ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Friday, August 9, 2013

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။


တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို ၂၀၁၀ခု ၂လပိုင်း ၃ရက်နေ.မှာ စတင် တည်ထောင်ခဲ့ပါတယ်။
ကိုရီးယား လူမျိုးများအတွက်သာမက ဖူဆန်း ကင်မ်ဟဲ ယန်ဆန်း အူလ်ဆန်း ချန်ဝမ်းတစ်ဝိုက်က ရွှေမြန်မာတွေနဲ. ပညာတော်သင် ကျောင်းသားတွေအတွက် ဘာသာရေး လူမှုရေး ပညာရေး အစစ အရာရာ မှီိခိုအားထားရာ နေရာတစ်ခုအဖြစ် ပေးဆပ်ခွင့်ရနေတဲ့အတွက် အထူးကြည်နူး အားရမိပါတယ်။

၂၀၁၂-၆-၁၇ရက်နေ.မှာ ကိုရီးယားယောဂီ တစ်ယောက်ရဲ. ကောင်းမှုအဖြစ် ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန် အမှတ်(၂)ကို တည်ထောင်ဖွင့်လှစ်ပြီး ကိုးရီးယားမြန်မာ ဒကာဒကာမများရဲ. လောကီ လောကုတ္တရာ နှစ်ဖြာစီးပွား အကျိုးများမည့် အရေးအရာမှန်သမျှ ဆထက် ထမ်းပိုးတိုး၍ ချမ်းချမ်းသာသာ ဆောင်ရွက်ခွင့် ရလာတဲ့အတွက် ဝမ်းမြောက် ကြည်နူး အထူးပဲ ရွှင်လန်းအားတက်ခဲ့ပါတယ်။

ဒါတင်မကပဲ ၂၀၁၃-၁-၂၃ ရက်မှာတော့ ကင်မ်ဟဲမြို.မှာ လေးထပ်တိုက်တစ်လုံးရဲ. ၃ထပ်နဲ.၄ထပ် နှစ်ထပ်စလုံးကို ငွေသိန်းတစ်ရာလေးဆယ် စပေါ်တင်ပြီး ဒီနယ်တဝိုက်ကို ရောက်လာတဲ့ ရွှေမြန်မာ အားလုံးအတွက် မိဘအိမ်သဖွယ် လွတ်လပ်စွာ နားခိုနေထိုင်ဖို.ရာ ကင်မ်ဟဲ ဓမ္မယာနပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို တည်ထောင်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။

အခုလည်း ချောလာဒို ဂွမ်းဂျူးမှာ ရွှေမြန်မာများအတွက် အားထားရာ မြန်မာကျောင်း တစ်နေရာ ထပ်မံ ဖြစ်ပေါ်လာပါတော့မည်။ အစပျိုးလာတာကတော့ ဒီလိုပါ၊။
၂၀၁၀ခုနှစ် ကတည်းက ဂွမ်ဂျုးကို လတစ်လရဲ. ဒုတိယ တနင်္ဂနွေနေ.တိုင်း ခီလ်ဆန်းင်ဆာဆိုတဲ့ ကိုရီးယားကျောင်းက တရားပွဲပင့်လို. သွားရင်း မြန်မာလူမျိုးတွေနဲ. တွေ.ခဲ့ပါတယ်။ အဲဒ်ီကတည်းက မြန်မာတွေအတွက် မြန်မာတရား ကိုးရီးယားတွေအတွက် ကိုးရီးယားတရား တစ်နေရာ တစ်ထိုင်တည်းမှာ တရားနှစ်ပွဲ ဟောပေးရင်း မြေစမ်းခရမ်းပျိုး သာသနာပြု စခန်း တောတိုးရင်း ရမ်းသန်းသွားနေခဲ့တာပါ။ ဒီလိုနဲ. မကြာပါဘူး ရွှေမြန်မာတွေရဲ. သဒ္ဓါတရားက တရားနာရရုံနဲ. ပြီးမသွားဘူး ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပြီး ဘုန်းဘုန်းကို ဆွမ်းကပ် အလှူပေး တရားနာချင်ပါတယ်။ ကိုးရီးကျောင်းမှာ မလွတ်လပ်လို. တပည့်တော်တို. စက်ရုံမှာ ကပ်မယ် ကြွပေးပါဘုရားဆိုတာနဲ. အောင်ကိုကိုတို. စက်ရုံမှာ လစဉ်ဆွမ်းကပ်တရားနာ အလှူအနုမောဒနာ ပြုပေးလာတာ အခုဆို နှစ်နဲ.ချီပြီပေါ့။ အခု အထက်ပြောင်းသွားကြတဲ့ ရဲသီဟ ကျော်လှိုင်ထွန်း ကျော်စွာ ခင်လှိုင် စတဲ့ ဒကာတွေ ဒယ်ဂူးရောက်သွားတဲ့ လွိုင်ကော်မောင်စိုင်းတို.တစ်တွေ အားလုံးအတူ စခဲ့ကြတဲ့ ကုသိုလ်ရေစက်ပေါ့။
ဂွမ်းဂျုးက လူအင်အားနည်းပေမယ့် သဒ္ဓါအား မမွဲကြဘူး။ ဖူဆန်း ဝါဆိုကထိန်သင်္ကန်း အလှူပွဲဆို ဘတ်စ်ကားစီးလုံးငှားပြီး လာရောက် ပူးပေါင်း ဆောင်ရွက်ကြတယ်။ ဓမ္မယာန မဇ္ဈိမယာနအဖွဲ.ကိုလည်း စဖွဲ.တဲ့ ၂၀၁၀ခု ကနေစလို. အခုချိန်အထိ မပျက်မကွက်ထောက်ပံ့ပြီး မြန်မာကလေးငယ်တွေရဲ. အနာဂါတ်အတွက် ပေးဆပ်ခဲ့ကြပါတယ်။
ဒီလိုနဲ. လူနှစ်ဆယ် အစိတ်နဲ. စခဲ့တဲ့ ဂွမ်းဂျူးလစဉ်မြန်မာတရားပွဲဟာ အခုဆို လူ ငါးဆယ်လောက်ဖြစ်လာနေပါပြီ။ စိတ်ထားကောင်းကောင်းနဲ. စု ရည်ရွယ်ချက် ကောင်းကောင်းနဲ. စုပြီး အလုပ်ကောင်းတွေ လုပ်ကြမယ်ဆို အစုရှိရင် အမှုရှိတယ် ဆိုလည်း ဝမ်းနည်းစရာ အထူးမရှိတော့ပါဘူး။
လူများလာပြန်တော့ စက်ရုံပိုင်ရှင်က မကြည်ပြန်ဘူး။ သူ.ကိုလည်း အဆိုးမဆိုသာ။ သူ.စက်ရုံကလူချည်းပဲဆို သူလည်း ဘာမျှပြောမည်မဟုတ်ပါ။ အခုတော့ ရုံပေါင်းစုံက ရွှေမြန်မာ သူ.စက်ရုံမှာ လာစုကြတာဆိုတော့ ပြောတော့တာပေါ့။ ဒါနဲ. ဘယ်သူမျက်နှာမှ ကြည့်စရာမလို မိဘအိမ်လို နေရာမျိုးဆိုတာလေးက ဂွမ်ဂျုးက တို. ရွှေမြန်မာတွေအတွက်လည်း အငြင်းပွားစရာမလိုအပ်တဲ့ လိုအပ်ချက်တစ်ခု ဖြစ်လို.လာပြန်ပါတယ်။
တစ်ခါ အကြောင်းတိုက်ဆိုင်စွာပဲ ဘုန်းကြီး ဗုဒ္ဓဂယာ ဘုရားဖူးကြွစဉ်က လမ်းညွှန် အဖေါ်ပြုပေးခဲ့တဲ့ ရခိုင်လူမျိုး ဦးဝဏ္ဏကလည်း Phd. ဘွဲ.အရ ဘုန်းကြီးအကူအညီသာရမယ်ဆိုရင် ကိုရီးယားမှာ သာသနာပြုခွင့်ရချင်တယ် ဆိုထားတော့ သူ.ကို ဂွမ်ဂျူးဆရာတော်အဖြစ် ပင့်ထားဖို. ဒကာတွေနဲ. တိုင်ပင်ထားပါတယ်။
မြန်မာ အနောက်တံခါးကို ကာကွယ်ထားတဲ့ ရခိုင် လူမျိုးတွေရဲ. ကျေးဇူးတရားကို လေးစားပူဇော်ခြင်းလည်း အကြောင်းတရား တစ်ပါးအပါအဝင်ပေါ့။ အောင်မြင် ပေါက်မြောက်အောင် ပြန့်ပွားထွန်းကားအောင် လုပ်နိုင်မယ်လို. ရခိုင်လူမျိုးရဲ. ဇွဲလုံ့လကို ယုံကြည်တာလည်း အကြောင်းတစ်ခုကြောင့် အရင်းအချာ သီတင်းသုံးဖေါ်နဲ. တပည့်တွေကို ဖယ်ထားပြီး မကြာခင်ကမှ သိကျွမ်းခဲ့ရတဲ့ ဦးဝဏ္ဏကို ဒီအခွင့်အလမ်း ပေးဖြစ်ခဲ့ပါတယ်။ ဂွမ်းဂျုးက ကိုးရီးယား တပည့်ဒကာဒကာမများကလည်း တတ်စွမ်းသမျှကူညီမယ် အာမခံထား ကြတာကြောင့် မကြာခင် အထမြောက်သွားမှာပါ။ နောင် ဂွမ်းဂျုးရောက်ရင် မပူနဲ. တို.မြန်မာတွေအတွက် အဆောက်အဦမကောင်းသော်လည်း ကိုယ်ထင်ရင် ခုတင် ခြေခြောက်ချောင်း တို.မြန်မာ ရွှေကျောင်းရှိတယ်။ လာသာလာခဲ့ကြပါ။

Thursday, July 18, 2013

ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ဖိတ်ကြားလွှာ


ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာများ နှင့် 
နုတ်ဆန်း Sunday Friends သူငယ်ချင်းများ မှ 
ဂမ်ဟဲမြို့ ဓမ္မယာနအသင်း ရွှေအလင်းတန်းစာကြည့်တိုက်တွင်  
ဘူဆန် ပြည်တော်ဦးဆရာတော် အရှင်ပဏ္ဍိစ္စ နှင့် သံဃာတော်များအား 
စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူမည် ဖြစ်ပါ၍ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ    
ရွှေမြန်မာများ ကြွရောက်ကြပါရန် လေးစားစွာဖြင့်  ဖိတ်ကြားအပ်ပါသည်။

                         နေ့ရက် ။     ။ ၁၃၅၇-ခုနှစ် ၊ ၀ါဆိုလဆန်း(၁၄) ရက် ၊ (၂၁-၇-၂၀၁၃) တနင်္ဂနွေနေ့
                         အချိန်   ။     ။ နံနက် (၁၀း၀၀) နာရီ မှ နေ့လည် (၂း၀၀) နာရီ အထိ
                         နေရာ   ။     ။ ဂမ်ဟဲမြို့ ၊ ဓမ္မယာန အသင်း ၊ ရွှေအလင်းတန်း စာကြည့်တိုက်
                အကျွေးအမွေး ။        ။နုတ်ဆန်း Sunday Friends သူငယ်ချင်းများမှ မြန်မာထမင်းဟင်းများနှင့် ဧည့်ခံကျွေးမွေးမည်

Saturday, June 29, 2013

ဘူဆန် ဆာဆန်ကျောင်းတွင် အလှူပြုလုပ်မည်



ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ဆာဆာန်ရှိ ပြည်တော်ဦး ဓမ္မယာနကျောင်းတွင် မညိုပြာဝင်း မိသားစုမှ ဘူဆန်ဆရာတော် အရှင်ပဏ္ဍိစ္စအား နေ့ဆွမ်းဆက်ကပ်ပြီး အကျွေးအမွေးများ ပြုလုပ်မည်ဖြစ်ပါ၍ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာများ လာရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ ၃၀-၆-၂၀၁၃ (တနင်္ဂနွေနေ့)
အချိန် ။ ။ နံနက် (၁၁း၀၀) နာရီ မှ (၁း၀၀) အထိ
နေရာ ။ ။ ဘူဆန် ဆာဆန်ရှိ ပြည်တော်ဦး ဓမ္မယာနကျောင်း

Saturday, June 22, 2013

ကိုရီးယားနိုင်ငံ ဘူဆန်ဆရာတော် အရှင်ပဏ္ဍိစ္စ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဘူဂယောင်း တက္ကသိုလ် နှင့် ဓမ္မယာန မဇ္ဈိမယာန အဖွဲ့တို့မှ ပူးပေါင်းကာ ကိုရီးယားဘာသာစကားသင်တန်းများဖွင့်လှစ်ပေးမည်


ကိုရီးယားနိုင်ငံ ဘူဆန်ဆရာတော် အရှင်ပဏ္ဍိစ္စ၏ ဆောင်ရွက်မှုဖြင့် ဘူဂယောင်း တက္ကသိုလ် နှင့် ဓမ္မယာန မဇ္ဈိမယာန အဖွဲ့တို့မှ ပူးပေါင်းကာ 
(၁)ကိုရီးယား ဘာသာစကားသင်တန်း အခြေခံ 
(၂)ကိုရီးယား စကားပြော/အရေး/အဖတ် သင်တန်းများ
(၃)ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ (TOPIK) မေးခွန်းဟောင်း သင်တန်း များကို သင်ကြားပေးသွားပါမည်။

တက်ရောက်မည့် ကျောင်းသားများ၏ အရည်အချင်းအလိုက် အတန်းခွဲနိုင်ရန် Korea Level Test စာမေးပွဲများ ဖြေဆိုကြရပါမည်။ သင်တန်းများကို ဇွန်လ (၃၀) ရက်နေ့တွင် စတင်တက်ရောက်ကြမည်ဖြစ်ပါသည်။

