြီးပြန်လာခဲ့ပါတယ်။
                  အထက်က ပြောခဲ့သလိုပဲ ပရိသတ်နည်းလို. များလို. ဘုန်းကြီးအနေနဲ. ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပေမယ့် ကိုယ့် ဒကာဒကာမတွေကိုတော့ တရားပွဲ အားခဲပြီး လာကြ စေချင်ပါတယ်။ သဒ္ဓါနည်းလို. တရားပွဲနဲ. မလွဲလွဲအောင် ရှောင်ကြသူတွေများသလို သဒ္ဓါ ကာင်းကောင်းနဲ. တရားတောင်းနေကြတဲ.သူတွေလည်း မနည်းဘူးဆိုတာ မယုံမရှိနဲ. ကိုယ်တွေ.ပါ။ အခု စနေနေ. ညနေတိုင်းလုပ်နေတဲ့ တရားပွဲက ကိုရီးယားလူမျိုးတွေ သူတို.ဟာသူတို. လူစုပြီး ဘုန်းကြီးကို တရားဟောပေးဖို. လာလျှောက်ကြတာပါ။ ဒါတင်မကသေးဘူး  တစ်ပတ်ကို နှစ်ရက်တန်သည် သုံးရက်တန်သည် လုပ်ချင်ပါတယ်ဆိုနေလို. ဘုန်းကြီးကကျောင်းတစ်ဘက်နဲ.မို.လို. အခုတော့ တစ်ပတ် တစ်ရက်နဲ. ကြေနပ်ကြပါ။ နောက်တော့ အချိန်တိုးပေးပါ့မယ်လို. ပြောထားရတယ်။
              ဒါကြောင့် ဘုန်းကြီးတို. ဆွေတော်မျိုးတော်တွေကိုလည်း သတိရှိစေချင်ပါတယ်။ နိုင်ငံခြားသားတွေတောင် ဒီလောက် အားတက် သရော လုပ်နေကြတာ တို.တွေ သိပ် သွေးမအေးသင့် ပါဘူး။ တို.တွေက မျိုးနဲ.ရိုးနဲ. မဟုတ်လား။ ခရစ်ယာန်တွေ အနည်းဆုံးထား တစ်ပတ်တစ်ရက် တနင်္ဂနွေနေ. ချပ်ခ်ျ ကျောင်းတက်ကြတယ်။ မွတ်ဆလင်တွေ တစ်နေ. ၅ကြိမ်လား ၆ကြိမ်လား ဝတ်ပြုတဲ့ အပြင် သောကြာနေ. ဗလီတက်ကြတယ်။ တို. ရွှေမြန်မာတွေ တစ်လ မှ တစ်ကြိမ်လုပ်မယ့် တရားပွဲ အားခဲပြီး မလာသင့်ဘူးလား။ အကြောင်းပြမယ် ဆိုရင်တော့ လူတိုင်း သူ.အကြောင်းကိုယ့်အကြောင်း ရှိကြမှာပေါ.။ အားလုံးခေါင်းရှောင်နေကြရင် ခေါင်းဆောင် ဘယ်ရှိမလဲ။ လက်ရှိ တို.တိုင်းပြည် ပြဿနာ သက်ဆိုးရှည်နေတာလည်း ဒီအကျင့်ဆိုးကြောင့်ပဲ မဟုတ်လား။ တာဝန်သိသူမှာ တာဝန်ရှိနေပါတယ်။ အမျိုးဘာသာ သာသနာ အရေးဆိုတာ တကယ်တော့ ကိုယ့်ရေးကိုယ်တာထက် မနှိုင်းစာနိုင် လောက်အောင်ကို အဆမတန် အရေးကြီးပါတယ်။ ဂျုး ရဟူဒီ (အစ္စရေး) သမိုင်းကို လေ့လာကြည့်ပါ။ နှစ်ပေါင်း ၂၀၀၀ကျော် နိုင်ငံပေါင်း များစွာက နှိပ်ကွပ်လို.မရတာ ဘာကြောင့်လဲ။ ဒေါက်တာ သန်းထွန်းကို အသံလွှင့်ဌာန တစ်ခုက “ဆရာကြီး သမိုင်းကို ဘာကြောင့် သင်ရတာလဲ” ဆိုတော့ “သမိုင်းမသင်ရင် သွားလိမ့်မယ်”လို.ဖြေပါတယ်။ ဘုန်းကြီးတို. ဒကာတွေ ဒါ အခွင့်အရေးကောင်းဆိုတာ သတိပြုမိ စေချင်တယ်။ အသံလွှင့် ဌာနနဲ. ဒီက  လူတွေ စိတ်ဝင်စားမှုရှိနေတဲ့ အချိန် ကိုယ့် အမျိုးဘာသာ သာသနာနဲ. ယဉ်ကျေးမှုကို ပြသခွင့်ရတာ တကယ့် ခွင်ပါ။ “မိမိ မှီခို သာသနာကို ဘယ်လို ချစ်ရမည်။ မိမိ အတွက် ဂုဏ်မပျက် ဂုဏ်တက်စေရမည်။”  ဆိုတဲ့ စာသင်သားဘဝ က ဆိုခဲ့ရတဲ့ သစ္စာအဓိဋ္ဌာန်စကားကို လက်ဆင့်ကမ်းချင်ပါတယ်။ ငါတည်းဟူသော တစ်ယောက်ရဲ.အားက ငါလိုလူအများနဲ. ပေါင်းမိသွားတဲ့အခါ မယုံနိုင်စရာကောင်းလောက်အောင် ပေါက်မြောက် အားကြီးသွားတာ သမိုင်းမှာ သာဓကတွေ တပုံ တပင်ကြီး မဟုတ်လား။ ဒါကြောင့် “ငါသွားလည်း မထူးပါဘူး”လို. ဘယ်တော့မှ မိုက်မိုက်မဲမဲ မတွေးပါနဲ.။ “မထူးပါဘူး ဆိုတဲ့ အတွေးကြောင့် ဘယ်တုန်းကမှ ဘယ်သူကမှ ထူးခြားတဲ့ အလုပ်တွေကို မလုပ်နိုင်ခဲ့ကြပါဘူး”။ ဘယ်တော့မှလည်း လုပ်နိုင်ကြမှာ မဟုတ်ဘူး။ ပြောခဲ့သမျှစကား သေချာ စဉ်းစားပြီး ရွှေမြန်မာတွေ အားလုံး တရားပွဲကို အားခဲ လာခဲ့စေချင်ပါတယ်။

