ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ခီလ်ဆန်းင်ဆာ (길상사) ဂွမ်ဂျူး တရားပွဲ ~ pyidawoo

Pages

Tuesday, March 9, 2010

ခီလ်ဆန်းင်ဆာ (길상사) ဂွမ်ဂျူး တရားပွဲ

လစဉ် ဒုတိယ အပတ် တနင်္ဂနွေနေ. ဂွမ်ဂျူးမှာ မြန်မာ ဒကာများအတွက် တရားပွဲ

.ပြီးခဲ.တဲ့ ၇-ရက်နေ. တနင်္ဂနွေ တရားပွဲမှာ မမျှော်လင့်ဘဲ မြန်မာ ဒကာတွေ တော်တော်များများ ရောက်လာလို. 길상사 ဘုန်းကြီးက အားရဝမ်းသာ ဖြစ်သွားပါတယ်။ ကပ္ပိယ ကာရက အဖြစ် လိုက်လာတဲ့ ဖူဆန်း ဘူဂရောင် တက္ကသိုလ်ကျောင်းသား ဒကာလှမင်းထွန်းလည်း ပီတိတွေဖုံး တ
ပြုံးပြုံးနဲ. ကင်မရာ နှစ်လုံးကို လက်မလည်အောင် ရိုက်နေတော့တာပဲ။ လစဉ် ပထမပတ် တနင်္ဂနွေနေ. မိသားစု တရားပွဲ ကျင်းပနေကြဖြစ်လို.သာ ကိုရီးယားလို ဟောရတယ်။ ပရိသတ်က မြန်မာတဝက် ကိုရီးယား တဝက်။ အဲဒီတရားပွဲမှာ မြန်မာတွေရဲ. သဒ္ဓါတရားကို အမွှမ်းတင်ပြီး အင်္ဂလိပ်ကိုလိုနီ နှစ်ရာချီ ဖြစ်ခဲ့ပေမယ့် သာသနာ မဖျက် ဘာသာမပျက်ပဲ အခုထိ တို.မြန်မာပြည်မှာ ဗုဒ္ဓဘာသာ ရာနှုန်းပြည့် နီးပါး ဖြစ်ကြောင်း ထည့်ပြောလိုက်ပါတယ်။ အဓိက တရားသားကတော့ ဗြဟ္မဝိဟာရ တရား လေးပါးပါ။ တရားနာ လာကြတဲ့ ကိုရီးယား ဒကာဒကာမတွေလည်း ကြည်နူးပီတိဖြစ်ကြ ထုံးစံ အတိုင်း လက်ခုပ်သံ တညံညံနဲ. အားပေးကြပါတယ်။
                   ကိုရီးယား ဘုန်းတော်ကြီးက နိုင်ငံခြားသား အခြေချသူများနဲ. အလုပ်သမားတွေကို ကူညီတဲ့ စင်တာလည်း ဖွင့်ထားတဲ့သူ ဆိုတော့ လစဉ် မြန်မာတရားပွဲလည်း လုပ်ချင်တယ်လို. ပြောလာပါတယ်။ဒါနဲ. မြန်မာ ဒကာတွေနဲ. တိုင်ပင်ပြီး သူတို.လေးတွေလည်း လိုလိုလားလားရှိကြတော့ လစဉ် တနင်္ဂနွေနေ. တရားပွဲ လုပ်ဖို. ဖြစ်သွားပါတယ်။“ ကာလေန ဓမ္မဿဝနံ” မင်္ဂလာ တစ်ပါး တိုးပွားချမ်းသာကြပါစေ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More