သင်ကြားပေးမည့် ဆရာများမှ ကိုရီးယားဘာသာစကား မဟာတန်းများတွင် တက်ရောက်နေသော ဆရာမ ဒေါ်ခင်သူဇာ ၊ ဆရာမ ဒေါ်လဲ့ရည်ထွန်း ၊ ဆရာမ ဒေါ်ငွေကြည်မျိုးနိုင် ၊ ဆရာမ ဒေါ်ထက်မြက် နှင့် ကိုရီးယား ဆရာ/မ များမှ လည်း ပူးပေါင်း သင်ကြားပေးမည် ဖြစ်ပါသည်။

သင်တန်းအချိန်များနှင့် နေရာများမှာဂမ်ဟဲမြို့ရှိ 
ဓမ္မယာန အသင်း၏  ရွှေအလင်းတန်းစာကြည်တိုက် တွင် နေ့လည် (၁၂း၀၀)နာရီ မှ ညနေ(၃း၀၀)နာရီအထိ နှင့် ဆာဆန်ရှိ ဓမ္မယာန အသင်းတွင် နေ့လည် (၁း၀၀) မှ ညနေ (၄း၀၀)အထိ အဆိုပါနေရာများတွင် မြန်မာဆရာမများမှ ၁ နာရီခွဲ ၊ ကိုရီးယားဆရာ/မ များမှ ၁နာရီခွဲ တစ်ချိန်လျှင် (၃) နာရီ ကြာသင်ကြားပေးမည်။

အဆိုပါသင်တန်းများသို့ တက်ရောက်လိုသူများသည် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေး တက်ရောက်နိုင်ကြပါသည်။
၁။ ဆရာမ ဒေါ်ခင်သူဇာ ( 010-5756-5641 )
၂။ ဆရာမ ဒေါ်လဲ့ရည်ထွန်း ( 010-8456-5642 )
၃။ ဆရာမ ဒေါ်ငွေကြည်မျိုးနိုင် ( 010-5925-5540 )
၎။ ဆရာမ ဒေါ်ထက်မြက် ( 010-4694-7154 )

သင်တန်းပြီးဆုံးသွားပါက စာမေးပွဲများ ဖြေဆိုကြရပါမည်။ အဆိုပါ စာမေးပွဲကို အောင်မြင်သူများသည် ဘူဂယောင်တက္ကသိုလ်မှပေးအပ်သော ကိုရီးယားဘာသာစကား ကျွမ်းကျင်မှု အသိအမှတ်ပြု အောင်လက်မှတ်များကို ရရှိမည် ဖြစ်ပါသည်။ သင်တန်းကာလအတွင် ကျောင်းခေါ်ချိန် ၄၀% မပြည့်သော ကျောင်းသားများသည် နောက်ထပ်ဖွင့်လှစ်မည့် အတန်းများတွင် တက်ရောက်ခွင့်များ မရရှိနိုင်ကြောင်း သိရှိရပါသည်။




Tuesday, June 11, 2013

ဓမ္မယာန ပြည်တော်ဦးကျောင်း(ဆာဆန်) တည်ထောင်ခြင်း (၁)နှစ်ပြည့် အထိမ်းအမှတ် တရားပွဲ ဖိတ်ကြားလွှာ


ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ၊ ဆာဆန် ရှိ
ဓမ္မယာန ပြည်တော်ဦးကျောင်း(ဆာဆန်) တည်ထောင်ခြင်း (၁)နှစ်ပြည့် အထိမ်းအမှတ်အဖြစ်
အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ
မဟာစည် မြစ်သားဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝါသဝ မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်များကို ဟောကြားမည် ဖြစ်ပါသဖြင့် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား
လှူဘွယ်ဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းပြီး ဟောကြားအပ်သော တရားတော်ကို
အတူတကွ နာယူလိုပါ၍ ဘူဆန်မြို့ ၊ ဂမ်ဟဲမြို့ အနီးအနားရှိ ဗုဒ္ဓဘာသာဝင်ရွှေမြန်မာများ
တရားတော်နာ ကြွရောက်ကြပါရန် ရိုသေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေ့ရက်...... ၁၃၇၅-ခုနှစ် ၊ နယုန်လဆန်း (၈) ရက် ၊ ၁၆-၆-၂၀၁၃ (တနင်္ဂနွေနေ့)
အချိန်.......... ဧည့်ခံကျွေးမွေးမည့်အချိန် နံနက်(၁၀း၀၀)နာရီ မှ နေ့လည် (၁း၀၀)နာရီ အထိ

နေ့လည်(၁၁း၀၀) တွင် ဆွမ်းကပ်လှူမည်

တရားဟောကြားမည့်အချိန် နေ့လည် (၁း၀၀) နာရီ
နေရာ............. 부산광역시 사상구 주례 1동동 688-12 , 31, 33, 61, 2, 138-1

bus ကားများစီး၍ 주례 주례 1동주민센터 မှတ်တိုင်တွင် ဆင်းပါ။
(ဓမ္မယာန မဇ္ဈိမယာနအဖွဲ့)

Thursday, May 16, 2013

...အများနဲ.မတူ တစ်မူထူးခြား ကိုးရီးယား

...အများနဲ.မတူ တစ်မူထူးခြား ကိုးရီးယား

... ဗုဒ္ဓနေ./ဗုဒ္ဓမွေးနေ.? ဘုရားအလောင်း သိဒ္ဓ္ဒတ္ထမင်းသား မွေးနေ.?

၁၇-၀၅-၂၀၁၃ မနက်ဖြန်ဆိုရင် ဆော့ကာထန်းန်ရှင်းန်နားလ် 석가탄신날 သကျမွေးနေ. (သာကီမင်းသားဘုရားလောင်းမွေးနေ.)/ ဘူချောနင်းမ် အိုရှင်းန်နားလ် 부처님오신날 ဘုရားကြွလာတော်မူသောနေ. အထိမ်းအမှတ် ဗုဒ္ဓဘာသာပွဲတော်ကို ကိုရီးယားနိုင်ငံတဝှမ်းလုံးမှာ နှစ်စဉ်ကျင်းပမြဲအတိုင်း စည်စည်ကားကား ကျင်းပတော့မှာ ဖြစ်ပါတယ်။ အစိုးရ ရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။ မီးပုံးထွန်းပူဇော်မှုက အထင်ကရ ရိုးရားတစ်ခုဖြစ်လို. နေရာတိုင်းမှာ လိုလို အင်မတန်လှပတဲ့ မီးပုံးတွေ စီတန်းချိတ်ဆွဲထားတာကို တွေ.ရပါတယ်။ ဘုန်းကြီးကျောင်းတွေမှာတော့ ကျောင်းလုံးပြည့်ဆိုပါတော့။ ကိုရီးယား ဘုန်းကြီးလောကမှာ ရီစရာအဖြစ်ပြောကြတာ ဒီတစ်ရက် အလှူက ကျောင်းတိုက်ကြီးရဲ. တစ်နှစ်စာ လည်ပတ်စားရိတ်အတွက် လုံလောက်သတဲ့။

ဒီစာမှာ ပြောပြချင်တာက အဲဒီအကြောင်းမဟုတ်ပါ။ အများနဲ. မတူ တစ်မူ ထူးခြားနေတဲ့ ကိုးရီးယား ဗုဒ္ဓနေ. အကြောင်းကို ပြောချင်တာပါ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ. ဗုဒ္ဓနေ.ဆိုပြီးကျင်းပကြတာက VESAK DAY ဝိသာခါနက္ခတ် ယှဉ်တဲ့ လပြည့်နေ. မြန်မာလို ဆိုရင်တော့ ကဆုန်လပြည့် ဗုဒ္ဓနေ.ပါ။ ဒီနှစ် ဆိုရင် ၂၄/၂၅ရက် ၅လ ၂၀၁၃ခု နောက် လာမယ့်အပတ်မှာ ဖြစ်ပါတယ်။ အင်တာနက်စာမျက်နှာတွေမှာ VESAKလို. ရိုက်လိုက်လို.ရှိရင် တကမ္ဘာလုံးမှာ ဗုဒ္ဓနေ.ကျင်းပဖို. ပြင်ဆင်နေတာ ဖိတ်ကြားနေတာတွေ.ရပါလိမ့်မယ်။ ဘုရားအလောင်းတော် ဖွားမြင်ရာ နီပေါနိုင်ငံမှာလည်း ဝိသာခါနက္ခတ်ယှဉ်တဲ့ မေလထဲက လပြည့်နေ.ကိုပဲ ဗုဒ္ဓနေ.အဖြစ် လက်ခံတာပါပဲ။

ကိုရီးယား ဗုဒ္ဓနေ.ကတော့ အများနဲ.မတူ တမူထူးခြား တပတ်စောတဲ့ လဆန်း(၈)ရက် ဖြစ်ပါတယ်။ ဘုရားအလောင်းမွေးနေ.လို. ပြောရအောင်ကလည်း စာပေကျမ်းဂန်အရ အများသဘောတူ လက်ခံကြတာက ဘုရားအလောင်းတော် မွေးနေ. တရားရဘုရားဖြစ်တဲ့နေ. ပရိနိဗ္ဗာန်စံတဲ့နေ. ၃ရက်လုံးဟာ ကဆုန်လပြည့် နေ.ပါ။ ကိုရီးယားဗုဒ္ဓဘာသာက တရုတ်ပြည်ကတဆင့် လာတာဆိုတော့ တရုတ်ပြည်လိုပဲ ဗုဒ္ဓနေ.ကို ကဆုန်လဆန်း (၈)ရက် လို. လက်ခံယူခဲ့တာပါ။ အိန္ဒိယကနေ တရုတ်ပြည်ကို သာသနာအသွားမှာ ဘုရားမွေးနေ. ဘယ်လိုလုပ်ပြီး တပတ်စောသွားတာလည်းဆိုတာတော့ သုတေသန ပညာရှင်တွေ သုတေသန ပြုရမှာပါ။

ဘုန်းကြီးကတော့ ဘာပဲဖြစ်ဖြစ် ဘယ်နေ.ပဲဖြစ်ဖြစ် အရေးမကြီးပါ။ ဘုရားကို ချစ်တဲ့စိတ် မြတ်နို်းလေးစား တန်ဖိုးထားတဲ့စိတ်နဲ. ဘုရားကျေးဇူး ဂုဏ်အထူးကို အောက်မေ့တသ သတိတရ ဖော်ပြတဲ့နေ. အထူးအဖြစ် ကြည်ကြည်နူးနူး ပါဝင် ဓမ္မယာန ယောဂီရှင်တို.နှင့်အတူယှဉ်တွဲ ဓမ္မာနုဓမ္မပတ္တိပူဇော်ပွဲအဖြစ် မနက်ဖြန် ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓရိပ်မွန်မှာ ဗုဒ္ဓနေ.ဆင်နွဲကြပါမယ်။



Wednesday, May 8, 2013

...ကိုရီးယား ပညာသင်ဆု ရသူများ ...

 ...ကိုရီးယား ပညာသင်ဆု ရသူများ
...
ကိုရီးယား ပညာသင်ဆု ရသူများ၁။ မချယ်ရီလင်းလင်း
၂၁နှစ်
ဆယ်တန်း ၄ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၉၆။
Y.U.F.L (B.A. Korean)။
TOPIK LEVEL 4

၂။ မောင်သန်းကျော်ထွန်း
၂၀နှစ်
ဆယ်တန်း ၃ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၅၉။
... Y.U.F.L (3rd year Korean)။
TOPIK LEVEL 4


၃။ မောင်စိုးလွင်လွင်
၂၀နှစ်
ဆယ်တန်း ၄ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၆၀။
Y.U.F.L (3rd year Korean)။
TOPIK LEVEL 4

၎။ မအေးရတနာသန်.
၂၁နှစ်
ဆယ်တန်း ၄ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၆၀။
Y.U.F.L (B.A. Korean)။

TOPIK LEVEL 3
၅။ မောင်ကောင်းသက်ဆွေ
၂၀နှစ်
ဆယ်တန်း ၃ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၆၅။
Y.U.F.L (3rd year Korean)။
TOPIK LEVEL 3