ဒုလ္လဘ ငါးဖြာရဖို.ရာ လွန်စွာ ခဲယဉ်းသည်။

ဘုရားသာသနာ ကြုံဖို.ရာ လွန်စွာ ခဲယဉ်းသည်။
ကြုံခဲလှစွာ သာသနာ တွေ.ကြုံနေရပြီ။

လူအဖြစ်ဟာ ရဖို.ရာ လွန်စွာ ခဲယဉ်းသည်။
ရခဲလှစွာ လူ.အဖြစ်ဟာ ရခါနေကြပြီ။

ယုံကြည်သဒ္ဓါ ရဖို.ရာ လွန်စွာ ခဲယဉ်းသည်။
ရခဲလှစွာ မြတ်သဒ္ဓါ ရခါနေကြပြီ။

ရှင်ရဟန်းအဖြစ်ဟာ ရဖို.ရာ လွန်စွာ ခဲယဉ်းသည်။
ရခဲလှစွာ ရှင်အဖြစ်ဟာ ရခါနေကြပြီ။

တရားဓမ္မာ နာဖို.ရာ လွန်စွာ ခဲယဉ်းသည်။
နာရခဲစွာ မြတ်ဓမ္မာ နာခါနေရပြီ။

ရခဲလှစွာ ဒုလ္လဘာ ရခါနေကြပြီ။ ဟူသော ရှင်တော်ဟောကြား မြတ်တရား

မကောင်းတာလုပ်ချင်ပေမယ့် အောင့်အည်းသည်းခံပြီးနေရတယ် မလုပ်ရဘူး။ ကောင်းတာ လုပ်ချင်စိတ် မရှိတဲ့အခါလည်း အောင့်အည်း သည်းခံပြီး လုပ်ဖြစ်အောင်လုပ်ရမယ်” ဆိုတဲ့ မစိုးရိမ် ဆရာတော် ဘုရားကြီးရဲ. စကား။  

ကုသိုလ် ဥစ္စာ ကျန်းခန်.သာ၍ ပညာ တန်ခိုး တစ်မျိုးမျိုးမှ အကျိုးမထွက် ထိုနေ.တွက်သက်သက် ဝမ်းနည်းဖွယ်” ဆိုတဲ့ သူတော်ကောင်း အဆုံးအမများကို မှတ်သားနာယူ ကြည်ဖြူစိတ်ထား ကျင့်ကြံ ပွားများ နိုင်ကြပါစေကောင်း သင်္ကြန်အကြို မေတ္တာရေလောင်း လိုက်သည် ရွှေမြန်မာအပေါင်း သူတော်ကောင်းတို. စိတ်အစဉ် အေးမြစေကြောင်း။









 

ကာလေန ဓမ္မဿဝနံ

 ဖူဆန်း ဗုဒ္ဓဘာသာ အသင်းတိုက်၌ မြန်မာလူမျိုးများအတွက် တရားပွဲ ကျင်းပမည်ဖြစ်၍ တရားတော်နာယူရန် ဖိတ်ကြားပါသည်။

နေ.ရက်---------၂၈/၃/၂၀၁၀ တနင်္ဂနွေနေ.

                     အချိန်  ---------နေ.လည် ၂ နာရီ

                     နေရာ  ---------부산 불교 신도 회관 ၆ထပ်

                     လမ်းညွှန်--------시청역7번출구
                                          city hall ဘူတာ နံပါတ် ၇ ဂိတ်မှထွက်၍ ဂိတ်ပေါက် ဝမှ ပလက်ဖောင်းအတိုင်း ၃ မိနစ်ခန်. အကွာရှိ ၇ထပ်တိုက်(부산 불교 신도 회관  ရွှေစာလုံးထိုးစာတန်းရှိ)။ ဓါတ်လှေကားဖြင့် ၅ထပ်ထိတက်ပြီး ဘိနပ်ချွတ်ထားခဲ့၍ ၆ထပ် ဓမ္မာရုံသို. ကြွရောက်ကြပါရန်။


                    

