ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ June 2013 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Saturday, June 29, 2013

ဘူဆန် ဆာဆန်ကျောင်းတွင် အလှူပြုလုပ်မည်



ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ဆာဆာန်ရှိ ပြည်တော်ဦး ဓမ္မယာနကျောင်းတွင် မညိုပြာဝင်း မိသားစုမှ ဘူဆန်ဆရာတော် အရှင်ပဏ္ဍိစ္စအား နေ့ဆွမ်းဆက်ကပ်ပြီး အကျွေးအမွေးများ ပြုလုပ်မည်ဖြစ်ပါ၍ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာများ လာရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ ၃၀-၆-၂၀၁၃ (တနင်္ဂနွေနေ့)
အချိန် ။ ။ နံနက် (၁၁း၀၀) နာရီ မှ (၁း၀၀) အထိ
နေရာ ။ ။ ဘူဆန် ဆာဆန်ရှိ ပြည်တော်ဦး ဓမ္မယာနကျောင်း

Saturday, June 22, 2013

ကိုရီးယားနိုင်ငံ ဘူဆန်ဆရာတော် အရှင်ပဏ္ဍိစ္စ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဘူဂယောင်း တက္ကသိုလ် နှင့် ဓမ္မယာန မဇ္ဈိမယာန အဖွဲ့တို့မှ ပူးပေါင်းကာ ကိုရီးယားဘာသာစကားသင်တန်းများဖွင့်လှစ်ပေးမည်


ကိုရီးယားနိုင်ငံ ဘူဆန်ဆရာတော် အရှင်ပဏ္ဍိစ္စ၏ ဆောင်ရွက်မှုဖြင့် ဘူဂယောင်း တက္ကသိုလ် နှင့် ဓမ္မယာန မဇ္ဈိမယာန အဖွဲ့တို့မှ ပူးပေါင်းကာ 
(၁)ကိုရီးယား ဘာသာစကားသင်တန်း အခြေခံ 
(၂)ကိုရီးယား စကားပြော/အရေး/အဖတ် သင်တန်းများ
(၃)ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ (TOPIK) မေးခွန်းဟောင်း သင်တန်း များကို သင်ကြားပေးသွားပါမည်။

တက်ရောက်မည့် ကျောင်းသားများ၏ အရည်အချင်းအလိုက် အတန်းခွဲနိုင်ရန် Korea Level Test စာမေးပွဲများ ဖြေဆိုကြရပါမည်။ သင်တန်းများကို ဇွန်လ (၃၀) ရက်နေ့တွင် စတင်တက်ရောက်ကြမည်ဖြစ်ပါသည်။

သင်ကြားပေးမည့် ဆရာများမှ ကိုရီးယားဘာသာစကား မဟာတန်းများတွင် တက်ရောက်နေသော ဆရာမ ဒေါ်ခင်သူဇာ ၊ ဆရာမ ဒေါ်လဲ့ရည်ထွန်း ၊ ဆရာမ ဒေါ်ငွေကြည်မျိုးနိုင် ၊ ဆရာမ ဒေါ်ထက်မြက် နှင့် ကိုရီးယား ဆရာ/မ များမှ လည်း ပူးပေါင်း သင်ကြားပေးမည် ဖြစ်ပါသည်။

သင်တန်းအချိန်များနှင့် နေရာများမှာဂမ်ဟဲမြို့ရှိ 
ဓမ္မယာန အသင်း၏  ရွှေအလင်းတန်းစာကြည်တိုက် တွင် နေ့လည် (၁၂း၀၀)နာရီ မှ ညနေ(၃း၀၀)နာရီအထိ နှင့် ဆာဆန်ရှိ ဓမ္မယာန အသင်းတွင် နေ့လည် (၁း၀၀) မှ ညနေ (၄း၀၀)အထိ အဆိုပါနေရာများတွင် မြန်မာဆရာမများမှ ၁ နာရီခွဲ ၊ ကိုရီးယားဆရာ/မ များမှ ၁နာရီခွဲ တစ်ချိန်လျှင် (၃) နာရီ ကြာသင်ကြားပေးမည်။

အဆိုပါသင်တန်းများသို့ တက်ရောက်လိုသူများသည် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေး တက်ရောက်နိုင်ကြပါသည်။
၁။ ဆရာမ ဒေါ်ခင်သူဇာ ( 010-5756-5641 )
၂။ ဆရာမ ဒေါ်လဲ့ရည်ထွန်း ( 010-8456-5642 )
၃။ ဆရာမ ဒေါ်ငွေကြည်မျိုးနိုင် ( 010-5925-5540 )
၎။ ဆရာမ ဒေါ်ထက်မြက် ( 010-4694-7154 )

သင်တန်းပြီးဆုံးသွားပါက စာမေးပွဲများ ဖြေဆိုကြရပါမည်။ အဆိုပါ စာမေးပွဲကို အောင်မြင်သူများသည် ဘူဂယောင်တက္ကသိုလ်မှပေးအပ်သော ကိုရီးယားဘာသာစကား ကျွမ်းကျင်မှု အသိအမှတ်ပြု အောင်လက်မှတ်များကို ရရှိမည် ဖြစ်ပါသည်။ သင်တန်းကာလအတွင် ကျောင်းခေါ်ချိန် ၄၀% မပြည့်သော ကျောင်းသားများသည် နောက်ထပ်ဖွင့်လှစ်မည့် အတန်းများတွင် တက်ရောက်ခွင့်များ မရရှိနိုင်ကြောင်း သိရှိရပါသည်။




Tuesday, June 11, 2013

ဓမ္မယာန ပြည်တော်ဦးကျောင်း(ဆာဆန်) တည်ထောင်ခြင်း (၁)နှစ်ပြည့် အထိမ်းအမှတ် တရားပွဲ ဖိတ်ကြားလွှာ


ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ၊ ဆာဆန် ရှိ
ဓမ္မယာန ပြည်တော်ဦးကျောင်း(ဆာဆန်) တည်ထောင်ခြင်း (၁)နှစ်ပြည့် အထိမ်းအမှတ်အဖြစ်
အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ
မဟာစည် မြစ်သားဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝါသဝ မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်များကို ဟောကြားမည် ဖြစ်ပါသဖြင့် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား
လှူဘွယ်ဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းပြီး ဟောကြားအပ်သော တရားတော်ကို
အတူတကွ နာယူလိုပါ၍ ဘူဆန်မြို့ ၊ ဂမ်ဟဲမြို့ အနီးအနားရှိ ဗုဒ္ဓဘာသာဝင်ရွှေမြန်မာများ
တရားတော်နာ ကြွရောက်ကြပါရန် ရိုသေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေ့ရက်...... ၁၃၇၅-ခုနှစ် ၊ နယုန်လဆန်း (၈) ရက် ၊ ၁၆-၆-၂၀၁၃ (တနင်္ဂနွေနေ့)
အချိန်.......... ဧည့်ခံကျွေးမွေးမည့်အချိန် နံနက်(၁၀း၀၀)နာရီ မှ နေ့လည် (၁း၀၀)နာရီ အထိ

နေ့လည်(၁၁း၀၀) တွင် ဆွမ်းကပ်လှူမည်

တရားဟောကြားမည့်အချိန် နေ့လည် (၁း၀၀) နာရီ
နေရာ............. 부산광역시 사상구 주례 1동동 688-12 , 31, 33, 61, 2, 138-1

bus ကားများစီး၍ 주례 주례 1동주민센터 မှတ်တိုင်တွင် ဆင်းပါ။
(ဓမ္မယာန မဇ္ဈိမယာနအဖွဲ့)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More