အထက်ပါ ကျောင်းသူ/သား ၅ယောက်သည် PUKYONG NATIONAL UNIVERSITY မှ ချီးမြှင့်သော ၄နှစ်တာ ကျောင်းလခ၊ ကျောင်းဆောင် (နေ/စား) စားရိတ်နှင့် ကျန်းမာရေး အာမခံ ပါဝင်သောပညာသင် အထူးဆုကို ရရှိခဲ့ပါသည်။
ဓမ္မယာနㆍမဇ္ဈိမယာန အဖွဲ.မှ မြန်မာလူငယ်များဧ။် ပညာရေးကို တတ်စွမ်းသမျှ ကူညီပေးရန် လမ်းစဉ်ချထားသည့်အတိုင်း ယခုနှစ်တွင် ၄နှစ်တာ ကိုးရီးယား ပညာသင်ဆု ရရှိရန် တတပ်တအား ဆောင်ရွက်ပေးနိုင်ခဲ့ပါပြီ။ ယခင်က မဟာတန်းများအတွက်သာ ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပထမ ဦးဆုံး အကြိမ်အဖြစ် B.A. B.Sc. ဘွဲ. ၄နှစ်ပညာသင်ဆုကို အထူး အခွင့်အရေးရရှိ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ပြည်တော်ဦး မြန်မာ ကိုရီးယား လူငယ်ဖွံဖြိုးရေး ကျောင်းတွင် ၂၀၁၃ မေလ ၃~၅ရက် အထိ ရေးဖြေနှင့် လူတွေ. စာမေးပွဲစစ်ပြီး လက်ရွေးစင် ကျောင်းသူ/သား ၅ယောက်ကို ရွေးချယ်ခဲ့ ခြင်းဖြစ်ပါသည်။ အရွေးခံရသူ ကျောင်းသား/သူ ၅ဦးသည် ယခု ၂၀၁၃ ၉လပိုင်း ဆောင်းဦးရာသီတွင် စတင် ပညာသင်ယူခွင့်ရတော့မည်ဖြစ်ပါသည်။
အရွေးခံရသော ကျောင်းသူ/သားများသည် အခြားသက်တူ ရွယ်တူ အတန်းတူများထက် သာလွန်သော ဝီရိယဖြင့် ပြင်ဆင်သင့်သည်ကို ကြိုတင် ပြင်ဆင်ထားသည့် ရိုးသားကြိုးစားသော ကျောင်းသူ/သားများ ဖြစ်ပါသည်။ သို.ကြောင့်သာလျှင် မိမိရှေ.မှောက်ရောက်လာသည့် အခွင့်အရေးကို မိမိရရ ဆုတ်ကိုင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို.သောသူများသည် နောက်မျိုးဆက်သစ် ညီငယ်ညီမငယ်များအတွက်ပါ စံပြအဖြစ် ပိုအလုပ်လုပ်ခဲ့ကြသောသူများ ဖြစ်သော ကြောင့် ယခုကဲ့သို. အခွင့်အရေး ဖန်တီးပေးခွင့်ရခဲ့ခြင်းကို အဖွဲ.သူအဖွဲ့.သား အားလုံးက ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မုဒိတာပွားနေကြမည် ဖြစ်ပါသည်။
လာမည့်နှစ် နွေဦးစာသင်နှစ်ဝက်တွင်လဲ ၄နှစ်ပညာသင်ဆု ၅ဦး ထပ်မံ ရရှိဦးမည် ဖြစ်ရာ စွမ်းနိုင်သူများ အားလုံးကြိုတင်ပြင်ဆင်ထားပါက ထိုအခွင့်အရေးကို ရယူနိုင်မည် ဖြစ်ကြောင်း ကြိုတင် အသိပေးလိုက်ပါသည်။ ယခုနှစ် ၉လပိုင်းတွင် စတင်လျှောက်ထားနိုင်ပြီး ၁၂လပိုင်းတွင် အပြီးသတ်ရွေးချယ်မည် ဖြစ်ပါသည်။ စာဖတ်ရသူများလည်း ယခုကဲ့သို.သော ပညာပါရမီဖြစ် သတင်းကောင်းကို အခွင့်အရေးရှိသူများ အားလုံးသိခွင့်ရရန် အဆင့်ဆင့် ဆက်လက်မျှဝေပေးကြပါရန် မေတ္တာရပ်ခံပါသည်။
မိမိတို. ဓမ္မယာနㆍမဇ္ဈိမယာန အဖွဲ.အနေဖြင့်လည်း ကိုရိးယားပညာသင်ဆုသာ မက ပညာရည်မြင့်မားသည့် အခြားနိုင်ငံများမှ ပညာသင်ဆုကိုလည်း မြန်မာလူငယ်များ ရရှိစေရန် ဆောင်ရွက်ခွင့်ရလိုပါသည်။ ကမ္ဘာအရပ်ရပ်ရှိ ရွှေမြန်မာများ အနေဖြင့် ထိုကဲ့သို.သော အခွင့်အလမ်းများ ရှိပါက ဆယ်သွယ် အကြောင်းကြားပေးကြစေလိုပါသည်။ သတင်းရပါက ကိုးရီးယားရောက် ဓမ္မယာန ကျောင်းသူ/သားများက အကောင်အထည်ပေါ်အောင် အဖွဲ.နှင့်အတူ ဝိုင်းဝန်း ကြိုးစား ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

ပြည်တော်ဦး ပညာဒါန

...

အဖွဲ့၏ပညာပါရမီလုပ်ငန်းများကိုအဖွဲ့ဝင်များသိရှိဝမ်းမြောက်ကြပါစေ။

အဖွဲ့၏ပညာပါရမီလုပ်ငန်းများကိုအဖွဲ့ဝင်များသိရှိဝမ်းမြောက်ကြပါစေ။

ဘူဂယောင်းတက္တသိုလ် ပညာသင်ဆု အရည်အချင်းစစ် စာမေးပွဲကို ပြည်တော်ဦး မြန်မာ-ကိုရီးယား လူငယ်ဖွံ့ဖြိုးရေးကျောင်း၌ ကျင်းပနေစဉ်


ဘူဂယောင်းတက္တသိုလ် ပညာသင်ဆု အရည်အချင်းစစ် စာမေးပွဲကို ပြည်တော်ဦး မြန်မာ-ကိုရီးယား လူငယ်ဖွံ့ဖြိုးရေးကျောင်း၌ ကျင်းပနေစဉ် (2 photos)

ကိုးရီးယား တက္ကသိုလ် ပညာသင်ဆု

...
ကိုးရီးယား တက္ကသိုလ် ပညာသင်ဆု
... PUKYONG NATIONAL UNIVERSITY တွင် B.A./B.Sc. ဘွဲ့ ၄ နှစ် ပညာသင်ဆု

(ကျောင်းလခ+အဆောင် + ဆေးအာမခံ ၄နှစ် စာ ဝမ်သိန်း ၄၀၀ ပညာသင်ဆု)
ကိုးရီးယားခရီးစားရိတ် မိမိဘာသာကျခံရမည်။

၂၀၁၃ ခု ၉ လပိုင်း ဆောင်းဦး ပညာသင်နှစ်တွင် စတင်တက်ရောက်ရမည်။

၂၀၁၃ ခု ၆ လ ၂၀ရက် နောက်ဆုံးထား၍ တက္ကသိုလ် ဝင်ခွင့် တင်ရမည်။
...
လျှောက်ထားခွင့်ရှိသူများ
၁။ TOPIK အဆင့် ၃ နှင့် အထက်
၂။ ၁၀တန်းအောင်
၃။ အသက် ၂၁နှစ်


မှတ်ချက်* ၁၀ တန်း အမှတ်ကောင်းသူများ အသက် ကန့်သန့်ချက် လျှော့ပေါ့စဉ်းစားမည်။

လျှောက်လွှာပိတ်ရက် ၂၀၁၃ခု ၅လ၂ရက်

လျှောက်လွှာတင်ရန် ၁။ပြည်တော်ဦး မြန်မာ ကိုးရီးယား လူငယ်ဖွံ့ ဖြိုးရေးကျောင်း
၂။ဆရာဇော်မြင့်ကျောင်း

လူတွေ့ ။ ။ ၂၀၁၃ ခု ၅လ ၃~၅ရက် နံနက် ၉~၁၁နာရီ

Sunday, April 7, 2013

ဘာသာရေးအမည်ခံ ခွေးရူးပိုးလို အတွေးအခေါ်ဆိုး

အကျဉ်းမျှသာ ...ဘာသာရေးအမည်ခံ ခွေးရူးပိုးလို အတွေးအခေါ်ဆိုး




ခွေးရူးနဲ.လည်း ပြိုင်မကိုက်နဲ. ခွေးရူးအကိုက်လည်း မခံကြရပါစေနဲ.။

ခွေးရူးဆိုရင် မသတ်တောင် ခြံခတ်ထားလေမှ တော်ရုံကျမည်။



အပြည့်အစုံသို့... ရဟန်းတစ်ပါးအနေနဲ. လူမျိုးဘာသာ မခွဲခြား သတ္တဝါအားလုံးကို မေတ္တာ ထားရပါတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် တခြားဘယ်ဘာသာဝင်ဖြစ်ဖြစ် မတရားတာ မှားတာလုပ်နေရင် မတရားကြောင်း မှားကြောင်း ပြောပြခြင်းဟာ စစ်မှန်တဲ့ မေတ္တာပါ။ မေတ္တာဆိုတာ အားလုံးကို ချမ်းသာစေချင်တာပါ။ မတရားတာ မှားတာလုပ်လို. ချမ်းသာစရာ အကြောင်းမှ မရှိတာ။ ချမ်းသာတယ်လို. မြင်နေရင် သေချာပေါက် မှားနေပါပြီ။ အကြောင်းအကျိုးကို မှန်မှန်ကန်ကန် မဆက်စပ်တတ်လို. သော်လည်းကောင်း မမြင်တတ်လို.သော်လည်းကောင်း မသိလို.သော်လည်းကောင်း အမြင်မှားပြီး အမှားမြင်နေတာပါ။

ဘယ်ဘာသာဝင်မဆို ကိုယ်ကိုးကွယ်တဲ့ဘာသာရဲ. သင်ကြားချက်နဲ. ကိုယ့် ယုံကြည်မှုကို သူတစ်ပါးကို လွတ်လွတ်လပ်လပ် ပြောပြခွင့် စည်းရုံးခွင့် ရှိပါတယ်။ သို.သော် တရားမျှတမှုနဲ. မှန်ကန်တဲ့နည်းလမ်း ဘောင်ကိုတော့ မကျော်ဖို. လိုပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် မိရိုးဘလာကိုးကွယ်တာကလွဲလို. တခြားဘာသာကို ပြောင်းရင် သိလို. နားလည်ယုံကြည်လက်ခံလို.ဆိုတဲ့ အကြောင်း တစ်ခုတည်း ကြောင့်သာ ကာယကံရှင်ကိုယ်တိုင်က လိုလားလို.ပြောင်းတာ ဖြစ်ရပါမယ်။ လူမှုရေး စီးပွားရေး နိုင်ငံရေးအရ ဖိအားပေးခံရလို. ကြောက်လို. အခွင့်အရေးနဲ. ဆက်စပ်နေလို. စသည်ဖြင့် လိုလားမှုမရှိဘဲ ဘာသာပြောင်းရတယ်ဆိုရင် မတရား အလုပ်ခံရတာပါ။ ဒါကို အကာအကွယ်မပေးနိုင်ရင် တရားဥပဒေ စိုးမိုးမှု မရှိတာပဲ။ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ် တခြား ဘယ်ဘာသာဝင်ဖြစ်ဖြစ် ငွေအား လူအား ပညာအား ဂုဏ်အား အသိုင်းအဝိုင်းအား အာဏာအားနဲ. ဘာသာခြားတွေကို မတရားတဲ့ နည်းလမ်းနဲ. ဖိအားပေးပြီး ကိုယ့်ဘာသာဝင်ဖြစ်အောင် ကြံစည်ရင် စီမံကိန်းချရင် လက်တွေ. ပြောဆိုပြုလုပ်ရင် အားပေးအားမြှောက်လုပ်ရင် သဘောတူ အလိုတူ ကြံရာပါလုပ်ရင် မှားပါတယ်။ သဘောမတူကြောင်း မလုပ်သင့်ကြောင်း မှားယွင်းကြောင်း ကန်.ကွက်ပြောဆို တားမြစ်ရမှာက လူတိုင်းရဲ. တာဝန်ပါ။ တစ်ဦးချင်းဖြစ်ဖြစ် ဘယ်ဘာသာဝင်ဖြစ်ဖြစ် ဘယ်အဖွဲ.အစည်းဖြစ်ဖြစ် အရပ်သားဖြစ်ဖြစ် အစိုးရဋ္ဌာနဆိုင်ရာဖြစ်ဖြစ် တာဝန်ရှိရဲ.နဲ. တာဝန်မသိရင် အပြစ်ရှိတာပဲ။ ဒါကြောင့် ဘယ်ဘာသာဝင်မဆို ဘယ်ဘာသာခြားကိုမှ မတရားတဲ့ မှားတဲ့နည်းနဲ. စည်းရုံးသိမ်းသွင်းပြီး ဘာသာရေး လုပ်ခွင့်မရှိအောင် အစိုးရက ဥပဒေပြုပြီး လူမျိုးဘာသာ မခွဲခြားဘဲ တစ်သားတည်း ထိမ်းသိန်းစောင့်ရှောက်ရ ပါမယ်။ အဲဒီလို မလုပ်ရင် ဘာသာရေးပဋိပက္ခတွေ ဖြစ်အောင် ခွင့်ပေးတာနဲ. အတူတူပဲ။ ဒါဆို အစိုးရက တာဝန်မဲ့တာပဲ။ မတရားတဲ့ မှားတဲ့နည်းနဲ. ဘာသာရေးလုပ်လို. ဖြစ်လာတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ဘာသာရေးအနေနဲ. မကြည့်ဘဲ တရားဥပဒေ စိုးမိုးရေးရှုထောင့်နဲ.ကြည့်ပြီး ရာဇဝတ်မှုအဖြစ် ထိထိရောက်ရောက် နှိပ်ကွပ်အရေးယူရပါမယ်။ အဂတိလိုက်ပြီး အရေးမယူရင် အစိုးရမှားတာပဲ။

အစိုးရပျက်ရင် အကုန်ပျက်ပါတယ်။ ကိုယ့်လူတွေ မတရား အမှားလုပ်နေတာကို ဆန္ဒာဂတိနဲ. သိက္ခာမဲ့ အရှက်မဲ့ အကာအကွယ်ပေးခဲ့လို. ကိုယ်ကျိုးစီးပွား ကိုယ့်လူကြီးပွားရေး ငို.ဘလုပ်ရပ်တွေကိုချည်း မြိန်ရည်ယှက်ရည် မတရား လုပ်ခဲ့ကြလို. ကိုယ့်လူ ကိုယ့်ဘက်သားမဟုတ်ရင် မှန်ရက်နဲ. အမှားဖြစ်အောင် ငယ်တဲ့ပြဿနာကြီးအောင် ဒေါသာဂတိနဲ. အာဃာတကြီးကြီး အငြိုးတကြီး ဝရုန်းသုန်းကား မတရားလုပ်ခဲ့ကြလို. ကိုယ့်စည်းစိမ်အာဏာ လက်လွတ်ရမှာ ကိုယ့်သားသမီး မိဘဆွေမျိုးအကျိုးစီးပွား ပျက်စီးမှာ ကြောက်တဲ့ ဘယာဂတိနဲ. မလုပ်သင့်မလုပ်ထိုက်တာကို ကြိုးစားပမ်းစား လုပ်ခဲ့ကြလို. တရားတာမတရားတာ မှန်တာမှားတာ ကောင်းတာဆိုးတာ လုပ်သင့်တာ မလုပ်သင့်တာ ဘယ်လိုလုပ်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာကို အကြောင်းအကျိုး မသိတဲ့ မောဟာဂတိနဲ. တလွဲခါးတောင်းကျိုက်ပြီး သည်းကြီးမည်းကြီး အမှားတွေကို မိုက်မိုက်မဲမဲလုပ်ခဲ့လို. မြန်မာနိုင်ငံကြီး လက်ရှိအခြေအနေထိအောင် ပျက်စီး နေတာပါ။