Thursday, March 18, 2010

ထေရုပ္ပတ္တိ



ပြည်တော်ဦး အရှင်ပဏ္ဍိစ္စကို ညောင်ရွှေမြို.သား မြို.ပိုင်ကြီး ဦးတင်အေးညှာနှင့် မုံရွာသူ ဒေါ်မြမြတို.မှ ရှမ်းပြည်တောင်ပိုင်း ကလောမြို.၌ ၁၃၃၂-ခု နှောင်းတန်ခူးလဆုတ် -၅ ရက် (၁၅/၀၄/၁၉၇၁) မဟာသင်္ကြန်အကြတ် ကြာသပတေးနေ.တွင် ဖွားမြင်သည်။သမီး၆ယောက်နောက် သား၃ယောက် ဖွားရာတွင် ၇ယောက်မြောက် မွေးဖွားသော သားဦးဖြစ်သည်။
တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ၁၁-နှစ်သား အရွယ်တွင် ဝမ်းတွင်းမြို.နယ် တောင်ပုလုတောရ၌ ပထမအကြိမ် ရှင်ပြုခဲ့သည်။ တောင်ပုလုဆရာတော်ဘုရားကြီးက ရှင်ပဏ္ဍိစ္စဟု ဘွဲ.ပေးတော်မူခဲ့သည်။(ဒီဘဝ “သာသနာစိတ် သာသနာသွေးအစ တောင်ပုလုက” လို. ဆိုချင်ပါသည်။)ဆယ်တန်းအောင်ပြီး မုံရွာမြို. ရုပ်စုံကျောင်းဆရာတော် ဥုးဝေပုလ္လကို ဥပဇ္ဈာယ်ပြု၍ ဒုတိယအကြိမ် ရှင်သာမဏေပြုခဲ့သည်။



သက်တော် ၁၉နှစ် ၅လ အရတွင် မုံရွာမြို. သစ်ဆိမ့်ပင်ကျောင်းခဏ္ဍသိမ်၌ သာဇံဆရာတော် ဥုးတေဇဝန္တကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်သည်။ ရဟန်းဖြစ်သည့်နေ.မှစတင်၍ ရဟန်း၂-ဝါရသည်ထိ ငယ်ဆရာရင်းဖြစ်သော မုံရွာစန်းမြသီတာ မဟာစည်ဆရာတော်ဘုရား၏ သွန်သင်ညွှန်ပြမှုကို ခံယူကျင့်သုံး၍ အနီးနေ တပည့်အဖြစ် ဆရာတော်ဘုရား၏ သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ကူညီ ထမ်းဆောင်ခဲ့ပါသည်။
၃-ဝါမြောက် ဝါဆိုမှ စတင်၍ ၆-ဝါရသည်အထိ ၄-နှစ်တိုင် မုံရွာမြို. ပဇ္ဇောတာရုံစာသင်တိုက်၌ (မူ/ငယ်/လတ်/ကြီး) ပရိယတ္တိစာပေသင်ယူခဲ့သည်။ ၇-ဝါအရတွင် မန္တလေးမြို. မြဝတီမင်းကြီး ပရိယတ္တိစာသင်တိုက်သို. ပြောင်းရွှေ.သီတင်းသုံးခဲ့ပြီး ဓမ္မာစရိယတန်းစာပေ လေ့လာရင်း ၉-ဝါရသည့် ၁၉၉၉-ခုအထိ အခြေပြုတန်း စာသင်သားများအား ၃-နှစ်ကြာ စာချပေးခဲ့သည်။
၁၀-ဝါမြောက် ဝါကို မေမြို. မိဂဒါဝုန်တောရကျောင်း၌ ဝါကပ်ခဲ့သည်။
သက်တော် ၃၁-နှစ် သိက္ခာ၁၁-ဝါရ ၂၀၀၁ခုနှစ်မှစ၍ ယခုချိန်ထိ မုံရွာစန်းမြသီတာဆရာတော်ဘုရား၏ တာဝန်းပေးအပ်နှင်းချက်အရ မုံရွာစန်းမြသီတာ သာသနာ့ရိပ်သာ တိုက်ခွဲ(ရန်ကုန်)၌ နာယက ကမ္မဋ္ဌာနာစရိယအဖြစ် တာဝန်ယူ တရားဟော တရားပြလျက်ရှိပါသည်။
၂၀၀၂-ခု ၁၂-ဝါမြောက် ဝါကို တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို. ဘိုထာငေါန် ကျောင်းတွင် ဝါကပ်ခဲ့သည်။ ထိုအချိန်မှစတင်၍ ယခုအချိန်အထိ တောင်ကိုရီးယားနိုင်ငံသို. နှစ်စဉ် ကြွရောက်၍ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ဝိပဿနာတရားတော်များကို ကိုရီးယားဘာသာစကားဖြင့် ဟောပြောပြသသင်ကြားပေးနေပါသည်။
၂၀၀၃-ခုမှ ၂၀၀၄-ခုနှစ်ထိ မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌ ဝါကပ်၍ ပြည်ပသာသနာပြု ရဟန်းတော်များ အထူးသင်တန်းကို တက်ရောက်ခဲ့ပါသည်။
၂၀၀၅-ခု တွင် ကိုရီးယားနှင့်မြန်မာ ဒကာဒကာမများ၏ အလှူဖြင့် ရန်ကုန် သင်္ဃန်းကျွန်းမြို.နယ် ကျိုက္ကစံအနောက်ရပ် ကျောက်စာတော်ဘုရားလမ်းရှိ မူလသံယုတ်ကျောင်းမြေနေရာ၌ ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် မြန်မာ-ကိုရီးယား လူငယ် ဖွ.ံဖြိုးရေးကျောင်းကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓ္ဓရင်ခွင်မူကြို၊ ဘာသာစကားသင်တန်းများနှင့် နွေရာသီ ယဉ်ကျေးမှုနှင့်အသုံးချ ဗုဒ္ဓဘာသာ သင်တန်းများပို.ချလျက်ရှိပါသည်။
သက်တော် ၄၀၊ သိက္ခာ ဝါ -၂၀ အရ ၂၀၁၀-ခု တွင် ကိုရီးယားယောဂီများနှင့် ကိုရီးယားရောက် မြန်မာဒကာဒကာမများ၏အလှူဖြင့် တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.၌ ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို တည်ထောင်ဖွင့်လှစ်ပြီး သာသနာပြုနေပါသည်။
ဆုံးမပဲ့ပြင် ကျေးဇူးရှင် ဆရာတော်ကြီးများ
---တောင်ပုလုတောရ ကမ္ဘာအေး ဆရာတော်ဘုရားကြီး
---မုံရွာ စန်းမြသီတာ မဟာစည်ဆရာတော်ဘုရားကြီး
---ကျောက်ဆင်တောရဆရာတော်ဘုရားကြီး
---ဖားအောက်တောရဆရာတော်ဘုရားကြီး
---သဒ္ဓမ္မ ပဇ္ဇောတာရုံ ဆရာတော်ဘုရားကြီး
--- ကွမ်းတော ဆရာတော်ဘုရားကြီး
--- ရွှေဥမင်ဆရာတော်ဘုရားကြီး (ဘဒန္တ ကောသလ္လ)
ပရိယတ် ပဋိပတ်စာပေ ကျေးဇူးတော်ရှင်ကြီးများ
---တောင်မြို.အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး
---မဟာစည်ဆရာတော်ဘုရားကြီး
2010 March spring semester မှစတင်၍ တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြိုရှိ PUKYONG NATIONAL UNIVERSITY တွင် စကောလားရှစ်ကျောင်းသားအဖြစ် Masters in International & Area Studies နှင့် Early Child Education ဘာသာရပ်များကိုလေ့လာနေပါသည်။

