ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ မဇ္ဈိမယာန နှင့် ဓမ္မယာန ပညာသင်ဆု အလှူတော်မှတ်တမ်း ~ pyidawoo

Pages

Sunday, November 6, 2011

မဇ္ဈိမယာန နှင့် ဓမ္မယာန ပညာသင်ဆု အလှူတော်မှတ်တမ်း







ကိုတိုးသူရ ၊ ကိုဟန်မင်းထွန်း နှင့် မလှမြတ်နိုး ၊ မမြရည်နန္ဒာအောင် တို.က အဖွဲ.ကိုယ်စား မဇ္ဈိမယာန ပညာသင်ဆု ၅၊၆၊၇ ကြိမ်မြောက်ကို စုပေါင်း လှူဒါန်း...
...


..အဖွဲ့၏လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ပညာသင်ဆုအစီအစဉ်ကို ၄-၁-၁၁ (၆၃)ကြိမ်မြောက် လွတ်လပ်ရေးနေ.တွင် စတင်ခဲ့နိုင်ခဲ့ပြီး ၄-၈-၂၀၁၁(ကြာသပတေးနေ့)တွင် ၇ကြိမ်မြောက်ထိ လှူဒါန်း နိုင်ခဲ့ပြီဖြစ်ပါသည်။ ပြည်ပ/ ကိုရီးယားရောက် မြန်မာလူမျိုးများ မဇ္ဈိမယာန အဖွဲ့၏ ၅ကြိမ်မြောက် မဇ္ဈိမယာန ပညာသင်ဆု (၁)သိန်းကျပ်ကို အဖွဲ့ကိုယ်စား ကိုတိုးသူ၇ မှ လည်းကောင်း ၆ကြိမ်မြောက်ကို ကိုဟန်မင်းထွန်း နှင့် ဇနီးတို့မှလည်းကောင်း ၊ ၇+၈ ကြိမ်မြောက်ကို မမြရည်နန္ဒာအောင် တို့မှ လည်းကောင်း၊ ကိုရီးယား+မြန်မာ ဒကာ၊ဒကာမများ၏ ဓမ္မယာနအဖွဲ့၏ ဓမ္မယာန ပညာသင်ဆု (၁) သိန်း ကျပ်ကို အဖွဲ့ကိုယ်စား ၅ကြိမ်မြောက်ကို ဆရာမ ဒေါ်တင်ဝင်း နှင့် ညီအစ်မများမှ လည်းကောင်း ၊ ၆ကြိမ်မြောက်ကို ဦးအောင်ကိုကို+ဒေါ်မြင့်မြင့်ဝင်းတို့မှ လည်းကောင်း ၊ ၇ကြိမ်မြောက်ကို ဒေါ်မိမိယမင်း မှလည်းကောင်း ၊ ၈ကြိမ်မြောက်ကို ဗိုလ်ကြီးသိန်းလွင် တို့မှလည်းကောင်း၊ မင်္ဂလာဗျူဟာ အသင်းချုပ် တာဝန်ခံ လူကြီးများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

လစဉ် တစ်သိန်းကျပ်စီဖြင့် ၂၀၁၅ ခုနှစ်တွင် ပညာသင်ဆု တစ်ဆုလျှင် သိန်း(၁၀၀) ကျပ်စီ ပေါင်း ကျပ်သိန်း (၂၀၀) ပြည့်သည်အထိ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ပါသည်။

အများပြည်သူအပေါင်း ၀မ်းမြောက်အနုမောဒနာ သာဓုခေါ်နိုင်ကြစေသော်~~~

ရေးသူ-နန္ဒာ (ဧကမ္ဘာ)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More