တစ်ခုပဲကြည့်လေ။ ဘုန်းကြီးနဲ. ကျောင်းသား နိုင်ငံရေးမလုပ်ရင် ပြီးတာပဲ ကျန်တာ ဘာလုပ်လုပ် ဘာဖြစ်ဖြစ် ဘယာဂတိ မောဟာဂတိနဲ. နှာစေးနေလိုက်တဲ့ အတွက် ဆယ်စုနှစ် ၂ခုလောက်အတွင်းမှာ နဂိုက ချိနဲ.နေတဲ့ သာသနာရေးနဲ. ပညာရေးမှာ ဘယ်လောက် တစ်ရှိန်ထိုး ဆုတ်ယုတ်သွားတယ်ဆိုတာ ကြည့်တဲ့သူ အားလုံး မြင်ပါတယ်။ တခြားကဏ္ဍတွေလည်း အတူတူပါပဲ ရှေ.ခေတ်ကရလာတဲ့ ကိုယ်ခံအားကျဆင်းတဲ့ပိုးနဲ. ဒီဘက်ခေတ်မှာ ဘာရောဂါဝင်ဝင် အကုန် ဒရောသောပါး မသာပေါ်ကုန်တော့တာပဲ။

မြန်မာပြည်မှာ ဘာသာရေး လူမှုရေး နိုင်ငံရေး စီးပွားရေး ပြဿနာအားလုံး လက်ဘက်ရည်ဆိုင်ကနေ ၈၈အရေးအခင်း ရွှေဆိုင်ကနေ ဘာသာရေးအရေးအခင်း ဆိုတာလို အမှိုက်ကစ ပြဿဒ် မီးလောင်နေတာ ပြဿနာက နဂိုအခံရှိနေလို.ပါ။ ပြဿနာရဲ. အရင်းခံ အကြောင်းတွေကိုလည်း ရှာဖွေရမှာပါ။ အကြောင်းရှာရာမှာ မြန်မာတင်မက တစ်ကမ္ဘာလုံးမှာ ဖြစ်ခဲ့ကြုံခဲ့ရှိခဲ့တာလည်း ကြည့်ရ သင်ခန်းစာယူရမှပါ။

ဗုဒ္ဓဘာသာပေါ်ထွန်းရာ အိန္ဒိယမှာ ဗုဒ္ဓဘာသာ လုံးဝဥဿုံ ပျက်သုဉ်းခဲ့ခြင်းအကြောင်း

ရှေးက ဗြဟ္မဏနှင့် ဗုဒ္ဓဝါဒထွန်းကားရာ အိန္ဒိယနိုင်ငံတစ်ခုတည်းကနေ ပါကစ္စတန် ဘင်္ဂလားဒေရှ် နဲ. သုံးနိုင်ငံ ဖြစ်ပေါ်လာရခြင်းအကြောင်း

ရှေးအကျဆုံး ဗုဒ္ဓ ရုပ်ပွားတော်တွေ.ရှိရာ ဂန္ဓာရတိုင်းက ပါကစ္စတန်ဖြစ်

ဗောရောဗောဒိုလို. အကြီးဆုံးစေတီရှိရာကနေ အစ္စလာမ် အများဆုံးနေရာ အင်ဒိုနီးရှားဖြစ်

မြန်မာပြည်လည်း ဘာသာပျောက် လူမျိုးပျောက် နိုင်ငံပျောက်စေနိုင်တဲ့ နဂို အကြောင်းခံ တွေရှိနေလို. လူတွေ အကဲဆတ်နေတာပါ။

ဒါကြောင့် အခု အရေးပူနေတဲ့ ဘာသာရေးပြဿနာကို ဆန်စင်ရာ ကျည်ပွေ.လိုက်နေရုံနဲ. မပြီးနိုင်ပါ။ ဥပဒေပြုပြီး ဥပဒေနဲ. အညီဆောင်ရွက်မှ ကိစ္စပြီးမှာပါ။



လွှတ်တော်အနေနဲ. မြန်မာပြည်မှာ လူမျိုး/ဘာသာခြားများ အိမ်ထောင်ပြုမှုဆိုင်ရာ ပြည့်စုံတဲ့ ဥပဒေရေးဆွဲပြဋ္ဌာန်းသင့်ပါတယ်။ ဒါမှ ဘာသာရေး ပဋိပက္ခတွေကို အတိုင်းအတာတစ်ခုအထိ အမြှော်အမြင်ရှိရှိ ကြိုတင် ကာကွယ်ပြီးသား ဖြစ်ပါ လိမ့်မယ်။



လူမျိုး/ဘာသာခြား အိမ်ထောင်ပြုရင် သွေးရိုးသားရိုးလား မတရားမှုရှိလား ဘာသာဝင်တိုးပွားရေး နိုင်ငံသားခံယူခွင့် စသည် တခြား ရည်ရွယ်ချက်တွေ စီမံကိန်းတွေရှိလား စိစစ်ရပါမယ်။



လူမျိုး/ဘာသာခြား အိမ်ထောင်ပြုပြီး တစ်ဘက်ဘက်မှ ဘာသာပြောင်းလျှင် ကာယကံရှင် ဆန္ဒအမှန် ဟုတ်မဟုတ်လည်း စိစစ်ရပါမယ်။



လူမျိုး/ဘာသာခြား အိမ်ထောင်ပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများမှ နိုင်ငံသားတိုင်းကို လိုအပ်သလို ဥပဒေဖြင့် စောင့်ရှောက်ကာကွယ်ပေးနိုင်ရပါမယ်။



ယောကျာင်္းတစ်ယောက်က မိန်းမ အများအပြားယူပြီး ကလေး အမြောက်အများ မွေးတာ သာသနာပြုတာဆိုရင် အဲဒီအတွက် ငွေလဲ မြိုးမြိုးမြက်မြက်ရမယ်ဆိုရင် သာသနာပြု အာဇာနည်ဆိုတာ မရှားပါဘူး။ (ရှေးက စစ်တိုက်တဲ့အခါ နိုင်အောင် သုံးတဲ့နည်းတစ်ခုက စစ်သားတွေကို နိုင်အောင်တိုက် နိုင်ရင် အဲဒီ မြို.ရွာက ရှိသမျှ မိန်းမနဲ. ပစ္စည်း မင်းတို. သဘော စိတ်တိုင်းကျ ထင်တိုင်းကျဲပေတော့ လို. ခွင့်ပေးလိုက်တာတဲ့။နိုင်မှာပါပဲ။)



ဘာသာခြား အမျိုးသမီးကို ရအောင်ယူပြီး ကလေးများများမွေးတာ

အဲဒီလို ယူနိုင်အောင် ငွေထောက်ပံ့တာ

ကိုယ့်ဘာသာအတွက် သူတပါး အသက်အိုးအိမ် စည်းစိမ်ကို ဖျက်ဆီးတာ

ကိုယ့်ဘာသာအတွက် အသေခံဗုံးခွဲတာ ဘာသာရေးအလုပ် လို.ဆိုရင် အဲဒီ အတွေးအခေါ်ဆိုးက ခွေးရူးပိုးလို အတွေးအခေါ်မျိုးပါ။ ခွေးရူးပိုးဝင်သွားရင် ခွေးက တွေ.သမျှလိုက်ကိုက် ပိုးဖြန်. ကူးစက်စေပြီး ပတ်ဝန်းကျင်ကို ဒုက္ခပေးသလို အဲဒီ ခွေးရူးပိုးလို အတွေးအခေါ်ဆိုး ဝင်သွားတဲ့သူလည်း လူမှုအသိုင်းအဝိုင်းကို အကြီးအကျယ် ဒုက္ခပေးတော့တာပဲ။ အခု တကမ္ဘာလုံးမှာ မကြားချင် မြင်မဆုံးမဟုတ်လား။ ဒီခွေးရူးပိုးလို အတွေးအခေါ်ဆိုးမျိုးကို သင်ကြားရင် ဘယ်ဘာသာဘယ်လူမျိုးပဲသင်သင် မှားပါတယ်။ ဒါကြောင့် မြန်မာပြည်သူပြည်သား ကမ္ဘာသူ ကမ္ဘာသား လူမျိုးဘာသာမခွဲ အားလုံးပဲ ခွေးရူးပိုးလို အတွေးအခေါ်ဆိုးဘေးမှ ကင်းဝေးကြပါစေ။

ခွေးရူးနဲ. ပြိုင်ကိုက်ရင် အတူတူနဲ. အနူနူ ဘဝရောက်မှာမို. (ရှေ.လျှောက် အမဲနှယ် ဟင်းအိုးမှ အားမနာ ဗုဒ္ဓဘာသာ အသေခံဗုံးခွဲသမားဆိုတာမျိုး ပေါ်လာမှာစိုးတယ်။) ခွေးရူးနဲ.လည်း ပြိုင်မကိုက်နဲ.။

ခွေးရူးမှန်း ကိုက်တတ်မှန်း သိတတ်တဲ့ အသိတရားမရှိရင်လည်း သေချာပေါက် ခွေးရူး ကိုက်တာ လည်စင်းခံရပြီး ကိုယ့်ခေါင်းထဲ ခွေးရူးပိုးရောက်မှာမိုလို. အသိတရားရှိကြပါ။ ခွေးရူးအကိုက်လည်း မခံကြရပါစေနဲ.။

လို. မေတ္တာပို.သလိုက်ပါတယ်။

ခွေးရူးဆို မသတ်တောင် ခြံခတ်ထားလေမှ တော်ရုံကျမယ်။ ခြံခတ်နည်း နိဿရည်းကို သုတေသနပြုပြီး စုစည်းညီညာ ဆောင်ရွက်နိုင်ကြပါစေသတည်း။

ပြည်တော်ဦး အရှင်ပဏ္ဍိစ္စ

ဓမ္မယာန ပြည်တော်ဦး ကိုရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်

ဖူဆန်း တောင်ကိုးရီးယား

13년 4월 8일 5시 53분 23초






Sunday, March 31, 2013

OIC to raise issue of violence in Myanmar

OIC to raise issue of violence in Myanmar အကျဉ်းမျှသာ ...
အပြည့်အစုံသို့...

Wednesday, September 5, 2012

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား




 ...ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။



... ယခင်က ဆိုးလ်မြို.တွင်သာ ပို.ချခဲ့သော အဘိဓမ္မာသင်တန်းများကို ယခုအခါ ကိုရိးယားဘုန်းတော်ကြီးများနှင့် ယောဂီများ၏ တောင်းဆို လျှောက်ထားချက်အရ ဖူဆန်းနှင့် ဒယ်ဂူးမြို.များတွင်ပါ တိုးချဲ.ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ သာသနာရေးအတွက် အားတက်စရာဖြစ်သလို သာသပြုရဟန်းတော်များအတွက်လည်း မျှော်လင့်ချက်ထားစရာ ဖြစ်ပါသည်။ ပရိယတ္တိစွမ်းအားရှိသူ ရဟန်းတော်များအနေဖြင့် ပဋိပတ္တိစွမ်းအားနှင့် ဘာသန္တရစွမ်းအင်များ ဖြည့်ဆည်းခြင်းဖြင့် အနာဂါတ်တွင် သာသနာ့ဝန်များကို အားသွန်ဆောင်ရွက်နိုင်မည့် အခွင့်ကောင်းများရှိနေကြောင်း မျှော်လင့်ချက်ထားရှိကြစေချင်ပါသည်။ ရပ်ဝေးမြေခြားမှ တရားတော်ကို လိုလားသော နိုင်ငံခြားသားများသည် သာသနာပြုရဟန်းတော်များ၏ မေတ္တာနှင့်ပညာရည်နို. သောက်စို.ရန် အမိမဲ့ သားများ ကဲ့သို. စောင့်မျှော်နေကြောင်း အသိပေး အကြောင်းကြားလိုက်ပါသည် သာသနာ့အာဇာနည် အရှင်မြတ်အပေါင်း သူတော်ကောင်းတို.။။။။။။

Tuesday, September 4, 2012

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း









... ၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်




... တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။ ယခုအခါ အဘိဓမ္မာတရားကိုပါ စိတ်အားထက်သန်စွာ လေ့လာသူများ တစတစ များပြားလာသဖြင့် ယခင်က ဆိုးလ်မြို.တွင်သာ ပြုလုပ်နိုင်ခဲ့သော အဘိဓမ္မာသင်တန်းကို ဖူဆန်းမြို. အထိ တိုးချဲ. သင်ကြားနိုင်ခဲ့ပါပြီ။

မြန်မာပြည်မှ သာသနာပြု ရဟန်းတော်များ အနေဖြင့် ရှေ.လုပ်ငန်းစဉ်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် လိုအပ်ချက်များကို ကြိုတင်ဖြည့်ဆည်းထားခြင်းဖြင့် မိမိ ရှေ.မှောက်ရောက်ရှိလာသည့် တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နိုင်မည့်အခွင့်ကောင်းများ ရှိနေကြောင်း အသိပေးလိုက်ရပါသည်။

Friday, August 31, 2012

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)




























... ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ်






...ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ ၁၇-၆-၂၀၁၂ တွင် ဖွင့်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ကိုးရိးယားဒကာဒကာမများတင်မကပဲ မြန်မာ လူမျိုး အားလုံး မိဘအိမ်ပမာ စိတ်ချမ်းချမ်းသာသာ လွတ်လပ်စွာ အသုံးပြုနိုင်ရန် အမြဲ တံခါးဖွင့် ကြိုဆိုလျက်ရှိပါသည်။