Saturday, March 13, 2010

စနေ တရားပွဲ ပထမနေ.

၁၃/၃/၁၀ ဒီနေ. စနေတရားပွဲ အစ ပထမနေ.။ အပတ်စဉ် စနေနေ.တိုင်း ည (၇) နာရီ ကနေ (၉)နာရီအထိ (၁၀) ကြိမ် ကျင်းပဖို. စီစဉ်ထားပါတယ်။ (၅)လပိုင်း (၁၅)ရက်နေ. ပြီးမှာပါ။ ဒီ ပထမအပတ်စဉ်မှာ တက်ရောက်ဖို. စာရင်းပေးထားတဲ့ သူ (၁၈)ယောက်ရှိပါတယ်။ ဘုန်းကြီးတော့ ဒီ အပတ်စဉ် (၁)သင်တန်းသားတွေကို အင် မတန် အားထားပါတယ်။ ဘာလို.လည်းဆိုရင် သင်တန်းသား တော်တော်များများက ကိုရီးယား ဗုဒ္ဓဘာသာလောကမှာ သမ္ဘာရင့် ဝါရင့်တွေဖြစ်လို.ပါ။ သူတို.ကိုယ်တိုင်ပဲ နေရာတော်တော်များများမှာ သင်တန်းတွေဖွင့်လှစ်ပို.ချနေတဲ့ ဆရာကြီးတွေပေါ့ဗျာ။ တက္ကသိုလ် ပါမောက္ခချည်းပဲ (၅)ယောက်ပါပါတယ်။ (၃)ယောက်က ဖူဆန်း တက္ကသိုလ်ကပါ။
အစနေ. ဆိုတော့  

၁။ သင်တန်း ပို.ချသင်ယူသူတို. အနေနဲ. ထားရှိရမယ့် သဘောထား အမှန်
၂။ သင်တန်းစည်းကမ်းနဲ.
၃။ ပို.ချမယ့် အကြောင်းအရာ / နေ.အလိုက်လျာထားချက်ကိုပဲ ပြောပြပြီး အမေး အဖြေကဏ္ဍနဲ. သိမ်းလိုက်ပါတယ်။
         ဒါပေမယ့်လည်း အစနေ. အမေးအဖြေရဲ. အကြောင်းအရာ ပမာဏက သိပ်တော့ မနည်းလှပါဘူး။ သင်္ဂါယနာ ခြောက်တန် အကျဉ်းချုပ်နဲ.တကွ ထေရဝါဒ၊ မဟာယာန၊ ဟီနယာနရှင်းတမ်းအထိ မပြည့်သည့်တိုင် အတော်မြိုင်မြိုင်ကြီးစုံအောင် ပြောပြနိုင်ခဲ.ပါတယ်။ ပရိသတ်တွေလည်း အတော့်ကိုပဲ နှစ်ထောင်းအားရ ပီတိဖြစ်နေကြတာ တွေ.ရပါတယ်။
         ရှင်တော်မြတ်ရဲ. “စာရိကံ ဘိက္ခဝေ စရထ” အဆုံးအမတော်မြတ် ဦးထိပ်ထားလျက် သာသနာအကျိုး ဆထက်တိုး သယ်ပိုးနိုင်စေကြောင်း ဆုပန်တောင်း၍ ကြိုးစားကြရန် တိုက်တွန်းအားပေး တရားဆေးတိုက်ကျွေးလိုက်ပါသည်။ ကြားသိသမျှ သူတော်ကောင်း ~အပေါင်း သာဓု ခေါ်စေသောဝ်။

ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော် ဖွင့်ပွဲးနေ.

ဒီနေ.မှာ ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော် ဆိုတဲ. ခေါင်းစဉ်နဲ. တရားပွဲးကို စတင်နိုင်ခဲ့ပါတယ်။

 ပရိတ်သတ် တက်ရောက်သင်ကြားမည်. သူ ၁၅ယောက်တွင် ၁၂ယောက် တက်ရောက်ခဲ့ကြသည်။
ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး တက်ရောက်ခဲ့ကြသူများသည် စိတ်အာထက်သန်စွာဖြင့် မေးခွန်းများမေးကြသည်။ ဘုန်းဘုန်းလည်း အတော် အတန်ဖြေကြားပေးပြီး တရားပွဲးကိုသိမ်းခဲ့သည်။
အောက်ပါပုံများကို အမျာသူငါများကြည်.ရှုနိုင်ရန် တင်ပေးထားပါသည်။


                                                                                                 ကယားလေး

Wednesday, March 10, 2010

ကိုရီးယားက ဘုန်းကြီးစာသင်သား(၂)

ဒီနေ. အတန်းက နေ.လည် (၂)နာရီကနေ ညနေ (၅)နာရီအထိ။ (Early childhood education Major) ကလေးသူငယ် ပညာရေး ဘာသာထဲက (gifted education) ပါရမီရှင် ပညာရေးဘာသာ ကို သွားနားထောင်တယ်။ မာစတာတန်း (၉)ယောက်ရှိတယ်။ ပရိုဂျက်တာနဲ. ဒေါက်ကျူမန်ထရီ တစ်ခု (၁)နာရီလောက် ထိုးပြပြီး ကျန်တဲ့ (၂) နာရီမှာ သူအမြင် ကိုယ့်အမြင် တင်ပြဆွေးနွေးရပါတယ်။
ဒီဘာသာရပ်ကို လေ့လာချင်နေတာကြာပြီ။ မြန်မာပြည်မှာ ၂၀၀၅-ခုက ပြည်တော်ဦး မြန်မာ-ကိုရီးယား လူငယ်ဖွံ.ဖြိုးရေးကျောင်းကို စပြီးလုပ်ကတည်းက မူကြိုပါတွဲဖို. စိတ်ကူးပြီးသား။  
၂၀၀၇-ခုမှာ ကျောင်းဖွင့်ပွဲနဲ. အတူ မူကြို ပထမအပတ်စဉ်ကို လက်ခံပြီး စခဲ့တာ။ အခုဆို ပြည်တော်ဦး ဗုဒ္ဓရင်ခွင်မူကြို သုံးနှစ်သားပေါ.။ ဆရာမလေး ၂ ယောက်ကို တစ်လ လေးသောင်းခွဲနဲ. ခန်.ပြီး တာဝန်ပေးထားတာ။ အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်ပါရဲ.။ ဒါပေမယ့် မြန်မာပြည်မှာ မူကြိုဆရာဖြစ် သင်တန်းက ၁-လထဲရယ်။ ဒီမှာက ၄-နှစ် တက္ကသိုလ်လေ။  သင်ရိုးညွှန်းတမ်းနဲ. သင်တန်းကာလနဲ.တင်ပဲ
ဆရာဆရာမတွေရဲ.  အရည်အချင်းက ဘယ်လောက်ကွာမယ်ဆိုတာ ရှင်းနေပါတယ်။ ၄-နှစ် ကျောင်းပြီးတာတောင်မှ အလုပ်သင် ၂-နှစ် လုပ်ရသေးသတဲ့။ အဲဒါပြီးမှ ဆရာမ လက်မှတ်ရသတဲ့။ ဘာ့ကြောင့်များ ဒီလောက် ခဲရာခဲဆစ်လုပ်ထားသလဲ။ ဗမာမျက်စေ့နဲ.ဆိုရင် ဆရာဝန် ထက်တောင် ခက်နေပါလားလို. မြင်လိမ့်မယ်။ ဆရာဝန်က လူသားကို ကျန်းမာအောင် မသေသင့် မသေအောင် လုပ်ရသူမို.လို. အရေးကြီးတယ်လို. မြင်ကြပေမယ့် လူသားကို ရှင်သန်အောင် လူပီသအောင် လုပ်ရမယ်. မူကြိုဆရာဆရာမက ဘယ်လောက် အရေးကြီးတယ်ဆိုတာကို မြင်တဲ့သူ သိပ်မများဘူး။                      တိုင်းပြည်ရဲ.  အနာဂါတ်က ကလေးတွေလက်ထဲမှာ။ ကလေးတွေက ဘယ်သူ. လက်ထဲမှာလဲ။ မမြင်ကြသေးသရွေ.တော့ တို.မြန်မာ ရွှေခေတ် ဝေးနေဦးမှာပဲ။ ခေတ်ပျက်နေပြီဆိုရင် ဘာကိုပြင်မလဲ။ ခေတ်ဆိုတာ လူက လုပ်တာ။ လူကိုပြင်ရမယ်။ တခြားအပျက်ပြင်ရတာနဲ.စာရင် လူပျက် ပြင်ရတာ ပိုခက်မယ်ဆိုတာ လူတိုင်းသိပါတယ်။ လူကြီးဆိုတာ ကြီးပြီ။ အရိုးရင့်နေပြီ။ လူကြီးပျက် ပြင်ရတာ ပိုတောင်ခက်ဦးမယ်။ လက်နှီးစုတ်ကြီး ဂျီးစွဲနေသလို စွဲနေပေါ့ပဲ။ ဆရာတော်တစ်ပါးက မိန်.ဖူးတယ် “ဥုးဇင်း ပိန္နဲသီး တစ်ခြမ်းပုပ်ရင် အမြန် ဖြတ်ပစ်ရတယ်။ မဟုတ်ရင် ကျန်တဲ့ အကောင်းတစ်ခြမ်းက လိုက်ပုပ်သွားမယ်။ ပုပ်နေတဲ့ အခြမ်းက အကောင်းခြမ်းကိုလိုက်ပြီး ဘယ်တော့မှ ပြန်မကောင်းလာဘူး”တဲ့။ အခု တိုင်းပြည်မှာ ဖြစ်ပျက်နေတာ အားလုံးတွေ.ကြပြီပဲ။ ရှေ.ကပျက် နောက်ကလိုက်ပျက်နဲ. ပုပ်ပုပ်လာလိုက်တာ။ အချဉ်တည်သလိုပဲ။ ရှေ.က အခံရှိရင် နောက်ထပ်ထည့်သမျှ လိုက်ချဉ်သွားမှာပဲ။ ခုချိန်အထိ မွေးလာသမျှ ကလေးတွေ အချဉ်ပေါက်နေတဲ့အိုးထဲ ထည့်ထည့်ပြီး အချဉ်ဖေါက်ခံနေရတာ  ချဉ်စုတ်စုတ်အနံ.က မြန်မာမဆံ့ ကမ္ဘာမှာပါပြန်.နေပြီလေ။ ခုချိန်ကစ မွေးလာသမျှ ကလေးတွေ အချဉ်အိုးကြီးထဲ မကျဖို. ဝိုင်းဝန်းကာကွယ်ကြပါစို. ဆိုရင် ကလေးသူငယ် ပညာရေးကို အာရုံစိုက်ရပါတော့မယ်။ လူတစ်ယောက်ဟာ မွေးလာပြီး ၆/၇-နှစ်သား အရွယ်အထိ သင်ယူလိုက်တာဟာ  တစ်သက်လုံး စွဲပါသွားတဲ့အပြင် တစ်သက်တာ သင်ယူမှုအားလုံးရဲ. ရာခိုင်နှုန်း တော်တော်များများက အဲဒီကာလမှာတဲ.။ 
                      ဒီနေ. ကြည့်ရတဲ့ အမေရိကန် “ပါရမီရှင် ရှာဖွေလေ့ကျင့်ပျိုးထောင်ရေး အထူးပညာရေး” အစီအစဉ် နဲ. ဆယ်နှစ်တာ ကာလအတွင်း ကိုရီးယားကို အကြိမ်ကြိမ်အခေါ်က်အခေါ်က်ရောက်ခဲ့ပြီး အခွင့်သင့်တိုင်း လေ့လာခဲ့တဲ့ ကလေးသူငယ်ပညာရေး ယန္တယားကြီးက အမေရိကန် ဘာကြောင့် ခေါင်းတစ်လုံးပိုမြင့်သလဲ ကိုးရီးယားတွေ ဆယ်စုနှစ်၂/၃ခု အတွင်းမှာ ဘာကြောင့် ရှေ.တန်းရောက်လာသလဲဆိုတာကို ပြောပြနေတယ်လို. ခံစားမိပါတယ်။ လူပျက်ပြင်ဖို. အရေးက ပျက် ~  အစဉ် ပြင်~  ခဏ (သိပ်မကြာခင် ပြန်ပျက် အမြဲပျက်နေမှာမိုလို.)  “ကြိုတင်ကာကွယ်မှုက ကုသမှုထက် ပိုထိရောက်သည်” ဆိုတဲ့ ဆေးလောက စကား သတိထား ပြီး မပျက်ခင် ကာကွယ်ဖို. ပြင်ဆင်ကြပါစို.။