Friday, June 15, 2012

ပြည်တော်ဦး(ဓမ္မယာန) ကျောင်းသစ်ဖွင့်ပွဲ နှင့် ငါးလွှတ်ပွဲဖိတ်ကြားလွှာ

ပြည်တော်ဦး(ဓမ္မယာန) ကျောင်းသစ်ဖွင့်ပွဲ နှင့် ငါးလွှတ်ပွဲဖိတ်ကြားလွှာ
နာယက ကမ္မဌာနာစရိယ ပြည်တော်ဦးဆရာတော် အရှင်ပဏ္ဍိစ္စ၏ ဦးဆောင်မှု့ဖြင့် ကိုရီးယါး
နိုင်ငံရောက် ရွှေမြန်မာညီအကိုမောင်နှမများ စုပေါင်းကျင်းပသော ပြည်တော်ဦး(ဓမ္မယာန)
ကျောင်းသစ်ဖွင့်ပွဲ နှင့် ငါးလွှတ်ပွဲကို အောက်ပါ အစီအစဉ်အတိုင်း
ကျင်းပပြုလုပ်မည် ဖြစ်ပါ
သဖြင့် ကြွရောက်ပါဝင်ဆင်နွှဲပေးကြပါရန် လေးစားစွာ တိုက်တွန်း
နှိုးဆော်ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့် အစီအစဉ် ...
အချိန် ... ... နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ ။
နေ့ရက် ... ... ၁၇ ရက် ၆ လ ၂၀၁၂ ခုနှစ် ( တနင်္ဂနွေနေ့ )
နေရာ ... ... 부산광역시 사상구 주례 1동 688-12
31, 33, 61, 62, 138-1 ဘတ်စ်ကားများစီး၍ 주례 1동주민센터
မှတ်တိုင်တွင် ဆင်းပါ။
အထူးအစီအစဉ်အဖြစ် ဂင်မ်ဟဲမြို့နှင့် နုတ်ဆန်းမြို့မှ
ရွှေမြန်မာညီအကိုမောင်နှမများအတွက်
မီနီဘတ်စ်များ စီစဉ်ပေးထားပါသည်။ ယင်းနေ့နံနက် သတ်မှတ်အချိန် သတ်မှတ်နေရာများတွင်
စောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ။ အသေးစိတ်အချက်အလက်မျာကို အောက်ပါ
ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည် ..။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ ..
ဂင်မ်ဟဲတာဝန်ခံ .. ကိုလွင် ( ၀၁၀ - ၂၅၄၁ - ၉၄၆၄ )
ကိုခိုင် ( ၀၁၀ - ၂၇၁၂ - ၀၈၇၇ )
ကိုလင်းလင်း ( ၀၁၀ - ၃၁၆၁ - ၂၂၁၀ )
ကိုဇော်ဝင်းထွန်း ( ၀၁၀ - ၆၆၀၅ - ၄၆၉၃ )

နုတ်ဆန်းတာဝန်ခံ .. ကိုမျိုးအောင် ( ၀၁၀ - ၆၈၇၃ - ၀၂၆၁ )
ကိုမင်းလတ် နှင့် ကိုအောင်နေသန့် ( ၀၁၀ -၈၄၂၂ - ၄၀၂၉ )
ကိုရဲထွဋ် ( ၀၁၀ - ၃၂၆၅ - ၄၂၉၄ )
ဘူဆန်တာဝန်ခံ .. ကိုမင်းညီ ( ၀၁၀ - ၅၈၀၈ - ၁၇၉၂ )
ကိုခန့်နေသူတိုး ( ၀၁၀ - ၂၉၉၀ - ၃၀၇၀ )

Thursday, May 10, 2012

ဘယ်သူသိမှာလဲ။

...(2012-4-14) 6:44pm
ဂွမ်ဂျူးက အောင်ကိုကိုဆီက ဖုန်းလာပါတယ်။ အောင်ကိုကို ဆိုတာ ဓမ္မယာန မဇ္ဈိမယာနအဖွဲ. စတင်ဖွဲ.စည်းစဉ်ကစလို. အခုချိန်အထိ တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်နေတဲ့သူပါ။ လစဉ် ဂွမ်ဂျူးတရားပွဲ ဖြစ်မြောက်ရေးကိုလည်း အခြား မိတ်ဆွေများနဲ.အတူ ဦးစီးဦးဆောင်ပြုနေသူ တဦးပါပဲ။ ဖုန်းဆက်ရတဲ့ အကြောင်းကတော့ ဂွမ်းဂျူးက အဖွဲ.ဝင်တစ်ဦးရဲ. မိတ်ဆွေ အလုပ်လုပ်ရင်း လက်ဒဏ်ရာရသွားလို. ဖူဆန်းမှာ ဆေးရုံတင်ထားရကြောင်း အသိမရှိဘဲ အခက်အခဲဖြစ်နေလို. ဘုန်းဘုန်းဆီ အကြောင်းကြားတာပါတဲ့။ နောက် မြန်မာစကားမရည်လည်တဲ့ မွန်လူမျိုးတွေဖြစ်နေလို. သူတို.က တိုက်ရိုက်ဖုန်းဆက် ရမှာ မဝံ့မရဲဖြစ်နေလို. သူကို အကူအညီတောင်းလို.ပါတဲ့။ ဘုန်းကြီးက လူနာနာမည် နဲ. ဆေးရုံကို သိရင် ရပါတယ်လို. ပြောလိုက်ပါတယ်။ စိတ်ထဲက နည်းနည်းလေးမှ မကောင်းပါ။ တို.လူမျိုးတွေ ငွေလိုချင်လို.လာကြတာ ဒဏ်ရာတွေ ရရနေပါလားလို.။ ဒါပေါ့လေ ဒီလိုဖြစ်မယ်ဆိုတာ သိရင် ဘယ်သူ လာမှာလဲ။ ဒါပေမယ့် ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ



...ဘယ်သူသိမှာလဲ(2012-4-14) 10:16pm
ဂွမ်ဂျူးက အောင်ဆန်းဦးကိုယ်တိုင် ဖုန်းဆက်လာပါတယ်။ သူ. သူငယ်ချင်း နာမည် သိန်းလွင် တက်နေတဲ့ ဆေးရုံက မိုက်ခရိုဆောင်းဟျော်င်း ဆေးရုံပါတဲ့။ လက်ချောင်းသုံးချောင်း ပြတ်သွားတယ်။ အသက် အန္တရာယ်တော့ မရှိပါစသည်။ သူ. စကား နားလည်ဖို.ခက်တာ အမှန်ပဲ။ ချင်းလူမျိုးတွေနဲ. စကားပြောရသလိုပဲ။ ချင်းကျောင်းသားတစ်ယောက် ဖူဆန်းက ကွန်ပျူတာတက္ကသိုလ်မှာ တက်ချင်လို. အကူအညီတောင်းတုန်းက အသိတွေနဲ. မိတ်ဆက်ပေးလိုက်တာ အဆင်ပြေသွား ပါတယ်။ သူ.ခမျာလည်း ကျေးဇူးတင်စကားတောင် စကားမှားမှာစိုးပြီး မပြောရဲလို. တဆင့်ပြောခိုင်းတာ ကြုံဖူးပါတယ်။ အခုလည်း ဘုန်းကြီးကို အေး~အေး~ နဲ. ပြောတော့ ကြားစက စိတ်ထဲ ကွက်ခနဲကွက်ခနဲ ဖြစ်မိသေးတယ်။ ကိုယ့်ကိုယ်ကို လည်း ပြုံးမိပါတယ်။ သူတို.မှာ ဒီလိုဖြစ်မှာစိုးလို. ဖုန်းတောင် တိုက်ရိုက်မဆက်ဘဲ ကြိုအသိ ပေးထားတာတောင် စိတ်ကလည်း နုလိုက်တာလို.။ အောင်ဆန်းဦးကို လည်း ဂွမ်ဂျူးမှာ မကြာခဏ တွေ.နေတာပဲ။ မျက်နှာချင်းဆိုင် စကားပြောတော့ ဒီလောက် မဆိုးပါဘူး။ ဖုန်းနဲ.ပြောမှ မြန်မာစကားက ပိုခက်သွားတယ်ထင်တယ်။