Tuesday, March 9, 2010

ကိုရီးယားက ဘုန်းကြီးစာသင်သား(၁)

ကျောင်းပြန်ရောက်လို. နာရီကြည့်လိုက်တော့ ည (၇)နာရီခွဲ။ ညနေ (၄)နာရီစ (၇)နာရီမှာဆုံး (၃)နာရီလုံးလုံး။ သင်မှသင်နိုင်ပေ့။ ပရော်ဖက်ဆာ 염동룡။ တရားဟောဘုန်းကြီး ပလ္လင်ပေါ်ထိုင်ပြီး အပေါ်စီးက ပြောခဲ့သမျှ ဒီရောက်မှ ဝဋ်လည်ပြီ ထင်တယ်။  အတန်းအပြီး တက္ကသိုလ်ကနေ ကျောင်းအရောက် ခြေလျင်လျှောက်တာ နာရီဝက်ကြာတယ်။ ရောက်မဆိုက်

ဒကာလှမင်းထွန်း ဖျော်ကပ်တဲ့ သစ်သီးဖျော်ရည်တစ်ခွက်နဲ. ဟာနေတဲ့ဝမ်းကြောင့် ချိနေတဲ့ခါးကို အားဖြည့်လိုက်ရတယ်။ဘုရားခန်းမှာ ကိုးကွယ်ထားတဲ့ ဓမ္မစင်္ကြာပန်းချီကား ဘုရားဖူးရင်း .....
အင်း --- ဒီနေ. ဘာသင်သွားပါလိမ့်။ International & Area Studies ဘုန်းကြီးနဲ. ဘီးလို မနီးတဲ့ ဘာသာရပ်။
သင်တာကက “ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ.အစည်းများ အကြောင်း” စိတ်ဝင်စားစရာ ကောင်းတာက ပရော်ဖက်ဆာရဲ. အတွေးခေါ်နဲ. သင်ပုံသင်နည်း။ ရည်ညွှန်းစာအုပ်ကြီးဖတ်ရတာ academic writting ကျမ်းကြီးကျမ်းခိုင် စာသံပေသံကြီးနဲ.ဆိုတော့ ဖတ်လို. မပြီးတော့ဘူး။ သူသင်သွားတော့လည်း သိပ်မခက်ပါဘူး။
                  စိတ်ထဲမှာ ကျန်နေခဲ့တာက သူ.ရဲ. အတွေးအခေါ်။ “ကုလသမဂ္ဂလို နိုင်ငံစုံ အဖွဲ. အစည်းပဲ ဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံပဲဖြစ်ဖြစ် မိသားစု တစ်ခုနဲ. အတူတူပဲ။ 
                 အဖေက ပျော.စိပျော.ညံ့ လူဖလံလေးဆိုရင် တခြား ကျားကျားလျားလျား ထောင်ထောင်မောင်းမောင်းကြီးတွေနဲ. ယှဉ်လိုက်ရင် အရှုံးကြီးပဲ။ ထီခနဲဆို ကွဲပေါ.။ ဒါဆို သားသမီးတွေက မလုံခြုံဘူး။ အဖေကိုလည်း  အားမကိုး မကြောက်တော့ဘူး။ အပြင်လူသူစိမ်းအားကြီးသူကို အားကျ အားကိုးတော့မှာပဲ။ ဒါကြောင့် မိသားစုမှာ အဖေက အားရှိရမယ်။
                  နောက် အဖေက ငွေမရှာနိုင်ရင် သားသမီးတွေ အထင်မကြီးဘူး။ ငွေရှိသူ တစိမ်းကို ခယညွတ်တွား ကိုယ့်ကိုယ်ကိုတောင် ရောင်းစားကြလိမ့်မယ်။ တို. အမျိုးက ဘာဂုဏ်ယူစရာရှိလို.လဲပေါ.။ ဒါကြောင့် မိသားစုမှာ အဖေက ငွေရှိရမယ်။ 
                  နောက်ဆုံးတစ်ချက် အဖေက ကိုယ်ကျင့်တရား ကောင်းရမယ်။ မဟုတ်ရင် သားသမီးက မလေးစားနိုင်ဘူး။ သူတို. ကိုယ်သူတို.လည်း တန်ဖိုးထားရကောင်းမှန်း မသိတော့ဘူး။ အဖေ တန်ဘိုးမရှိတာ သူတို.သိနေမှတော့ သူတို.မှာ ဘာမျှော်လင့်စရာရှိမလဲ။
                   အတူတူပဲ နိုင်ငံစုံအဖွဲ.အစည်းပဲဖြစ်ဖြစ် နိုင်ငံတစ်ခုခုဖြစ်ဖြစ် ၁- အားရှိရမယ်။
                                                                                             ၂- ငွေရှိရမယ်။
                                                                                             ၃-ကိုယ်ကျင့်ကောင်းရမယ်။



နိုင်ငံရဲ. အားဆိုတာ                     စစ်ရေး


နိုင်ငံရဲ. ငွေက                            စီးပွားရေး

နိုင်ငံရဲ. ကိုယ်ကျင့်တရားက            နိုင်ငံရေး (ဥပဒေ)
                                              ဥပဒေနဲ. အညီအုပ်ချုပ်တဲ. ကိုယ်ကျင့်ကောင်းတဲ. အစိုးရ






အဲဒီ အားသုံးမျိုးထဲမှာ အကြီးဆုံးအားက ကိုယ်ကျင့်တရား။ 


ကိုယ်ကျင့်တရား ဥပဒေကောင်းတဲ့ အစိုးရက အားလုံးကို အောင်လိမ့်မယ်” တဲ. ။


ကောင်းလိုက်တာ။



ည ၁၂နာရီခွဲပါပေါ့လား။ မနက်ဖြန်လည်း  ကျောင်းသွားရဦးမယ်။ 



ဝါး~~~~~  ကိုရီးယားက ဘုန်းကြီးစာသင်သား













ခီလ်ဆန်းင်ဆာ (길상사) ဂွမ်ဂျူး တရားပွဲ

လစဉ် ဒုတိယ အပတ် တနင်္ဂနွေနေ. ဂွမ်ဂျူးမှာ မြန်မာ ဒကာများအတွက် တရားပွဲ

.ပြီးခဲ.တဲ့ ၇-ရက်နေ. တနင်္ဂနွေ တရားပွဲမှာ မမျှော်လင့်ဘဲ မြန်မာ ဒကာတွေ တော်တော်များများ ရောက်လာလို. 길상사 ဘုန်းကြီးက အားရဝမ်းသာ ဖြစ်သွားပါတယ်။ ကပ္ပိယ ကာရက အဖြစ် လိုက်လာတဲ့ ဖူဆန်း ဘူဂရောင် တက္ကသိုလ်ကျောင်းသား ဒကာလှမင်းထွန်းလည်း ပီတိတွေဖုံး တ
ပြုံးပြုံးနဲ. ကင်မရာ နှစ်လုံးကို လက်မလည်အောင် ရိုက်နေတော့တာပဲ။ လစဉ် ပထမပတ် တနင်္ဂနွေနေ. မိသားစု တရားပွဲ ကျင်းပနေကြဖြစ်လို.သာ ကိုရီးယားလို ဟောရတယ်။ ပရိသတ်က မြန်မာတဝက် ကိုရီးယား တဝက်။ အဲဒီတရားပွဲမှာ မြန်မာတွေရဲ. သဒ္ဓါတရားကို အမွှမ်းတင်ပြီး အင်္ဂလိပ်ကိုလိုနီ နှစ်ရာချီ ဖြစ်ခဲ့ပေမယ့် သာသနာ မဖျက် ဘာသာမပျက်ပဲ အခုထိ တို.မြန်မာပြည်မှာ ဗုဒ္ဓဘာသာ ရာနှုန်းပြည့် နီးပါး ဖြစ်ကြောင်း ထည့်ပြောလိုက်ပါတယ်။ အဓိက တရားသားကတော့ ဗြဟ္မဝိဟာရ တရား လေးပါးပါ။ တရားနာ လာကြတဲ့ ကိုရီးယား ဒကာဒကာမတွေလည်း ကြည်နူးပီတိဖြစ်ကြ ထုံးစံ အတိုင်း လက်ခုပ်သံ တညံညံနဲ. အားပေးကြပါတယ်။
                   ကိုရီးယား ဘုန်းတော်ကြီးက နိုင်ငံခြားသား အခြေချသူများနဲ. အလုပ်သမားတွေကို ကူညီတဲ့ စင်တာလည်း ဖွင့်ထားတဲ့သူ ဆိုတော့ လစဉ် မြန်မာတရားပွဲလည်း လုပ်ချင်တယ်လို. ပြောလာပါတယ်။ဒါနဲ. မြန်မာ ဒကာတွေနဲ. တိုင်ပင်ပြီး သူတို.လေးတွေလည်း လိုလိုလားလားရှိကြတော့ လစဉ် တနင်္ဂနွေနေ. တရားပွဲ လုပ်ဖို. ဖြစ်သွားပါတယ်။“ ကာလေန ဓမ္မဿဝနံ” မင်္ဂလာ တစ်ပါး တိုးပွားချမ်းသာကြပါစေ။