(2012-4-16) 8:41am
စနေတနင်္ဂနွေက တရားပွဲတွေ ရှိနေတာက တစ်ကြောင်း လူနာက အသည်း အသန်လည်း မဟုတ်တာက တစ်ကြောင်းပေါ့လေ ဒီနေ. တနင်္လာနေ.မှ ဆက်သွယ် ပြီး ဆေးရုံကို ရောက်သွားပါတယ်။ ၆ယောက်ခန်းဆိုတော့ကာ အခန်းထဲမှာ ကိုရီးယားလူနာ ၅ယောက်လည်း ရှိနေတယ်။ လူနာ ဒကာသိန်းလွင်ရဲ. အကိုအရင်း ဖြစ်သူ အန်ဆန်းမှာ နေတဲ့ ဒကာဝင်းညွန်. လူနာစောင့် ရောက်နေလို. သူနဲ. ပြောဖြစ်ပါတယ်။ သူကတော့ မြန်မာစကားကို တော်တော် ရည်လည်ပါတယ်။ ဘုန်းကြီးကြွလာတော့ ဝမ်းလည်းသာ အားလည်းရှိသွားတာပေါ့လေ။ ရေခြားမြေခြား မှာကိုး။ မြန်မာပြည် မှာတော့ ရဟန်းသံဃာ ငါးသိန်းလောက် ရှိနေတော့ သိပ်တန်ဖိုးမသိဘူးပေါ့။ ဒီမှာတော့ သမဏာနဉ္စဒဿနကလည်း ဒုလ္လဘတရား တစ်ပါး မဟုတ်လား။ ဒါနဲ. အားပေးစကားပြောရင်း အကျိုးအကြောင်းမေး ~~~ပေါ့လေ။
ဒကာသိန်းလွင်က ဂရောင်ဂျူးမြို.ကဖြစ်ပြီး လက်ထိထိချင်း အူလ်ဆန်းဆေးရုံကို ပို.တယ်။ အဲဒီဆေးရုံက ကျန်တဲ့ လက်ချောင်းနှစ်ချောင်းနဲ. လက်ဝါးတစ်ခြမ်းအထိ ဖြတ်ပစ်ရမယ်ဆိုလို. စက်ရုံသူဋ္ဌေးက မဖြတ်ဘဲ ဒီဆေးရုံကို ပြောင်းတင်လိုက်တယ် ဆိုတာ သိရတယ်။ ဂရောင်ဂျူးဆိုတာ ကိုရီးယားရဲ.ပုဂံ လို. ပြောနိုင်တဲ့ သမိုင်းဝင် မြို.။ အင်မတန် သာယာလှပပြီး ထင်ရှားတဲ့ ခရီးသွားဇုန်တစ်ခုပါ။ ဒါပေမယ့် ဘုန်းကြီးတို. လူမျိုးတွေ အလုပ်လုပ်နေတဲ့ စက်ရုံတွေကတော့ လူမနီးသူမနီး ချောင်ကျကျတောကျကျ နေရာတွေမှာပေါ့။
လူနာ ဒကာသိန်းလွင်ရဲ. အကို ဒကာဝင်းညွန်.ကတော့ အန်ဆန်းမြို.က လာတာ လို.သိရတယ်။ အန်ဆန်းဆိုတော့ ဆိုလ်းနဲ. ပိုနီးတာပေါ့။ နိုင်ငံခြားသား အလုပ်သမားတွေ အများစုရှိတဲ့ မြို.လေးတစ်မြို.ပါပဲ။ စက်မှုဇုန်မြို.ပေါ့။ အသိ အကျွမ်းတပါးဖြစ်တဲ့ ဆရာတော်ဦးသုဝဏ္ဏ ဒီနှစ် နှစ်ဦးက သန္တိသုခ အမည်နဲ. မြန်မာ ကျောင်းဖွင့်ပွဲလုပ်လို. ကြွခဲ့ဖူးပါတယ်။ ဒီလာဖို. စက်ရုံက ခွင့်ပေးလား မေးကြည့် တော့ ဗီဇာလည်းကုန်တော့မှာ မျက်စေ့လည်း မကောင်းလို. ခွဲရမှာဖြစ်လို. ၂၆ရက် နေ.ကို မြန်မာပြည်ပြန်ဖို. အကုန်စီစဉ်ပြီးသား အနေအထားမှာ ညီဖြစ်သူ ဒကာ သိန်းလွင်ရဲ. အခုကိစ္စက ပေါ်လာကြောင်း သိရပါတယ်။ ဒါကြောင့် ပြန်ရမှာ အင်မတန် စိတ်လေးနေကြောင်း သို.သော် သူကိုယ်တိုင်လည်း မျက်စေ့က မဖြစ် မနေ ခွဲရမှာဖြစ်လို. ပြန်ရမှာဖြစ်ကြောင်း ဘုန်းကြီးအနေနဲ. ကာယကံမေတ္တာ ဝစီကံမေတ္တာ စောင့်ရှောက်ပေးဖို. လျှောက်ထားပါတယ်။ သူလည်း ဒီလိုဖြစ်မယ်မှန်း သိရင် ၂၆ရက်ပြန်ဖို. မြန်မာပြည်မှာ မျက်စေ့ခွဲဖို. ဘယ်စီစဉ်ထားပါ့မလဲ။ ညီက ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
ဒါနဲ. လူနာ ဒကာသိန်းလွင်ရော ဗီဇာ ဘယ်တော့ကုန်မလဲ မေးတော့ သူလည်း လပိုင်းလောက် ကျန်တော့တာတဲ့။ လွန်ခဲ့တဲ့ လေးငါးလက မြန်မာပြည် တစ်ခေါက် ပြန်ရောက်သေးသတဲ့။ ဗီဇာ နည်းနည်းကျန်သေးတာနဲ. တစ်ခေါက်ပြန်လာ အလုပ် လုပ်ရင်း အခုလို ဒါဏ်ရာရသွားတာပါ။ အခုလို ဖြစ်မယ်မှန်းသိရင် ဘယ်သူ ပြန်လာ မလဲနော်။ ဒါပေမယ့် ငါ ဒီလိုဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
စကားပြောရင် အားပေးရင်းက လက်ရှိ ဘာအခက်အခဲရှိလဲ မေးတော့ လျော်ကြေးကိစ္စ စိတ်ပူကြောင်းပြောလို. နိုင်ငံခြားသားကူညီရေး အဖွဲ.အစည်းက ဥက္ကဋ္ဌဆီ ဖုန်းဆက်ပေးလိုက်ပါတယ်။ သူက တာဝန်ခံတစ်ယောက် လွှတ်ပေးမယ့် အကြောင်းပြောပါတယ်။
ဒကာဝင်းညွန်.ပြန်ရင် လူနာစောင့်ကိစ္စ ဘယ်လို စဉ်းစားထားလဲမေးတော့ ဂေါဂျယ်ဒို (မကြာသေးခင်က ဘုန်းကြီးနေတဲ့ဖူဆန်းနဲ. ပင်လယ်မြေအောက် လိုဏ်ခေါင်းကားလမ်း တံတား ဆက်ထားတဲ့ကျွန်း)သင်္ဘောကျင်းမှာရှိတဲ့ တူအရင်း ဖြစ်သူ ဒကာတင်ထွန်းဦး က အလျဉ်းသင့်သလို လာစောင့်ပေးမယ့်အကြောင်း လျှောက်ထားပါတယ်။ သြော် ဆွေမျိုးအရင်းအချာတွေ ရှိတာ တော်သေးတာပေါ့လို. တွေးမိသေးတယ်။
တူအရင်းက ဂေါဂျယ်ဒိုကဆိုလို. သတိရတာ ပြောရဦးမယ်။ ဂေါဂျယ်ဒို သင်္ဘော ကျင်းမှာလည်း မြန်မာအလုပ်သမား ရာနဲ.ချီ ရှိတယ်လို. သိရပါတယ်။ လူအင်အားက ဖူဆန်းထက်တောင် များသေးတာပေါ့။ မနှစ် နှောင်းပိုင်းနဲ. ဒီနှစ် အစ ဇန်နဝါရီလ လယ်လောက်အထိ ဘုန်းကြီး မြန်မာပြည် ပြန်ရောက်နေပါတယ်။ အဲဒီအချိန်မှာ ဂေါဂျယ်ဒိုက ဒကာလေး တစ်ယောက် ကားတိုက်ပြီး ဆုံးခဲ့ဖူးတယ်။ ဘုန်းကြီး မရှိလို. ဖူဆန်း ဓမ္မယာနပြည်တော်ဦးမှာပဲ ဘူဖျောင်းက ဆရာတော်လေး ဦးဥတ္တရကို ပင့်ပြီး ရက်လည်ဆွမ်းသွပ် တရားနာ အမျှပေးဝေခဲ့ကြပါတယ်။ အဲဒီ ကလေးလည်း ရောက်တာ လေးငါးလပဲ ရှိသေးသတဲ့။ အကို အရင်းလည်း အတူ အလုပ်လုပ် နေတာဆိုပဲ။ ညီလည်းဆုံးရော ရက်လည်ပြီးတာနဲ. အကိုဖြစ်သူလည်း မနေဘူး။ မြန်မာပြည် အပြီးပြန်တော့တာပါပဲ။ ဒါပေါ့လေ ညီအရင်းတစ်ယောက်လုံး ဆုံးမှတော့ ဘယ်နေချင်စရာ ကောင်းတော့မလဲ။ သူတို.လေးတွေလဲ ချမ်းသာလိမ့် နိုးနိုးနဲ. လာခဲ့ကြတာလေ။ အခုလို အဖြစ်ဆိုးနဲ. ဆုံးရမယ်လို. ဘယ်မျှော်လင့်မှာလဲ။ အစက ဒီလိုဖြစ်မယ်မှန်းသိရင် ဒီကို ဘယ်လာကြမလဲ။ ဒါပေမယ့် ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
မနှစ်ပိုင်းကလည်း ဒီလူနာ ဒကာသိန်းလွင်တို. ဂရောင်ဂျူးမြို.ကပဲ ဒကာ တစ်ယောက် ဆုံးသေးတယ်။ ကိုရီးယား ဓမ္မယာနယောဂီအဖွဲ. အတွင်းရေးမှူး ဒကာလေး လိုက်ပို.ပေးလို. ဘုန်းကြီးပဲ ဒကာလှထွန်းကို ကပ္ပိယခေါ်သွားပြီး ဆေးရုံမှာ သက်ပျောက်ဆွမ်းတရား စက်ရုံမှာ ရက်လည်တရားဟော အမျှပေးဝေ ခဲ့ရဖူးတယ်။ သူလည်း ရောက်လို.မှ ၆လမပြည့်သေးဘူး ဆုံးရှာတာ။ မြန်မာပြည်မှာ လူမမယ် သမီးငယ်လေးနဲ. ဇနီးဖြစ်သူတို. ကျန်ရစ်လေရဲ.။ လာစဉ်တုန်းကတော့ မျှော်လင့်ချက်ကြီးကြီး သမီးနဲ. ဇနီးအတွက်ပေါ့။ အခုတော့ သောကအပြင် ဘာမှ မထားရစ်နိုင်ခဲ့တော့ပါလား။ ရာသီဥတုကအေး အလုပ်က ကြမ်းတမ်းပင်ပန်း နေရတာက ကွန်တိန်နာ အခန်းနဲ.လေ။ နှလုံးရောဂါ အခံရှိတယ်ဆိုပဲ။ မနက် အလုပ် ဆင်းခါနီး ရင်ဘတ်ထဲက အောင့်တယ်ဆိုပြီး ထိုင်ရာကနေ မထနိုင်ဘဲဖြစ်နေလို. အရေးပေါ်လူနာတင်ယာဉ် ခေါ်ပေမယ့် ဆေးရုံမရောက်ခင် ဆုံးရှာတာပါပဲ။ သူလည်း ချစ်လှစွာသော ဇနီးမယားနဲ.သမီးသားကို မခွဲရက်ရက် ခွဲခက်ခက်နဲ. မချိတရိခွဲပြီး ငွေရှာဖို. လာရင်းက အသက်ပါ ပါသွားပါရောလား။ ဒီလိုမှန်း သိရင် ဘယ်လာမလဲ။ ဒါပေမယ့် ငါ ဒီလိုဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
ဆေးရုံက ပြန်ရောက်ပြီး ညနေပိုင်းမှာ ဘုန်းကြီးဆီ ဖုန်းလာပါတယ်။ စာတစ်ခု လက်မှတ် လာထိုးခိုင်းနေတာ နားမလည်ပဲ မထိုးရဲလို. မထိုးလိုက်တဲ့အကြောင်း ပြောပါတယ်။ နိုင်ငံခြားသားကူညီရေးအဖွဲ.က တာဝန်ခံလာသွားလား မေးတော့ မလာသေးဘူးလို. သိရပါတယ်။ သူတို.လည်း အဲဒါ စိတ်ပူနေတယ် ဆိုတာနဲ. နောက်ရက် 17-4-12 မနက်စောစော ဥက္ကဋ္ဌဆီ ဖုန်းထပ်ဆက်ပြီး ဘုန်းကြီးဆေးရုံမှာ ရှိနေတုန်း တာဝန်ခံကို လွှတ်ပေးနိုင်မလားမေးတော့ လွှတ်ပေးမယ်ဆိုတာနဲ. ဆေးရုံ ကို တစ်ခေါက် ထပ်သွားဖြစ်ခဲ့ပါတယ်။
ဒီတစ်ခေါက်တော့ လူနာရဲ. တူဖြစ်သူ ဂေါဂျယ်ဒိုက ဒကာတင်ဝင်းထွန်းလည်း ရောက်နေတယ်။ ခွင့်(၇)ရက်ယူပြီး လာခဲ့တာလို.ပြောပါတယ်။ လူလုံးသေးသေး ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျနဲ. သွက်သွက်လက်လက် ချက်ချက်ချာချာ ရှိသူပါ။ မြန်မာစကားလည်း ရည်လည်ပြီး ကိုရီးယားလိုလည်း အတော် ပြောနိုင်ပါတယ်။ အခန်းဖော် ကိုးရီးယားတွေကလည်း သူ.ကို အင်မတန် ချီကျူးကြပါတယ်။ စိတ်ထားကောင်းကြောင်း အပင်ပန်းခံကြောင်း ဦလေးဖြစ်သူကို ဂရုစိုက်ကြောင်း ပေါ့လေ။ မနေ.က လက်မှတ်မထိုးဖြစ်တဲ့ စာရွက်လဲ သူရောက်လာတော့ ဖတ်ကြည့်ပြီး ထိုးလိုက်တဲ့အကြောင်း ဆေးအာမခံ စာရွက်စာတမ်း ဖြစ်ကြောင်း ပြောပါတယ်။
မကြာခင် နိုင်ငံခြားသားကူညီရေး အဖွဲ.က တာဝန်ခံ ဒကာမ ဟန်အာရူးမ် ရောက်လာတာနဲ. သူတို.ကို မိတ်ဆက်ပေးရပါတယ်။ သူမကလည်း လိပ်စာကဒ် ပေးပြီး အချိန်မရွေး ဆက်သွယ်ဖို. အခု သိလိုတာမေးဖို.နဲ. သူ.အနေနဲ. အစအဆုံး အကူအညီ ပေးမယ့်အကြောင်း ပြောပါတယ်။ ဒီလို ကိစ္စတွေနဲ. ပတ်သက်လို. ဥပဒေ ရေးရာတွေပါ ကျွမ်းကျင်သူဖြစ်လို. ဒကာတွေ မေးတာကို စိတ်ရှည်လက်ရှည် အဖြေ ပေးပြီး အခွင့်အရေး ဘာတစ်ခုမှ မဆုံးရှုံးရအောင် ကူညီမယ်လို. ပြောပါတယ်။ အခုတော့ ဆေးကုသမှုကလွဲရင် ဘာမှ ခေါင်းထဲမထားဖို. အားပေးပါတယ်။ သူဆီက ဘုန်းကြီး သိရတာကတော့ လက်ချောင်းမပြောနဲ. လက်ကောက်ဝတ်ကနေ ပြတ်သွားတဲ့ သူတောင်မှ သိန်း တစ်ရာနှစ်ရာထက် ပိုမရဘူးလို. ဆိုပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ ရသင့်တဲ့ အခွင့်အရေးတော့ တောင်းရမှာပဲ။ အလုပ်ခွင်တွင်း ထိခိုက်မှု မဟုတ်လား။ ဘုန်းကြီးရဲ. ကျောင်းဒကာ ပြောတာတော့ ကိုရီးယားလူမျိုး ဆိုရင် အလုပ်ခွင် ပြင်ပမှာ ဖြစ်တာတောင် အလုပ်ခွင်က ပင်ပန်းမှုနဲ. ဆက်စပ်မှု ရှိတယ်ဆိုတာ ပြနိုင်ရင် လျော်ကြေးရသတဲ့။ နိုင်ငံခြားသားတော့ မသိဘူးတဲ့။
18-4-12
ဖူဆန်း ဗုဒ္ဓဘာသာအသင်းတိုက် ဓမ္မာရုံမှာ ဒကာမင်းညီက အလှူလုပ်ပြီး ၁၃၇၄ မြန်မာနှစ်ဦး နှစ်သစ်ကူး တရားပွဲ လုပ်ပါတယ်။ ဘုန်းကြီးလည်း အထက်က အကြောင်းတွေ ပြောပြပြီး သတိရှိဖို. ရတနာသုံးပါး နဲ. ကုသိုလ်တရားမမေ့ဖို. တရား ဟောပေးခဲ့ပါတယ်။ ဒကာတွေ ငါးလွှတ်ချင်တယ် ပြောဖူးတာ သတိရလို. အကျိုးလို.လို. ညောင်ရေလောင်း မလုပ်ဘဲ ပါရမီမြောက် ဇီဝိတဒါန လုပ်ကြတာပေါ့လို.။ လူစုထား စီစဉ်ထားပြီးရင် ငါးလပိုင်းမှာ လုပ်ကြတာပေါ့လို. ပြောခဲ့ပါတယ်။ အဲဒီကနေ ဘုန်းကြီးလည်း အလုပ်များသွားလိုက်တာ အူလ်ဆန်းမြို. ယုန်င်အန်းန်ဆာတရားပွဲ ဒယ်ဂူးမြို. ဂူဒိုဟွဲ တရားပွဲ ကနေ ချောန်အန်း အာဆန်းက ဟိုဒူမာအူးလ်းရိပ်သာ ဆယ်ရက်တရားစခန်းပွဲကို ရောက်သွားပါတယ်။ ကဆုန် လပြည့် ဗုဒ္ဓနေ. တရားပွဲ အပါအဝင် 27/4/12 ကနေ ~ 6/5/12 အထိ ဆယ်ရက်စခန်းပါ။ အဲဒီကနေ ဆိုးလ် ဘိုရီးဆုရိပ်သာ အပတ်စဉ် တနင်္ဂနွေ ပဋ္ဌာန်းတရားပွဲပြီးမှ တညအိပ်ပြီး 7/5/12 နေ.မှပဲ ဖူဆန်း ပြန်ရောက်တော့မှာပါ။
28/4/12 10:10 pm
ချောန်အန်း အာဆန်းက ဟိုဒူမာအူးလ်းရိပ်သာ ဆယ်ရက်တရားစခန်းပွဲ ဒုတိယရက်ည နောက်ဆုံးအချိန်အပြီးမှာ ဒကာလှထွန်းဆီက ဖုန်းဝင်လာပါတယ်။ တရားပွဲတွေ စခန်းပွဲတွေမှာ ရောက်နေရင် ဒကာလှထွန်း အကြောင်းသိမို.လို. ဖုန်း ဆက်ခဲပါတယ်။ အကြောင်းထူးရှိလို.ပဲလို. ထင်ပါတယ်။ ဘယ်သူ ဘာဖြစ်ပြန်ပြီလဲ လို. စိတ်ထင့်ထင့်နဲ. ဖုန်းကိုင်လိုက်တာ ဒီတစ်ခါ ကံဆိုးသူ မောင်ရှင်ကတော့ ဒကာလှထွန်း ကိုယ်တိုင်ပါပဲလား။ မော်တာဖြုတ်ရင်း လက်ထိသွားသတဲ့။ တခြားလူ ဆီက တဆင့်ကြားရင် ဘုန်းကြီး တအားစိတ်ပူနေမှာစိုးလို. ကိုယ်တိုင် ဆက်ပြော တာ။ နည်းနည်းပိသွားတာပါ။ ကျိုးတာပဲ့တာ ဖြတ်ရတာ မရှိပါဆိုလို. တော်သေးတာ ပေါ့လို. ဟင်းချလိုက်ပါတယ်။ နှစ်ဦးတရားပွဲတုန်းက ဒကာလှထွန်းနဲ. ဒီ ထိခိုက် ဒါဏ်ရာကိစ္စတွေ သတိထားဖို. ပြောဖြစ်သေးတယ်။ အဲဒီတုန်းက ဒကာလှထွန်းလည်း သူ ဒီလိုဖြစ်မယ် ထင်ပုံမရပါဘူး။ ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
6/5/12 7:19am
ဆယ်ရက်တရားစခန်းပွဲ နောက်ဆုံးရက်မနက် တင်ထွန်းဦးဆီက ဖုန်း ဝင်လာပါတယ်။ တရားစစ်နေတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ.ကမှ ဖုန်းကလည်း ဘေးမှာ ရှိနေတယ်။ အရင်ဆို အိပ်ခန်းထဲမှာ ထားတာ။ ဒီနေ. မနက် ၁၀နာရီ တရားပွဲပြီးပြီးချင်း ဆိုလ်း ဘိုရီးဆုရိပ်သာကို ပွဲဆက်ရမှာမို. ပစ္စည်းသိမ်းရင်း အဆင်သင့်ပြင်ထားတာကြောင့်ပါ။ လူနာစောင့်ဆီက ဖုန်းဆိုတော့ လူနာ သိန်းလွင်ကိုပဲ စိတ်ပူသွားတယ်။ အကြောင်းထူးရှိလို. ဆက်တာနေမှာပဲဆိုပြီး ယောဂီတွေကို သည်းခံဖို. အကျိုးအကြောင်းပြောပြီး ဖုန်းကိုင်လိုက်တော့ တင်ထွန်းဦးမဟုတ်ဘဲ တင်ထွန်းဦးဖုန်းနဲ. အောင်ဆန်းဦးက ဆက်တာဖြစ်နေတယ်။
တင်ထွန်းဦး မနက်က သူနဲ. အတူ တီဗွီကြည့် စကားပြောနေတုန်း လဲကျသွားပြီး အခု ဆေးရုံကြီးတစ်ခုရဲ. အရေးပေါ်ဋ္ဌာနမှာ ရောက်နေကြောင်း သူလည်း ခြေမိကိုင်မိ လက်မကိုင်မိနဲ. ဘာလုပ်ရမှန်း မသိ ဖြစ်နေလို. ဘုန်းဘုန်းဆီ ဖုန်းခေါ်ရကြောင်း လျှောက်ထားပါတယ်။ ဒါနဲ. ဆရာဝန်ရှိရင် ဖုန်းပြောင်းပေးဖို. ပြောပြီးဆရာဝန်နဲ. စကားပြောရပါတယ်။ ဆရာဝန်စကားအရ ဟိုဘက်ဆေးရုံကနေ သူတို.ဆီ ရောက်လာကတည်းက နှလုံးခုန်ရပ်ပြီး သွေးစမ်းမရတဲ့ အနေအထား ဖြစ်ကြောင်း ရောက်စကနေ အခုအချိန်အထိ နာရီဝက်ကြာ နှလုံးအဆုတ် ပြန်အလုပ်လုပ်ဖို. အစွမ်းကုန် ကြိုးစားပေမယ့် မရတော့ကြောင်း ပြောပါတယ်။
ဆုံးသွားရှာပြီပေါ့။ တကယ်ကို နေ.မြင်ညပျောက်ပါလား။ မကြာခင် ရက်ပိုင်း လေးက သူ.ဦးလေးကို လူနာစောင့်ဖို.လာတဲ့ တင်ထွန်းဦးကို ဆေးရုံမှာ တွေ.ပြီး စကားပြောခဲ့တာ ပြန်မြင်ယောင်ရင်း တရားစစ်လက်စ ယောဂီတွေ အလိုက်တသိ ထသွားတာကို မြင်လျက်နဲ. မတားဖြစ်တော့ဘူး။ နောက် မကြာခင် သတိဝင်လာပြီး ဖုန်းတစ်လုံးနဲ. အလုပ်များနေမိပါတော့တယ်။ ပထမဦးဆုံး နိုင်ငံခြားသားကူညီရေး အဖွဲ.အစည်းက ဥက္ကဋ္ဌဆီ ဖုန်းဆက်ပေးလိုက်ပါတယ်။ သူကလည်း မနက် စောစော စီးစီး ဒုက္ခပေးတယ်လို. မညည်းရှာပါဘူး ဆေးရုံကို ချက်ချင်းသွားပါတယ်။ နောက် မင်းလတ်ဆီဖုန်းဆက်တာမရလို. လက်ထိထားတဲ့ ဒကာလှထွန်းကိုပဲ မင်းလတ် တို.ကို ဖုန်းဆက်ပြီး လိုအပ်တာဝိုင်းဆောင်ရွက်ကြဖို. ပြောရပါတယ်။ ဒကာ လှထွန်းကိုတော့ ဖုန်းပဲဆက်ပြီး ကိုယ်တိုင် မသွားဖို.ပြောပေမယ့် သူကလည်း ထုံးစံအတိုင်း မနေနိုင်ရှာပါဘူး။ သက်ပျောက်ဆွမ်းကနေ ရက်လည်အထိ လိုက်လုပ်တာပါပဲ။ ဘုန်းကြီးရဲ. ဆိုးလ်ဘိုးရီးဆု တရားပွဲက ညနေမှ ပြီးမှာမို. ပြန်ရောက်နိုင်မှာမဟုတ်လို. သက်ပျောက်ဆွမ်းကိုတော့ ဒယ်ဂူးဆရာတော် ဦးဝိစိတ္တ ကို ပင့်ပြီး အမျှဝေရေစက်ချခဲ့ကြပါတယ်။
8/5/12 5:30am
ဖူဆန်း ဓမ္မယာန ပြည်တော်ဦးကနေ ဒကာတင်ထွန်းဦး ရုပ်ကလာပ်ရှိရာ ချင်မ်လဲဆေးရုံကို ဒကာလှထွန်း ကိုခိုင် ကိုလှမင်းထွန်းတို.နဲ.အတူ ထွက်လာ ခဲ့ကြပါတယ်။ သူတို.လည်း အသုဘကိစ္စ ဝိုင်းဆောင်ရွက်ပြီး မနက် ဘုန်းကြီးကို ပင့်ဖို. ဘုန်းကြီးကျောင်းမှာ မနေ.ညကတည်းက လာအိပ်နေကြတာပါ။ ဒီနေ. သုံးရက်လည်း ဆွမ်းသွပ် တရားနာ အမျှပေးဝေပြီး ရုပ်ကလာပ်ကို မီးသဂြိုဟ် မယ့်နေ.။
ဆေးရုံမှာ ရက်လည်ဆွမ်းသွတ် တရားနာရာမှာ မွန်မိတ်ဆွေ သူငယ်ချင်းတွေ ဘူဖျောင်းင်စသည့် အထက်ဘက်ကလည်း ဆင်းလာကြလို. လူတော်တော်များများ ရောက်နေကြပါတယ်။ သုံးလေးဆယ်တောင် ရှိမယ် ထင်ပါတယ်။ အခုလို အရေးဆို ညီညီညွတ်ညွတ် သိုင်းကြဝိုင်းကြနဲ. ဝမ်းသာစရာ အားရှိစရာကောင်းပေမယ့် အခုလို ဆုံကြရတဲ့ အကြောင်းခံက ဝမ်းနည်းစရာ တင်ထွန်းဦးရဲ.အသုဘကိစ္စ ဖြစ်နေတော့ သူတို.အားလုံးမျက်နှာက သောကသာ အတိ အားမရှိကြပါဘူး။
အတူလုပ်ဖော် ကိုင်ဘက်တွေလည်း ယုံတောင် မယုံကြဘူး တဲ့။ ဦးလေးဖြစ်သူ ဒကာသိန်းလွင်လည်း အတူတူပဲ သူတက်နေတဲ့ ဆေးရုံကနေ အနီးအနားက ဆေးရုံကြီးကို ပို.လိုက်ပြီး မကြာခင် ဆုံးသွားပြီလို. အောင်ဆန်းဦးက ဖုန်းဆက်တော့ မယုံဘူးတဲ့။ တကယ်တော့ တင်ထွန်းဦးကိုယ်တိုင်လည်း တစ်ယောက်ယောက်က မင်း ခဏနေ သေတော့မယ် ပြောရင် ယုံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
10/5/12 1:06pm
အောင်ဆန်းဦးဆီက ဖုန်းပါ။ မနက်ဖြန် သိန်းလွင်နဲ. သူ ဘုန်းကြီးကျောင်းကို လာမယ့်အကြောင်း သဘက်ခါ တင်ထွန်းဦး (၇)ရက်လည် ဆွမ်းသွတ်တရား နာယူမယ့်အကြောင်း လျှောက်တာပါ။ လာခဲ့ကြပါလို. ပြောရင်း သဘက်ခါ ရက်လည်တရား အင်း~~~ တရာနာကြမယ့်မင်းတို.နဲ. တရားဟောမယ့်ငါ မနက်ဖြန် မသေဘူးလို. ဘယ်သူပြောနိုင်လဲ~~~လို. တွေးနေမိပါတယ်။ ဘယ်သူသိမှာလဲ။(ကော ဇညာ မရဏံ သုဝေ)

(10/5/12)11:34pm

Wednesday, May 9, 2012

ဂေါ်ဂျယ် ဒေ၀ူ သင်္ဘောကျင်းမှ မြန်မာလုပ်သား တစ်ဦး ရုတ်တရတ်ကွယ်လွန်

ဂေါ်ဂျယ် ဒေ၀ူ သင်္ဘောကျင်းတွင် အလုပ် လုပ်ကိုင်နေသော ကိုတင်ထွန်းဦး(အသက် ၃၀)သည် ၂၀၁၂ခုနှစ် မေလ ၆ရက် တနင်္ဂနွေနေ့ နံနက် ၆ နာရီဝန်းကျင်တွင် ဘူဆမ်မြို့ရှိ နှလုံးအထူးကု ဆေးရုံတစ်ခုတွင် ရုတ်တရတ် ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ပါသည်။
ကွယ်လွန်သူ ကိုတင်ထွန်းဦးမှ မွန်လူမျိုးဖြစ်ပြီး၊ ပရပ်(စ်)စက်ရုံတွင် အလုပ်လုပ်ရာနေရာမှ လက်တွင်ထိခိုက် ဒါဏ်ရာရရှိပြီး ခွဲစိတ်အထူးကုဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဦးလေးဖြစ်သူ ဦးသိန်းလွင်အား ကူညီရန်အတွက် တစ်လခန့် သွားရောက်၍ အနီးကပ် စောင့်ရှောက်ပေးခဲ့ပါသည်။ ဆေးရုံမှာ ဘူဆမ်မြို့တွင်ရှိပြီး တစ်လပြည့်ပြီးတွင် တစ်ပတ်ခန့် မိမိစက်ရုံသို့ အလုပ်လုပ်ရန် ဂေါ်ဂျယ်သို့ ပြန်သွားခဲ့သည်။ ထို့နောက် စနေနေ့ည အလုပ်ဆင်းပြီးနောက် ဆေးရုံသို့ ပြန်လာရောက်၍ ညအိပ်စောင့်ပေးခဲ့ပါသည်။ တနင်္ဂနွေနေ့၊ နံနက် ၅နာရီခန့်တွင် အိပ်ယာထ၊ မျက်နှာသစ်သည်အထိ ပုံမှန်အကောင်းတိုင်း ဖြစ်သည်။ ထို့နောက် ဦးသိန်းလွင်၊ ဦးအောင်ဆန်းဦး အတူရှိနေရာမှ ရုတ်တရတ် အသက်ရှူကြပ်ပြီး နှလုံခုန်ရပ်သွားခဲ့သည်။ ဆေးရုံရှိ အရေးပေါ်ဌာနမှ အောက်စီဂျင်ပေးခြင်း၊ အသက်ရှူ ကိရိယာများ အသုံးပြု၍ ပြန်လည် အသက်ရှူလာစေရန် ကြိုးစာခဲ့သော်လည်း မရနိုင်သည့် အဆုံးတွင် အနီးရှိ နှလုံးအထူးကု ဆေးရုံသို့ ပေးပို့ခဲ့ပါသည်။ သို့သော် ၎င်း နှလုံးဆေးရုံသို့ ရောက်ပြီးနောက် ကိုတင်ထွန်းဦးမှာ အသက်ဆုံးရှုံးခဲ့ရပါသည်။ ဆေးရုံမှ ဆေးစစ်ချက်မှာ နှလုံရုတ်တရတ် ရပ်သွားခြင်း ဖြစ်ပြီး၊ ဖခင်ဖြစ်သူမှာလည်း အိပ်ယာထဲတွင် အိပ်နေရာမှ ရုတ်တရတ် ဆုံးပါခဲ့ခြင်းကြောင့် မျိုးရိုးဗီဇကြောင့်ဟု ကောက်ချက်ချခဲ့ပါသည်။

ထို့နောက် မေလ ၇ ရက်၊ တနင်္လာနေ့ နံနက်တွင် ၎င်းကွယ်လွန်ရာ ဘူဆမ်မြို့၊ နာမ်ဆမ်းမြို့နယ် အတွင်းရှိ ချင်(မ်)နဲဆေးရုံတွင် ဆရာတော်ဦးဝိစိတ္တ(ဒယ်ဂူဒဆရာတော်)မှ ကြွရောက်၍ သက်ပျောက်တရား ဟောကြားပေးခဲ့ပြီး ဆရာတော်အား နေ့ဆွမ်းဖြင့် ဆက်ကပ်လျှုဒါန်းခဲ့ကြပါသည်။ မေလ၊ ၈ ရက်၊ အင်္ဂါနေ့ နံနက်တွင် ဆရာတော် ဦးပဏ္ဍိစ္စ(ပြည်တော်ဦးဆရာတော်)အား အာရုံဆွမ်းဆက်ကပ်လှူဒါန်ပြီး သံဝေဂ ဆွမ်းသွပ်တရာတော် နာကြားခဲ့ပါသည်။ တရာနာ၊ အမျှအတန်းပေးဝေပြီး နံနက် ၉နာရီခွဲတွင် မီးသင်္ချို စက်သို့ ပိုဆောင်ပေးခဲ့ကြသည်။ ကိုတင်ထွန်းဦး၏ ဈာပဏသို့ ကင်မဲ၊ ဘူဆမ် ၀န်းကျင်ရှိ မိတ်ဆွေ အပေါင်းအသင်းများနှင့် ဘူဖျောင်း မွန်အဖွဲ့အစည်းမှ မိတ်ဆွေများလာရောက်၍ ပို့ဆောင်ပေးခဲ့ကြပါသည်။