အသံလွှင့်ဌာနနှင့် တွေ.ဆုံခန်း

ဒီလ ၁၂-ရက် လာမည့် သောကြာနေ. ညနေ ၅နာရီ ၅ မိနစ်မှာ ဖူဆန်း ဗုဒ္ဓဘာသာ ရေဒီယိုနှင့် တွေ.ဆုံ မေးမြန်းခန်း လုပ်ဖို.ရှိပါတယ်။

မနက်က စာကြည့်နေတုန်း ဖုန်းဝင်လာတယ်။ ဖူဆန်း
ဗုဒ္ဓဘာသာ ရေဒီယိုကပါ။ တက္ကသိုလ် တစ်ဖက် ကျောင်းတဖက်နဲ. ပင်ပန်းနေပါသလားဆိုတော့ “မောတော့ မောတာပေါ. ဒါပေမယ့် မမောဘူး”လို. ပြောလိုက်တယ်။ ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန် နဲ. အရှင်ဘုရားအကြောင်း အင်တာဗျူး လုပ်ချင်လို.ပါတဲ.။ မိနစ် (၂၀) စာ အစီအစဉ်လို.ပြောပါတယ်။ စိတ်ဝင်စားသူများ နားထောင်ရအောင် ကြို အသိပေးလိုက်ပါတယ်။

Sunday, March 7, 2010

ဂွမ်ဂျူးတရားပွဲး

မနေ.က ဂွမ်ဂျူး သို. တရားဟောသွားစဉ်ကဖြစ်ပါသည်။ မြန်မာ အလုပ်သမားလူငယ်တော်တော်များများလာရောက်ခဲ့ကြသည်။

အဲဒီမှာ မြန်မာ ပရိတ်သတ်က ကိုရီးယားပရိတ်သတ်ထက်သာသရောင်တောင်ရှိနေပါသည်။ ဘာဖြစ်လို.လည်းဆိုတော့ မြန်မာတွေက ဘုန်းကြီးကြွလာတာကို ညရောက်မှ ရုတ်တရတ်သိလို. လာတာပဲးရှိသေးလို.ပါ။ တကယ်တမ်းကိုရီးယားတွေလို တရားပွဲးရှိတယ်လို. တစ်လ၊ တစ်ပတ်လောက် စေားသိနေခဲ့မယ်ဆိုရင် ဒီးထက်ပိုပြီးလာကြလိမ့်မယ်လို. ပြောနိုင်လို.ပါ။ အခုတော. မြန်မာကစုစုပေါင်း ၁ရယောက်လောက်လာခဲ့ပြီး ကိုရီးယားကတော့ ၁၉၊၂၀ယောက်လောက် လာမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်တရားပွဲးတစ်ခုတော့အထမြောက်သွားတာဝမ်းသာစရာတစ်ခုပါ။


 

Thursday, March 4, 2010

စနေ သင်တန်း

(၁၃-၃-၁၀) စနေနေ. မှစ၍ (၁၅-၅-၁၀) စနေနေ. အထိ၊ (၁၀) ကြိမ်တိတိ၊
“ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော်” သင်တန်း ရှိပါသည်။
ဖူဆန်း ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်၌ ယခုလ ဒုတိယအပတ် စနေနေ.မှ စတင်၍ အပတ်စဉ် စနေနေ.တိုင်း ည (၇)နာရီမှ (၉)နာရီ အထိ ကိုရီးယား လူမျိုးများအတွက် ကိုရီးယား ဘာသာစကားဖြင့် သင်တန်းပို.ချပေးမည်ဖြစ်၍ စိတ်ဝင်စားသူများ မည်သူမဆို တက်ရောက်နိုင်ကြောင်း အသိပေး ဖိတ်ကြားပါသည်။

ဖိတ်ခေါ်ပါသည်။

ဂွမ်ဂျူးတရားပွဲ။ 
၂၀၁၀ မတ်လ (၇)ရက်၊ တနင်္ဂနွေနေ.။ နံနက် (၁၁)နာရီ။
길상사
광주광역시 광산구 산정동 976-5번지
일요일 가족법회

လာမယ့် တနင်္ဂနွေနေ. ဂွမ်ဂျူးမှာ ပြည်တော်ဦးဆရာတော်ရဲ. တရားပွဲ ရှိပါတယ်။ နှစ်စဉ်တော့ 원각사 ဝေါန်ကာ့က်ဆာ မှာ ဟောနေကြပါ။ ဒီနှစ် အဲဒီကျောင်းဘုန်းကြီးကပဲ 길상사 ခီလ်ဆန်င်ဆာမှာ တရားပွဲလုပ်ချင်တယ်ဆိုလို. သွားရမှာပါ။ ဂွမ်ဂျူးမှာရှိတဲ့ ရွှေမြန်မာတွေ အခြေနေပေးရင် တွေ.ချင်ပါတယ်။ ဒီဖိတ်စာ ဖတ်ရတဲ့သူများ ဂွမ်ဂျူးမှာ အသိရှိရင် တဆင့်စကား တဆင့်နားနဲ. နတ်လမ်းညွှန်ပေးဖို. မေတ္တာရပ်ပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More