ထိုကြောင့် ၇ ရက်၊ ရက်လည် ဆွမ်းသွပ် တရားအား ကျန်ရစ်သူ မိသားစုနှင့် မိတ်ဆွေများမှ ဘူဆမ်၊ ပြည်တော်ဦး ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည်ဖြစ်ပါ၍ ဘူဆမ်မြို့အနီးအနားနှင့် ကိုရီယားနိုင်ငံတွင် ရောက်ရှိနေသော မိတ်ဆွေသင်္ဂဟများ တက်ရောက်၍ သံဝေဂတရားနာကြားနိုင်ရန် ဖိတ်ကြားလိုက်ပါသည်။

အစီအစဉ်။ ။ ကိုတင်ထွန်းဦး၏ ရက်လည် ဆွမ်းသွတ် တရားနာ
နေရာ ။ ။ ဘူဆမ်မြို့၊ နာမ်ချောင်မြို့နယ်၊ စမ်းမစ်ဘိချိ တိုက်အမှတ် ၂၁၃၊ အခန်း အမှတ် ၂၀၅ ရှိ ပြည်တော်ဦး ကျောင်း
အချိန် ။ ။ နံနက် ၁၀ နာရီ မှ နေ့လယ် ၁နာရီ အထိ

ရေးသူ ကယားလေး

Tuesday, April 24, 2012

ကိုးရီးယားမှာ ပညာရှာ

... ပညာသင်ဆုရ ကျောင်းသား ၄ယောက်

...ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။ ကိုရဲသီဟမခင်သူဇာမခိုင်စုကြွယ်နဲ. မလဲ့ရည်ထွန်းတို.ပါပဲ။
လဲ့ရည်ထွန်း ကလွဲရင် ကျန်သုံးယောက်လုံးက ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်ကနေ ကိုရီးယား ဘာသာနဲ. ဘွဲ.ရခဲ့ကြသူတွေပါ။ လဲ့ရည်ထွန်းကတော့ အင်္ဂလိပ်စာမေဂျာနဲ. ဒဂုံတက္ကသိုလ်ထွက်ပါ။ ငယ်မွေး ခြံပေါက်ဆိုလည်း မမှားပါဘူး။ ရန်ကုန် စန်းမြသီတာရိပ်သာယောဂီဖြစ်တဲ့အပြင် ကိုရီးယားဘာသာကို ပြည်တော်ဦး မြန်မာ-ကိုရီးယားလူငယ်ဖွံ.ဖြိုးရေးကျောင်း ကိုရီးယားဘာသာစကားသင်တန်းမှာ ဆရာဇော်မြင့် ဆီကနေ စတင်သင်ယူခဲ့ပြီး ဒီကိုမလာခင်အထိ ပြည်တော်ဦးမှာ ဆရာမအဖြစ် သင်ကြားရေးတာဝန် ယူခဲ့လို.ပါ။ KOICA က ကျင်းပပေးတဲ့ ကိုရီးယား စကားပြောပြိုင်ပွဲမှာလည်း ပထမဆု ရခဲ့သူပါ။ ဒါ့အပြင် ဒီမှာ စကောလာ ရဖို. TOPIK လယ်ဗယ်4 လိုတယ်ဆိုတော့လည်း ၆လအတွင်း ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ ဂျပန်နဲ.တရုတ ဘာသာစကားလည်း အထိုက်အလျောက် ရပါသေးတယ်။ ဆိုတော့ တော်တော်ကြိုးစားတဲ့ ကလေးမလေးပါပဲ။ ဒီလို ကလေးမျိုးတွေကို ကူညီခွင့်ရခဲ့တဲ့ အတွက် အင်မတန် ကြည်နူးပီတိဖြစ်ရပါတယ်။
ရဲသီဟ ဆိုလည်း သူ.ကျောင်းနေဘက် (ပြည်တော်ဦးကိုရီးယားသင်တန်းဆရာ) ဇော်မြင့်နဲ.အောင်ကိုလတ် တို. ဘုန်းကြီးရဲ. ရန်ကုန် စန်းမြသီတာမဟာစည်ရိပ်သာမှာ ရဟန်းခံတရားအားထုတ်စဉ်ကတည်းက သိကျွမ်း ခဲ့ပြီး ပြည်တော်ဦး ကိုရီးယား သင်တန်းမှာလည်း သူရဲ. ဂျီးန်ဆော်င်း ကိုရီးယားဘာသာစကားစာအုပ် များကို လာရောက် ထောက်ပံ့လှူဒါန်းခဲ့သူပါ။ နောက် ကိုရီးယားမှာ အလုပ်လုပ်ဖို. ရောက်လာပြီး ဂွမ်းဂျူး လစဉ် တရားပွဲစတဲ့ ဘုန်းကြီးရဲ.သာသနာပြုလုပ်ငန်းတွေမှာ တတပ်တအား ပါဝင်ခဲ့သူပါ။ အလုပ်သမားအဖြစ်နဲ.နေတာထက် ပညာရေးလိုင်းကိုပဲ လိုက်သင့်ပါတယ်လို. သူ.ရဲ.စရိုက်နဲ. စာပေအရေးအသား သုတေသန လက်စလက်နကိုသိနေတဲ့ ဘုန်းကြီးကပဲ တိုက်တွန်းပြီး ကျောင်းတက်ခိုင်းခဲ့ပါတယ်။ အခုတော့ သူ.ကို လူမှန်နေရာမှန်မှာ တွေ.ရလို. စိတ်ချမ်းသာပါတယ်။

ခင်သူဇာ ကလည်း (ပြည်တော်ဦးကိုရီးယားသင်တန်းဆရာ) ဇော်မြင့်၊ ရဲသီဟ၊ အောင်ကိုလတ်တို.နဲ. ကျောင်းနေဖက်ဖြစ်တဲ့အပြင် မဟာစည်ရိပ်သာကြီးမှာ ဆရာဇော်မြင့် မလုပ်နိုင်တော့တဲ့နောက်ပိုင်း ဇော်မြင့်ရဲ. မိတ်ဆက်ပေးမှုနဲ.ပဲ ကမ္မဋ္ဌာနာစရိယ ဆရာတော်ဘုရားများ ကိုရီးယားရဟန်းရှင်လူ ယောဂီတွေကို တရားဟော/ပြရာမှာ ဘာသာပြန်အဖြစ် ဒီကို မလာခင်အထိ ဆောင်ရွက်ပေးခဲ့တဲ့ သူပါ။ အဲဒီအချက်တစ်ခုတည်းနဲ.ပဲ ကိုရိးယားမှာ လာရောက်ပညာသင်ခွင့်ရအောင် အကူအညီပေးသင့်တယ်လို. မြင်ပါတယ်။ မိမိတို.တတ်မြောက်တဲ့ပညာနဲ. သာသနာ အကျိုး သယ်ပိုးခဲ့တဲ့သူတွေကို ဂုဏ်ပြုခွင့်ရလို. အင်မတန် အားရကြေနပ်ပါတယ်။ခိုင်စုကြွယ် ဆိုတဲ့ ကလေးမလေးကလည်း သူ.ကံနဲ.သူပါပဲ။ ကျောင်းသား လေးယောက် ပညာသင်ဆု ရမှာကို အရင်လျာထားတဲ့သူတွေ အကြောင်းအမျိုးမျိုးနဲ. အဆင်မပြေဘဲ တစ်ယောက်လိုနေပါတယ်။ သူ.အတွက် သက်သက်ချန်ပေးထား သလိုပါပဲ။ သူက ကိုရီးယားဘာသာနဲ.ဘွဲ.ရ TOPIK လယ်ဗယ်၎အောင်ပြီး အဆင်သင့်ဖြစ်နေတဲ့အပြင် ကျောင်းလျှောက်တဲ့ စာရွက်စာတမ်းတွေကိုလည်း ကပ်သီးကပ်သပ် အချိန်တိုလေး အတွင်းမှာပဲ အချိန်မီ ပြီးအောင်လုပ်နိုင်ခဲ့ပါတယ်။
တကယ်တော့ ဒီပညာသင်ဆုကို ပြည်တော်ဦးက ကိုရီးယားဘာသာ သင်တန်းဆရာတွေအတွက် သီးသန်.စီစဉ်ပေးတာပါ။ ဆရာဇော်မြင့်က သူ.ကိုယ်ပိုင် သင်တန်းမှာ ကျောင်းသား တအားများနေတဲ့အတွက် ဒီကိုလာ ကျောင်းတက်ဖို. အစီအစဉ် ဖျက်လိုက်ရပါတယ်။ ဆရာကျော်ဇံဝင်းနဲ. ဇာရည်နွယ်က TOPIK လယ်ဗယ်၎ အဆင်သင့် မဖြစ်သေး။ ဖြူသွယ်ထွန်းညီမ မေသွယ်ထွန်းက ဖခင် ကျန်းမာရေးကြောင့်ပျက်ဆိုတော့ ကံနဲ.လူ မပူနဲ. ဆိုတာလို ခိုင်စုကြွယ်အတွက် သီးသန်. တယောက်စာ ချန်ထားပေးသလိုပါပဲ။ ဒီကလေးမလည်း ထက်ထက် မြက်မြက်နဲ. လုပ်ရည်ကိုင်ရည်ရှိသူပါ။ သူတို.လေးတွေ ပြည်ပမှာ ပညာသင်ပြီး ပြန်သွားရင် အမိမြန်မာပြည်အတွက် တအားတက်စရာ ကောင်းတဲ့သူတွေ မုချ ဖြစ်မယ်လို. ယုံကြည်ပါတယ်။
အခု သင်္ကြန်ပိတ်ရက်မှာ ဇော်မြင့်တို. အောင်ကိုလတ်တို. ကိုရီးယားကို အလည် ရောက်လာခဲ့ကြပါတယ်။ ဇော်မြင့်ကိုတော့ ဘုန်းကြီးကပဲ လာဖို. စီစဉ်ပေးတာပါ။ အလုပ်သမားဝန်းကြီးဋ္ဌာနကနေ အလုပ်သမား အားလုံးကို ကိုရီးယားမထွက်ခင် အနီးကပ် ၇ရက်သင်တန်းပေးရာမှာ ဆရာဇော်မြင့်တို. သင်ပေးရပါတယ်။ ကိုရီးယားကို လာမယ့်သူအားလုံးကို လာခါနီးမှာ သင်ကြားခွင့်ရမယ့် အဲဒီလို ဆရာတစ်ယောက်အနေနဲ. ကိုရိးယားကို ရောက်ကိုရောက်ဖူးသင့်တယ်။ ဒီက အလုပ်ရှင် အလုပ်သမား စက်ရုံ အနေအထား ဥပဒေများ အပြင် ယဉ်ကျေးမှု လူနေမှု ဘဝစသည်များကို ကိုယ်တိုင်မြင်တွေ.ခံစားပြီး သင်ကြားပို.ချပေးနိုင်ရင် ဒီကို လာမယ့်သူတွေအတွက် အလွန်အထောက်အကူ ဖြစ်မယ်လို. ယုံကြည်လို.ပါ။ နောက် မဟာစည်ရိပ်သာကြီးနဲ. ပြည်တော်ဦး လူငယ်ဖွံ.ဖြိုးရေးကျောင်းတွေမှာ ဆောင်ရွက်ခဲ့တဲ့/ဆောင်ရွက်ဆဲ သူ.ရဲ. ပရဟိတ ပညာဒါန လုပ်ငန်းများကို ဂုဏ်ပြုချင်တာပါ။ ဒီစာရေးသားနေချိန်မှာ ဇော်မြင့်တစ်ယောက် ဂျဲဂျူးကျွန်း ရောက်နေလို. ကိုရီးယားရဲ. အလှဆုံးကျွန်းမှာ အလှဆုံးရာသီရဲ. အလှတရားများကို တဝကြီး ခံစား အနားယူနို်င်ပါစေလို. ဆန္ဒမွန်ပြုလိုက်ပါတယ်။
အခုလို ကိုရီးယားမှာ ဇော်မြင့် ရဲသီဟ အောင်ကိုလတ်နဲ. ခင်သူဇာတို.ကို တွေ.ရတော့ သူတို.တွေရဲ. ကျောင်းနေဘက် ဒီမှာ အလုပ်လုပ်နေကြတဲ့ ကျော်လှိုင်ထွန်းတို. ထွန်းဝင်းတို. မြန်မာသံရုံးက ခင်လေးတို.ကိုလည်း သွားသတိရ ပါတယ်။ ကိုရီးယားဘာသာစကားနဲ. အတူဘွဲ.ရခဲ့ကြတဲ့ သူငယ်ချင်းတစ်စု အခုလို အကြောင်းကိုယ်စီနဲ. ကိုးရိးယားကို ရောက်လာကြမယ်လို. လွန်ခဲ့တဲ့ လေးငါး ဆယ်နှစ်က သူတို. ဘယ်သူမှ တွေးမိမယ်မထင်ဘူး။ ဒီလိုပဲ နောက် လေးငါး ဆယ်နှစ်မှာရော သူတို.တွေ ဘယ်တွေရောက် ဘာတွေဖြစ်ပြီး ဘာတွေ လုပ်နေကြ မလဲဆိုတာ တွေးမိကြမယ် မထင်ဘူး။ အားလုံးပဲ လောကီလောကုတ္တရာအကျိုး အမျိုး ဘာသာသာသာနာအကျိုး သယ်ပိုးနိုင်တဲ့သူတွေ ဖြစ်ကြပါစေလို. ဆန္ဒပြုရင်း ဒီ ပညာသင်ဆု ပညာပါရမီ အမှု အတွက် မုဒိတာစကားကို နိဂုံးချုပ်လိုက်ပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More